Monday, May 25, 2015

ကျွန်မက နှင်းဆီပါမောင် ဆိုင်ရာ စုစည်းတင်ဆက်မှု

 

ကျွန်မကနှင်းဆီပါမောင်” ဇာတ်ကားအတွက် ဒါရိုက်တာဝိုင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တဲ့ သက်မွန်မြင့် အနေနဲ့ ဒါရိုက်တာဝိုင်းနဲ့ သူမတို့ကြားမှာ မပြေလည်မှုတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ထိုအချိန်ကပင် ယခုလို ရှင်းပြခဲ့ရသည် ။

ကျွန်မနဲ့ ဒါရိုက်တာဝိုင်း ကြားမှာ ပုဂ္ဂိုလ်ရေးပြဿနာ မရှိပါဘူး။ ' ကျွန်မက နှင်းဆီပါမောင်' ဇာတ်ကားရိုက်ဖို့ ဖျက်ခဲ့တာကလည်း အယူအဆ မတူလို့ပါ။ ကျွန်မအနေနဲ့  Sexy  ခန်းတွေ၊ ယောင်္ကျားလေးတစ်ယောက် မြူဆွယ်ခဲ့တဲ့အခန်းတွေ ရိုက်ရတာ အဆင်မပြေပါဘူး။ အဲဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းမှာ ဇာတ်လမ်းလိုအပ်ချက်အရ မင်းသားနဲ့ မင်းသမီး နမ်းရတဲ့အခန်းပါပါတယ်။ သဏ္ဍာန်တူအောင် သရုပ်ဆောင်ရတာ ဖြစ်ပေမယ့် ကိုယ့်ကိုကိုယ် အဲဒီလိုပုံစံမျိုးကြီး ပြန်မကြည့်ချင်ပါဘူး။ အခုလည်း ဒါရိုက်တာဝိုင်းနဲ့ ပြန်လည် လက်တွဲဖို့ အဆင်သင့် ရှိနေပါတယ်။ ကျွန်မတို့ကြားမှာ ဘာပြဿနာမှ မရှိပါဘူး” ဟုရှင်းပြခဲ့ခြင်း  ဖြစ်သည်။
သက်မွန်မြင့်အနေဖြင်.  “ ကျွန်မကနှင်းဆီပါမောင်” ဇာတ်ကားရိုက်ကူးဖို့ ငြင်းဆန်ခဲ့သဖြင်. သူမနေရာကို သရုပ်ဆောင် မင်းသမီးသစ် ဖွေးဖွေး နဲ့ အစားထိုးရိုက်ကူးခဲ့ခြင်းဖြစ်သည် ။

ထိုကဲ့သို. အနမ်းဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးခဲ့ခြင်းကြောင့်မြန်မာ့ရုပ်ရှင်လောကအတွင်း ဂယက်ရိုက်ခဲ့သည့် ‘ကျွန်မက နှင်းဆီပါမောင်’ရုပ်ရှင်ဇာတ်ကားမှာ ရုံတင်ပြသတော့မည့်အချိန်တွင်လည်း လူမှုကွန်ရက်စာမျက် နှာတွင် ဇာတ်ကားနာမည်ကို တစ်ဆင့်ကူးယူ၍ ပရိသတ်များက ခံစားချက်များကို ကူးယူရေးသား ဖော်ပြနေမှုများကြောင့် ရုံမတင်မီ ကပင် ရေပန်းစားနေကြောင်း သတင်းရရှိသည်။


စာရေးဆရာမပုညခင်ရေးသားပြီး ဒါရိုက်တာဝိုင်းရိုက်ကူးကာ နေတိုးနှင့် ဖွေးဖွေးတို့ အဓိက ပါဝင် သရုပ်ဆောင်ထားသည့် ‘ကျွန်မက နှင်းဆီပါမောင်’ရုပ်ရှင် ဇာတ်ကားကို ရန်ကုန်မြို့ရှိ ရုပ် ရှင်ရုံများတွင် ဇွန်လ ၆ ရက်၌ ရုံတင်ပြသတော့မည်ဖြစ်သည်။
ယင်းဇာတ်ကားကို ရုံတင်မပြသမီ တစ်ပတ်အလိုကတည်းကပင် ဇာတ်ကားအမည် ‘ကျွန်မက နှင်းဆီပါ မောင်’ကို မိန်းကလေးပရိသတ်အများစုက နှင်းဆီနေရာတွင် ၎င်းတို့၏ခံစားချက်များကို အစားထိုး ရေးသား၍ ဟာသဆန်ဆန်စတေးတပ်များ စွာကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့ကြ သည်။
ကျွန်မက နှင်းဆီပါမောင်’၊ ‘ကျွန်မက ဘာမှမဟုတ်ပါဘူး မောင်’၊ ‘ကျွန်မက အင်ဂျင်နီယာ ပါမောင်’ 
စသည်ဖြင့် စာသားများအစားထိုးရေးသားခဲ့ကြပြီး အမျိုးသားပရိသတ်အချို့ကလည်း ‘ကိုယ်က
တစ်ကောင် ကြွက်ပါ မေ’၊ ‘ကိုယ်က အားနွဲ့သူပါမေ’ စသည့်စာသားများကို အပြန် အလှန် ရေးသားခဲ့ကြသည်။
ပရိသတ်များစွာ စိတ်ဝင်စား မှုရှိနေသည့် အဆိုပါရုပ်ရှင်ဇာတ် ကားနှင့်ပတ်သက်၍ ပါဝင်သရုပ် ဆောင် ထားသည့် အကယ်ဒမီဖွေးဖွေးက ရိုက်ကူးစဉ်တွင် စိတ်အရှင်းဆုံးထားကာ အကောင်း ဆုံးသရုပ်ဆောင် ထားခဲ့ပြီး ပရိ သတ်များ၏ ပြန်လည်တုံ့ပြန်မှုကို ရင်ခုန်နေသည်ဟု ဆိုသည်။


‘‘ပရိသတ်တွေ ဘာပြော မလဲဆိုတာကိုပဲ ရင်ခုန်နေတယ်။ တုံ့ပြန်မှုက အကောင်းလည်းဖြစ် နိုင်သလို အဆိုး လည်းဖြစ်နိုင်ပါ တယ်’’ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဝတ္ထုရေးသားသော   စာရေးဆရာမပုညခင်က လည်း ၎င်းရေးသားနာမည်ပေးခဲ့ သည့် ‘ကျွန်မက နှင်းဆီပါမောင်’ အမည်မှာ ယခုကဲ့သို့ ရုံမတင်မီကပင် ပရိသတ်များကြား ပျံ့နှံ့နေပြီး အွန်လိုင်းတွင် အစားထိုးရေးသား ထားကြသော  မောင်စတေးတပ်များကို ဒုတိယအကြိမ်ဝတ္ထုကို ပြန်လည်ပုံနှိပ်ထုတ်ဝေ ပါက အမှတ်တရအနေဖြင့် ထည့်သွင်းမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာ မျက်နှာ၌ ရေးသားထားသည်။

ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင် ဇာတ်ကားကြီး မရိုက်မီကတည်းက ပရိသတ်များထဲတွင် ရေပန်း စားခဲ့သည့် အနမ်းနှင့် ပတ်သက်လို့ ပရိသတ်ပေါင်း များစွာရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့
ထားသခင် ဆိုတဲ့ ဇာတ်ရုပ်ကို  ပီပီပြင်ပြင် အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ခဲ့တဲ့ အကယ်ဒမီ ဖွေးဖွေးနဲ့ တွေ့ဆုံခိုက် ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပတ်သက်လို့ ရင်ခုန် စိတ်လှုပ်ရှားမှု တချို့ကို မေးမြန်းခဲ့သည်များကိုလည်း မြ၀တီ မှ ကူးယူဖော်ပြအပ်ပါသည် ။

ပရိသတ်တွေ အရမ်း မျှော်လင့်နေသလို  အရမ်းလည်း အားပေးကြတဲ့ ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားကြီးကို ပြန်ကြည့်လိုက်ရတဲ့ အချိန်မှာ ဖွေးဖွေးရဲ့ စိတ်ခံစားချက်တွေ ဘယ်လိုရှိနေလဲ။
 ဒီဇာတ်ကားကြီးက  လက်ပံတို့၊  သက်တံသစ် တို့လို ဖွေးဖွေးအတွက်  နောက်ထပ် စိန်ခေါ်မှု တစ်ခုပေါ့။  ဒါပေမဲ့  ဒီတစ်ခါကျတော့  အရွယ် နောက်တစ်ခုကို  ပြောင်းသွားရတာမျိုးတွေ  ရှိပါတယ်။ ကလေးကနေ လူကြီးကိုပြောင်းသွားတဲ့ ပြောင်းလဲမှု တစ်ခုပါတယ်။  အပြင်မှာလည်း ယောက်ျားလေးတိုင်း၊  မိန်းကလေးတိုင်း ကြုံဖူးနေတဲ့ အရာမျိုး လေးတွေပါပဲ။

ငယ်ငယ်တုန်းက ကာရိုက်တာ ထက်စာရင်   ကြီးသွားတဲ့ အချိန်မှာ သရုပ်ဆောင်ချက် တချို့က  နည်းနည်း ပျော့သွားသလို ခံစားရတယ်။  အဲဒါကရော ဘာကြောင့်များလဲ။
ဖွေး တွေးကြည့်တယ်လေ။  အပြင်က ဖွေးဖွေး ဆိုတဲ့ ကာရိုက်တာကို   မေ့ထားပြီး ထားသခင် ဆိုတဲ့  ကာရိုက်တာမှာပဲ နေပြီးတော့ သရုပ်ဆောင်ခဲ့ပါတယ်။ အပြင်မှာသာ ငယ်ငယ်လေး ကတည်းက ဘာမှ လိုလေးသေး မရှိဘဲ  ချမ်းချမ်းသာသာ ကြီးပြင်းလာတဲ့ ကောင်မလေး တစ်ယောက်က  ရုတ်တရက် ဘဝမရှိတော့တဲ့ အချိန်၊ ဘဝရဲ့ အနိမ့်အမြင့် အတက်အကျ  သင်္ခါရ သဘော တရားတွေ ဆုံးမခြင်းခံခဲ့ရတဲ့ အရာတွေကို ရုတ်တရက်ကြီး ကြုံတွေ့ လိုက်ရတော့ ပထမတော့ သူ့ရဲ့ ကာရိုက်တာ အရ တောင့်ခံဦးမှာပဲ။ ဒါပေမဲ့ ဆုံးမတဲ့ လူမရှိဘဲနဲ့ ဘဝဆိုတာ ဘာလဲဆိုပြီး လက်တွေ့မှာ သိသွားတဲ့ သဘောပေါ့။ တဖြည်းဖြည်းနဲ့  ကံကြမ္မာက အဲဒီလောက် ဆိုးလာမယ် ဆိုရင်တော့  နည်းနည်း ပျော့သွားမယ် ထင်ပါတယ်။  အဲဒါကြောင့် ကိုဝိုင်းနဲ့ တိုင်ပင်ပြီး အိုက်တင် အတက်အကျကို ချိန်ပြီး ဖွေး အကောင်းဆုံး သရုပ်ဆောင်ခဲ့ ပါတယ်။


မင်္ဂလာဦးည အခန်း ရိုက်တဲ့ အချိန်မှာရော ဖွေးဖွေးရဲ့စိတ်ကို ဘယ်လိုထားပြီး ကိုနေတိုးနဲ့ ညှိပြီး သရုပ်ဆောင် ခဲ့ရလဲ။
စိတ်ကတော့  အပြင်က ဖွေးဖွေး ဆိုတာကို  မေ့ထားလိုက်တယ်။ ထားသခင်ရဲ့ စိတ်ကို ထည့်ပြီး  ထားသခင်ရဲ့ ကာရိုက်တာနဲ့ပဲ သရုပ်ဆောင် ခဲ့တယ်။ ပြီးတော့ ကိုဝိုင်းက ဖွေးဖွေး နာမည် မရှိခင် ကတည်းက လက်ပံဆိုတဲ့ကားနဲ့ ဖွေးဖွေးကို ပွဲထုတ်ခဲ့တယ်။  အဲဒီအတွက် ဖွေးဖွေး အနုပညာ အလုပ်ကို အလုပ်တစ်ခုလိုပဲ သဘောထားပြီး ဖွေးဖွေး လုပ်ခဲ့ပါတယ်။ ကျန်တာတွေ အားလုံးကို ဖွေးဖွေး မေ့ထားတယ်။

ဆေးရုံမှာ ကိုနေတိုး ကားနောက်  ပြေးလိုက်တဲ့ အခန်းဆိုရင် သုံးခါလောက် ပြန်ရိုက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီ ပင်ပန်းမှု အပေါ်မှာ ဖွေးဖွေး အနေနဲ့ ဘယ်လိုမျိုး ကြိုးစားခဲ့ရလဲ။
အဲဒီအခန်းမှာ ကောင်မလေး တစ်ယောက်က ချက်ချင်းကြီး ဆုံးဖြတ်ရတာလေ။ အကုန်လုံးက စိတ်မှန်း တွေနဲ့  ငါသာဖြစ်ရင် ဆိုတာထက် ထားသခင်ရဲ့ စိတ်အမှန်ကို အခြေခံထားပြီး  အကုန် လုပ်ခဲ့တာပါ။  အစကတည်းက သူက ကြီးကျယ်တယ်လေ။ သူ့အတွက်က အရမ်း အခက်တွေ့ နေတဲ့ အချိန်ဆိုတော့ စိတ်အားလုံးကို နှစ်ပြီး အဲဒီအခန်း အပေါ်ကို အပြည့်အဝ ကြိုးစား သရုပ်ဆောင်ခဲ့တယ်။

ဒီကားကဖွေးဖွေး အတွက် ရင်ခုန်မှု တစ်ခုလို့ရော ပြောလို့ရလား။
ဖွေးဖွေး ဒီကားကို ကြိုက်တယ်။ ပရိသတ်ရဲ့ အသံတွေကိုလည်း ကြားချင်တယ်။  ပရိသတ်ရဲ့ ဝေဖန်မှုတွေကို ဖွေးဖွေး ရင်ခုန်တယ်။ ဖွေးဖွေးဒီကားနဲ့ ပတ်သက်ပြီး အထူးတလည် မျှော်မှန်း ထားတာမျိုး ဘာမှ မရှိပေမယ့် အရွယ်ပြောင်းပြီး သရုပ်ဆောင်ထားသလို၊  တချို့အခန်းတွေက ပရိသတ်အတွက် အထူးအဆန်း ဖြစ်စေမယ့် ရိုက်ချက်တွေကို ကိုဝိုင်းကလည်း ဖန်တီး ထားပါတယ်။ အဲဒီ ဖန်တီးမှုတွေကို ဖွေးဖွေး ပရိသတ်တွေ ဇာတ်ကား ကြည့်တဲ့အခါ ဘယ်လို ခံစားရမလဲ၊ ဘယ်လိုဝေဖန်ကြမလဲ၊ ဘယ်လို လက်ခံကြမလဲ ဆိုတာကိုတော့  ဖွေးဖွေး မျှော်လင့်မိတယ်။

နောက်တင်မယ့် ကျူးပစ်ရဲ့ ကျေးကျွန်များ ကရော ဖွေးဖွေးအတွက် ဘယ်လို ကြိုးစားခဲ့ရတဲ့ ဇာတ်ကား မျိုးလဲ။
ဖွေးဖွေးရဲ့ ဘဝတစ်ခုလုံးကို နှစ်ပြီး သရုပ်ဆောင်ခဲ့ရတဲ့ ကားပါ။ ထားသခင် ကာရိုက်တာ ဆိုရင် စိတ်အရမ်း ပင်ပန်းခဲ့တယ် ဆိုပေမယ့် ကျူးပစ်ရဲ့ ကျေးကျွန်များ ကတော့  လူပင်ပန်းတာထက် စိတ် ပိုပင်ပန်းပါတယ်။ အခုလက်ရှိ နေပြည်တော်မှာ တင်ထားတဲ့ အခြေအနေ ကရော ဖွေးဖွေးအတွက် စိတ်ကျေနပ်စရာ တစ်ခုဖြစ်ရဲ့လား။ နေပြည်တော် မှာတော့  သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်။ ဖွေးဖွေးကျေနပ်တယ်။ ရန်ကုန် ပရိသတ်တွေ အတွက်ကတော့ ဇွန် ၁၂ ရက်မှ သိရမယ်။ ပရိသတ် ဘာများပြောမလဲပေါ့။ Facebook မှာ တက်လာ မှာပဲလေ၊ ဘယ်လို မြင်တယ်ဆိုတာက ညာလို့ မရဘူးလေ။ အခုတောင် Facebook ပေါ်မှာ မောင်တွေ များနေတယ်။


ဒီဇာတ်ကားအတွက် ဖွေးဖွေးမျှော်လင့်မထားတဲ့ ဝေဖန်မှုတွေအတွက်ရော ဖွေးစိတ်ကိုဘယ်လိုမျိုးပြင်ဆင်ထားလဲ။
ကြုံဖူးပါတယ်။ ဖွေးဖွေး မင်းသမီး လုပ်နေပြီပဲ။  အကောင်းတွေရော အဆိုးတွေပါ အားလုံးအတွက် readyပါပဲ။

၂ဝ၁၅ ခုနှစ်ထဲမှာ ကားကြီးအတွက် ပြင်ဆင်ထားတာက။
ဒရာမာထက် ပေါ့ပေါ့ပါးပါး ကားလေးတွေ ပိုပြီး ရွေးချယ် ဖြစ်မှာပါ။ ဘာလို့လဲ ဆိုတော့ ဖွေးဖွေးရှေ့မှာ ဒရာမာတွေချည်းပဲ ရိုက်ထားတာ များနေလို့ပါ။

ကျွန်မကနှင်းဆီပါမောင်  ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပြောချင်တာ ရှိရင် ပြောပေးပါဦး။
ဖွေးဖွေး ပရိသတ်ရဲ့ စကားသံကို စောင့်နေပါတယ်လို့ ပြောချင် ပါတယ်။
Ref ; Myanmar Daily News , 7 Day Daily & မြ၀တီ

ဆက်စပ်ဖတ်ရှုရန်


No comments:

Post a Comment