Monday, May 18, 2015

အဖေ့ကြောင့် ဂီတကို မြတ်နိုးလာတာပါ ဆိုတဲ့ ပိုပိုဟေသာ




တေးရေးဇဝါရဲ့အသက် ၁၇ နှစ်အရွယ်သမီးငယ်လေး ပိုပိုဟေသာဆိုရင် သူသီဆိုထားတဲ့ “ချစ်တဲ့ စိတ်ဆိုတာ သီချင်းနဲ့အတူ ပရိသတ်အားပေးမှုရရှိလာတာကို သိရှိ ကြမှာပါ။ “ချစ်တဲ့စိတ်ဆိုတာ သီချင်းဟာ တေးရေး ဇဝါရဲ့ အနုပညာဖန်တီးမှု တစ်ခုဖြစ်သလို ပိုပိုဟေသာကို Myanmar Music Award 2014  မှာ နွေရာသီ အကောင်း ဆုံး ပေါ့ပ်သီချင်းဆုကိုလည်း ဆွတ်ခူးရရှိစေခဲ့ပါတယ်။ အခုဆိုရင် ပိုပိုဟေသာက Legacy Music Academy မှာ ဆရာဦးမိုးနိုင်နဲ့ စန္ဒရားသင်နေသလို အိမ်မှာလည်း ဆရာဦးဝင်းဦးနဲ့ ဂစ်တာတီးသင်ဖြစ်နေကြောင်း ဆိုပါတယ်။


ဖခင်ဖြစ်သူ တေးရေး ဇဝါဆီကနေလည်း ဂီတနဲ့ပတ်သက်လို့ ကလေးဘဝကတည်းက သင်ယူစရာတွေ အ များကြီးရခဲ့ကြောင်းဆိုတဲ့ ပိုပိုဟေသာက " ဖေဖေကတော့ ညီမကို ဆရာ တစ်ယောက်လို၊ အစ်ကိုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ရှင်းပြ၊ ပြောပြပါတယ်။ အနုပညာနဲ့ပတ်သက်လို့ အဖေသင်ပေးတာ၊ အကြံဥာဏ်ပေးတာတွေ အများကြီးပါ။ ညီမအနေနဲ့ ဂီတကို ချစ်မြတ်နိုးလာတာ အဖေ့ကြောင့်ပါ "လို့ဆိုပါတယ်။ ပညာရေး အနေနဲ့လည်း YUFL First Year (Korean) တက်ရောက် ဖြစ်နေတဲ့ ပိုပိုဟေသာကို အနုပညာနဲ့ ပညာရေး ဘယ်လိုမျှလုပ်သွားမလဲလို့ မေးကြည့်တဲ့အခါ


" ညီမက အရင်တုန်းကတော့ သာမန်လူငယ်တစ်ယောက်ပေါ့။ အခု MMA  မှာ ဆုရသွားတဲ့အတွက် ညီမကို အဆိုတော်တစ်ယောက်အနေနဲ့ သတ်မှတ် လာကြတယ်။ ဒါပမဲ့သာမန်လူငယ်ဘဝကို ညီမမစွန့်လွှတ်ပါဘူး။ ကျောင်းတက်နေတဲ့ အပိုင်းမှာရော၊ အနုပညာလုပ်နေတဲ့ အပိုင်းမှာပါ အင်တိုက်အားတိုက်နဲ့ ကြိုးစားသွားပါမယ် လို့ ပိုပိုဟေသာက ပြောပါတယ်။ 


ပိုပိုဟေသာအနေနဲ့ မကြာသေးခင်က ထွက်ရှိထားတဲ့ တေးသံရှင် ဂေဂေးရဲ့ “နင်သာရှိရင အခွေမှာ ပါဝင်သီဆိုထားပြီး မကြာမီထွက်ရှိမယ့် အားတီရဲ့ “လွင်ပြင တေးစီးရီးမှာလည်း ပါဝင်သီဆိုထားပါတယ်။ တစ်ကိုယ်တော်အခွေကိုလည်း သေသေချာချာ စီစဉ်နေတဲ့ ပိုပိုဟေသာက ၂ဝ၁၅ နှစ်ကုန်ပိုင်းလောက် မှန်းထားကြောင်း ဆိုပါတယ်။


By မျိုးမောင် @ Asia Fame Media Group

ဆက်စပ်ဖတ်ရှုရန်

No comments:

Post a Comment