Monday, August 22, 2016

ဇာတိဖွား ပြည်သူ.လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း





မိမိတို. ဇာတ်ဖွားများကား နေရာအတော်များများ တွင် အယူအဆတူ ၊ အတွေးအခေါ်တူကြသည် ။

မည်မျှတူသနည်းဆိုလျှင် ပထမမျိုးဆက်မိဘများက သူတို.သား ၂ဦး ကို အမည်ပးရာတွင် ဆင်တူခဲ့ကြပြီး ထိုမိဘများက ထပ်မံပေါက်ဖွားလာသော သား၂ဦးအလှည်. တွင်ကား ထပ်တူညီသည်အထိ ဖြစ်သွားတော.သည် ။

လယ်ပိုင်ရှင်အဖ ဦးပန်းဘူး အမိဒေါ်သုန်တို.မှ ၁၉၁၆ ဇွန်လ ၉ ရက်နေ.မွေးဖွားသော သားကို သိန်းဖေ ( နောင်တွင် သခင်သိန်းဖေ - ၀ါးခယ်မ ) ဟု မှည်.ခေါ်ခဲ့ပြီး အဖ ဦးဘမောင် အမိ ဒေါ်မိကလေး တို.မှ ၁၉၁၉ ဖေဖော်ဝါရီ ၂ရက်နေ.တွင် မွေးဖွားသော သားကို သိန်းမောင် ( နောင်တွင်  ၀ါးခယ်မ သခင်သိန်းမောင် ) ဟုမှည်.ခေါ်ခဲ့ကြသည် ။

ထို.နောက် အဖ ၀ါးခယ်မ သခင်သိန်းဖေ အမိ ဒေါ်လှသန်း တို.က သားဖြစ်သူ ဆန်နီ ( ခေါ် ) ဦးဇော်သိန်း ကို မွေးဖွားခဲ့သည် ။ ထို.အတူ  အဖ သခင်သိန်းမောင် ( ၀ါးခယ်မ ) နှင်.  အမိ ဒေါ်အေးမြင့် တို.က ၁၉၅၀ စက်တင်ဘာ ၂၀ ရက်နေ.တွင် မွေးဖွားခဲ့သော သားကို ဦးဇော်သိန်း  ဟုပင် မှည်.ခေါ်ခဲ့ပါသည် ။  

ဦးဇော်သိန်းကို ၀ါးခယ်မမြို.တွင် မွေးဖွားခဲ့ပြီး လမ်းမတော် အထက ၁ တွင် အခြေခံ ပညာကို သင်ယူခဲ့ပါသည် ။ ၁၉၇၄ ခုနှစ်တွင် ရန်ကုန် ၀ိဇာသိပ္ပံ တက္ကသို်လ် မှ ဘူမိဗေဒ အဓိကဘာသာရပ်ဖြင်. ဘွဲ.ရရှိခဲ့သည် ။ မောင်သာနိုး အင်္ဂလိပ်စာ သင်တန်း ၊ အမေရိကန် စင်တာ ( AC ) ၊  ဗြိတိသျှ စင်တာ ( BC ) တို.တွင် အင်္ဂလိပ်စာ နှင်. Elective Courses ကို ကာလရှည် သင်ယူခဲ့သည် ။



ဝါးခယ်မဇာတိဖွားဖြစ်သဖြင်. ၀ါးခယ်မ စိတ်ဓါတ်ရှိသူ ပီပီ အဒေါ်ဖြစ်သူ မင်းပိုင်း အထက ကျောင်းဆရာမကြီး ဒေါ်နုနု နှင်. အလက ၁ မှ ဆရာ ဦးကိုရီတို. မှတစ်ဆင်. ၀ါးခယ်မနှင်. အဆက်အသွယ် မပြတ်ခဲ့ချေ ။ အထူးသဖြင်. ၀ါးခယ်မသားစိတ် ဓါတ် ပြင်းထန်သူ ဖခင် သခင်သိန်းမောင်ကြောင်. ဇာတိမြေအပေါ် ပို၍ အစွဲတလမ်း အကျွမ်းတ၀င် ဖြစ်ခဲ့သည် ။

ဖခင် ဖြစ်သူ သခင်သိန်းမောင် ( ၀ါးခယ်မ ) သည် ဦးကြည်မောင် ၊ လေထီး ဦးအုန်းမောင် တို.နှင်. နိုင်ငံရေး ခောတ်ပြိုင်များ ဖြစ်ခဲ့ကြပြီး ၁၉၈၈ စက်တင်ဘာ ၂၇ ရက် နေ. အမျိုးသား ဒီမိုကရေစီ အဖွဲ. ချုပ်ကို စတင်တည်ထောင်ချိန်မှ စ၍ သူ ကွယ်လွန်ချိန်ထိတိုင် NLD ကို ၀န်းရံပေးခဲ့သူဖြစ်သည် ။
ထိုနိုင်ငံရေး အသိုက်အ၀န်းတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်.အလျှောက် နိုင်ငံရေး ကို စိတ်ဝင်တစားရှိလျှက် မျက်ခြေမပြတ် လေ.လာနေခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ.ချုပ်  ၏ ပြည်သူ.လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည် ။

ဦးဇော်သိန်းသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမ္မာန် ထိမ်းသိမ်းစောင့်ရှောက်ရေး ကော်မတီအဖွဲ.၀င် ၊ ဆရာကြီး ဒဂုံတာရာ ဂူဗိမ္မာန် တည်ဆောက်ရေး ကော်မတီဝင် အဖြစ် တာဝန်ယူခဲ့ဖူးသလို ဆရာပါရဂူ ဈာပန ကော်မတီတွင် ဘဏ္ဍာရေး ၊ ဆရာဒဂုံတာရာ ဈာပန ကော်မတီတွင် သတင်း နှင်. ပြန်ကြားရေး ကော်မတီ ၀င်တို.အဖြစ် တာဝန်ယူခဲ့သည် ။

၂၀၁၁ ခုနှစ် တွင် အမေရိကန်နိုင်ငံ ဖူးဘရိုက် ပညာသင်ဆု ရရှိခဲ့ပြီး Michigan ပြည်နယ် Western Michigan University တွင် နိုင်ငံရေး အထူးပြု ဘာသာရပ်ကို တက်ရောက်သင်ယူခဲ့ပြီး ၂၀၁၃ တွင် မဟာဝိဇာဘွဲ. ရှိခဲ့သည် ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၀ါးခယ်မမြို.နယ် တွင် ပြည်သူ. လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ပြည်သူ. လွှတ်တော် အမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။

ရွေးကောက်ပွဲကာလ မဲဆွယ်ခရီး - Photo from Yin Yin Aye


ထို.နောက် ၂၀၁၆ ဖေဖော်ဝါရီ ၁၇ ရက်နေ.တွင် စတင်ဖွဲ.စည်းခဲ့သော နိုင်ငံတကာ ဆက်ဆံရေးကော်မတီ တွင်ဥ က္ကဋ္ဌ အဖြစ် တာဝန်ယူထားသော သုံးခွမဲဆန္ဒနယ် အမတ် ဒေါ်စုစုလွင် ( သမ္မတ ဦးထင်ကျော်၏ ဇနီး ) ၏ နေရာအား ၂၀၁၆ မတ်လ ၃၁ ရက်နေ. တွင်အစားထိုးတာဝန်ယူခဲ့ပါသည် ။ 

ထိုသို.လွှဲပြောင်းတာဝန်ယူရခြင်းနှင်. ပတ်သက်၍ ဦးဇော်သိန်း က "အားလုံးပဲသိတဲ့အတိုင်း သမ္မတကြီးကတော်အနေနဲ့ အလုပ်တွေများမှာပေါ့၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဌ ဆက်ပြီးတော့ တာဝန်ယူနိုင်မှာ မဟုတ်ဘူး၊ ဒီတာဝန်ကလည်း အမြဲတမ်း နိုင်ငံတကာဧည့်သည်တွေနဲ့ တွေ့နေတာဆိုတော့ ဆက်မလုပ်နိုင်တော့ ကျနော့်ကို လွှဲပေးလိုက်တဲ့သဘောပါ"  ဟုပြောကြားခဲ့ကြောင်း သိရပါသည် ။

နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ နိုင်ငံတကာမိသားစုမှာ တတ်နိုင်သလောက် အကျိုးပြုဖို့ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး အာဆီယံ ပါလီမန်အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်အောင် ကြိုးပမ်းသွားမည်  ဟု  ဦးဇော်သိန်း မှသတင်းထောက်များအားပြောကြားခဲ့ကြောင်းလည်း သိရပါသည် ။

Ref ;MOI , DVB , RFA & Pamphlet for Election

ဆက်စပ်လေ.လာရန် 

ဝါးခယ်မနွယ်ဖွား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်

ဝါးခယ်မသားအစစ် စိုက်/မွေး/ဆည် ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း 

သခင်သိန်းမောင် ( ၀ါးခယ်မ ) - ဇာတိမြေ ကို တင်.တည်စေခဲ့သူ

 

 

No comments:

Post a Comment