Tuesday, August 9, 2016

ဝါးခယ်မနွယ်ဖွား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်






မြန်မာနိုင်ငံတွင် အကျယ်ဆုံး မြို.နယ် တစ်ခုဖြစ်သလို ဟိုးယခင်ကပင် ရေခံမြေခံ ကောင်းသောမြို.မို.  နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ဘာသာရေး၊ အနုပညာစသည်တို.တွင် နိုင်ငံကျော်အမြောက်အများ ထွက်ပေါ်ခဲ့ဖူးသော မြို.နယ် တစ်ခုလည်းဖြစ်သည် ။


ကျုပ် ၀န်ကြီးချုပ် ဘ၀ ကထွက်တဲ့အခါ ကျုပ်ဆီမှာ ၀န်ကြီးချုပ် မဖြစ်ခင် ကထက် ငွေတစ်ကျပ်တစ်ပြား ပိုပါသွားရင် သူခိုးလို. ၀ိုင်းခေါ်ကြစမ်းပါ ဟု ကြွေးကျော်ရဲသော မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု ပေါ်ထွက်ခဲ့သလို သခင်သိန်းဖေ ( ၀ါးခယ်မ ) ၊ ၀ါးခယ်မ သခင်သိန်းမောင် ၊ လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ ကျောင်းသားခေါင်းဆောင် -မြေအောက်တော်လှန်ရေးတာဝန်ခံ ဗိုလ်မှုး သန်းကြွယ် စသော တော်လှန်ရေးသမားကြီးများ ၊ နိုင်ငံရေးသမားကြီးများ ၊ ပက်ဆိုပိုတေးမီးယား စစ်ပြန် ဦးကျော်စိန် ကဲ့သို.ရဲရင်.သူများ ၊ အင်္ဂလန်တွင်ဆေးရုံအုပ် တာဝန်ယူနေခိုက် ဗိုလ်ချုပ်၏ ဖိတ်ခေါ်မှုကြောင်. ရာထူးဂုဏ်သိမ်အားလုံးစွန်.လွတ်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် သာမာန်မေ့ဆေးဆရာဝန်အဖြစ် တာဝန်ပြန်လည်ထမ်းဆောင်ပေးခဲ့သော ဒေါက်တာဦးတင် ကဲ့သို.လူမျိုးများပေါ်ထွက်ခဲ့ရာဒေသဖြစ်သည် ။

ထို.အပြင်  နိုင်ငံတော်အဆင်. အုပ်ချုပ်ရေး ယန္တရားတွင်လည်း ခောတ်အဆက်ဆက် ပါဝင်ဆောင်ရွက်ခဲ့ကြသူများလည်းပေါ်ထွန်းခဲ့ပါသည် ။



လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ တွင် သစ်တောမင်းကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ စည်သူဦးမှန် ၊ မန်ချက်စတာ တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ.ယူခဲ့ပြီး ချိုးဖြူရေပိုက်လိုင်း တည်ဆောက်ခြင်းကို ဦးဆောင်ခဲ့ပြီး ရန်ကုန်မြို.တော်၏ မြို.တော်ဝန်အဖြစ် ၁၉၄၉ တွင်တာဝန်ယူခဲ့သူ ဦးထွန်းတင် ၊ ၁၉၇၄ မှ ၁၉၈၈ အထိ အလုပ်သမားနှင်. လူမှု ၀န်ထမ်းဝန်ကြီး ၊ ပြန်ကြားရေး နှင်. ယဉ်ကျေးမှု ၀န်ကြီးတာဝန်များယူခဲ့သူ  နိုင်ငံတော်ကောင်စီဝင်အဖြစ်ထမ်းဆောင်ခဲ့သူ ဦးမန်းစံမြတ်ရွှေ ၊ ၁၉၇၅ တွင် ပြန်ကြားရေး ဒုဝန်ကြီး ၁၉၇၉ တွင် အလုပ်သမားနှင်. လူမှုဝန်ထမ်း ၀န်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဦးမြမောင် ၊ ၁၉၉၃ တွင် လယ်/ဆည် ၀န်ကြီး အဖြစ်တာဝန်ယူခဲ့သူ ဦးတင်လှိုင် ၊ ၁၉၉၄ တွင် သစ်တောဒုဝန်ကြီး တာဝန်ယူခဲ့သူ ဦးအောင်ဖုနုး ၊ ၂၀၁၀ မှ ၂၀၁၅ ထိ တိုင်းဒေသကြီး လျှပ်စစ် နှင်. စက်မှု ၀န်ကြီး တာဝန်ယူခဲ့သူ ဦးစောမြသိန်း စသည်တို.သည် ၀ါးခယ်မမြို.နယ်သားများ ဖြစ်ကြသည် ။

ထို.အတူ ၂၀၁၅ ခုနှစ်တွင် ပေါ်ထွက်လာသော အရပ်သား အစိုးရ နှင်.အတူ ရှမ်းပြည်နယ် ၀န်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါက်တာလင်းထွဋ်သည်လည်း ၀ါးခယ်မ တစ်ဖက်ကမ်း ရွာသစ်ရပ်ကွက် ဇာတိအနွယ်ဝင်ဖြစ်ကြောင်းသိရှိရပါသည် ။ အဘ ဦးကြည်ရှိန် ၊ အမိ ဒေါ်သန်းလှတို.က ၁၉၆၀ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်နေ.တွင်မွေးဖွားခဲ့ခြင်းဖြစ်သည် ။ ၀ါးခယ်မမြို.နယ် ပါတီယူနစ် မှ ဦးသန်းညွန်. ၏ ဇနီး ဒေါ်ကြည် ၊ ဒေါက်တာလင်းထွဋ်အဖေ ဦးကြည်ရှိန် ၊ ၀ါးခယ်မ သစ်စက်မှဦးကုလား + ဒေါ်ထွေးတို.၏ သမက် ဦးတင်မြင်. တို.မှာ မောင်နှစ်မ အရင်းများဖြစ်ပြီး ရွာသစ်မှ ဦးစံအေးမှာ ဒေါက်တာလင်းထွဋ် ၏အမေ ဒေါ်သန်းလှ ၏ ဖခင်ဖြစ်ကြောင်းသိရပါသည် ။ဖခင်ဖြစ်သူမှာ ကျန်းမာရေး မှုးတာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဟု သိရပါသည် ။မအူပင်မြို့တွင်အခြေခံပညာသင်ကြားခဲ့ပြီး ဒသမတန်းတွင်ဂုဏ်ထူးသုံးဘာသာဖြင့်အောင်မြင်ခဲ့ကြောင်းသိရပါသည် ။
မွေးခြင်း ၃ ဦးအနက် ဒေါက်တာလင်းထွဋ်သည် ၁၉၇၉ တွင် ဒေသကောလိပ် မှ စိုက်ပျိုးရေး လုပ်ငန်း အတတ်ပညာ ဒီပလိုမာ ရရှိခဲ့ပြီး ၁၉၈၄တွင်သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ.ရရှိခဲ့ပါသည် ။ ၁၉၈၈ ခုနှစ်မှစတင်ကာ ရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင် မြို.နယ်
ဖခင်ဖြစ်သူမှာ ကျန်းမာရေး မှုးတာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဟု သိရပါသည် ။ ဒေါက်တာလင်းထွဋ်သည် ၁၉၇၉ တွင် ဒေသကောလိပ် မှ စိုက်ပျိုးရေး လုပ်ငန်း အတတ်ပညာ ဒီပလိုမာ ရရှိခဲ့ပြီး ၁၉၈၄တွင်သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ.ရရှိခဲ့ပါသည် ။ ၁၉၈၈ ခုနှစ်မှစတင်ကာ ရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင် မြို.နယ် ပြည်သူ.ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၄ မှ ၂၀၀၆ အထိလားရှိုးမြို. ပြည်နယ်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ကာ မန္တလေး ၊ လားရှိုး တို.တွင် မူးယစ်ဆေးနှင်. ကူးစက်တတ်သော AIDS ရောဂါ လျော.ချရေးစီမံချက် အရာရှိအဖြစ် တာဝန်ယူခဲ့ကြောင်း သိရပါသည် ။ အိမ်ထောင် ဘက်မှာ ရှမ်းပြည်နယ်သူ တစ်ဦးဖြစ်ကြောင်း သိရပါသည် ။

သူသည် လူမှု ကူညီရေး အသင်းများ ဖွဲ.စည်းဆောင်ရွက်လျှက် ရှိကြောင်း သိရပြီး တက္ကသိုလ်ပေါင်းစုံ အငြိမ်.အဖွဲ.တွင် လူရွှင်တော် ပလာယာ အဖြစ် နာမည်ကျော်ခဲ့ကြောင်း သိရပါသည် ။ ၂၀၁၅ ရွေးကောက်ပွဲတွင် လားရှိုး ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှလွှတ်တော် ကိုယ်စား လှယ်အဖြစ် အနိုင်ရရှိ ခဲ့သူ ဖြစ်ပါသည် ။ မတ် ၂၈ ရက် ၂၀၁၆ တွင်ကျင်းပသော ဆဋ္ဌမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှသမ္မတသစ် ဦးထင်ကျော် က လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ဒေါက်တာလင်းထွဋ် အား သျှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်၌ အတည်ပြုကြေငြာ ခဲ့ခြင်းဖြစ်ပါသည် ။ 



ဝန်ကြီးချုပ် ဖြစ်ပြီးနောက် မီဒီယာများနှင်.တွေ.ဆုံရာတွင် "သျှမ်းပြည်နယ်သူ/သားအားလုံး ကို မေတ္တာပို့ပါတယ်လို့ ပထဦးဆုံးေ ပြာ ချင်ပါတယ်။ ဘယ်တိုင်းရင်း သားဘဲ ဖြစ်ဖြစ် ဘယ်လူမျိုးစုဘဲဖြစ်ဖြစ် တိုင်းရင်းသားလူမျိုးစုတွေကော သျှမ်းပြည်နယ်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူထုအားလုံးကိုကော ကျနော်တို့ နိုင်ငံတော် သီချင်းရဲ့ ပထမဦး ဆုံး ခြေ ဆင်း အပိုဒ် ဖြစ်တဲ့ - တရားမျှတ လွှတ်လပ် ခြင်းနဲ့ မသွေ ၊ ဒို့ပြေ ၊ ဒို့မြေ ။ များလူခပ်သိမ်းအေးငြိမ်းစေဖို့ ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့မြေ - ဆိုတဲ့အတိုင်း ကျနော်တို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ ဖက်ဒရယ်ပြည်ထောင် စုကြီြး ဖစ် အောင် အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်" ဟု ပြောကြားခဲ့ပါသည်။
ဖခင်ဖြစ်သူမှာ၂-၇-၂၀၁၆တွင် ဆုံးပါးခဲ့ပြီဖြစ်ပြီး မိခင်မှာမူ လက်ရှိ မအူပင်မြို.တွင် နေထိုင်လျှက် ရှိသည် ။လက်ရှိ ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ဂုဏ်ထူးဆောင် နာယက တစ်ဦး ဖြစ်သော ဆရာကြီး ဦးအောင်သန်း ၏ ညီအကိုတော် တစ်ဦးဖြစ်ကြောင်းလည်း သိရှိရပါသည် ။

မိမိတို. ဇာတိဖွား/ အနွယ်ဝင် တစ်ဦးအနေဖြင်. ပြည်နယ်အကျိုး ၊ နိုင်ငံအကျိုး ကို တည်.မတ် မှန်ကန်စွာ အောင်မြင်အောင် သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ၀ါးခယ်မ Page မှ ဂုဏ်ပြုဖော်ပြအပ်ပါသည် ။

Reference & Photo ; NLD , သျှမ်းသံတော်ဆင်. ခိုင်စန္ဒာလင်း & ဦးအောင်သန်း

No comments:

Post a Comment