Monday, August 8, 2016

နီရဲအောင် ပြောတဲ့ အဲ့ဒီမြို. ( သို.) မြို့စိတ်မွှန်နေတဲ့မြို့


 ·
✿◠‿◠မြို့စိတ်မွှန်နေတဲ့မြို့. ✿◠‿◠


မြန်မာနိုင်ငံရဲ့ပထမဆုံးဝန်ုကြီးချူပ်ရဲ့မြို့
မိတ္တဗလဋိကာရဲ့မြို့
ဆယ်နှစ်ကြိမ်တိ့တိ့ မွှေး တဲ့မြို့
သခင်များပြီး ကျွန်စိတ်မကုန်သေးတဲ့မြို့
မေ့ကွက်ကိုရှာတဲ့မြို့
အိပ်မပျော်သော ညများရဲ့မြို့
ရေထဲမြို့
မွှေး တို့ရဲု့မြို့
ကိုယ့်ပုဇွန်ချဉ်ကိုယ်ချဉ်တဲ့မြို့
အသစ်ကိုချစ်ခွင့်ပန်ထားပြီ
အဟောင်းနဲ့ပြန်ပေါင်းထုတ်နေတဲ့မြို့
နှစ်ငါးဆယ်ကျော်အနယ်ထိုင်နေတဲ့
ချောင်းကလေးကိုပြန်ဖော်ဖို့
အတိတ်မေ့သလိုလို
ရွှေပျောက်နေသလိုလိုလုပ်နေတဲ့မြို့
ြုမို့ကလေးကသေး လမ်းတွေကကျဉ်း
စက်ဘီး ဆိုက်ကား ထော်လာဂျီ
ဆိုယ်ကယ်မော်တော်ကား
ဝက်သားရေထိုးထားသလို
ဖောင်ကားနေတဲု့မြို့
ကတ္တရာနဲ့ကွန်းကရစ်ကို
မိတ်ကပ်နဲ့သနပ်ခါးလို
ခပ်ပါးပါးလိမ်ခြယ်ထားတဲ့မြို့
ခိုးခြင်းတာလည်းပြာလို့
လက်နှေးကာလဲခြားတဲ့မြို့
မွှေးကိုလူကိုဖတ်ဘူးပြီး
စာကိုမဖတ်ဘူးသေးတဲ့မြို့
သောကဘုရားကိုအတူသွားရင်
ရှင်ကွဲကွဲခဲ့တဲ့မြို့
မြို့ရဲ့အောက်မှာ
ငါးရွေးငါးကြီးတစ်ကောင်းရှိပြီ
ခေါင်းကဘုရားကြီးအောက်မှာ
အမှီကငါးစိမ်းတန်းအောက်မှာ
အိပ်ယာဝင်ပုံပြင်နဲ့မြို့
မြို့ဟာမြို့စိတ်မပျောက်အောင်
နတ်ဝင်သည်တွေနဲ့
ဝင်ဝင်ပှုနေရတဲ့မြို့
ကျွန်တော်ကအဲ့ဒီမြို့မှာမမွေးပဲ
အဲ့ဒီမြို့မှာကြီးပြီ အဲ့ဒီမြို့ကမခွာနိုင်သေးတဲ့မြို့

နီရဲအောင် ၈. ၈. ၂၀၁၆

No comments:

Post a Comment