Thursday, August 11, 2016
ဝါးခယ်မသားအစစ် စိုက်/မွေး/ဆည် ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း
ဒေါက်တာဝင်းထွန်း ၏ ဖခင်မှာ ဦး စိန်ထွန်းဖြစ်ပြီး မိခင်မှာ ဒေါ်အေးတင်ဖြစ်ပါသည် ။  မွေးချင်း အားလုံးပေါင်း ၅ ဦးဖြစ်ပြီး အမ ၂ယောက် ညီမ ၂ယောက် အနက် ညီမတစ်ဦးမှာ ဆုံးပါးသွားပြီဖြစ် ကြောင်း သိရပါသည် ။ အမ အကြီးဆုံးမှာ အထက်အညာဒေသတွင် နေထိုင်လျှက်ရှိပြီး ဒုတိယအမဖြစ်သူမှာ လက်ရှိ ပညာတန်ဆောင် မဂဇင်းတွင် အယ်ဒီတာအဖွဲ.၀င်အဖြစ်တာဝန်ယူလျှက်ရှိပြီး ပညာရေးဝန်ကြီးဋ္ဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး တာဝန်ဖြင်. အငြိမ်းစားယူထားသူ   ဒေါ်ခင်တိုးဖြစ်ကြောင်းသိရသည် ။ ညီမတစ်ဦးမှာမူ ၀ါးခယ်မ အိတ်ချိန်းရုံးတွင်တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း သိရပါသည် ။
မိသားစု၏ မူလ နေထိုင်ရာမှာ ၀ါးခယ်မညောင်ဝိုင်း ၀ဇီရာ ဆန်စက်အနီးတွင်ဖြစ်ပြီးနောက်ပိုင်းတွင် ရွာသစ်  ပြောင်းရွှေ.နေထိုင်ခဲ့ကြောင်း သိရပါသည် ။ ၀ါးခယ်မရွာသစ်တွင် အလယ်တန်း အောင်မြင်ခဲ့ပြီးနောက် ၀ါးခယ်မ အထက ၁ မှ အထက်တန်းအောင်မြင်ခဲ့ကြောင်း သိရပါသည် ။ ရေဆင်း မှ  B-Ag ဘွဲ.ရရှိခဲ့ပြီးနောက် ဖိလစ်ပိုင်မှစိုက်ပျိုးရေးဆိုင်ရာ  မဟာဘွဲ.နှင်.ဒေါက်တာဘွဲ. ရရှိခဲ့ကြောင်း သိရပါသည် ။
မိသားစုလိုက် အမေရိကန် နိုင်ငံတွင် ခေတ္တသွားရောက်နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံသို. ပြန်လာခဲ့ကြပြီးနောက် အမေရိကန်သံရုံး - စိုက်ပျိုးရေးဋ္ဌာန ( US Embassy in Yangon – Department of Agriculture ) အကြံပေး အရာရှိအဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည် ။ ၀ါးခယ်မအသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ( ယခု နာယက ) ဗိုလ်မှုးကြီးအောင်ကြည် ၏ မေတ္တာရပ်ခံမှုဖြင်. လည်းကူးဘက်ခြမ်းရှိ လယ်များအတွက် နည်းပညာဆိုင်ရာအကြံပေးခဲ့ကြောင်း သိရသည် ။ ထိုနောက်ပိုင်းကာလများတွင် စိုက်ပျိုးရေးဆိုင်ရာ ဆောင်းပါး များအများ အပြား ရေးသားခဲ့ကြောင်း 7 Day News ဂျာနယ် နှင်. အခြား ဂျာနယ်များတွင်ဖော်ပြခဲ့ပါသည် ။ သူရေးသားခဲ့သော ဆောင်းပါးများတွင် ယခင်အစိုးရလက်ထက် လယ်ယာစိုက်ပျိုးရေးဆိုင်ရာများကို ဝေဖန်ထောက်ပြခဲ့ခြင်း( ဥပမာ လယ်/ယာစိုက်ပျိုးရေး လုပ်ငန်းကို မြစ်ဝကျွန်းပေါ် အခြေမခံပဲ နေပြည်တော်ဝန်းကျင်ကို အားပြုပုံများဝေဖန်ခြင်း ၊ နည်းပညာဆိုင်ရာထောက်ပြခြင်း ) များကြောင်. စိုက်ပျိုးရေးဆိုင်ရာ စိတ်ဝင်စားသူများအကြားထင်ရှားလာခဲ့သည် ။ 
သူ၏ဆောင်းပါးတစ်ပုဒ် နှင်. ပတ်သက်၍ စာဖတ်သူတစ်ဦးဖြစ်သော ဦးတင်ရီ - ဟင်္သာတ က ရေးသားထားရာတွင် (၂၀၁၄ စက်တင်ဘာလ ၃ ရက်နေ့ ထုတ် 7Day News Journal.. မှာရေးသားခဲ့တဲ့
ဒေါက်တာထွန်းဝင်း (စိုက်ပျိုးရေး) ရဲ့  ၀မ်းမန်းရှိုးဟီးရိုးများရဲ့  စိုက်ပျိုးရေး စိုးရိမ်ရေမှတ်နိုင်ငံ ဆိုတဲ့ ဆောင်းပါး..တွေ့ ရတော့..လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးကို စိတ်ဝင်စားသူ တစ်ဦးအနေဖြင့် ထပ်ခါ..ထပ်ခါဖတ်ဖြစ်ခဲ့ပါတယ်..ဆရာ့ဆောင်းပါးအပေါ်.ကျွန်တော့်အမြင်ပြောရရင်တော့...မှန်လိုက်တာ
ဆရာရယ်လို့ သာ...အတိုဆုံးCommentပေးပါရစေ...ဆရာ့ဆောင်းပါးကနေ..ကျွန်တော်မသိသေးတဲ့.
...လယ်ယာစိုက်ပျိုးရေးနဲ့ ပါတ်သက်တဲ့..အကြောင်းအရာတွေလည်းသိခွင့်ရခဲ့လို့ ..ဆရာ့ကိုကျေးဇူးတင်
မိပါတယ်....ဆရာ...ရေးခဲ့တာက..ပြည့်စုံနေလို့ လယ်ယာစိုက်ပျိုးကဏ္ဍကို...အမှန်တကယ်
စိတ်ဝင်စားကြသူတို့ ..ဖတ်သင့်ကြပါတယ်..လို့ Commentထပ်ပေးပါရစေ...ကျွန်တော်ခံစားမိတာလေးလည်း
ရးခွင့်ပြုပါ...ဆရာ.တင်ပြခဲ့တဲ့အထဲက..မြန်မာပြည်စိုက်ပျိုးဘတ်ဂျက်ရဲ့ ဦးစားပေးနဲ့ လက်တွေ့ အကျိုးအမြတ်
...ဆိုတဲ့အကြောင်းပါ..၂၀၁၃/၁၄မှာစိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများအတွက်လျာထားငွေများထဲက...၈၆.၈၇% ရှိတဲ့ ဆည်မြောင်း တည်ဆောက်ရေးအ
တွက်လျာထားချက်၂၀၂၁၈၀သန်း..တနည်းအားဖြင့်.ကျပ်သိန်း၂၀၁၂၁၈၀၀ဆိုတဲ့အပေါ်မှာ..စဉ်းစားမိလို့ 
ပါဆရာ.
..ဆည်တွေတည်ဆောက်ခြင်းက..ကျွန်တော်တို့ နိုင်ငံလယ်ယာစိုက်ပျိုးရေးကဏ္ဍကိုဘယ်လောက်
အကျိုးရှိစေလည်း..ကျွန်တော်မတွက်တတ်ပါဘူးဆရာ..ကျွန်တော်ခံစားမိတာက..သဘာဝစိုက်ပျိုးရေ.
.ရရှိနေတဲ့..လယ်ယာမြေတွေမှာ မြစ်ချောင်းတွေကောနေပြီဆရာ...တချို့ ချောင်းမြောင်းတွေ မြေပုံတွေမှာသာ ရှိတော့ပါတော့တယ်ဆရာ..တချိန်က...မြန်မာပြည်ရဲ့ စပါးအိုးကြီး လို့ တင်စားခဲ့ကြတဲ့..ဧရာဝတီတိုင်းက
စိုက်ပျိုးလယ်မြေတွေ အဆင့်အတန်းတွေအရမ်းနိမ့်ကျနေပြီ ဆရာ..တောင်သူဦးကြီးတွေရဲ့  အခေါ်အတိုင်း...အာရာ ၀မ်း..အာရာ တူး..အာရာ သရီး ဆိုတဲ့..လယ်မြေအဆင့်တွေမှာ..ဒုတိယတန်းစား နဲ့  တတိယတန်းစား စိုက်ပျိုးမြေ အမျိုးအစားတွေများနေပြီ ဆရာ..မိုးနဲရင် ရေလိုအပ်..မိုးများရင် ရေကြီးနစ်မြုတ်..တဲ့ဒုက္ခတွေခံစားနေကြရတာ..ကြာနေပါပြီဆရာ..
လယ်မြေတွေရဲ့ မညီညာတဲ့..အနိမ့် အမြင့်တွေနဲ့ သီးထပ်အတွက်..သဘာဝမြေအစိုဓာတ် ရရှိရေးအတွက်..သက်တမ်းမတူတဲ့ စပါးမျိုးတွေကိုသာစိုက်နေကြရလို့ ..စပါးမျိုးတွေကလည်းဖေါင်းပွနေပြီဆရာ..စပါးမျိုးတွေဖောင်းပွနေမှုတွေက.
..ဆန်ရဲ့ စားသုံးမှုအရည်အသွေးတွေကိုအဓိကထိခိုက်မှုရှိပါတယ်ဆရာ..ဒါ့ကြောင့်လည်းခေတ်
မှိစက်တွေနဲ့ ကြိတ်ခွဲပေမယ့်..အမျိုးမျိုးသောစပါးတွေကြောင့်...ဆန်ရဲ့ ရုပ်လက္ခဏာ အရည်အသွေးကိုမြှင့်တင်နှိုင်ခဲ့ပေမယ့်...စားသုံးမှုအရည်အသွေးတွေကျဆင်းလို့ ..FOB ဆန်ဈေးကွက်လည်းကျဆင်းနေရပါတယ် ဆရာကျဆင်းမှု အားလုံးရဲ့ ဒါဏ်ကိုတော့ အဖြည့်ခံ လယ်သမားတွေ နလံမထူနှိုင်အောင်ခံစားနေရပါတယ် ဆရာ...
ကျွန်တော်..ဧရာဝတီတိုင်းသားတစ်ဦးအနေနဲ့ ဆရာတင်ပြခဲ့တဲ့စိုက်ပျိုးစီမံကိန်းများအတွက်လျာထားငွေကို
ဖတ်ရတော့ ခံစားရပါတယ်..ဆည်မြောင်းတည်ဆောက်ရေးအတွက် လျာထားခဲ့တဲ့ ကျပ်သိန်းပေါင်း ၂၀၂၁၈၀၀ ကို ဧရာဝတီတိုင်းက လယ်မြေတွေရဲ့ လိုအပ်ချက်ကိုသာ တနှစ်လောက်ပြုပြင်ပေးမယ်ဆိုရင် တဧကပျှမ်းမျှ ၂ သိန်း
နှုန်းနဲ့ ဆိုရင်တောင်လယ်မြေဧကပေါင်း၁၀၁၀၉၀၀ပြုပြင်လို့ ရနှိုင်ပါလားလို့ ပါ...ကောနေပြီဖြစ်တဲ့
.ချောင်းမြောင်းတွေအစား.ရေသွင်းရေထုတ်မြောင်းတွေ..ကုန်ထုတ်လမ်းတွေလုပ်ပေးရင်ကောင်းမှာလား
လို့ ပါ...နှစ်စဉ်ဖြစ်နေတဲ့..ရေကြီးနစ်မြုတ်မှုတွေလယ်သမားနဲ့ အင်းလုပ်ငန်းရှင်တို
ဧရာဝတီ တိုင်းက လယ်မြေတွေက စားသုံးမှုအရည်အသွေးကောင်တဲ့စပါးမျိုးတွေ အများဆုံးထွက်တာပါ ဆရာ..ကျွန်တော်တို့ လယ်ယာမြေတွေကိုပြုပြင်ပေးဖို့ ..စိတ်ကူးမရကြဘဲ..ဘာ့ကြောင့်ဆည်တွေ
သာဆောက်နေကြလည်းဆိုတာကိုတော့..ဥာဏ်မမှီတဲ့ကျွန်တော်မဝေဖန်ဝံ့ပါခင်ဗျ..ကျွန်တော်ကတော့.
ဆရာ့ရဲ့ .၀မ်းမန်းရှိုးဟီးရိုးများရဲ့  စိုက်ပျိုးရေး စိုးရိမ်ရေအမှတ်နိုင်ငံဆိုတဲ့ဆောင်းပါးကို..ထပ်ခါ ထပ်ခါ ဖတ်ဖြစ်လို့ ..ထပ်ခါ ထပ်ခါ ခံစားရပါတယ်..ဆရာ   )  ဟုရေးသားထားခဲ့ပါသည် 
ဒေါက်တာထွန်းဝင်း သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)တောင်သူလယ်သမားရေးရာကော်မတီ ၏ တောင်သူလယ်သမားရေးရာပညာပေးသင်တန်းများတွင်လည်း တက်ရောက်ပို.ချပေးခဲ့ကြောင်း သိရပါသည် ။
ဘိုကလေး ဘက်တွင် သူ၏ နည်းပညာ ဖြစ်သော ပြည်တွင်းမျိုး နှင်. အထွက်တိုးရန် အခြေခံသောနည်းပညာဖြင့်အောင်မြင်ခဲ့ပြီးနောက် ၀ါးခယ်မမြို.နယ်အသင်း ဂုဏ်ထူးဆောင်နာယကကြီး ဦးအံ့ကျော် ( ကွယ်လွန် ) မှ ဒေါက်တာဝင်းထွန်းအား ခေါ်ယူတွေ.ဆုံပြီး ၀ါးခယ်မတွင် အရည်အသွေးကောင်းမျိုးစပါးများအတွက် ဆောင်ရွက် စီမံနေခိုက်  ဦးအံ့ကျော် ကွယ်လွန်သွားခဲ့ပါသည် ။
အမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေခိုက် ဟောပြောပွဲများ တွင်လည်း တက်ကြွစွာပါဝင်ဟောပြောပေးခဲ့ပါသည် ။
၂၀၁၆ မေလ ၂ ရက်နေ.တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ အမိန်.အမှတ် ၃၆ / ၂၀၁၆ အရ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင်. ဆည်မြောင်း ဒုဝန်ကြီး အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါသည် ။ ဒုတိယ ၀န်ကြီးအဖြစ် တာဝန်ယူပြီးနောက် သူ၏ အမြင်များအား တရားဝင်ထုတ်ပြောရာတွင် နေပြည်တော်မှာ ဇူလိုင်လ ၈ ရက်နေ့ မီဒီယာ အချို.ဖြင်. တွေ.ဆုံခိုက်
ဒေါက်တာ ထွန်းဝင်းက“၁၉ ၈၈ ခုနှစ် ကတည်းက ဆည်တွေ ဆောက်လာလိုက်တာ ပိုက်ဆံတွေ သောက်သောက်လဲ ကုန်တယ်။ လယ်သမားတွေအတွက် အကျိုး ရှိလား၊ ဆန်စပါးတွေ အထွက်တိုးလား သွားကြည့်။ ဆည်ရေသောက် စပါးက ၁၀ ရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းပဲ။၉၀ ရာခိုင်နှုန်းက မသေချာတဲ့ မိုးကိုပဲ စောင့် နေရတာ။ အဲဒီတော့ ဆည်တွေ ဆောက်ခြင်းဖြင့် တိုင်းပြည်တိုးတက်အောင်၊ တခုခု တိုးတက်အောင် မလုပ်နိုင်သေးဘူးဆိုတာ သေချာနေပြီ  ဟုပြောကြားခဲ့ပါသည်
ယခုလက်ရှိတွင်လည်း လွှတ်တော်အတွင်း အများဆုံးဖြေဆိုပေးနေရသော တာဝန်ရှိသူများအနက် တစ်ဦး ဖြစ်ပါသည် ။ 
မြစ်ဝကျွန်းပေါ်သား ၊ ၀ါးခယ်မသား တစ်ဦး ၊ ၀ါးခယ်မစိတ်ဓါတ်ရှိသူ တစ်ဦး အနေဖြင်. နိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာများအား တည်.မတ်မှန်ကန် ပြီး လျှင်မြန်စွာ ဖွံ.ဖြိုးလာအောင် အင်ပြည်.အားပြည်.ဆောင်ရွက်နိုင်ပါစေကြောင်း ၀ါးခယ်မ Blog မှ ဆုမွန်ကောင်း တောင်အပ်ပါသည် ။
Ref ;  ဦးအောင်သန်း ၊ 7 Day News ၊ Demo Wave ၊ မိုးမခ
ဆက်စပ်ဖတ်ရှုရန်
အစိုးမရသော ဒီမိုး ဒီရေနဲ့ ကမ်းနားသစ်ပင် မြန်မာပြည်စိုက်ပျိုးရေးခရီးစဉ် 
ဧရာဝတီတိုင်း စိုက်ပျိုးရေး နှင်. စက်မှုဇုံ ကိစ္စ ဒေါက်တာထွန်းဝင်း - ဦးစောမြသိန်း - ဒေါက်တာစောထွန်းတို.အမြင် ( ၂၀၁၄ )
No comments:
Post a Comment