Sunday, November 24, 2013

ဝိုင်းစုခိုင်သိန်း ရဲ. ချစ်မှုရေးရာအကြောင်း တစ်.စေ.တစ်စောင်း (သို. ) ၂၀၁၄ ရဲ.နောက်ထပ် မင်္ဂလာပွဲ တစ်ခု



ဝိုင်းစု ငယ်စဉ်ကပုံ @ Facebook
 လာမယ်. ၂၀၁၄ မှာ Single မှ Family Life သို.ကူးပြောင်းတော.မယ်.နောက်တစ်ယောက်ကတော. အဆိုလိုင်းဘက်မှာလည်း သီချင်းအငြိမ်လေးတွေ နဲ. လိုက်တဲ့လို နာမည်ကျော်သလို  သရုပ်ဆောင် လောကဘက်မှာလည်း တစ်ဖြေးဖြေး နေရာတစ်ခု အခိုင်အမာ ယူလာနေတဲ့ မင်းသမီး တစ်ဦးဖြစ်ပြီး နာမည်ကျော် မင်းသားတစ်ယောက်နဲ. ပတ်သက်ခဲ့ရာက ပ၇ိသတ်အများစုရဲ. ဂရုဏာ သက်ခြင်းကိုပါ ခံခဲ့ရတဲ့ ၀ိုင်းစုခိုင်သိန်းပဲဖြစ်ပါတယ် ။ပုံမှန်ဖြစ်တတ်တဲ့ ကိစ္စမျိုးပေမယ်. တစ်ဖက်အိမ်ထောင်ဦးစီးနဲ. သူမတို.ပြန်လှန်ပြောဆိုကြတဲ့ အခွေ လူတွေကြား ထဲ ပျံ.နှံ.ခဲ့အပြီးမှာ တော. သူမဟာ ပရိသတ်တွေရဲ. ဂရုဏာတွေ အတော်များများ သိမ်းပိုက်ရရှိခဲ့တာပါ ။အဲဒီစကားသ့တွေရဲ. နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ ကောလဟာလတွေနဲ. ပတ်သက်လို.လည်း သူမရဲ. FB ကနေ ခုလို ပြန်ရှင်းပြခဲ့ဖူးပါတယ် 

တစ်ချိုံပရိတ်သတ်တွေ အထင်မှားနေကြတဲ့ ကိစ္စလေးကိုဖြေရှင်းပြချင်ပါတယ်.၀ိုင်းစု အနေနဲ့ ဘယ်လျော်ကြေးမှ ယူထားတာမျိုးမရှိပါဘူး၊ ၀ိုင်းစုဘက်ကနေ လူမပီသတဲ့သူတစ်စုအပေါ်မှာ လူပီသစွာ အေးအေးဆေးဆေးနေပေးလိုက်တာပဲ ရှိပါတယ်...အခု ၀ိုင်းစု နေနေတဲ့ နေရာ.တိုက်ခန်း၊စီးနေတဲ့ ကား အားလုံးဟာ ပရိတ်သတ်ကြီးကပေးတဲ့ ၀ိုင်းစုရဲ့ အနုပညာချွေးနဲ့စာလုပ်အား ၀င်ငွေနဲ့ အရစ်ကျ သွငှ်း စုဆောင်းပြီးမှ ၀ယ်ထူထားတာတွေ အားလုံးပါ။ တစ်ချို့က ပြောကြပါတယ် ၀ိုင်းစု ကိုငွေမက်တဲ့ မိန်းကလေးဆိုပြီးတော့...တစ်ချို့ဆို မိန်းကလေးချင်းမစာမနာနဲ့ ရက်စက်စွာပြောတာမျိုးတွေတောင်ရှိပါတယ်.၀ိုင်းစုဘက်ကနေပြီးရပ်တည်ပေးပြီး Comment တွေနဲ့ ၀င်ရန်ဖြစ်ပေးကြတဲ့ အစ်ကိုတွေအစ်မတွေ ကိုလဲမြင်မိပါတယ် သူတို့ကိုလဲ ကျေးဇူးတင်ပါတယ်.ဒါပေမဲ့ ၀ိုင်းစုဘယ့်သူအပေါ်မှ စိတ်ပုတ်၊စိတ်ယုတ် မကောင်းတဲ့စိတ်မျိုးမမွေးပါဘူး စိတ်ကိုဖြူစင်စွာပဲ အမြဲထားပါတယ်..၀ိုင်းစုက အနေအေးတော့လဲ ပြောချင်ရာပြောလို့ရနေကြတဲ့သဘောပေါ့လေ...အဲလိုပြောနေကြတဲ့သူတွေအားလုံးကို ၀ိုင်းစု ဟိုဘက်ဒီဘက်ရင်ဆိုင်ပြီးဖြေရှင်းရဲပါတယ် ၀ိုင်းစုအနေနဲ့ လျော်ကြေးယူထားတဲ့ကိစ္စမျိုးဆိုတာ လုံးဝမရှိခဲံ့ပါဘူး..အသံဖိုင် ( `ဤနေရာတွင် နှိပ်၍ သွားရောက်နားဆင်နိုင်ပါသည် ) နားထောင်ဘူးကြမဲ့ ပရိတ်သတ်တွေ ရှိမယ်ဆိုရင်တောင်သိပါလိမ့်မယ် ၀ိုင်းစုအနေနဲ့ လျော်ကြေးတောင်းခဲ့သလား? လူပီသစွာတာဝန်ယူပေးဖို့ပဲ ပြောခဲ့သလားဆိုတာကို.သိကြမှာပါ တစ်ခါတစ်ခါ ပြောတာတွေက အရမ်းလူတစ်ယောက်ကို ကိုယ်ချင်းမစာပဲအရမ်းပုတ်ခတ်ရူတ်ချ လွန်းရာကြပါတယ်။ ၀ိုင်းစုကတော့ အဟောင်းတွေကိုလဲ ဘယ်တော့မှ အသစ်ပြန်မလုပ်တတ်ပါဘူး ....ဗုဒ္ဒဘာသာဝင်လူမျိုးတစ်ယောက်ပီပီ ကောင်းတာလုပ်ရင် ကောင်းတာရမယ် ဆိုးတာလုပ်ရင်ဆိုးတာဖြစ်မယ် ဆိုတဲ့ အဆုံးအမကို ယုံကြည်မူ အပြည့်အ၀ ရှိပါတယ်..အဲဒီအတွက်လဲ ကိုယ်လျှောက်တဲ့ လမ်းခရီးကို အကောင်းဆုံးလျှောက်လှမ်းခဲ့တယ် ၀ိုင်းစုရဲ့ နောက်မှာ ၀ိုင်းစုနဲ့အတူတူ လိုက်ခဲ့တဲ့ ပရိတ်သတ်ကြီးရှိတယ် သူတို့အားလုံးကို ၀ိုင်းစုအရမ်းကျေးဇူးတင်တယ်

ဒါ.အပြင် သူမဟာ ယခုနှစ် နှစ်ဆန်းပိုင်း အမေရိကား ( ချစ်သူဆီ ) အလည်သွားခဲ့တဲ့ ခရီးမှာ မင်္ဂလာဦးဆွမ်းကျွေး လုပ်ခဲ့တယ် ဆိုပြီး သတင်းတွေ Facebook ကတစ်ဆင်.ထွက်လာခဲ့ပြန်ပါသေးတယ် ။အဲ့ဒီကောလဟာလကတော. သူမမိခင်ကိုပါ အငိုက်မိသွားစေခဲ့ပါတယ် ။ ဒါနဲ.ပတ်သက်လို. အဲ့ဒီတုန်းက 8 Days မှာဖော်ပြခဲ့တာကတော. 


 ဖေဖော် ဝါရီ ၁၂ရက်မှာ သူ့ချစ်သူနဲ့အတူ မင်္ဂလာဦးဆွမ်းကျွေး တဲ့ဝိုင်း စုခိုင်သိန်းဆိုပြီး င်္Facebook စာမျက်နှာထက်မှာ ပုံတစ်ပုံတက်လာ ခဲ့ပါတယ်။ဆိုပါပုံရဲ့ အောက်ခြေမှာ ဝင်ပြီး Comment ပေါင်းကလည်း မြောက်မြားစွာ ပဲဖြစ်ပါတယ်။အဆိုပါသတင်းနဲ့ ပတ်သက်ပြီး ဝိုင်းစုရဲ့ မိခင်ဖြစ်သူထံ ဖုန်းဆက်လို့ သတင်းမေး ခဲ့ပါတယ်။ဝိုင်းစုရဲ့မေမေက ထိုးသတင်း ကြားကြားချင်း သမီး ကိုစိတ်ဆိုးသံသယ ဝင်မိတယ်လို့ ဆိုပါတယ်။အဆိုပါ ပုံကဝိုင်းစုရဲ့ ချစ်သူဥက္ကာတို့ မိသားစုရဲ့ အိမ်အသစ်မှာ အန္တရာယ်ကင်း ဆွမ်းကပ်တာဖြစ်ပြီး ပုံကိုသေချာကြည့် လိုက်ရင်သိနိုင်တယ် လို့ပြောပါတယ်။ ဝိုင်းစုနဲ့အတူ လိုက်သွားတဲ့ ဒေါ်သိင်္ဂီဦး ကိုယ်တိုင်တောင် သာမန် အနွေးထည် လေးဝတ်ထားတာ တွေ့မြင်ရမှာဖြစ်ပြီး မင်္ဂလာဆွမ်းကျွေး ဆိုရင်တော့ မိသားစုတွေလည်း ဝတ်ကောင်းစား လှတွေဝတ်ထားမှာပေါ့လို့ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဝိုင်စုမိခင်က ဖေဖော်ဝါရီလ ၁၃ရက် တစ်နံနက်လုံး ဖုန်းနဲ့ဒိုင်ခံ ရှင်းနေရတာ ကြာင့် ခေါင်းရှုပ်နေတယ် လို့ဆိုပါတယ်။ ဝိုင်းစု အိမ်ထောင်ပြုမယ် ဆိုရင်လည်း ဒီမြန်မာနိုင်ငံမှာ တ ရားဝင်မင်္ဂလာပွဲလုပ်ပြီးမှ နိုင်ငံခြားမှာ လုပ်မယ်လို့စီ စဉ်ထားကြောင်းသိ ရပါတယ်။ ဒီသတင်းနဲ့ ပတ် သက်ပြီးတော့ အန်တီဘာမှကိုမပြောချင် တော့ဘူး။ယုံချင်တဲ့သူယုံပြီး မယုံတဲ့လူကလည်း မယုံပါဘူး။တချို့ကလည်း ညာတယ်လို့ပြောကြ မှာပါပဲ။ဒီသ တင်းမှန်မမှန် ကာယကံရှင်က အသိဆုံးပဲဖြစ်ပါ တယ်။ဒီသတင်း ကြားကြားချင်းက အန်တီမပါဘဲ ဝိုင်းစုဟို မှာ လုပ်လိုက်တယ်ဆိုပြီး ဒေါသထွက်တယ်။ဝိုင်းစုနဲ့အ ဆက် အသွယ်ရတော့ မေကြီးကသိပ်အ ငြင်းသန်တာ ပဲလို့ တောင်ပြောတယ်။ ဝိုင်းစုတို့က ပထမ၂၀၁၃ ထဲမှာ မင်္ဂလာဆောင်ဖို့ရည်ရွယ်ထားပေမယ့် ၂၀၁၃ ကိုမကြိုက်တာကြောင့် ၂၀၁၄မှာလည်းမသေချာသလို ၂၀၁၅ လောက်ကျမှ ဖြစ်နိုင်လိမ့် မယ်၊ မင်္ဂလာပွဲ လုပ်မယ်လို့ရည်ရွယ် ထားကြောင်းသိရပါတယ်။လူတစ်ယောက်ကံက ဘာမှကြိုတင်မပြော နိုင်ဘဲ ဝိုင်းစုကအိမ်ထောင်ပြုပြီးရင် နိုင်ငံခြားမှာသွားရောက်နေထိုင်ဖြစ် မှာဖြစ်တဲ့အတွက် သေချာစွာအလုပ် တွေလည်းစီစဉ်ရဦးမယ်လို့ဆိုပါတယ်။ မင်္ဂလာပွဲလုပ်ဖြစ်ရင် ပရိသတ်ကြီးကို ကြိုတင်အသိပေးပြီးမှ လုပ်မယ်လို့သိရပါတယ်။

  ၂၀၁၃ ဇန်န၀ါရီ ၁၄ ရက်နေ့က ပြုလုပ်တဲ့ Miss Now How 2013 ပွဲ တက်ရောက်လာစဉ်
 သူမဟာ ၂၀၁၄ ဖေဖော်ဝါရီ ၁၄ ရက်နေ.မနက်ပိုင်း မှာတော. လက်တွဲဖော်ဖြစ်သူ  ဥက္ကာကြူနဲ့ ဆီဒိုးနားဟိုတယ်မှာ စုလျားရစ်ပတ် ဘိသိက် မင်္ဂလာပွဲ ဆင်နွဲတော.မှာ ဖြစ်ပြီး ညပိုင်းကန်တော်ကြီးပဲလေ့စ်ဟို တယ်မှာ မင်္ဂလာညစာ စားပွဲပြုလုပ် မှာဖြစ်ပါတယ် ။ လဆန်းပိုင်းကတည်းက လက်မှတ်ရေးထိုး မင်္ဂလာ ဆွမ်းကျွေး ပွဲတွေပြုလုပ်မှာဖြစ်တယ်လို. ပေါ်ပြူလာရဲ.ဖော်ပြချက်အရ သိရပါတယ် ..အဲ့ဒီအင်တာဗျုးအရ သူမရဲ.လက်တွဲဖော်ဟာ သူမထက် ၅ နှစ်ကြီးပြီး အမေရိကားမှာလုပ်ငန်းထူထောင်ထားသူတစ်ဦးဖြစ်ပါတာကြောင်.  နောက်ပိုင်း အမေရိကားမှာ အခြေချမယ်လို.သိရပါတယ် ။ သူမဖြေကြားထားတဲ့ အပြည်.အစုံကတော.

 “၁၄ ရက်နေ့မှာ အမှတ်တရဖြစ်သွား အောင်ပါ။သူနဲ့ဝိုင်းစုရဲ့ အဓိကနေ့နံက ဗုဒ္ဓဟူး နဲ့တနင်္ဂနွေဆိုတော့ အမှန်တကယ်က မတည့် ဘူး။ ဒါပေမဲ့တွက်ချက်ကြည့်တော့ ၂လပိုင်းဆို အဆင်ပြေမယ်တဲ့။ ၂လပိုင်းမှာ ရက်လှတာက Valentines Day က လှတာလေ။အမှတ်တရ လည်းဖြစ်သွားအောင် အဲဒီနေ့မှာ ဆောင်ဖြစ် သွားတာပါ။သူနဲ့ ဝိုင်းစုက ဂြိုဟ်စီးဂြိုဟ်နင်းတွေဆို လားဘာတွေဆို 

လားသေချာ တော့မသိဘူး။အိမ်ထောင် ပြု မယ် ဆို တော့ဗေဒင် မေးကြည့်ရ တာပေါ့။အဲ ဒီလိုမျိုး အရ ဆိုတည့်တယ်။
ယောက်ျားလေးကဗုဒ္ဓဟူးဆို မတည့် ဘူး။မိန်းကလေးက ဗုဒ္ဓဟူးဖြစ်နေတဲ့ အတွက် တည့်တယ်။ တချို့တွေအိမ် ထောင်ပြုတဲ့အထဲမှာလည်း မိန်းက လေး ဗုဒ္ဓဟူး ၊ယောက်ျားလေး တနင်္ဂ နွေရှိတယ်။ မတည့်ဘူး တဂျိမ်းဂျိမ်း ပဲ။ ဒါပေမဲ့ ရန်ဖြစ်တာပဲရှိတယ်။ဘာမှထွေထွေထူးထူးမရှိဘူး။ အဲဒါ ကြောင့်
  နေ့ နံနဲ့ ပတ်သက်ပြီး ဗေဒင်   မေးကြည့်ရတာ။

ဝိုင်းစုက အစောကြီးကတည်းက မင်္ဂလာဆောင်မယ်ဆိုရင် မနက် ပိုင်း ကို တကယ့်မြန်မာထုံးတမ်းစဉ် လာ အရ စုလျားရစ်ပတ်နဲ့ဆောင်မယ် ဆိုပြီးအစောကြီးကတည်း က စိတ်ကူး ထားတာရှိတယ်။ ညပိုင်းက တော့ လုံးဝအပျော်ပဲ။ ကိုယ်နဲ့ တကယ်ခင်တဲ့ သူတွေပဲ အားလုံးဖိတ်မယ်။ ညပိုင်းက တော့ သောင်းကျန်းမယ့်ပွဲပေါ့။

ဝိုင်းစုက တော့ အစက တည်းက ၂၇၊၂၈၊ ၂၉က အလွန်ဆုံး ပဲ။၂၇၊ ၂၈ဆိုရင်အိမ်ထောင် ပြုမယ်လို့အစောကြီး ကတည်း က ရည်ရွယ်ထားတယ်။မိန်းက လေးတစ်ယောက် အနေနဲ့ ဒီ အရွယ်မှာအိမ်ထောင်ပြုသင့်တယ်။ အဓိကက မိသားစုဘဝပေါ့။ကလေး ယူရမယ်။ အသက် ၃ဝမကျော်ခင် ကလေးယူမယ်လို့စဉ်းစားထားတယ်။ အိမ်ထောင်ပြုပြု ပြီးချင်း ကလေးယူ ဖို့လည်း အဆင်မပြေဘူး။ အသက် ၂၈နှစ်ကျမှ ကလေးယူရင် အသက် ၂၉ နှစ်လောက်မှာ ကလေးမွေးလို့ရ မယ်။ အဲဒီလိုစဉ်းစားပြီး ဒီအသက် အရွယ် မှာ အိမ်ထောင်ပြုဖို့ ဆုံး ဖြတ်လိုက်တာပါ။

အများကြီး စဉ်း စားပါတယ်။ အောင် မြင်မှုဆိုတာတော့ တစ်ယောက် တည်းအတင်း ကြီးလုယူ ပြီးတစ်သက် လုံး ယူထား လို့ရတဲ့အရာ မဟုတ်ဘူး။ကိုယ့်ရဲ့မိ သားစုဘဝ ကလည်း အရေး ကြီးသေးတယ်။ဒီ အလုပ်ကို ကိုယ်က မြတ်နိုးပြီး သား၊ ချစ် ပြီးသား။ကိုယ့်ပရိသတ်တွေအ တွက် ဝိုင်းစုကတော့ တတ်နိုင်သမျှ အမြဲတမ်းကြိုးစားနေမှာပဲ။ အနည်း နဲ့ အများတော့ ထိခိုက်မှုလည်း ရှိရင် လည်း ရှိမယ်။ ရှိဖို့တော့ ပိုများတာ ပေါ့။ ဒါပေမဲ့ အခုခေတ်ကြီးက အိမ် ထောင်ပြုတယ်မပြုဘူးဆိုတာနဲ့ တော့ မဆိုင်တော့ပါ ဘူး။ ဂီတက တော့ အမြဲတမ်းကို အိုဟောင်းသွား တယ်လို့ မရှိပါဘူး။ သီချင်းစာသား နဲ့ သီချင်းကိုပဲ သေချာနားထောင်တာ လေ။ သီချင်းကတော့ ရုပ်နဲ့ မဆိုင် ဘူးလို့ ထင် ပါတယ်။

အိမ်ထောင်ပြုပြီဆိုမှတော့ ဘဝ တစ်သက်လုံးအတွက် လက်တွဲမှာဖြစ် တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်သွားမှာပါ။ လူတိုင်း ကတော့ ဖြည်းဖြည်း ချင်းပြုပြင် ပြောင်းလဲယူရမှာပေါ့။ သူ့အကြိုက်နဲ့ ကိုယ့်အကြိုက်ကတော့ တအားကြီးထပ်တူကျမှာမဟုတ်ဘူး။ ကိုယ့်ဟာ နဲ့ ကိုယ်တောင် တစ်ခါတလေကျရင် စိတ်တိုင်းမ ကျတာရှိတယ်။ ညှိစရာ တော့ အသေးအဖွဲ့ကအစ ညှိဖို့လို မယ်ထင်တယ်။ ဝိုင်းစုက တစ်ဦး တည်းသော သမီးလည်းဖြစ်တယ်။ အနုပညာရှင်လည်းဖြစ်တော့ သူက တော့ ပိုပြီး သည်းခံရမှာပေါ့။ ဒါပေမဲ့ ဝိုင်းစုက တစ်ဦးတည်းသော သမီး ပေမယ့် တအားကြီးတစ်ကိုယ်ကောင်း ဆန်တတ်တဲ့သူတော့ မဟုတ်ပါဘူး။ တချို့ဟာတွေနည်းနည်း ဇီဇာ ကြောင်တတ်တယ်။ ကိုယ့်ဘက်ကနေ လည်း ပြန်လျော့ရတာတွေ၊ ပြန်ညှိရ တာတွေလည်းရှိတယ်။

သူက ဝိုင်းစုအပေါ်မှာ ချစ် တယ်။ ဝိုင်းစုထက်လည်း အသက် ၅နှစ်ကြီးတယ်။ တတ်နိုင်သမျှ ဝိုင်းစု ကို အလိုလိုက်တာများတယ်။ သူ့ခြေ ထောက်ပေါ်သူ ရပ်တည်နိုင် တယ်။ သူ့ကိုယ်ပိုင်စဉ်းစားဥာဏ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ရပ်တည်မှု ရှိတယ်။သူ့ရဲ့မိသားစုအသိုင်းအဝိုင်း နဲ့လည်း တအားအဆင်ပြေတယ်။ သူ့မိသားစုက လည်း တကယ့်သမီး တစ်ယောက်လိုပဲ ဆက်ဆံတယ်။ သူ့နဲ့ဝိုင်းစုနဲ့ယှဉ်ရင်တောင် ဝိုင်းစုကို ပိုအလေးထားတယ်။ တစ်ခုခုပြောရင် ဝိုင်းစုဘက်က ပိုပါကြတာများတယ်။

သူ့အလုပ်က ဟိုမှာအခြေချပြီး သား။ သူ့ကိုယ်ပိုင်ကုမ္ပဏီရှိတယ်။ သွားလိုက်လာလိုက်တော့လုပ်မယ်။ ဒါပေမဲ့ ဒီဘက်ကို သူလုပ်တဲ့အလုပ် လည်း လာလုပ်လို့ရမယ်။ ဒီမှာ စီးပွားရေးတွေလည်းပွင့်နေပြီ။ ဒီမှာ ဆိုရင်တော့ အစက ပြန်လုပ်ရမှာ ပေါ့။အခုအဆက်အသွယ်တွေလည်း ရပြီ။ သူ့ဟာနဲ့သူအဆင်ပြေနေပြီ ဆိုတော့ ဒီမှာလုပ်ပြီး   နောက်ပိုင်း ကလေး ၂နှစ်၊ ၃နှစ်ဆိုရင်တော့ အမေရိကမှာစပြီး အခြေချနေဖြစ် မယ်ထင်တယ်။ ကလေးယူမယ်ဆိုရင် ဟိုမှာ ပညာရေးတွေ၊ ကျောင်းထား ဖို့အတွက်နေ မယ်။ဟိုမှာပေမယ့် မိဘလည်း မိဘမှန်းသိရမယ်။ မြန်မာ့ ယဉ်ကျေးမှုလည်း သိရမယ်။ မြန်မာစာ၊ မြန်မစကားကိုလည်း ကောင်းကောင်းတတ်ရမယ်။ အဲဒီလို ဖြစ်အောင် ဝိုင်းစုသင်ပေးမယ်။ မိသားစုတစ်ခုတည်ဆောက်ပြီဆိုရင် တော့ ကိုယ့်ကလေးတွေအတွက်အားလုံးကိုတော့ ကြည့်ရမှာပေါ့။

စင်္ကာပူ ဖျော်ဖြေပွဲ တစ်ခု
 ဒါလေးကတော. ၂၀၁၄ မှာ သူမရဲ.ချစ်သူနဲ. ဘ၀တစ်ခုတည်ဆောက်တော.မယ်.နောက်ထပ် နာမည်ကျော် တစ်ဦးရဲ. သတင်းလေးပါ ။ 

No comments:

Post a Comment