Tuesday, November 12, 2013

အထက ၁ မဟာဘုံကထိန် ကျင်းပရေး ဒုတိယမြောက်အစည်းအဝေး


ဝါးခယ်မမြို. အထက ၁ ၏ ရွှေရတု အကြို ၄၉ ကြိမ်မြောက် မဟာဘုံကထိန် ကျင်းပရေး ဒုတိယ အကြိမ်မြောက် အစည်းအဝေးကို ယမန်နေ. ( ၂၀၁၃ နိုဝင်ဘာ ၁၁ ရက် ) က အထက ၁ ကျောင်းရုံခန်းတွင် ကျင်းပခဲ့ပါသည် ။



ကထိန် ပဒေသာပင် အရုပ်များကို ၂၀၁၃ နိုဝင်ဘာ ၁၄ ရက် ( ကြာသပတေးနေ.) မွန်းလွဲ ၂နာရီ နောက်ဆုံးထား လက်ခံမည်.အကြောင်း ၊ ထိုနေ.ည ပဒေသာပင်အလှပြ ထားမည်.အချိန်တွင် ကျောင်းသားဟောင်းများမှ လိုအပ်သည်များ ကူညီစောင်.ရှောက်ရန် ကိစ္စ များအပြင် ကထိန်လှည်.မည်. ၁၅ ရက်နေ.တွင် ပန်းဖလားကိုင်ရန် ကျောင်းသားဟောင်း ဖြစ်သော ကိုကျော်စိုး ၊ ကိုမောင်မောင် ၊ ကိုသန်းဝင်း ၊ ကိုတင်ထွဋ်အောင် နှင်. ကိုစိုးလင်းတို.ကို ရွေးချယ်ထားပြီး အလှည်.ကျကိုင်ဆောင်ရန် စီစဉ်မှု များ ၊ ကျောင်းသားဟောင်းများမှ တာဝန်ယူထားသော ကထိန်အတွက် ပံ.ပိုးလှုဒါန်းငွေကိစ္စအပါအ၀င် လိုအပ်သော စီမံမှုများအတွက် အသေးစိပ်ဆွေးနွေးတိုင်ပင်ခဲ့ကြသည်ဟု သိရပါသည် ။ ယခုနှစ်တွင်လည်း ယမန်နှစ်ကကဲ့သို.ပင် ကျောင်း၏ ဘုံကထိန် သို.တစ်ဦးလျှင် ၇၀၀ စီသာထည်.၀င်စေခဲ့ကြောင်း ၊ မိမိ တို.အခန်းအလိုက် စိတ်ကြိုက်စီစဉ် လှုဒါန်းမှုများ အတွက်မူ အခန်းအလိုက်သာ စီစဉ်ကြကြောင်း ၊ ကထိန်နေ.တွင် ( ကျောင်းသားများ၏ ဆန္ဒအရ ) ဒံပေါက် ကျွေးမည်ဖြစ်ပြီး ထို ဒံပေါက်အတွက်ကိုမူ မြန်မာဒံပေါက်သာ ချက်မည်ဖြစ်သည် ။ ပြင်ပတွင် ၁၅၀၀ ကျသင်.သော ဒံပေါက်ကို ၁၂၀၀ ဖြင်. အရည်အသွေးမှီ ချက်ပေးမည်ဖြစ်ပြီး ကျောင်းသားတစ်ဦးထံမှ ၈၀၀ သာ တောင်းခံမည်ဖြစ်ပြီး ကျန်ငွေကို ထိုချက်ပေးသည်. အဖွဲ.မှသာ အလှုရှင် ရှာဖွေ အကုန်ကျခံပေးမည်ဖြစ်ကြောင်း သိရသည် ။




ထိုနေ.တွင် ကထိန်လှည်.သော ကျောင်းသားငယ်များအားတတ်နိုင်သမျှဒါန်းကြခြင်းကလည်း မြို.၏အစဉ်အလာ တစ်ခုဖြစ်နေသည်.အတိုင်း ဘုရားကြီးလမ်းတွင် ၇န်ကုန် ( ထူး) ရေခဲချောင်း တစ်သိန်းခွဲဘိုး ဒါနပြုမည်ဟုလည်း FB Comment တစ်ခုအရသိရပါသည် ။


ဆက်စပ်ဖတ်ရှု၇န် ....  ယခုနှစ် ကျောင်းကြိးကထိန် စည်ကားစွာ ကျင်းပနိုင်ရေး တွေ.ဆုံညှိုနှိုင်း 

No comments:

Post a Comment