Tuesday, November 19, 2013

ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ OIC အတွင်းရေးမှုးနှင်. ဦးဘဂျမ်းလမ်းကာတွန်း





ရေရှည် ဖွံ.ဖြိုးရေးအတွက် ရေသယံဇာတ ၊ မြေသယံဇာတ ၊ သစ်တော ၊သတ္တု သယံဇာတ ၊ သားငါးသယံဇာတ များ မပျက်စီးအောင် ထိမ်းသိမ်းရေးသည် အလွန်အရေးကြီးပြီး သယံဇာတများကို ဖျက်စီးသူသည် တိုင်းပြည်ကို ဖျက်စီးသူဖြစ်သည် ။
ဦးသိန်းစိန် ( နိုင်ငံတော် သမ္မတ )

၂၀၁၃  နိုဝင်ဘာ ၁၉ ရက် နေပြည်တော် MICC ခန်းမတွင် ကျင်းပသော အမျိုးသားအဆင်. ကျေးလက်ဒေသဖွံ.ဖြိုးရေး  မဟာဗျုဟာ မူဘောင် အလုပ်ရူံ ဆွေးနွေးပွဲ





ဖွဲ.စည်းပုံ အခြေခံ ဥပဒေပြင်ဖို.ပြောရင် ရာဇ၀တ်ဒါဏ် သင်.မယ်ဆိုတဲ့ စိုးရိမ်ကြောင်.ကြသူတွေ ရှိနေပါတယ် ။ ဖွဲ.စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ. ပတ်သက်လို. ကျွန်မတို. အမျိုးသား ဒီမိုကရေစီအဖွဲ.ချုပ်နဲ. တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင် တိုက်ပေးနေတဲ့ ပုဂိုလ် တွေရှိတယ် ။ အဲ့ဒါတွေကို ကျွန်မတို. ရှင်းရှင်းလင်းလင်း ပြင်ရမယ် ။ ကျွန်မတို.က တပ်မတော် အခွင်.အရေးတွေ လျှော.ချဖို. ဒီဖွဲ.စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်နေတာ မဟုတ်ဘူး ။ကျွန်မတို.ရဲ. တပ်မတော်ကဒီမိုကရေစီ နဲ. ကိုက်ညီတဲ့ တပ်မတော် ကောင်း တစ်ခုဖြစ်ဖို.  မြင်.မြတ်တဲ့ တပ်မတော်ကောင်း တစ်ခုဖြစ်ဖို. ပြည်သူလူထုက လေးစားတဲ့ တပ်မတော်ကောင်း တစ်ခုဖြစ်စေချင်လို. ကျွန်မတို. ဒီအခြေခံ ဥပဒေကိုပြင်ဆင်ဖို. တိုက်တွန်းနေခြင်းသာဖြစ်တယ်

ဒေါ်အောင်ဆန်း စုကြည် ( အမျိုးသားဒီမိုကရေစီ အဖွဲ.ချုပ် ဥက္ကဋ္ဌ )

၂၀၁၃ နိုဝင်ဘာ ၁၈ ရက် နေ.က နေပြည်တော် ဇဗ္မူသီရိ မြို.နယ်  လက်ပံခါးလှကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ.စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲ


 

  



ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ အပြင်ဖက်မှာ ပြန့်ကျဲနေသည့် အမှိုက်ပုံလို ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲပင်ပန်းစွာနေ ထိုင်နေရတဲ့ အရေအတွက် များပြားလှတဲ့ ဒုက္ခသည်တွေကို မြင်တွေ့ရတဲ့အဖြစ်က စိတ်ကို အထိခိုက်စေဆုံး ပါ ကျနော် ခံစားရတာကို ရှင်းပြလို့တောင် မရပါဘူး။ သိပ်စိတ်ထိခိုက်စရာ ကောင်းပါတယ် ဒီလို ခံစားမှုမျိုး ဘယ်တုန်းကမှ ကျနော် မခံစားခဲ့ရပါဘူး ကျနော် ငိုခဲ့မိတယ်
Ekmeleddin Ihsanoglu (ကမ္ဘာ့ အစ္စလမ်နိုင်ငံများ ပေါင်းစည်းထားသည့် အဖွဲ့အစည်း OIC ၏ အထွေထွေအတွင်းရေးမှူး )

၁၆ - ၁၁ - ၂၀၁၃ AP သတင်း
 

အရင် န၀တ-နအဖ လက်ထက်မှာ ၁၀နှစ်တစ်ခုနီးပါး ပိတ်ပင်ထားခဲ့ပြီး အခုအစိုးရ လက်ထက်မှာ ပြန်လည်ကျင်းပခွင့်ပြုခဲ့တဲ့
ရန်ကုန်မြို့ ၁၃လမ်း အောက်လမ်း ( ဦးဘဂျမ်းလမ်း)   တန်ဆောင်တိုင် ကာတွန်းပွဲတော် ရှိ
ကာတွန်းဆရာပေါင်း ၁၀၀ ကျော်ရဲ့ ကာတွန်းလက်ရာ တွေအနက် လက်ခံသူ / လက်မခံသူတွေ ရှိခဲ့တဲ့ စိတ်ဝင်စားဖွယ် ကာတွန်း တစ်ခု

Ref ; The Yangon Time ,KDN &  DVB 

No comments:

Post a Comment