Tuesday, November 26, 2013

၂၀၁၄ အတွက် တတိယမြောက် သတို.သမီး ( သို. ) သူမ နှင်. သူမ၏ ကို




 တတိယမြောက် တစ်ယောက်ကတော. Romanson နာရီနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုမှာ ပထမဆု ရခဲ့ရာက အနုပညာနယ်ပယ်ထဲ ဝင်ရောက်လာခဲ့တဲ့ ပြီး လော်မင်္ဂလာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရင်း မျက်စိဝေဒနာကြောင့် ဆက်လက် ရိုက်ကူးခြင်း မပြုတော့ဘဲ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ဝန်းကျင်လောက်ကတည်းက ဇာတ်ကားတွေ မရိုက်တော့ဘူးလို့ မီဒီယာကို ပြောဆိုခဲ့ ဖူးသလို   အကယ်ဒမီပေးပွဲ စင်မြင်.ထက်ကနေ ၆ နှစ်တာ လုံးလုံး အားပေး ခွင်.ပြုခဲ့တဲ့ ကိုယ်.ကိုလည်း ကျေးဇူးတင်ပါတယ်လို. တရားဝင် ထုတ်ဖော်ပြောကြားခဲ့တဲ့ သရုပ်ဆောင် မယ်လိုဒီဖြစ်ပါတယ် ။


 သူမဟာ အကယ်ဒမီ ပေးပွဲမတိုင်ခင်က 7 Day News ရဲ. သတင်းထောက် အေးသူစံ  နဲ.အင်တာဗျုးမှာတော.
    အချစ်နဲ့ပတ်သက်ပြီး သိပ် ပြောစရာမရှိပါဘူး။ အချစ်ဆို တာ   ကြီးကြီးငယ်ငယ်  မလွတ် ကင်းကြပါဘူး။ သေချာတာတစ် ခုကတော့ ဘ၀မှာ လက်ထပ်သင့် တဲ့သူရှိတယ်။ လက်ထပ်ချင်တဲ့သူ ရှိတယ်။ လူတွေအကုန်လုံး ဘ၀ မှာ လက်ထပ်သင့်တဲ့လူနဲ့ ကိုယ် ချစ်တဲ့သူ  တစ်ထပ်တည်းကျပါ စေလို့။ ဒါပေမဲ့ လူဆိုတာ ကိုယ် အစစ်ပေးတိုင်း ပြန်ရချင်မှရတတ် တာကိုး။ ငါဘာရပြီးပြီးလဲဆိုတာ ထက် သူ့ကိုငါ ဘာပေးပြီးပြီလဲကို ပြန်တွေးနိုင်ရင်တော့ အကောင်း ဆုံးပါပဲ။ သည်းခံခြင်းကိုလည်း စိတ်ထဲမှာ   နှလုံးသွင်းထားနိုင် တယ်ဆိုရင်   သူကိုယ့်ကို   ဘယ် လောက်ပဲလိမ်နေပါစေ။  ဘယ် လောက်ပဲစော်ကားနေပါစေ၊ ကိုယ့်အတွက် သူသည် နားမလည်သေး ပါလားလို့ပဲ လက်ခံထားပါတယ်။
  ရိုးရိုးသားသားလေးပဲပြော ရရင် အချစ်ကိုအယုံအကြည်မရှိ ပါဘူး။ ဘယ်အချစ်ကိုမှ အယုံ အကြည်မရှိတာပါ
လို.ဖြေကြားခဲ့ဖူးပါတယ်



 ဒါပေမယ်.လည်း အကယ်ဒမီ ရရှိပြီးတဲ့နောက်ပိုင်း 8Days A Week Entertainment က မေသက်နဲ. အင်တာဗျုးမှာတော.အဲ့ဒီ.ကို အကြောင်းမေးမြန်းရာမှာ “ ဟားရယ်ရတယ် မရှိပဲနဲ.ကြွားရင် ပစ္စည်းမဲ့ဒေါသဖြစ်မှာပေါ. သိပ်တန်ဖိုးရှိလို. ၀ှက်ထားတာ သိပ်တန်ဖိုးရှိတဲ့ အရာတွေက အမြဲ ထုတ်ပြလို. သိပ်မကောင်းဘူး အနုပညာလောက ထဲက လုံးဝမဟုတ်ဘူး …” လို.ဖြေကြားခဲ့ပါတယ်

သူမဟာလည်း ၂၀၁၄ ထဲမှာ မင်္ဂ်လာ အခမ်းအနား ကျင်းပဖို.ရှိနေတယ်လို.သိရပြီး သူ.ရဲ. ငယ်ဘ၀အကြောင်းတွေကိုပါ သိထားတဲ့ သူဖြစ်ပြီး အနုပညာ လောကသားတော. မဟုတ်ပါဘူးတဲ့ ။ ဒါနဲ. ပတ်သက်လို. သူကိုယ်တိုင် ပြောတာကတော. 


 ”အစကတော့ မင်္ဂလာဆောင်ကို မတ်လ မှာလုပ်ဖို့စီစဉ်ထားတာ။ အခုတော့ မျိုးမင်္ဂ လာဆောင်ကို ဖေဖော်ဝါရီလထဲမှာပဲ လုပ်ဖြစ် ဖို့များတယ်။ မင်္ဂလာပွဲကိုတော့ ရိုးရိုးပဲ၊ မနက် တစ်ပွဲ၊ ညတစ်ပွဲလုပ်မယ်။ မင်္ဂလာဆွမ်းကျွေး မယ်။ လက်မှတ်ထိုးမယ်။ အများကြီးတော့ မလုပ်ဘူး။ ရိုးရိုးလေးပဲ လုပ်မှာပါ။ အကုန်လုံးကလည်း အလုပ်ရှုပ်နေကြ တာဆိုတော့ လူ လည်း ပင်ပန်းနေတယ်။ စိတ်လည်း ပင်ပန်းရ တယ်လေ။ လက်ထပ်မယ့် သူကတော့ အနု ပညာလောကက မဟုတ်ပါဘူး။ အပြင်က ပါပဲ။မျိုးရဲ့ငယ်ငယ် တုန်းက အကြောင်း တွေကိုအကုန်သိတဲ့သူငယ်ချင်း ပေါ့ လို့ ပြောပြပါတယ်။

တစ်ချိန်က သတင်း တစ်ပုဒ်
 ဒါကြောင်. ၂၀၁၄ ကတော. လက်ကျန် နာမည်ကျော် အနုပညာရှင်အတော်များများ ကိုယ်ပိုင် မိသားစု ဘ၀တွေကို အပြိုင်အဆိုင် တည်ထောင်ကြမယ်. နှစ်လို.ပြောရတော.မယ်ထင်ပါတယ် ။ နောက်ထပ် အနုပညာလောက သားတွေရဲ. မင်္ဂလာ သတင်းတွေလည်း ကျန်ပါသေးတယ် ။ မယ်လိုဒီရဲ. မင်္ဂလာ သတင်းနဲ. ပတ်သက်လို.ထူးခြားတာကတော. သူ.ရဲ.လက်တွဲဖော် ပုံကို Media တွေပေါ်မှာ ထင်ထင်ရှားရှား မတွေ.ရသေးခြင်းပါပဲ ။

ဆက်နွယ် သတင်းများ ..  သက်မွန်မြင်. - Single to Double - Comming Soon ! 





No comments:

Post a Comment