Sunday, November 24, 2013

မြို.လေးဆီက ရှုမ၀သည်. ကျောင်းကြီး ရုပ်စုံ မဟာဘုံကထိန် (နောက်ဆက်တွဲ )





ကျောင်းရှေ.ရောက်တာနဲ. အတန်းငယ်လေးတွေကနေစပြီး အတော်များများ ကတော. အရုပ်တွေပါ ထမ်းပြီး ပြေးကြပါပြီ ။ အခန်းရောက်တာနဲ. အရုပ်တွေ ကိုယ်.အခန်းေ၇ှ. ကိုယ်ချ ပြင်ဆင်ထား တဲ့ အခန်းထဲဝင်ပြီး ခြေပစ်လက်ပစ် နားကြပါတော.တယ် .. 

၉နာရီသာသာမှာ ကျောင်းထဲပြန်ရောက်ကြတာဖြစ်ပြီး နေမပူခင်မို.တအားတော. မပင်ပန်းပေမယ်.လည်း ၃နာရီလောက် လမ်းလျှောက်ထားကြ၇တာဆိုတော.လည်း ပင်ပန်းပေမပေါ. ။ အချို.တွေကတော. သော.ကိုင်တဲ့သူ မရောက်သေးတာနဲ. အခန်းဝမှာထိုင်စောင်. အချို.ကတော. ကိုယ်.အခန်းက အခန်းဖော်တွေအတွက် စားဖို.စားစရာတွေသွားသယ်ကြ အချို.ကတော.လည်း ကိုယ်.အခန်းထဲမှာ ပိုလှမယ်ထင်တာလေးတွေ နည်းနည်းထပ်ပြင် ယောက်ကျားလေး အများစုကတော. အခန်းမှာ Sound Box တွေ စက်တွေ ဆင်ဖို.သယ်ကြ ချကြ မကြ နဲ. ကျောင်းထဲရောက်ပေမယ်. မနားကြသေးပါဘူး 

အချို.ကတော. ဟာနေတဲ့ ဗိုက်ကို မုန်.ဈေးတန်းဘက်သွားဖြည်.နေကြပါတယ် ။ ရတနာ ခန်းမထဲမှာတော. ကြွလာတဲ့ ရဟန်း သံဃာတော်တွေကို ဆွမ်းဆက်ကပ်နိုင်ဖို.ပြင်ဆင်နေကြပါတယ် ။ ဟိုး ပညာရေးမှုး ရုံးဘက်က စာသင်ခန်းတွေကလည်း သူတို.နည်းသူတို.ဟန်နဲ. ပျော်မြူနေကြသလို အချို.အခန်းတွေကတော. ဘာတွေ လုပ်မယ်တိုင်ပင်နေကြတုန်းပါ 


 ကျောင်းကအခန်းတော်တော်များများကတော. ကလေးတွေ ရဲ. ဆန္ဒအရ ဒံပေါက်ပဲချက်ပါတယ် ။ မြန်မာအစားအစာ  မဟုတ်ပေမယ်. လည်း ဒါကိုချက်ပေးသူတွေက မြို.လေးက ၉၆၉ အဖွဲ..တွေက ချက်ပေးတာဆိုတော.  ….. ဒံပေါက် ပွဲ ၁၅၀၀ နီးပါးခန်. ရှိခဲ့ပြီး ပြင်ပ ရောင်းဈေး ၁၅၀၀ လောက်ရှိတာကို ၁၂၀၀ ခန်.နဲ.ချက်တာဖြစ်ပြီး ကျောင်းကနေ တစ်ပွဲစာကို ၈၀၀ သာ ကျောင်းသားလေးတွေဆီက ကောက်ခံပြီး လိုငွေကို အလှုရှင်တွေဆီကနေ သူတို.အစီအစဉ်နဲ.သူတို. ကောက်ခံပေးတာလို.သိရပါတယ် ။ ဒါ.အပြင်အချို.အခန်းတွေက ခေါက်ဆဲါကြော် ၊အချို.အခန်းတွေ က ကြက်ဆီထမင်းစသည်ဖြင်. မိမိနှစ်သက်ရာ စီစဉ်ခဲ့ကြတယ်လို.သိရပါတယ် ။ သံဃာတော်တွေကိုတော. မြန်မာ ထမင်းဟင်းသာ ဆက်ကပ်လှုဒါန်းခဲ့တာ ဖြစ်ပါတယ် ။

၁၀နာရီလောက်မှာတော. တစ်ကျောင်းလုံး ဆူညံပွက်နေပါပြီ ။ ကိုယ်.အခန်းရှေ. ကိုယ်ဆင်ထားတဲ့ စက်တွေကို တန်အောင်ဖွင်.ကြပါပြီ ။ ၁၂နာရီထိုး တရားနာရင် အားလုံးပိတ်ပေးရမှာမို. ၇တဲ့ ၂နာ၇ိလောက်လေးကိုတော. မီးကုန် ယမ်းကုန် အသံကုန်ပေါ. ။ အချို.အခန်းတွေကတော. ကလေးတွေ အခန်းရှေ.မှာ စုကနေကြပါပြီ ။ အရင်က အိုးစာ် ဒိုးပတ် ဦးရွှေ၇ိုး ခောတ်ကနေ ခုကတော. Electro Music တွေ နဲ. Body Shake Dance တွေဘက် လုံးလုံးကိုပြောင်းလဲသွားပါပြီ ။ မပြောင်းလဲတာကတော. ဟိုးးးတုန်းက ကျောင်းသားတို.ရဲ. အပျော်နဲ. ခုခောတ် ကျောင်းသားတို.ရဲ.အပျော်ပါပဲ ။ နောက်ထပ်တူညီတာတစ်ခုကလည်း တစ်ကျောင်းလုံး ဘယ်လောက်ပဲ ဆူညံဆူညံ သောင်းကျန်းသောင်းကျန်း  ခိုက်ရန်ဖြစ်ပွားခြင်း မရှိတာပါပဲ ။

Age of Intermediate တွေတိုင်းဖြစ်တတ်တဲ့ သဘောအတိုင်း အချို.တွေကတော. ကိုယ်.အခန်းထက် (တစ်စုံတစ်ယောက်ရှိနေမယ်.) သူများအခန်းဝလေးမှာ မယောင်မလည်နဲ.သွားကြည်.ကြ ၊ ဒီ.ထက်နည်းနည်းသာတဲ့အချို.ကတော. ကိုယ်.ဝေစုရတဲ့ ဗူးလေးတွေ သွားပေးကြ ၊ အချို.သူငယ်ချင်းတွေကျတော.လည်း လဲစားကြ ၊ တစ်ယောက်တစ်ဝက်စားကြ သေချာတယ် လောကက အဲ့ဒီ.အချိန် (သူတို.အတွက် ) အသာယာဆုံးဖြစ်နေမှာပါပဲ

ကျောင်းသားဟောင်းတစ်ချို.ကလည်း ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ. ၀င်လာပြီး သူများအပျော်တွေလိုက်ကြည်.ရင်း မျှယူကြ ၊ အချို.ကတော.လည်း သက်န်းကပ် တရားနာဖို.ဖိတ်စာကြောင်.လာကြ ၊ လိုက်လှည်.တဲ့ ကျောင်းသား/သူ ဟောင်း တွေကတော. အိမ်ထောင်ကျပြီးသား သမီးအိမ် လိုက်လည်ရတဲ့ ယောက္ခမလို ကိုယ်.သမီးတော. ကိုယ်.သမီး ဒါပေမယ်. သူများမိန်းမဆိုသလို ကိုယ်.ကျောင်းတော. ကိုယ်.ကျောင်း ဒါပေမယ်.  ….. နောက်တော.လည်းဓါတ်ပုံတွေရိုက်လိုက် ၊သူများတွေ လိုက်ကြည်.လိုက် နဲ.ပေါ. .. တရားနာကြွလာတဲ့ အငြိမ်းစား ဆရာ/ဆရာမ ကြီးအချို.ကလည်း တပည်.ဟောင်းတွေ နှုတ်ဆက်တာကို အားရ၀မ်းသာခံယူ  ရင်း စကားစမြည်ပြော ကြ မေးကြမြန်းကြ အတိတ်ကို သတိရ

ဒီလိုနဲ့ ၁၂ နာရီဝန်းကျင်မှာတော. ဘယ်လောက်ပဲငယ်ငယ် ဘယ်လောက်ပဲ စိတ်ကတက်ကြွတက်ကြွ အကုန်လုံးလိုလိုခြေကုန်လက်ပမ်း ကျကုန်ကြပါပြီ ။ ပြန်ပို.၇မယ်. စက်တွေ လှည်းပေါ်တင် ၊ ပဒေသာပင်အချို.ထမ်းသူထမ်း ၊ နွမ်းယဲ့ယဲံ့ မျက်နှာတွေနဲ. ခြေတွေလက်တွေတောင် သယ်ချင်ပုံမရတော.ပါဘူး ။အိပ်ရေးပျက်ခံပြီးအလှပြင်ထားတဲ့ ကျောင်းသူလေးတွေလည်း မိတ်ကပ်တွေကွက် နှုတ်ခမ်းနီိတွေပျက် မျက်လုံးတွေစင်း ဗိုက်ကလည်း တင်းပြီမို. ပြန်ဖို.စီစဉ်ကြပါပြီ ။ အလှပြင်ထားတဲ့ စာသင်ခန်းက ပူပေါင်းတွေလဲပေါက် ဖဲကြိုးတွေလဲပျောက် စာသင်ခုံအချို.တောင်မှောက်ကုန်ကြပါပြီ ။ အမှတ်တရ ဓါတ်ပုံတွဲ၇ိုက်ခံတဲ့ အရုပ်အချို. ငုတ်တုတ်လေးတွေ ကျန်နေခဲ့ပါပြီ ။ ဒိနှစ် ဒသမတန်း တက်နေကြတဲ့ ကျောင်းသားအချို.အဖို.တော. တစ်သက်စာအမှတ်တရ နာရီ …..ရာသီတွေဘယ်လိုပြောင်း …စာသင်ကျောင်းကြီးရဲ. နှုတ်ဆက်တေး (နောင်ဆိုအပြင်ကပဲ ) ငေးကြည်.ရတော.မှာမို…. ပြန်ရမှာ နှမြောနေကြဟန်တူပါရဲ. 

ယခုပြု လုပ်ခဲ့သော ၄၉ကြိမ်မြောက် ကျောင်းကြီး ဘုံကထိန်တွင် ပင်မဖြစ်ပြီး ညှပ် ပဒေသာပင် အပါအ၀င် ပဒေသာပင် စုစုပေါင်း ၃၄ ခု ပါဝင်လှည်.လည်ခဲ့ပြီး ပဒေသာပင်တန်ဖိုးမှာအနည်းဆုံး ၃၀ ,၀၀၀ မှ အများဆုံး ၂၃၀, ၀၀၀ ထိပါဝင်ခဲ့ပါသည် ။ စုစုပေါင်း ပဒေသာပင်တန်ဖိုးမှာ ၃,၃၀၀,၀၀၀ ( သုံးဆယ်.သုံးသိန်း ) ဖြစ်ပြီး မြို.ပေါ်ရှိ ကျောင်းတိုက်ပေါင်း ၆၇ကျောင်းသို. သင်္ကန်းဒွိစုံ ၇၅ စုံနှင်. ပဒေသာပင် များ လှုဒါန်းနိုင်ခဲ့ပါသည် ။ ပင်မပဒေသာပင်နှင်. ညှပ်သင်္ကန်းကိုမူ ကျောင်းမှ အစဉ်အဆက် ကထိန်ခင်းခဲ့သည်.ကျောင်းဖြစ်သော ဆူးတွင်းကျောင်းသို.လှုဒါန်း ခဲ့ပြီး  တစ်ကျောင်းလုံးမှ ဘုန်းတော်ကြီးကျောင်းအသီးသီးသို. လှုဒါန်းခဲ့သောသင်္ကန်းနှင်. ပဒေသာပင်တန်ဖို.စုစုပေါင်းမှာ ၄၀၅၀၀၀ (သိန်း၄၀ နှင်. ၅သောင်း ) ဖြစ်ပါကြောင်း အလှုရှင်အပေါင်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါစေ၇န် အသိပေးအပ်ပါသည်။
 
လာမည်. နှစ် ၅၀ ပြည်. ရွှေရတု ကထိန် နှစ် ( ၂၀၁၄ ခုနှစ် ) တွင်မူ နေရာဒေသအမျိုးမျိုး ရပ်တည်မှု အဖုံဖုံ ရှိနေကြကုန်သော ကျောင်းရင်ငွေ.လှုံခဲ့ဖူးသည်.   စာသင်နှစ်အစုံမှ ကျောင်းသားထု အကုန် ပါဝင်ဆင်နွဲနိုင်ပါစေကြောင်း ဆုချွေတောင်းလျှက်  
ပုံများအပြည်.အစုံ ကြည်.လိုပါလျှင် အောက်ပါ Link များတွင် သွားရောက်ကြည်.၇ှုနိုင်ပါသည် ။

.  

No comments:

Post a Comment