Saturday, November 23, 2013

မြို.လေးဆီက ရှုမ၀သည်. ကျောင်းကြီး ရုပ်စုံ မဟာဘုံကထိန်




ဝါးခယ်မ အထက ၁  ( ကျောင်းကြီး ) ကထိန်ကို ၂၀၁၃ နိုဝင်ဘာလ ၁၅ ရက်နေ.က ကျင်းပခဲ့ပါတယ် ။ အစဉ်အလာအတိုင်း မြို.ထဲကို လှည်.လည်ဖို.အတွက် မနက် ၅ နာရီခွဲအရောက် ကျောင်းသား /သူ များကို မှာကြားထားခဲ့တာဖြစ်ပြီး ဆောင်းဦးရာသီမို. အအေးဓါတ်က ထိုက်သင်.သလောက်ရှိနေပေမယ်. အားလုံးက စိတ်လှုပ်ရှားမှု ၊ တက်ကြွမှုတွေကြောင်. အအေးဓါတ်ကို ခံစားမိပုံမရပါဘူး ။ ဟိုးးး အရင်ကတော. ခုလိုဆောင်းသီးပေါက်ရာသီဟာ ခုထက်သိသိသာသာပိုအေးနေတတ်ပြီး နှင်းတွေပါကျနေတတ်တာမို. အချို.ကျောင်းသားတွေဆို အနွေးထည်တွေပါ ၀တ်လာရတတ်တာမျိုး ရှိခဲ့ဖူးပါတယ်

ကထိန်လှည်.လည်.ဖို.တန်းစီကြတဲ့အခါမှာရှေ.ဆုံး တွင်တော. ယခုခောတ်လို ဆိုင်ကယ်များ အဆမတန်ပေါများနေချိန်ဖြစ်သော်ငြား ဟိုးးး ယခင်ကာလများကဲ့သို.ပင် စက်ဘီးများကို အမှတ်တရ အသုံးပြုထားသောကျောင်းကောင်စီဝင်များ၏ လမ်းရှင်းအဖွဲ. ထို.နောက် ရတု ရွတ်ဖတ်သူ..စာထောက်သူနဲ.အသံချဲ.စက် အဲ့ဒီ.နောက်မှာ ပန်းဖလားကိုင် ကျောင်းသားဟောင်း ၆ ဦး ၊ပြီးတော. ကျောင်းအုပ်ဆရာမကြီးနဲ. ဆရာမ ၂ယောက် ပြီးတော. ရုံးအဖွဲ.၊ အဲဒါတွေပြီးတော.မှဆိုင်းဘုတ်နဲ. အလံကိုင် အဖွဲ. သူ.နောက်မှာ စည်တော် နဲ. အကအဖွဲ. သူတို.နောက်မှာကထိန်ပင်မ ညှပ်သင်္က်န်းကို နဂါးများ မချီထားတဲ့ ကလပ် ဖြင်. ကျောင်းသား/သူ လေးများက သယ်ဆောင် ထားပြီး ထို.နောက်မှာမှ တစ်ခန်းချင်းစီမှ ရွေးချယ်ထားသော ပျိုမြစ်နုနယ် ချစ်စဖွယ် သင်္ကန်းကိုင် ကျောင်းသူငယ်လေးများ ထို.နောက် ပဉ္စမတန်း က ၊ ခ၊ ဂ စသည်ဖြင်. အစဉ်လိုက် ပဉ္စမတန်း အခန်း ကုန်သည်အထိ ၊ ထို.နောက် ဆဋ္ဌမတန်း နောက်ဆုံး ဒသမတန်း အထိ အစဉ်လိုက်စီသွားပြီးနောက်ဆုံးတွင် ၂၀၁၂ -၁၃ အောင်ကျောင်းသားဟောင်းများ အထိ တန်းစီကြရာ အတန်းက စီမပြီးသေးခင် ရှေ.ဆုံးအဖွဲ.က စာတိုက်ထောင်. ရောက်လောက်သည်အထိ လူတန်းကြီးကား အဆမတန် ရှည်လျားနေပါတော.တယ် ။


၆နာရီ သာသာလေးမှာပင် စတင်လှည်.လာခဲ့သော လူတန်းရှည် အရုပ်တန်းရှည် ရောင်စုံတန်းရှည်သံစုံတန်းရှည်ကြီးက ဈေးထဲကိုဖြတ်တော. ၇ နာရီ မထိုးလု ၊ ထိုးလု …. စောင်.ကြည်.နေကြသော သူများက BOC ထောင်. ၊ ကျင်သိန်းစတိုးထောင်. (ယခုစိန်စတိုးထောင်. ) ၊ ဈေးတစ်လျှောက် နှင်. ရေကျော်ကမ်းနား တောသင်္ဘောဆိပ်တောက်လျှောက် လုပ်လက်စအလုပ်များခေတ္တဆိုင်း (ခုနောက်ပိုင်း ) နှစ်တိုင်းမမြင်ရတတ်တဲ့ ( အချို.နှစ်တွေမှာ မလှည်.ဖြစ်ရတာမျိုးလည်း ရှိခဲ့လေတော. ) မြင်ကွင်းတွေကိုကြည်. ၊ တစ်ချို.ရဲ. စိတ်တွေက ဟိုးးကျောင်းသားဘ၀ကိုပြန်ရောက်သွား ၊ ကိုယ်.အနားရောက်လာတဲ့ သား၊သမီးလေးတွေရဲ. ချွေးစို.စို.နဲ. တက်ကြွတဲ့ မျက်နှာလေးတွေကိုကြည်. …ပီတိမျက်ဝန်းအစုံနဲ. နှုတ်ဆက် ..ကျောင်းသားတွေသာ တစ်ဆက်ပြီး တစ်ဆက်ပြောင်း .. ငါတို.ကျောင်းရဲ. ချစ်စရာဓလေ.ဟောင်းလေးကတော. မမေ.ရက်စရာပါပဲဆိုတဲ့အတွေးတွေနဲ.ပေါ.


ဒီလိုနဲ. တံတားအောက်ကိုဖြတ်တော. အအေးတိုက်တဲ့သူတွေ ရေခဲချောင်းကမ်းသူတွေက အားရ၀မ်းသာ လှုဒါန်း တော. တစ်နာရီသာသာလောက်လျှောက်ပြီးတဲ့ ကျောင်းသားလေးတွေ အားရ၀မ်းသာယူ ..ရင်အပူတော. ငြိမ်းသွားတယ်ထင်ပါရဲ. ..ရန်ကုန်ကို ထွက်လာတဲ့ကား.. မှန်ကြားက ဆန်.တငင်ငင်မျက်ဝန်း တွေ   ..မမြင်၇ပေမယ်. တံတားအောက်ကိုကြည်…ရင်ထဲကလိကလိ ဖြစ်နေကြလေရဲ. ..


မြသိန်းတန် ဘုရားကိုကျော်ပြီးတော. လမ်းမကြီးဘက်ပြန်တက် အနောက်ပိုင်းဘက် လှည်. ခဲ့ကြပါတယ် ။ တံတားအောက် ၊ ရွာလည်လမ်းထိပ် ၊ ဂဋ္ဌုန်မင်း ဆေးလိပ်ခုံေ၇ှ. ၊ ဆေးရုံရှေ. တွေမှာတော. စောင်.ကြည်.နေကြသူတွေက အုံနဲ.ကျင်းနဲ. နှုတ်ဆက်ကြ ၊ချီးကျုးကြ ၊ အချို.ကတော. လူသား ပီသလွန်းစွာ အရုပ်တစ်ချို.ကို  ဝေဖန် (သေချာတာက ) သူ.လေသံ ဘယ်သူ.ထံမှတော. တိုးဟန်မတူပါဘူး ။ မီးသတ်ရုံရှေ.နားမှာ ရှိတဲ့ လူအုပ်ကလည်း ရေကျော် တောင်ဘက်ခြမ်း တစ်ခုလုံး ထွက်ကြည်.နေကြသလားထင်ရပါတယ် ။ မီးသတ်ဂုံးဆင်းမှာတော. တောဈေးတန်းထိပ်တစ်ခုလုံးဈေးထဲကလူတွေ ထွက်လာပြီး အုံခဲနေလေရဲ. ။ဘုရားကြီး ၀ မှာလည်း အနောက်ပိုင်းဘက်က လာသူတွေ အားလုံး သူတို.ခရီးသူတို.ရပ်တန်. လည်တစ်ဆန်.ဆန်.နဲ.ဖြစ်နေကြလေရဲ. ။ မင်္ဂလာဝင်းထောင်.မှာလည်း နှစ်ကျော.ပြန် ကြည်.သူတွေပါ ပါနေပါတယ် ။ အချို.ကလေးငယ်လေးတွေကတော. ကထိန်လှည်.တဲ့အထဲ ပါတဲ့ သူတို.အကိုတွေ အမတွေကို လှမ်းအော် ဟစ်ခေါ်လို. ...

ဘုရားကြီးလမ်းကိုချိုးဆင်းလာတော. ရေခဲချောင်း တစ်သိန်းခွဲဖိုးလောက် လှုဒါန်းသူတွေကြောင်. ခဏတော. ရပ်ကြရပါတယ် ။ အဲ့ဒီကနေ ပတ္တမြား ရုံဘက်ကိုချိုး ပြီး ရွှေပြည်အေးရုံဘေးကနေ ခန်းမအထိသွားပြီး ကမ်းနားဘက်ပြန်ဆင်းကြတော. လမ်းမှာနောက်ထပ်ေ၇ နဲ. အအေးတိုက်သူတွေ က ထပ်မံလှုဒါန်းကြပြန်ပါတယ်။ ဒီလိုနဲ. ၀ါယာလက်ရုံးရှေ. မှာတော. အားလုံးလည်း ၂နာရီလောက်လျှောက်ပြီးပြီဆိုတော. ခဏပေးနားကြပါတယ် ..ကျောင်းသား/သူ အတော်များများ ထိုင်ပြီးအနားယူကြ ပါတယ် ။ သူတို.ရဲ. မျက်နှာလေးတွေ က နည်းနည်း ပင်ပန်းလို. နွမ်းတယ်ထင်နေရပေမယ်. တက်ကြွကျေနပ် နေကြဆဲပါပဲ ..ဒါဟာ အတန်းငယ်လေးတွေရဲ. မျက်နှာမှာ ပိုသိသာပါတယ် ။ သူတို.ရဲ. အရာဝင်မှုကို သူတို.ကျေနပ် အားရနေကြတာပါ ။ နောက်ဆုံးမှာ ရှိတဲ့ ကျောင်းသားဟောင်းတို.ရဲ. ပဒေသာပင်တစ်ခုကတော. ကျောင်းသားတစ်ပိုင်း ၊အပြင်လူတစ်ပိုင်းမို.  ကလေးတွေလို လိုက်လှည်.ရမှာလည်း စိတ်ထဲတစ်မျိုး ၊ပါကလည်း ပါဝင်ချင်ဆိုတော. လိုက်ပါသူအနည်းငယ် နည်းပြီး အတော်များများက ကျောင်းကပြန်စောင်.ကြပုံရပါတယ် ။

 အရင်က တစ်ခန်းချင်းစီရဲ. ဖျော်ဖြေမှုဟာ အိုးစည် ၊ဒိုးပတ် ၊ဗျော ၊ ဗုံတို  စသည်ဖြင်. ရရာတူ၇ိယာကို တတ်သရွေ. မှတ်သရွေ. တီးခတ် ကြပေမယ်. နောက်ပိုင်းတော. Sound Box တွေ ဖွင်.တဲ့ ခောတ်ဘက်ကို ရောက်လာပါတယ် ။ ဒီနှစ်မှာလည်း ၉တန်းကနေစပြီး အခန်းစိ Sound Box တွေ ၊ Amp တွေ ၊ Woofer တွေ ၊ Mixer တွေ ၊ မီးစက်တွေ လှည်းနဲ.တင်တွန်းပြီး Techno Beat တွေနဲ.ပဲ ပျော်ရွှင်မှုကို ခံစားကြပါတယ်

သံကြိုးတိုင် ဘက်ကိုကမ်းနားလမ်းအတိုင်းသွားပြီး ဟိတကာရီကျောင်းဘေးကနေ လမ်းမကြီးဘက်ပြန်တက် ကျောင်းဘက်ဆိ အပြန်ခရီးနှင်ကြတဲ့ အဖွဲ.တွေ ကျောင်းေ၇ှ.ရောက်တော. သင်္ကန်းကိုင်တဲ့ ကလေးငယ်တွေအထိ ကျောင်းပင်မ ၀င်ပေါက်ကနေ ၀င်သွားပြီး အရုပ်တွေနဲ. အခန်းလိုက်အဖွဲ.တွေကတော. အနောက်ပိုင်းဘက် အပေါက်ကနေ ပြေးလွှား ၀င်ရောက်သွားကြပါပြီ ။ အဲ့ဒီမှာ တစ်ခု ပြဿနာကတော. အအေးတိုက်ဖို.စောင်.နေတဲ့ သူတွေက ၀င်ပေါက်၂ခုကြားအလယ်ကနေစောင်.နေတာမို. ကျောင်းသားလေးတွေ အနောက်ပိုင်းဘက် ကနေ၀င်တော. သူတို.ခမျာခလေးတွေကို မမှီလိုက်မှာစိုးလို. အအေးတွေ တင်ထားတဲ့လှည်းကိုအပြေးအလွှားတွန်းရင်း အမောပြေ ဒါန ပြုကြရပါတယ် ။



ကျောင်းရှေ.ဆိုင်းဘုတ်မှာတော. အလံကိုင်အဖွဲ.တွေ ၊သင်္ကန်းကိုင်အဖွဲ.တွေ ၊ အကအဖွဲ.တွေနဲ. ကျောင်းအုပ်ဆရာမကြီး အမှတ်တရ ဓါတ်ပုံတွေ ရိုက်နေကြပါတယ် ။
ကထိန် ဓါတ်ပုံ အပြည်.အစုံ ကြည်.လိုလျှင်မူ အောက်ပါ Link များတွင် သွားရောက်ကြည်.ရှုနိုင်ပါသည် 

No comments:

Post a Comment