Monday, November 25, 2013

ဝိဥာဏ်များက ၁နာရီအတွင်း အမဲသားများ အကုန်စားခဲ့



ကျီစု သုသာန်၌ ဝေမာနိကများ အား ထမင်းကျွေးမွေးရာ၌ အမဲသား များမှာ တစ်နာရီအတွင်း အားလုံး နီးပါး ကုန်ဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ရက် ညတွင် သေလွန်ပြီးနောက် မကျွတ်မလွတ် ဘဲ ဝေမာနိက ဘဝသို့ ရောက်နေ သူများ ကျွတ်လွတ်စေရန် အ ကျွတ်အလွတ်ပွဲ မကျင်းပမီ တစ် ရက်အလိုတွင် ဝေမာနိကများအား ထမင်းအစားအသောက်များ စား နိုင်ရန် ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစု သုသာန်ပတ်လည်တွင် ထမင်းပုံ များနှင့် အတူ အမဲသားများ ထား ပေးခဲ့ရာတွင် ယင်းသို့ဖြစ်ရပ် ဖြစ်ပွား ခဲ့ကြောင်း ရွှေသန်လျင် ပရဟိတလူငယ် နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်း က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။

''ည ၆နာရီလောက်မှာ လဲ ထူးခြားစွာနဲ့ ဒီသုသာန်နဲ့အနီး တစ်ဝိုက်မှာပဲ မိုးတွေတအားရွာ ခဲ့ပါတယ်။ ည ၇ နာရီမှာ လူကြီး ဝေမာနိကတွေစားဖို့ကို ထမင်းနဲ့ အမဲသားအစိမ်းကို စီစဉ်ပေးပြီး ကလေးဝေမာနိကတွေအတွက် ပဲဟင်း၊ ချိုချဉ်နဲ့ ထမင်းတွေ ကို သုသာန်ပတ်လည်မှာ တစ်ပုံစီ ခြားထားပြီး စီစဉ်ပေးခဲ့ပါတယ်။ ည ၈နာရီလောက်မှာ သွားကြည့် တော့ ထမင်းတွေကတော့ လက် ရာမပျက် ရှိနေပြီး အမဲသားစိမ်း တွေကတော့ အကုန် ကုန်နေတာ ကို တွေ့ရပါတယ်''ဟု ဦးအောင်နိုင်ဝင်း ကပြောသည်။


Post from Yangon Media Group

ဆက်စပ် ဖတ်ရှုရန် ... ကွယ်လွန်သူဆီရောက်အောင် ဒါနပြုနည်းနှင်. မြို.လေးဆီက အကျွတ်အလွတ်ပွဲ

No comments:

Post a Comment