Saturday, April 27, 2013

ကွယ်လွန်သူဆီရောက်အောင် ဒါနပြုနည်းနှင်. မြို.လေးဆီက အကျွတ်အလွတ်ပွဲ

သုဿာန်ဇရပ်ရှိ ဘုရားဆောင်

ချစ်သား အာနန္ဒာ
သတ္တ၀ါများ ကွယ်လွန်သွားကြသည်ရှိသော် ငါဘုရားရဲ. လက်သည်.ခွံပေါ်ရှိ မြေမှုန်. ပမာဏ ခန်.သည်
သုဂတိဘုံ (လူ.ဘုံ ..နတ်ဘုံ..ဗြဟ္မာ.ဘုံ) သို.ရောက်ရှိကြပြီး
မဟာပထ၀ီ မြေကြီးရှိ မြေမှုန်. ပမာဏ ခန်.သည် ဒုဂ္ဂတိ ဘုံ (အပါယ်လေးဘုံ) သို. ရောက်ကြ ကုန်၏ ....

မကျွတ်မလွတ် သေးသူများ အတွက် သဲပုံစေတီ
 သတ္တ၀ါ တို.၏ ဘ၀ကူးရန် နောက်ဆုံးချိန်သည် အထူးအရေးကြီးလှသည်...စိတ်ထားတတ်လွန်းပါမှ ....အနားတွင် တတ်သိနားလည်သော မိတ်ဆွေကောင်းရှိပါမှ ....၀ိပဿနာ ဘာဝနာကို မမေ.မလျှော. ပွားများနေနိုင်ပါမှ ကောင်းရာမွန်ရာ ရောက်ကြောင်း အထောက်အပံ.ကောင်းဖြစ်ပေလိမ်.မည်...သို.မဟုတ်ပါက သက်ရှိနေထိုင်စဉ်ဘ၀ ဒါန ..သီလ မည်မျှပင်ပြုထားစေကာမူ ဘ၀ကူးချိန်တွင် သတိတစ်ချက်လစ်သွားလျှင်....အသိမဲ့သွားလျှင်...ဝေဒနာကို မပြတ်မရှုမှတ်နိုင်ခဲ့လျှင် လတ်တလောအတိမ်းအစောင်းက ကြောက်မက်ဖွယ်ရာကောင်းလှသည်...ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်...ရေကန်ပေါင်း ရှစ်သောင်းလေးထောင် လှုဒါန်းခဲ့သည်. အသောက မင်းပင်လျှင် ဘ၀အကူး အညွတ်မှားသဖြင်. စပါးကြီးမြွေ ဘ၀ ရောက်သွားရခြင်းက ထင်ရှားသော သာဓကပင်ဖြစ်သည်

အကျွတ်အလွတ်ပွဲ ကျင်ပရာ ၀ါးခယ်မ အနောက်ပိုင်း သုဿာန်
 တမလွန်ဘ၀သို. ပြောင်းရွှေ.ရောက်ရှိ သွားကြရသူများအဖို. ဆင်းရဲဒုက္ခ ကြုံကြရလေသမျှတို.သည် ကျန်ရစ်သူများ သိနားလည်စွာ စွမ်းဆောင်ပေးနိုင်မှသာ ..အကျိုးအကြောင်း တိုက်ဆိုင်လွန်းမှသာ ကောင်းရာမွန်ရာ ဘုံဘ၀ ရောက်ရာရောက်ကြောင်း အထောက်အပံ.ကောင်းဖြစ်ပေမည်...သူတို.အစွမ်း သက်သက်ဖြင်.တော. လုံးဝမတတ်သာကြချေ...အကြောင်းကြောင်းကြောင်. ပြိတ္တာဘုံဘ၀ ရောက်ရှိသွားကြရသူတို.အဖို. စားစရာ သောက်စရာမရှိ..အိမ်ခြံ တွင်းသို.၀င်မရ..ကပ်မရ...ရောက်နှင်.ပြီး ၀ါစဉ်ကြီးသူများ၏ နိုင်.ထက်စီးနင်းပြုမှုတို.ကိုလည်း မဖယ်ရှားနိုင်...လူ.လောက ရှိကျန်ခဲ့သော မိဘ ဆွေမျိုး ဇနီး သားသမီး လင်ယောက်ကျားတို. ကိုလည်း အကူအညီတောင်းမရ လူ.ဘုံဘ၀ထက် အဆများစွာ အတိဒုက္ခ ရောက်ကြရသည်..........သို.သော် သူတို.တွင် ကောင်းကွက် တစ်ခုရှိနေသည်

အကျွတ်အလွတ်ပွဲ ကျင်ပရာ ၀ါးခယ်မ အနောက်ပိုင်း သုဿာန်
 သေလွန်ပြီးနောက် အကြောင်းကြောင်းကြောင်.  ဘုံဘ၀မျိုးစုံသို.ရောက်ခဲ့ကြရသူများအနက် ကျန်ရစ်သူများက ရည်စူးပြုလုပ်သမျှ ကုသိုလ်ဒါန တို.သည် ငရဲဘုံတွင် ခံစားနေကြရသူများထံ သို.လည်းမရောက်...တိရိစ္ဆာန်ဘုံ..လူဘုံ..နတ်ဘုံ သို.ရောက်နေသူများထံသို.လည်းမရောက်....ပြိတ္တာဘုံ၌ တည်နေများထံသို.သာရောက်၏....

သို.သော် စနစ်တကျ အကျိုးရှိအောင် လုပ်ဆောင်နိုင်ရန်တော. လိုအပ်ပါသည်
ထိုအကြောင်းနှင်.ပတ်သက်၍ ဖတ်ဖူးသော စာတစ်အုပ်ကို ကိုးကားရေးသားပါမည်.....
စာရေးသူက လုပ်ဆောင်ရန် အချက် ၁၆ ချက်ဖြင်.အကြုံပြုထားပါသည်


အကျွတ်အလွတ်ပွဲ ပထမည မြန်မာသုဿာန်ဇရပ်အ၀င်
 ပထမဆုံးအနေဖြင်. အလှုဒါန ပြုလုပ်မည်. နေ.ရက် အချိန် နေရာတို.ကို အတိအကျတိုင်ပင် ဆုံးဖြတ်ထားရပါမည်(ကွယ်လွန်သူသည် မိမိသားသမီးဆွေမျိုး ပစ္စည်းဥစ္စာ တို.ကိုစွဲလမ်း..စိတ်မချနိုင်ပဲကွယ်လွန်လျှင် ထိုလူ..ပစ္စည်း..နေရာတို.ကို တည်မှီနေတတ်သလို ဦးတည်ရာသွားပြီး အလှုလုပ်မည်.နေ.ရက် နေရာတို.ကို သတိမပြုမိပဲ ရှိတတ်ပါသည်)

ထို.ကြောင်.ဒုတိယ အချက်အနေဖြင်. မည်သည်.နေ. မည်သည်.အချိန်က ကွယ်လွန်သွားသော မည်သူအား ရည်စူး၍ မည်သည်.နေရာ မည်သည်.နေ.ရက် မည်.သည်. အချိန်တွင် ရည်စူးဒါန ပြုမည်ဖြစ်ကြောင်းတရားနာ သာဓုခေါ်နိုင်ရန်  ကြိုတင် ဖိတ်ကြားရပါမည်...ထိုသူနှင်.ပတ်သက်သော ..စွဲလမ်းတတ်သောနေရာ..အလုပ်..ကွယ်လွန်သောနေရာ..နေထိုင်သောနေရာ စသည်ဖြင်. တတ်နိုင်သမျှ နေရာစုံဖိတ်ကြားရပါမည်..အလှုနေ.မတိုင်မှီ သတိရတိုင်း နှုတ်ဖြင်.ဖိတ်ကြားနေရပါမည်...သို.သော် အချို.သူတို.သည် ရောက်ရာပေါက်ရာလျှောက်သွားနေတတ်ပြီး ပျော်ချင်ရာ ပျော်နေတတ်သည်များလည်းရှိပါသည်...ထို.ကြောင်.

ပထမည
 တတိယ အချက်အနေဖြင်. ကွယ်လွန်သူနှင်. ပဌာန်းဆက်ရှိကြသော သူများ..အထက်ပုဂ္ဂိုလ်များ..ဆိုင်ရာပိုင်ရာ များအနေဖြင်. ကွယ်လွန်သူအား အလှုပြုလုပ်မည်. ထိုနေ. ထိုရက် ထိုနေရာသို. ကူညီရှာဖွေစေလွှတ်ပေးပါရန်လည်း ကြိုတင်မေတ္တာရပ်ခံထားရပါမည်

စတုတ္ထ အချက်အနေဖြင်. မိမိတို. အရပ်ဒေသဆိုင်ရာ အကြီးအကဲများ..ဘိုးဘိုးကြီးများ (ဥပမာ ရွှေတိဂုံဘိုးဘိုးကြီး...ဆူးလေဘိုးဘိုးကြီး..ကျိုက်ဝိုင်းဘိုးဘိုးကြီး..ကျိုက်ထီးရိုးဘိုးဘိုးကြီး...ရွှေဆံတော်ဘိုးဘိုး
ကြီး စသည်ဖြင်.)..အိမ်စောင်.နတ်..ခြံစောင်.နတ်..လမ်းစောင်.နတ်..မြို.စောင်.နတ်..တောစောင်.နတ်..
တောင်စောင်.နတ်..ရွာတော်ရှင်..မြို.တော်ရှင်..ကွင်းပိုင်..နယ်ပိုင် စသည်တို.ကို မိမိပြုခဲ့ဖူးသော ကောင်းမှုတို. အမျှအရင်ပေးဝေပြီး ကွယ်လွန်သူ (.......) အား သင်တို.နှင်. သက်ဆိုင်ရာဒေသအတွင်း တစ္ဆေ..သရဲ..ပြိတ္တာဖြစ်နေခဲ့ပါလျှင် ဒါနပြုမည်.နေ.ရက် အချိန် နေရာ သို. သာဓုခေါ်နိုင်ရန် ကူညီစေလွှတ်ပေးပါရန်နှင်. အနှောင်.အယှက်များ ရှိပါကလည်း ဖယ်ရှားကူညီရှင်းလင်းပေးပါရန် မေတ္တာရပ်ခံ ရပါမည် (သတိထားရန်မှာ လက်အုပ်ချီပြောဆိုခြင်း...ကန်တော.ခြင်းများ လုံးဝမပြုလုပ်ရပါ)

ပဉ္စမ အချက်အနေဖြင်.မူ အလှုအတွက် ပင်.ဖိတ်သော သံဃာတော်များတွင် အကျင်.သီလသိက္ခာ နှင်.ပြည်.စုံသော သံဃာတော်များ ပါဝင်ရန် မဖြစ်မနေ လိုအပ်ပါသည်.. အလှုခံပုဂ္ဂိုလ်သည် သီလမရှိသော ဒုဿီလ ရဟန်းဖြစ်နေပါက အလှုဒါနပြုလုပ်သူတို.အဖို. မည်သည်.ရဟန်းသံဃာကိုမဆို သံဃိက ဒါနအဖြစ်ရည်ရွယ်ရင်းကြောင်. ကုသိုလ်ရမြဲအတိုင်းရမည်ဖြစ်သော်လည်း ကွယ်လွန်သူတို.အဖို. ယင်းကုသိုလ်၏ အဖို.ဘာဂကို သာဓုမခေါ်နိုင်ပေ...

မကျွတ်မလွတ်သေးသူများ တရားလာရောက်နာယူနိုင်ရန် နေရာ
 ထို.ကြောင်. ဆဠမ အချက်အနေဖြင်. ရဟန်းသံဃာတော် ကိုဒုဿီလ ဟုတ်/မဟုတ် ရွေးချယ်ခြင်းက အပြစ်ရှိနိုင်သည်.အတွက် ပုဂ္ဂလ ဓိဋ္ဌာန် မထားပဲ သံဃိက ဒါနမြောက်အောင် ဤသို.ပင်.ဖိတ်၍ ရသည်..
ကွယ်လွန်သူ .......အတွက် ...ရက်ပြည်. ဆွမ်းသွတ်အလှုဒါန ပြုလုပ်လိုပါသဖြင်. အရှင်ဘုရား၏ ကျောင်းတိုက်မှ သံဃာတော် ...ပါး ကြွရောက်ချီးမြှင်. အလှုခံတော်မူပါ
သံဃိက ဒါနဆိုသည်က မည်သည်.သံဃာတော်ကိုဟူ၍ မရည်စူးပဲ ဘုရားရှင်ပွင်.တော်မူစဉ်က ရှိခဲ့သော သံဃာတော်များ...ယနေ.ရှိနေသော သံဃာတော်များ..နောင်ရှိလတ္တံ.သော သံဃာတော်များ အတွက်ရည်ရွယ်၍ ဤ သံဃာတော်တို.အား လှုဒါန်းပါ၏ဟု အလှုအစအဆုံး စိတ်ထားရမည်ဖြစ်သည်...ထိုသံဃိကဒါန အကျိုးဆက်သည် ရဟန္တာအစစ်တစ်ပါးကို လှုဒါန်းလိုက်ရသော ဒါနထက်အကျိုးများကြောင်းလည်း ဘုရားရှင်ကိုယ်တော်တိုင်ဟောတော်မူဖူးပါသည်

ပထမည တက်ရောက်သော ပရိသတ်
 သတ္တမ အချက်အနေဖြင်.မကျွတ်မလွတ်သူများ သည်ဖိတ်ခေါ်တိုင်းသိချင်မှ သိကြမည်ဖြစ်သလို သိသော်လည်း လာခွင်.ရချင်မှ ရသည်များလည်းရှိသည်...ထို.ကြောင်. မိမိတို.ထက် သီလစင်ကြယ်သော ဘုရားသားတော်တို.ကိုအကူအညီတောင်း ဆင်.ခေါ်စေလျှင် ပိုအကျိုးများပေသည်...မိမိပင်.ဖိတ်သော ကျောင်းတိုက်ဆရာတော်ထံ
  1. ကွယ်လွန်သူအသက်
  2. နေ. သား/သမီး
  3. ကွယ်လွန်သော အသက်
  4. ကွယ်လွန်သောနေ.ရက်
  5. သဂြိုဟ်သော သုဿာန်
  6. သဂြိုဟ်သော နေ.ရက်
  7. အလှုပြုလုပ်မည်.နေရာ
  8. အလှုပြုလုပ်မည်.အချိန် နှင်.နေ.ရက်
စသည်တို.ကိုသေချာစွာရေးသားပြီး  ကွယ်လွန်သူအားအလှုပြုလုပ်မည်.နေရာသို. လာရောက်တရားနာ သာဓုခေါ်နိုင်ရန် ဆရာတော်ကမေတ္တာရှေ.ထား၍ ကူညီဆင်.ခေါ်ပေးပါရန်
ဟူ၍ လျှောက်ထားရပါမည်

ဒုတိယနေ. မနက်
 ၈ချက်မြောက် အနေဖြင်. အလှုပစ္စည်းဖြစ်ပါသည်....ဤနေရာတွင် ငွေကြေးထက် ဆွမ်း..ဆွမ်းဟင်း..ရေ..သင်္ကန်း တို.ကိုဦးစားပေးလှုဒါန်းသင်.ပါသည်..ဆွမ်း..ဆွမ်းဟင်း..ရေ..သပိတ် တို.သည်ကွယ်လွန်သူအတွက် အစာရေစာဒုက္ခမှ ကင်းဝေးစေပြီး သင်္ကန်းသည် အ၀တ်ဆင်းရဲဒုက္ခမှ ကင်းဝေးစေသလို ထီးယပ်စသည်တို.က ပူလောင်ခြင်းဒုက္ခမှ ကင်းဝေးစေပါသည်...ဖိနပ်..တောင်ဝှေးစသည်တို.က ကွယ်လွန်သူအတွက် လိုရာခရီးရောက်ရှိစေပြီး နေကထိုင်..ဖျာ...ကျောင်း..ဇရပ်တို.က နာခိုရာနေရာပြည်.စုံစေပါသည်...

၉ခုမြောက် လုပ်ဆောင်ရန်အနေဖြင်.မူ အလှုပြုမည်.မနက် ဘုရားရှင်ကို ဆွမ်း..ရေချမ်း..ဆီမီး..ပန်း..အမွှေးတိုင်တို. ဆက်ကပ်ပြီး ကွယ်လွန်သူအနေဖြင်. ယနေ.အလှုသို. လာရောက်တရားနာ သာဓုခေါ်နိုင်စေရန် ဆုတောင်းပါ....(မိသားစုအားစွဲလမ်း လွန်းသူတို.အဖို.သာဓုခေါ်၍ ကျွတ်လွတ်သွားလျှင် အခြားနေရာ ရောက်သွားမည်စို.သဖြင်. သာဓုမခေါ်လိုကြသလို မိသားစုအပေါ် မနှစ်သက်သူတို.ကလည်း အလှုရှိရာ မလာပဲ ပျော်ရာနေရာများသို.သာ သွားရောက်နေတတ်ကြသည် )

ဒုတိယနေ.မနက် ကြွရောက်တော်မူသော သံဃာတော်များ
 ၁၀ချက်မြောက်အနေဖြင်. အိမ်ရှိဘုရားစင်တွင် ကွယ်လွန်သူကိုယ်စား ဆီမီး ရေချမ်း အမွှေးနံ.သာ ပန်းတို.ကို ကိုယ်စားလှုဒါန်းပါ...သံဃာတော်များကြွရောက်လာတော.မည်ဖြစ်သဖြင်. ကွယ်လွန်သူအား တရားနာ သာဓုခေါ်၇န်အိမ်အတွင်းရောက်ရှိစေဖို.ဖိတ်ပါ (ဖိတ်ကြားခြင်းကို ရှိသမျှ လူအားလုံးနီးပါးမှ အဖန်ဖန် ဖိတ်ပါ)

သံဃာတော်များကြွရောက်လာချိန်တွင် ၁၁ချက်မြောက်အနေဖြင်. ကွယ်လွန်သူအားထပ်မံဖိတ်ခေါ်ပြီး အိမ်..ခြံ..မြေ ကိုစောင်.ကြကုန်သော အစောင်.အရှောက်တို.အား ထိုကွယ်လွန်သူကို တရားနာသာဓုခေါ်၇န် ၀င်ခွင်.ပြုဖို. နှင်. လာရာလမ်းတစ်လျှောက် အနှောင်.အယှက် အတားအဆီးများ ရှိပါကလည်း ကူညီဖယ်ရှားပေးပါရန်...မလိုလားအပ်သော အနှောင်.အယှက်များတားဆီးပေးပါရန် မေတ္တာရပ်ခံပါ...ကျောင်း..ဓမ္မာရုံတို.ဖြစ်ပါကလည်းသက်ဆိုင်ရာအစောင်.အရှောက်များကိုမေတ္တာရပ်ခံပါ...

အလှုရှင်များကိုယ်စား လှုဒါန်းဖွယ်များ ဆက်ကပ်စဉ်
 အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်. ၁၂ တွင်မူ ရေစက်ချအမျှဝေခြင်းကို ဖြစ်နိုင်လျှင် အားလုံး (အလှုရှင်...ကွယ်လွန်သူ၏ဆွေမျိုး..သားချင်း..မိတ်ဆွေ...ကူညီလုပ်ကိုင်ကြသူများ)ဆောင်ရွက်နိုင်လျှင် ပိုထိရောက်ပါသည်...အထူးသတိထားရမည်မှာ ထိုရေစက်ချ အမျှဝေမည်.သူအားလုံးသည် စိတ်အေးချမ်း..ကြည်လင်နေရမည်ဖြစ်ပြီး ၀မ်းနည်း..ပူဆွေး..ငိုကြွေးမှုများ လုံးဝ မရှိနိုင်ရန် ကြိုးစားထားရပါမည်...

ဆောင်ရွက်ရန် ၁၃ အနေဖြင်.မူ အမျှဝေလျှင် ကွယ်လွန်သူ၏ နာမည်ကို အာရုံပြု အမည်တပ်ခေါ်ကာ အမျှပေးဝေရပါမည်...ထို.အပြင် မိမိနှင်. သံသရာအဆက်ဆက်တော်စပ်ခဲ့ဖူးသော ပြိတ္တာဘုံရှိသူအပေါင်းတို.အတွက်လည်း အမျှပေးဝေသင်.ပါသည်..(.အထူးဂရုပြုရန်မှာ ငိုသံပါဖြင်. ..မျက်ရည်စတို.ဖြင်...အသံတုန်တုန်ရီရီဖြင်. အမျှပေးဝေခြင်းသည် ရုပ်ရှင်ထဲတွင်ကြည်.ကောင်းသော်လည်း ပြင်ပတွင်မူ ထိုအပြုအမူသည် လုပ်သမျှအားလုံး အရာမရောက်ဖြစ်စေတတ်ပါသည်...ကွယ်လွန်သူက ထိုပူဆွေးမှုကိုမြင်ပြီး သာဓုလိုက်မခေါ်ခဲ့ပါမူ ထိုပြိတ္တဘုံ့ဘ၀၏ ဆင်းရဲအပေါင်းတို.ထဲတ၀ဲလည်လည် နစ်မြုပ်နေရပေလိမ်.မည်)

လုပ်ဆောင်ရန် အချက်၁၄ အနေဖြင်. ကွယ်လွန်သူ လာရောက်ရာတွင် သူနှင်.အတူ အပေါင်းအဖော်များလည်း ပါလာတတ်ပါသည်...ထို.အပြင် ကြားသိကြကုန်သော ၀န်းကျင်မှ မကျွတ်မလွတ်သူများလည်း ရောက်လာတတ်ကြပါသည်...သက်ဆိုင်ရာအိမ်ရှင်နှင်. အစောင်.အရှောက်တို.က ခွင်.မပြုသဖြင်. အပြင်တွင်သာစောင်.နေကြရသူတို.ကို အိမ်ခြံအပြင်တွင်ရောက်ရှိနေကြသော မကျွတ်မလွတ်သူအပေါင်းတို.လည်း ကုသိုလ်အဖို.ဘာဂကို ကျွနုပ်တို.နှင်.အတူ ရကြပါစေဟုဆိုကာအိမ်ခြံအပြင်ထွက်ပြီးအမျှပေးဝေကာ သာဓုခေါ်ပါစေ

 ဒုတိယနေ.မနက် ရေစက်ချ အမျှပေးဝေကြစဉ်
 ထို.နောက် ရေစက်ချပြီးသော ရေတို.ကို စုပေါင်း၍ မြေပြင်ပေါ်သွန်ရင်း
ဝသုနြေ္ဒ နတ်မင်း..သာသနာတော်စောင်.နတ်မြတ်အပေါင်း...သံသရာအစဉ်အဆက်တော်စပ်ခဲ့သော မိဘ ဆွေမျိုး ညီအကို မောင်နှစ်မ သားချင်းအပေါင်း ...္ကဒေသရှိမြို.စောင်.နတ်..ရွာစောင်.နတ်..လမ်းစောင်.နတ်..အိမ်စောင်.နတ်..ရွာတော်ရှင်.
.မြို.တော်ရှင်..တောပိုင်..
တောင်ပိုင်..ကွင်းပိုင်..နယ်ပိုင်...ပြိတ္တာဘုံရှိမကျွတ်မလွတ်သူအပေါင်း...အရပ်ဆယ်မျက်နှာရှိ သတ္တ၀ါ အပေါင်း ..ငရဲသနင်းယမမင်း...ကွယ်လွန်သူ.......နှင်.တကွကျွနုပ်နှင်.ဘ၀အဆက်ဆက်တော်စပ်ခဲ့ပြီး ပြိတ္တာဘုံဘ၀ရောက်နေကြသူအပေါင်း..မကျွတ်မလွတ်သေးသူအပေါင်း ဤပြုသော ကုသိုလ်အဖို.ကို ရကြပါစေ အမျှအမျှအမျှ ယူတော်မူပါ ဟုသုံးကြိမ်ပေးဝေပါ

နောက်ဆုံးအချက်အနေဖြင်. ကွယ်လွန်သူ....နှင်. ဤအလှုသို.ကြွရောက်လာကြကုန်သော ပုဂ္ဂိုလ် အားလုံးတို. အိမ်းခြံအပြင်သို.ထွက်ခွာကြပါကုန်...သွားလိုရာသို.ဆက်လက်ထွက်ခွာကြပါကုန်ဟု မဖြစ်မနေ အသိပေးပါ

ပထမနေ. ည မြန်မာသုဿာန် ဇရပ်
 မိမိတို.၏ သက်ဆိုင်သော နာရေးကိစ္စရပ်များတွင် မသိနားမလည်၍ (သို.) လိုအပ်ချက်ရှိ၍ (သို.) အကြောင်းမတိုင်ဆိုင်၍ မကျွတ်မလွတ်သူများကား အနန္တပင်...သေရွာပြန်..လူဝင်စား ဖြစ်ရပ်မှန်များတွင်လည်း နှစ်ပေါင်းများစွာ အမျှမရကြ..သာဓုခေါ်ခွင်.မရကြသူများကား ဒုနှင်.ဒေးပင် ရှိကြောင်းတွေ.မြင်နေကြရပါသည်..ထို.ကြောင်.မိမိသတိရတိုင်းကွယ်လွန်သူအတွက် (ဖြစ်နိုင်လျှင် နေ.စဉ်) ကုသိုလ်ပြုပါ..ပြုတိုင်းအမျှဝေပါ..သို.မှသာ တစ်ကြိမ်မဟုတ် တစ်ကြိမ် ၇ကောင်းရသွားနိုင်ပါလိမ်.မည်

ညဘက် ဒါနပြုထားစဉ်
  မြို.လေးတွင်ကွယ်လွန်ပြီးနောက် ထိုသို. အကြောင်းကြောင်းကြောင်. မကျွတ်မလွတ်ဖြစ်နေကြရသူများ အတွက် ရည်ရွယ်ကာ က၀ိသိပ္ပံဆရာတော် ဦးဇ၀နနှင်.ဦးဝင်းတင် (ခန်.ညား) တို.ကဦးစီး၍ အများကောင်းမှုဖြင်. ပေတဒါန..အကျွတ်အလွတ် အမျှပေးဝေပွဲပြုလုပ်ခဲ့သည်မှာ ယခုဆိုလျှင် တတိယအကြိမ်မြောက်ရှိပြီ ဖြစ်ပါသည်...ပထမအကြိမ်ကို ၁၃၇၂ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး ၁၃၇၃ တွင် ဒုတိယအကြိမ် ကျင်းပခဲ့ပါသည်...ယခုတတိယအကြိမ်ကိုမူ ကလျာဏ နွယ်ဝင် သူတော်စင်များမှ ဆင်းရဲဒုက္ခရောက်နေကြသူများကို ဆောင်ရွက်ကူညီပေးခြင်းသည် ဘုရားစသော အရိယာသူတော်ကောင်းကြီးများ နှစ်သက်တော်မူ၏ ဆိုသည်.အတိုင်း ၀ါးခယ်မမြို.၌ လွန်ခဲ့သော နှစ်များစွာမှ ယခုတိုင် အကြောင်းအမျိုးမျိုးဖြင်. ကွယ်လွန်ပြီးနောက် မကျွတ်မလွတ်သေးကြကုန်သော သတ္တ၀ါအပေါင်းတို.အား ဆင်းရဲဒုက္ခမှကင်းဝေးစေရန် ၁၃၇၅ ဦးတန်ခူးလဆန်း ၈ရက် ၁၈-၄-၂၀၁၃ နေ. ည ၇နာရီတွင် ၀ါးခယ်မမြို. အနောက်ပိုင်း မြန်မာသုဿာန်ဇရပ်တွင် ကျင်းပခဲ့ပြီး လူ၂၀၀ ခန်.တက်ရော က်ခဲ့ပါသည်...ထိုသို.ကျင်းပရာတွင် မကျွတ်မလွတ်သူများကို ကြိုတင်၍ အကြိမ်ကြိမ် ဖိတ်ကြားပြီးနောက်....မြေ..ဖုတ်..ဘီလူး..ပြိတ္တာ နှင်. မကျွတ်မလွတ်သေးသောသတ္တ၀ါ တို.ကို အမဲယာဂု..ပဲယာဂု..သောက်ရေသန်.တို.ဖြင်.ဒါနပြုခြင်း ကိုပြုလုပ်ပါသည်...ခရစ်စယာန်သုဿာန်...တရုပ်သုဿာန်...မွတ်စလင်သုဿာန်..မြန်မာသုဿာန်အတွင်း
နေရာ ၅၀ ခန်.တွင် ထိုသို.ဒါနပြုခဲ့ပါသည်..ထို.အပြင် မကျွတ်မလွတ်သူအပေါင်းတို.ကုသိုလ်ပြုနိုင်ရန် သဲဖြူခင်း..ရာဇမတ်ကာ၁၅ပေ x ပေ၂၀ ခန်.ရှိမဏ္ဍပ်တစ်ခုဆောက်လုပ်ပေး ထားပြီးသဲပုံစေတီတစ်ဆူလည်း တည်ပေးထားခဲ့ပါသည်..ထို.နောက်  ရွတ်ဖတ်ကောင်းမှုပြုကာ မိနစ်၂၀ ခန်.မီးမှိတ် မေတ္တာပိုခဲ့ကြပါသည်...ထို.သို.ပြုပြီးနောက် သဲစေတီ ၀န်းကျင်တွင် ကလေးခြေရာ..လူကြီးခြေရာ..သတ္တ၀ါခြေရာတို.တွေ.ရပါသည်..ယခင်နှစ်များကတော. ယခုထက် ပို၍ခြေရာများ များပြားသည်ဟုသိရပါသည်...

သဲစေတီ ၀င်းအတွင်းခြေရာများကြည်.ရှုနေကြစဉ်
 ၁၃၇၅ ဦးတန်ခူးလဆန်း ၉ရက် ၁၉-၄-၂၀၁၃ နေ.မနက် ၉နာရီတွင် ဥတိဿ စေတီတော်မြတ်အား ဆရာတော် သံဃာတော်များက ဗုဒ္ဓဘိသေက အနေကဇာတင် ရွတ်ဖတ်ပူဇော်ကြပြီး ကြွရောက်တော်မူသော သံဃာတော် ၁၅ပါးတို.အား ဆွမ်း..သက်န်းအစရှိသော လှုဒါန်းဖွယ်များနှင်. န၀ကမ္မ ပဒေသာပင်များ ဆက်ကပ်လှုဒါန်းပြီး ကောင်းမှုအစုစုတို.ကို ကြွရောက်လာသူအပေါင်းတို.က မကျွတ်မလွတ်သေးသူအပေါင်းတို.အားရည်စူး၍ အမျှအတန်းပေးဝေ စုပေါင်းသာဓုခေါ်ခဲ့ကြပါသည်..ထိုနေ.ကုသိုလ်ပွဲသို. ပရိသတ် ၁၀၀ခန်. တက်ရောက်ကုသိုလ်ယူခဲ့ကြပါသည်...ယမန်နေ.ကက ဒါနပြုထားခဲ့သော ယာဂုနှင်.ရေသန်.တို.မှာ အချို.နေရာများတွင် သိပ်မသိသာ ..အချို.နေရာများတွင်အနည်းငယ်...အချို.နေရာများတွင်သိသိသာသာလျော.နေခဲ့ပါသည်..
ရေသန်.ဘူးများဆိုလျှင်လည်း ထောင်လျှက်သား ရေတစ်ဝက်ခန်.အထိလျော.နေသည်များလည်းရှိပါသည်

နောက်တစ်နေ.မနက်
 ကျန်ရစ်သူများမှ ပြုပေးသမျှကိုသာ ဒုက္ခခံ စောင်.စားနေကြရသော မကျွတ်မလွတ်သူများအဖို.ကတော. ၀မ်းမြောက်ဖွယ်အခွင်.အရေးကောင်းပင်....ထိုသို.ကုသိုလ်ပွဲမျိုးကို နှစ်စဉ်ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရပြီး ပါဝင်ကုသိုလ်ပြုလိုသူများအနေဖြင်. က၀ိသိပ္ပံဆရာတော် ဦးဇ၀န (၀၄၂-၆၀၄၀၄ ) ဦးဝင်းတင် (၀၉-၄၉၅၇၆၅၇၄) တို.သို.ဆက်သွယ်စုံစမ်းလှုဒါန်းနိုင်ကြပါသည်...


နောက်တစ်နေ.မနက်

ကျမ်းကိုး ..ကွယ်လွန်သူအတွက် ရည်စူး၍ အလှုဒါန ပြုလုပ်နည်း -ပြည်ကျော်လွင် (ပညာရေး)
သိလိုသည်များ ဖြေကြားပေးခဲ့သလို ဓါတ်ပုံများ ရိုက်ကူးပေးထားခဲ့သော က၀ိသိပ္ပံ ဆရာတော် ဦးဇ၀န
ပုံများပို.ပေးခဲ့ပါသော Ye Aung (SS Avenue of WKA) တို.အား အထူးကျေးဇူးတင်ပါသည်




No comments:

Post a Comment