Friday, April 12, 2013

၈၈မျိုးဆက်များ၏ ဝါးခယ်မမြို့ ငြိမ်းချမ်းပွင့်လင်း ခရီးစဉ်.

Photo by Moemoe Lay
 မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈မျိုးဆက်များသည် ဧပြီလ၊ ၈ ရက် နံနက် ၆း၃၀ နာရီက ရန်ကုန်မြို့မှ ဧရာဝတီတိုင်း ဝါးခယ်မမြို့သို့ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ထွက်ခွာခဲ့ကြရာ နံနက် ၁၁ နာရီတွင် ဝါးခယ်မမြို့သို့ရောက်ရှိခဲ့ကြသည်။ ဝါးခယ်မမြို့သို့ရောက်ရှိလာသော ၈၈မျိုးဆက်များအား ဝါးခယ်မှမြို့သူမြို့သားများက ၈၈မျိုးဆက်အလံငယ်များဝှေ့ယမ်းကာ ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

Photo by 88 Generation Students's Page @ Facebook
 ယင်းနောက် နံနက် ၁၁း၅၀ နာရီတွင် ဝါးခယ်မမြို့နယ် မြူနီစပယ်ရုံးလမ်းနှင့် စာတိုက်လမ်းထောင့်ရှိ ရွှေဆယ်သီရိခန်းမ၌ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ဟောပြောဆွေးနွေးပွဲကိုကျင်းပရာ ဝါးခယ်မမြို့သူမြို့သားများ ခန်းမပြည့်တက်ရောက်ခဲ့ကြပြီး ၈၈မျိုးဆက်မှ မမီးမီးက ဒေသခံပြည်သူများနှင့် ၈၈မျိုးဆက်များဖြစ်ကြသော မင်းကိုနိုင်၊ ဂျင်မီ၊ စမ်းချောင်းကိုကိုကြီး၊ ဇော်ဇော်မင်း၊ မျိုးအောင်နိုင်၊ ဥာဏ်လင်း၊ စိုးသီဟ၊ ထွန်းထွန်း၊ ကျော်ဇော၊ ကိုကိုလှိုင်၊ မနီလာသိန်း၊ မသက်သက်အောင်၊ မမာယာ၊ မသဉ္ဖာဦးတို့အား တစ်ဦးချင်းမိတ်ဆက်ပေးပြီး ၈၈မျိုးဆက်မှ မနီလာသိန်းက နှုတ်ဆက်စကားပြောကြားခဲ့သည်။ 

Photo by 88 Generation Students's Page @ Facebook
 ဆက်လက်၍ ဟောပြောဆွေးနွေးပွဲကိုကျင်းပရာ မသက်သက်အောင်၊ ဂျင်မီနှင့် မင်းကိုနိုင်တို့က ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ဆိုင်ရာများကိုဟောပြောဆွေးနွေးခဲ့ကြကာ တက်ရောက်လာသော ဒေသခံပြည်သူများ၏ မေးမြန်းဆွေးနွေးမှုများကို မင်းကိုနိုင်နှင့်ဂျင်မီတို့က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး မွန်းလွဲ၂း၁၅ နာရီတွင် ၈၈မျိုးဆက်များ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာဟောပြောဆွေးနွေးပွဲ ဝါးခယ်မမြို့ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်။ 

Photo by 88 Generation Students's Page @ Facebook
  အခမ်းအနားအပြီးမွန်းလွဲ ၂း၄၁ နာရီတွင် ၈၈မျိုးဆက်များသည် ဒေသခံများနှင့်အတူ ဝါးခယ်မမြို့၏ သကျမဟာသီရိဘုးရားကြီးအား သွားရောက်ဖူးမြော်ကြပြီး မွန်းလွဲ ၂း၅၀ နာရီတွင် ဝါးခယ်မမြို့မှပြန်လည်ထွက်ခွာခဲ့ကြရာ ည ၈း၂၀ နာရီ၌ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

88 Generation Students's Page @ Facebook မှ သတင်းအား မူရင်းအတိုင်းဖော်ပြပါသည်

No comments:

Post a Comment