Wednesday, April 10, 2013

မြန်မာ.ဘောလုံးလောကမှ ဂုဏ်ယူစရာ ဆုနှစ်ခု

 ဧပြီလ ၃ရက်နေ့က အာဆီယံ ဘောလုံး အဖွဲ့ချုပ် ဆုပေးပွဲ အခမ်းအနားတွင် ချီးမြှင့်ခြင်း ခံခဲ့ရသည့် AFF Member Association Of The Year 2012 ဆုသည် ဘောလုံး အဖွဲ့ချုပ်၏ ၀န်ထမ်းအား အားလုံး၏ ကြိုးစား ခဲ့ခြင်းကြောင့် ရရှိသည့် ရလဒ်တစ်ခု ဖြစ်ကြောင်းနှင့် အကောင်းဆုံး အဖွဲ့ချုပ် ဖြစ်သည်နှင့် အညီ ပိုမိုကြိုးစား လုပ်ဆောင်ရန် တွန်းအား တစ်ရပ်လည်း ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးဇော်ဇော်က ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် ၀န်ထမ်းများနှင့် တွေ့ဆုံခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

"ဘောလုံး အဖွဲ့ချုပ်ရဲ့ လုပ်ဆောင်မှုတွေ အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြု ချီးမြှင့်တဲ့ ဆုပါ။ ဥက္ကဋ္ဌ တစ်ယောက်တည်းက လုပ်လို့ ရတာ မဟုတ်ဘဲ အောက်ခြေ ၀န်ထမ်းတွေ ကအစ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ အသီးသီးရဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် အခုလို ဆုရရှိ ခဲ့တာပါ။ အခု ဆုပေးပွဲ အခမ်းအနားမှာ အမျိုးသမီး အသင်း နည်းပြဆု ကိုလည်း နည်းပြ မစ္စတာ ကုမာဒါက ရခဲ့သလို၊ ကြည်လင်းကလည်း အာဆီယံ အကောင်းဆုံး ၁၁ယောက် စာရင်းမှာ အရွေးခံ ခဲ့ရတယ်။ အကောင်းဆုံး ဆုအတွက် နောက်ဆုံး ဆန်ခါတင် ၄ဦးထဲမှာလည်း ပါခဲ့တယ်။ ဒီလိုပါပဲ၊ အမျိုးသမီး ကစားသမား စန်းစန်းမော်၊ ဖူလ်ဆယ် ကစားသမား ပြည့်ဖြိုးမောင် တို့လည်း ဆန်ခါတင် ရွေးချယ်ခံခဲ့ ရပါတယ်။ ဒါတွေဟာ အားလုံး အတွက် ၀မ်းသာစရာ သတင်းတွေ ပါပဲ" ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက် ပြောကြားရာတွင် မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင် များစွာ နောက်ကျ ကျန်ခဲ့ပြီ ဖြစ်သော်လည်း အခက်အခဲများ ကြားမှ ယခုကဲ့သို့ အာဆီယံက ပထမဆုံး ချီးမြှင့်သည့် ဆုတစ်ခုအား ရရှိခဲ့သည့် အတွက် ၀မ်းသာ ဂုဏ်ယူမိကြောင်း၊ ၀န်ထမ်းများ အားလုံး အနေဖြင့်လည်း ဂုဏ်ယူ သင့်ပါကြောင်း၊ အနာဂတ်တွင် ပိုမို လုပ်ဆောင်နိုင်ရန် အတွက် တွန်းအားတစ်ရပ် ဖြစ်စေခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ယခုထက် ပို၍ စနစ်တကျ ကြိုးပမ်းအားထုတ် လုပ်ဆောင် ကြရန်လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

"အဖွဲ့ချုပ် ရခဲ့တဲ့ ဆုက ၀န်ထမ်းအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အားလုံး အနေနဲ့ ဒါ ငါတို့ လုပ်ဆောင်မှု ဆိုပြီး ဂုဏ်ယူနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခု မှာချင်တာက ဘ၀င်မြင့်လို့တော့ မရဘူး ဆိုတာပါပဲ။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဖော်ဆောင် ပေးနိုင်တဲ့ အဖွဲ့အစည်း တစ်ခုရဲ့ ၀န်ထမ်းတွေဟာ ပရော်ဖက်ရှင်နယ် ဖြစ်ရပါမယ်။ ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်တာဝန် ယူထားတဲ့ ကိစ္စတွေကို ကျေပွန်အောင် ထမ်းဆောင် ရပါမယ်။ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်ကို သယ်ဆောင် မလာခဲ့ဘဲ အားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီး ကြိုးပမ်းကြပါလို့ တိုက်တွန်း လိုပါတယ်" ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။

ထို.အတူအာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ ရွေးချယ်သည့် ၂၀၁၂ ခုနှစ် အာဆီယံ အကောင်းဆုံး ဘောလုံး အသင်းတွင် ပါဝင် ခွင့်ရ သည့်အတွက် အတိုင်း မသိ ၀မ်းမြောက် ကြောင်းနှင့် မြန်မာ့ ဘောလုံး လောက အတွက် အရင်က ထက် ပိုပေးဆပ် သွားမည်ဟု မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန် ယူနိုက်တက် အသင်း ကစားသမား ကြည်လင်းက ပြောကြား သည်။ ကြည်လင်း သည် အာဆီယံ အကောင်းဆုံး အသင်းတွင် အလယ်တန်း ညာအစွန် လူအဖြစ် ရွေးချယ် ခံရခြင်း ဖြစ်ပြီး၊ ၄င်း၏ ကစား သမား ဘ၀ သက်တမ်း တစ်လျှောက် ယခုလို အာဆီယံ ထူးချွန် ဆုရခြင်း သည် ပထမ ဆုံး အကြိမ် ဖြစ်သည်ဟု သိရသည်။ 


ကြည်လင်းသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းက ကစားခဲ့သည့် နိုင်ငံ့ လက်ရွေးစင်၊ သက်တမ်း အလိုက် လက်ရွေးစင် နှင့် ကလပ် အသင်း ပွဲစဉ်များ တွင် အထူး ခြေစွမ်းပြ ကစားနိုင် သောကြောင့် ပြည်ပ ကလပ် အသင်း များ၏ စောင့်ကြည့် မှုကို ခံခဲ့ရသူ လည်းဖြစ်သည်။ ၄င်းသည် ပြီးခဲ့သည့် ၂၀၁၂ မြန်မာ နေရှင်နယ် လိဂ် ပြိုင်ပွဲ နောက်ဆုံး ပွဲတွင် ရန်ကုန် အသင်းကို ချန်ပီယံ ဖြစ်စေခဲ့ သည့် ဧရာဝတီ ယူနိုက်တက် အသင်းအား ၄-၀ ဖြင့် အနိုင်ရသည့် ပွဲတွင် ၃ ဂိုး သွင်းယူ နိုင်သည် အထိ ခြေစွမ်း ပြခဲ့သည်။

“ဒီဆု ရတဲ့ အတွက် အရမ်း ပျော်ပါတယ်။ တကယ်တော့ ဆုရ တယ်ဆို တာလည်း ကျွန်တော် တစ်ယောက် တည်းကြောင့် မဟုတ်ပါ ဘူး။ လက်ရွေးစင် အသင်းကရော၊ ကလပ် အသင်းမှာပါ တွဲကစားတဲ့ သူငယ်ချင်း တွေ ကောင်းလို့ ဒီလို ဆုရတာပါ။ အခုလို ဆု ချီးမြှင့် ခံရတဲ့ အတွက် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ ရန်ကုန် ယူနိုက်တက် အသင်း ပိုင်ရှင်နဲ့ အသင်းဥက္ကဌ တို့ အားလုံးကို လည်း ကျေးဇူး တင်ပါတယ်။ ကျွန်တော့် ကို အမြဲတမ်း အားပေးတဲ့ ဘောလုံး ပရိသတ် တွေကိုလည်း ကျေးဇူး တင်ပါတယ်။ ကျွန်တော် အရင်ကထက် ပိုကြိုး စားသွား မှာပါ” ဟု ကြည်လင်း က ဆိုသည်။

ကြည်လင်း သည် ပြီးခဲ့သည့် ဘောလုံး ရာသီ တွင် ညာဖက် ခြေကျင်းဝတ် အရွတ် ဒဏ်ရာ ရှိသော်လည်း နိုင်ငံ နှင့် ကလပ် အသင်း အတွက် နိုင်ပွဲ လိုအပ် သော ပွဲများကို ကစား ပေးခဲ့ခြင်း ဖြစ်သည်ဟု လည်း သိရသည်။ ယခု အချိန်တွင် ရန်ကုန် အသင်း အလယ် တန်းလူ သည် အကင်း မသေ သေးသည့် ညာဖက် ခြေကျင်း ၀တ် ဒဏ်ရာကို ဆေးကုသမှု ခံယူ လျက်ရှိသည်။


REF ; themff.org/ &  www.ygnutd.com

No comments:

Post a Comment