Friday, April 26, 2013

မန်းဖိုးအေး (၀ါးခယ်မ) ရဲ. အဆိပ်အတောက် ရွှေကြိဂံ

 ဒီတစ်ခေါက်တော. ကိုယ်.ဇာတိစာရေးဆရာ တစ်ယောက်ရဲ. စာအုပ်လေး မိတ်ဆက်ပေးပါမယ်
စာရေးဆရာ နာမည်က မန်းဖိုးအေး (၀ါးခယ်မ) ဖြစ်ပြီး စာအုပ်နာမည်က အဆိပ်အတောက် ရွှေတြိဂံ ပါတဲ့
စာအုပ်ကို ၂၀၁၃ ဖေဖော်ဝါရီလက ထုတ်ဝေခဲ့ခြင်းဖြစ်ပြီးစာမျက်နှ
ာ ၃၇၃ မျက်နှာပါဝင်သော ထိုစာအုပ်သည် myanmarbookshop.com တွင်တော. ရောင်းဈေး 7.75 USD ရှိနေပါသည်

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနကြီး နှစ်ချုပ်အစီအရင်ခံစာအရ တစ်ကမ္ဘာလုံး ဘိန်းထွက်ရှိမှုရဲ့ ၅၀ % မှ ၆၀ % ထိကို မြန်မာနိုင်ငံက ထုတ်လုပ်နေသည်ဟု ဆိုသည်။ ထိုတွင်မှ မြန်မာနိုင်ငံတွင် ဘိန်းအထွက်ဆုံးဟု နာမည်ကြီးသည့် ရွှေတြိဂံဒေသတွင် ဘိန်းစိုက်ပျိုးမှုသည် မြန်မာနိုင်ငံဘက်၌ ၉၀ % နီးပါးအထိ ရှိခဲ့သည်ဟု ဆိုသည်။ ယခုစာအုပ်သည် ထိုဒေသ၏ ဘိန်းစိုက်ပျိုးမှု သမိုင်းကြောင်း၊ မြန်မာ့မြေပေါ်ရောက် တရုတ်ဖြူ၊ ဗကပ၊ ဒေသခံ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများသည် ဘိန်းစိုက်ပျိုး ကုန်သွယ်ခြင်းနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု ရှိခဲ့ကြပုံ၊ ထိုမှတဆင့် တရားမ၀င် ငွေကြေး အမြောက်အမြား ရရှိခဲ့ကြပုံ၊ တရုတ်နှင့် ထိုင်းနိုင်ငံများမှ တဆင့် နိုင်ငံတကာဈေးကွက်သို့ ဘိန်းများ အဆင့်ဆင့် တင်ပို့ရောင်းချပုံ၊ လော်စစ်ဟန်၊ ခွန်ဆာ၊ ဖုန်ကျားရှင် စသည့် ကမ္ဘာသိ ဘိန်းဘုရင်ကြီးများနှင့် သူတို့နောက်ခံမှ လက်နက်ကိုင် အဖွဲ့အစည်းများအကြောင်း၊ ဘိန်းကြောင့် နာမည်ကြီးသည့် ၀, ကိုးကန့်စသည့် ဒေသများအကြောင်း၊ ဗကပမှ ဖုန်ကျားရှင် လက်နက်ကိုင် ပုန်ကန်ခွဲထွက်ပြီးနောက် ဖုန်ကျားရှင်နှင့် မြန်မာစစ်အစိုးရတို့ နားလည်မှုယူကာ သူ့ကို မြန်မာနိုင်ငံအထူးဒေသအစိုးရအဖြစ် အသိအမှတ်ပြုခဲ့ပုံ၊ ရှမ်းပြည်အထူးဒေသများရှိ လက်နက်ကိုင် အဖွဲ့အစည်းများအကြောင်း အပါအ၀င် ရွှေတြိဂံဒေသ၏ ဘိန်းအရှုပ်တော်ပုံများကို ဖွင့်ချဖော်ထုတ်ထားသော စာအုပ်ဖြစ်သည်။ ဤစာအုပ်သည် တရုတ်နိုင်ငံမှ စာရေးဆရာ၊ သတင်းစာဆရာ ကျောက်စွတ်လုံ၊ ကဲ့စုရာတို့ ရေးသားသည့် စာအုပ်ကို တရုတ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာရေးသူနှစ်ဦးသည် သူတို့၏ အသက်အန္တရာယ်ကို ပဓာနမထားဘဲ ရွှေတြိဂံဒေသသို့ သက်စွန့်ဆံဖျား ထိုးဖောက်ဝင်ရောက်ကာ သတင်းအချက်အလက်များကို စုဆောင်းခဲ့ကြပြီး ၄င်းတို့၏ မျက်မြင်ကိုယ်တွေ့များ၊ ဒေသခံများ၏ ပြောကြားချက်များ၊ ရွှေတြိဂံဒေသနှင့် ပတ်သက်၍ အခြားသူများ ရေးသားခဲ့ကြသည့်စာအုပ်များမှ အချက်အလက်များနှင့် ပေါင်းကာ စာအုပ်အဖြစ် ရေးသားခဲ့ကြခြင်း ဖြစ်သည်။.
 Ref ;  myanmarbookshop.com

No comments:

Post a Comment