Wednesday, April 24, 2013

နှစ်ဝါတစ်နီ...တိုက်ရိုက်နီနှင်. မုန်းမိပါသည် Hongkong Referees

 ပွဲအပြီး
ပွဲမစခင်ကပင် ဤပွဲ အနိုင်ရပါမှ ဧရာဝတီအတွက် မျှော်လင်.ချက် ယဲ့ယဲ့ ရှိသည်ကို အားလုံးက နားလည် သိရှိထားကြပြီးဖြစ်သည်...ထို.အတူ နိုင်..နိုင်သည်ဟုလည်း မျှော်လင်.ခဲ့ကြသည်..

ပရိသတ်ကတော. ထုံးစံအတိုင်း ပွဲထွက်ခွင်. မရသေးသော ကစားသမားများ...ကစားသမားများနှင်. ပတ်သက်သူအချို. ..ဒါဏ်ရာရ ကစားသမားများ..လူငယ်အသင်းကစားသမားများက ပရိသတ်၏ ထက်ဝက်ခန်. ရှိနေကြသည်...လာရောက်အားပေးသူများအားလုံးပေါင်းလို. အထူးတန်းပွဲကြည်.စင် ၅ပုံတစ်ပုံမရှိချင်.......အိမ်ကွင်းအားသာချက်..အိမ်ကွင်းပရိသတ်ဖိအား ဆိုသည်က လာရောက်ကစားကြသော ဧည်.သည်အသင်းတို.အတွက် ...........ခြောက်အိမ်မက်သက်သက်

ပွဲစလို. ၁၀မိနစ်ခန်.တွင် ဧရာတို. ထောင်.ကန်ဘော စကန်ခွင်.ရသည်...ဂိုးသမားတိုက်ရိုက်ဖမ်းမိသွား၏
၁၄မိနစ်ခန်.တွင် ဟိန်းသီဟဇော် တင်ပေးလိုက်သော ဘောလခုံးကို ရှေ.တန်းမှ ခေါင်းတိုက်သွင်းခွင်.ရခဲ့သော်လည်း ဂိုးတိုင် ညာဘက်ဘေးမှ ကပ်ထွက်သွားသည်..
၂၂မိနစ် ကွင်းလယ်ကနေ လှလှပပ အကွက်ဆင် လာသော အဆုံးသတ်က နန္ဒလင်းကျော်ချစ် ၏ ဧရာဝတီအတွက် အဖွင်.ဂိုးဖြစ်သွားသည်...၂၅မိနစ်မှာတော. ဒါနန်းတို. ဂိုးဧရိယာအတွင်း အတင်းဆွဲဝင်လာပြီး ကန်သွင်းရာ ဂိုးသမား ညာဘက်ဘေးမှ ကပ်ထွက်သွားသဖြင်. ထောင်.ကန်ဘောရသော အလုံးကို ခေါင်းတိုက်သွင်းရာ ဂိုးဝင်သွားခဲ့သည်...သို.သော် ဒိုင်က ပြစ်ဒါဏ်ဘော သတ်မှတ်သဖြင်. ဧရာတို. တစ်ဂိုးသက်သာရာရခဲ့သည်..၂၈မိနစ်တွင် ဒါနန်းနို. နံပါတ် ၂၆ အစား ၁၀ ၀င်ကစားသည်...တိုက်စစ်တင်လိုပုံပင်...၃၁မိနစ်တွင် ဧရာတို.၏နောက်တန်းအမှားကို အခွင်.အရေးယူကာ ဒါနန်းတို. တိုက်ရိုက်ကန်သွင်းသော်လည်း ဂိုးသမားကာကွယ်နိုင်ခဲ့သည်...၃၂ မိနစ်တွင် ဒါနန်းတို. လူစားထပ်လဲပြန်သည်..ဒိတစ်ခါတော. ခံစစ်ကို အားဖြည်.ပုံရသည်...၃၉မိနစ်တွင် ဧရာတို. ဂိုးဧရိယာအတွင်း အပြင်းအထန်ဖျက်ထုတ်ရာမှ ရလာသောာဘောလုံးကို တစ်ဖက်ဂိုးဆီဆွဲပြေးရင်း ဂိုးသမားနှင်. တစ်ယောက်ချင်းရင်ဆိုင်ကာ ဆာတိုရှီ ကန်သွင်းခဲ့သော်လည်း ဂိုးတိုင်ညာဘက်မှ ထွက်သွားခဲ့ပြန်သည်....မိနစ် ၄၀ တွင်တော. ဒါနန်းတို. ဧရာ၏ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ကာ နံပါတ် ၃၂ ကချေပ ဂိုး သွင်းယူသွားခဲ့သည်..နောက် ၂ မိနစ်သာကြာသည်...ဦးဆောင်ဂိုးကို ဒါနန်းနို.အလွယ် တကူ ရရှိသွားခဲ့ပြန်သည်.....နောက်ထပ် ၂မိနစ်အကြာတွင် ဒါနန်းတို.၏ ၃၃ က တိုက်ရိုက်ကန်သွင်းခဲ့သော်လည်း ဂိုးသမားဖမ်းမိသွားခဲ့သည်...

ပွဲကြည်.စင် တစ်နေရာတွင် ဧရာဝတီအတွက် မမောမပန်း အားပေးနေကြသော ကလေးငယ်များ သူတို.ရှိသမျှအသံလေးများနှင်. ဟစ်အော်အားပေးနေကြသည် မှလွဲ၍ တစါခါတစ်ရံသာ ထွက်ပေါ်လာတတ်သော မကျေနပ်သံ...အားရသံ တို.က တစ်ခါတစ်ရံသာ ပေါ်ထွက်နေသည်....ဘင်ခရာ..အိုးစည်..ဒိုးပတ်...ဧရာဝတီ...ဒုံးဒုံး ...ဒုံးဒုံးဒုံး ဆိုသည်.အသံတို.ကတော. ဟိုးအတိတ်မှာသာ ကျန်နေခဲ့ပြီ....

ဒုတိယပိုင်းပြန်စ၍ ၄မိနစ်အကြာတွင် တစ်ဖက်အသင်း၏ လူကျွံထောင်ချောက်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့သော ဆာတိုရှိက ချေပဂိုး သွင်းယူပေးခဲ့သည်...၅၃ မိနစ်တွင် နန္ဒ ၏ ဒုတိယဂိုးဖြစ်မည်. ကန်ချက်ကို ဒါနန်းဂိုးသမားကာကွယ်သွားခဲ့သည်...၅၅မိနစ်တွင် ဒါနန်းတို. လူစားလဲပြန်သည်....ထိုလူစားလဲအပြီး မှစ၍ ၅မိနစ်ခန်. ဒါနန်းတို.ဖိအားအောက် ဧရာဝတီ ကွင်းတစ်ဝက်အတွင်း အလူးအလဲဖြစ်နေခဲ့ရသည်...၆၂ မိနစ် ဧရာတို.၏ နံပါတ်၁၇ အမှားက ပရိသတ်၏ မကျေနပ်သံ..အားမလိုအားမရသံတို. ဆူညံစွာထွက်ပေါ်လာစေသည်...၆၅မိနစ်တွင် ၁၇ အစား ၁၃ ကိုပထမဆုံလူစားလဲမှုအဖြစ် ပြုလုပ်ခဲ့သည်...တစ်ဖြေးဖြေးနှင်.  ဒါနန်းတို. ကစားကွက် အသာစီး သိသိသာသာ ရလာနေသည်...၇၇မိနစ်တွင် ဆာတိုရှိ အစား အောင်ကျော်မျိဲုး ၀င်ရောက်ကစားခဲ့သည်...
မိနစ်၈၀ တွင် ဧရာတို.၂ယောက်ညှပ်ဖျက်ထုတ်မှုကြောင်. ဒါနန်း လဲကျသွားသဖြင်. တစ်ဝါ ရခဲ့သည်...
၈၇ မိနစ်တွင် နန္ဒအစား ထူးကျော် ထည်.ကစားသည်...




 ပြဿနာက ၈၅ မိနစ် နှင်. ၈၇ မိနစ်အကြားစခဲ့သည်....ဧရာတို.၏ ကန်ချက်ကို ဒါနန်းဂိုးသမားဖမ်းမိထားချိန် အရှိန်ကြောင်. ပွတ်တိုက်မိသွားသော ဧရာကစားသမားကို ဒါနန်းဂိုးသမားက ဥပဒေမဲ့ ထိခိုက်စေခဲ့သည်...တကယ်က ထိုအမှားသိသာစေရန် မိမိတို.က ငြိမ်ခံပေးနေရမည်ဖြစ်သည် (ဤ ကိစ္စမျိဲုးက ကိုရီးယား ကားများကြည်.ဖူးသူတို.သိပေလိမ်.မည်.. တစ်ဖက်လူ၏ လက်သီးတစ်ချက်သည် ထိုသူ၏ ကံကြမ္မာကို မိမိစိတ်တိုင်းကျ စီရင်ခွင်.ရစေခြင်းပင်.............ထို.ကြောင်.ပင် လုံးဝလက်မတုန်.ပြန်ပဲ ထိုအခွင်.အရေးကို အရယူကြခြင်းပင်) သို.သော်လည်း စကားလုံး...အမူအရာ...ထိရောက်မှုမရှိသော လက်တုန်.ပြန်မှုတို.က မိမိတို. ၂၀ါ ရရှိစေခဲ့ပြီး ဖြိုးကိုကိုသိန်းမှာ ဒုတိယမြောက်အ၀ါဖြစ်သဖြင်. ထွက်ပေးခဲ့ရသည်...ဟောင်ကောင် ဒိုင်လူကြီးက စတင်ရန်ပြုသူ ဒါနန်းဂိုးသမားကို အ၀ါပြရုံဖြင်.သာ နှစ်သိမ်.ခဲ့သည်...မြန်မာတာဝန်ရှိသူတို.၏ တရားဝင်ကန်.ကွက်မှု ဆိုသည်ကို မည်သည်.အခါကမှ မကြားခဲ့ဖူးသော ဒိုင်တို.အဖို. စိတ်တိုင်းကျ စီရင်ပိုင်ခွင်.ကို အရင်ကလည်း ရရှိခဲ့ ယခုလည်း ရရှိဆဲ နောက်လည်း ရရှိနေကြအုံးမည်ဖြစ်သည်....အိမ်ကွင်းဆိုင်ရာ မည်သည်.အခွင်.အရေးတစ်ခုမှ (ပရိသတ်..ဒိုင်) မရခဲ့ဖူးကြရရှာသော အသင်းတို.အဖို.တော. ဘာမှသိပ်မထူး


သို.သော် ထိုဒိုင်အပေါ်မကျေနပ်သမျှ ပေးဆပ်သွားရသူကတော. ဒါနန်းတို.၏ တိုက်စစ်မှုးပင်...ဟိန်းသီဟဇော်၏ ဧရာ ကစားသမား အဖြစ် mood အပြည်.သွင်းနိုင်ပြီဟု အားလုံးလက်ခံလိုက်ကြသော ပေါက်ကွဲမှု တစ်ခုက တိုက်ရိုက်အနီကဒ်....
ထို.နောက် ထပ်ပေးလိုက်ရသော ပင်နတီ
အားလုံးပြီးတော. ၃-၂ တဲ.   ဘာမှတော. သိပ်မထူးတော.
ထိုက်သင်.သလောက် English Language နားလည်နေကြသော ပရိသတ်အချို.၏ ဟောင်ကောင်ဒိုင်အပေါ် ကောင်းချီးပေးသံတို.က ဒိုင်အဖွဲ. ဥမင်ထဲရောက်သွားသည်အထိ မပျောက်သေး
ကွင်းအတွင်း အားလုံးရှင်းသွားသည်အထိ ဟောင်ကောင်ဒိုင်တို.စီးသည်. စီးသည်. အာရာဖတ် အဖြူကြီးက  မလှုပ်သေး

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင်တော. ဧရာနည်းပြက ဒိုင်နှင်.ပတ်သက်၍ ဘာမှမပြောလိုတော.ပါ..ပြင်၍လည်း ရတော.မည်မဟုတ် ..သို.သော် မိမိသာ ဒိုင်ဆိုလျှင်တော.ဥပဒေပြင်ပ စကျုးလွန်သော ဒါနန်းဂိုးသမားအား အနီ....ဧရာ တို.အား အ၀ါ(သို.)အနီပြဖြစ်ပါလိမ်.မည်တဲ့
 
 
  ဧရာဝတီ အသင်းနည်းပြ မာဂျန်က ဗီယက်နမ်ကလပ် ဒါနမ်အသင်းသည် ရရှိသမျှ အခွင့်အရေးများအား အကောင်းဆုံး ရရှိအောင်ယူနိုင်သည့် ပရော်ဖက်ရှင်နယ် အသင်းကြီး တစ်သင်းဖြစ်ကြောင်း ဒါနမ်အသင်းအား ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီး၌ ပြောကြား ခဲ့သည်။
  ဧရာဝတီ အသင်းနည်းပြ မာဂျန်က “ ပွဲစစချင်းမှာ ကစားသမားတွေအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး ၅ မိနစ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အနီကတ်နဲ့ ပင်နယ်တီပြစ်ဒဏ်အပေါ်မှာတော့ စိတ်ပျက်မိပါတယ်။ ဘာပဲဖြစ်ဖြစ်နိုင်ခဲ့တဲ့ ဒါနမ် အသင်းအတွက် ဂုဏ်ပြုစကားပြောလိုပါတယ်။ ဒါနမ်အသင်းက ပရော်ဖက်ရှင်နယ်အသင်းကြီးတစ်သင်းပီပီ ပွဲ ချိန်အတွင်း ရသမျှအခွင့်အရေးများကို အကောင်းဆုံးအသုံးချနိုင်ခဲ့တဲ့အပြင် ကွင်းလယ်ဒိုင်လူကြီး ကိုလည်း ဖိ အားပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲနဲ့ ပတ်သက်ပြီး မြင်မိတာ တစ်ခုရှိပါတယ်။ ဧရာဝတီအသင်းက အလယ်တန်းအ ဆင့်လောက်ရှိတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဒါနမ်အသင်းက တက္ကသိုလ်အသင်းကြီး တစ်သင်းပါ။ တက္ကသိုလ်အသင်း ကြီးက အလယ်တန်းအသင်းကို အနိုင်ရရှိသွားသလိုပါပဲ” ဟု ပြောကြားခဲ့သည်။ ဧရာဝတီအသင်းသည် မလေးရှား ကလပ် ကီလန်တန်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲ အဝေးကွင်းပွဲစဉ် ကစားရန် ကျန်ရှိသေးသော်လည်း လက်ရှိအချိန် တွင် ငါးပွဲကစား လေးပွဲရှုံး၊ တစ်ပွဲ နိုင် ရမှတ် ၃ မှတ်ဖြင့်သာ ရရှိသဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ပွဲမတိုင်မှီ  သတင်းစာရှင်းလင်းပွဲတွင်လည်း မာဂျန်က
"(၂)သင်းလုံးရဲ့ ရမှတ် လိုအပ်နေတဲ့ အနေအထားတွေကြောင့် ပွဲက ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ အကြိတ်အနယ် ဖြစ်မှာကလည်း အသေအချာ ပါပဲ" ဟု မာယန်က ပြောကြားခဲ့သည်။ ဆက်လက်၍ မာယန်က ဒါနန်းနှင့် ပွဲတွင် မိမိ ကစားသမားများ၏ ရာနှုန်းပြည့် အားထုတ်မှုကို မျှော်လင့် ထားကြောင်းလည်း ဖွင့်ဟခဲ့သည်။ "ကျွန်တော့် ကစားသမားတွေ နက်ဖြန်ပွဲမှာ ရာနှုန်းပြည့် အားထုတ်ကြဖို့ မျှော်လင့်ပါတယ်။ နက်ဖြန်ပွဲကို သေချာပေါက် အနိုင်ယူမယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ အနိုင်ရကို ရရမယ်လို့ ကျွန်တော်ပြောလိုက်ရင် ကစားသမားတွေ အပေါ် ဖိအား ဖြစ်သွားမှာ စိုးပါတယ်။ ကျွန်တော် လိုချင်တာက သူတို့ရဲ့ ဖိအားကင်းကင်း နိုင်လိုစိတ် အပြည့်နဲ့ အားထုတ်မှုပါ" ဟု မာယန်က ပြောကြားခဲ့သည်။

 
 
  ဗီယက်နမ်ကလပ် ဒါနမ်အသင်းနည်းပြ လီကွမ်နမ်က ဧရာဝတီအသင်းရှိ လူငယ်ကစားသမားများသည် ယခုထက် ပိုမိုရင့်ကျက်ရန် လိုအပ် နေသေးကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ သုံးသပ်သွားသည်။
  ဒါနမ်အသင်းသည် AFC Cup အုပ်စုပွဲစဉ်အဖြစ် ဧပြီ ၂၃ ရက်(ယနေ့)က သုဝဏ္ဏကွင်း၌ အိမ်ရှင်ဧရာဝတီအ သင်းနှင့် ကစားခဲ့ရာ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲတွင် ဧရာဝတီအသင်း နောက်ခံလူ ဖြိုးကိုကိုသိန်းသည် ကွင်းလယ်ဒိုင်လူကြီးအား စောဒကတက်ခဲ့သဖြင့် ပွဲချိန် ၈၅ မိနစ်တွင် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရသလို လူငယ်က စားသမားဟိန်းသီဟဇော်တို့မှာလည်း ပွဲချိန် ၉၁ မိနစ်တွင် ကစားပုံကြမ်းသဖြင့် ကွင်းလယ် ဒိုင်လူကြီးမှတိုက်ရိုက် အနီကတ်ဖြင့် ပြသခြင်းခံခဲ့ရသည်။
  အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဒါနမ်အသင်းနည်းပြ လီကွမ်နမ်က “ ဧရာဝတီအသင်းက ပထမပိုင်းမှာအကောင်း ဆုံးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ကြာလာတာနဲ့အမျှသူတို့ကစားသမားတွေ ကစားအား ကျလာပြီး ကိုယ့်ကို ကိုယ် အကောင်းဆုံးမထိန်းနိုင်ခဲ့ကြပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာမှာအားနည်းခဲ့ပါတယ်။ ဧရာဝတီအသင်းက ကစားသမား နှစ်ယောက် အထုတ်ခံရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဧရာဝတီအသင်းက လူငယ်ကစားသမားတွေ အနေနဲ့ ဒီထက်ပိုပြီး အတွေ့အကြုံ ရင့်ကျက်ဖို့ လိုအပ်ပါသေးတယ်” ဟုပြောကြားခဲ့သည်။
  ဆက်လက်၍ ၄င်းက မိမိအသင်း ပေးလိုက်ရသည့် ဒုတိယဂိုးသည် လူကျွံဘောဟု ထင်မြင်မိကြောင်း၊ ဧရာဝတီအ သင်းအား အနိုင်ရရှိခဲ့သော်လည်း အုပ်စုနောက်တစ်ဆင့် တက်ရေးအတွက် နောက်ဆုံးပွဲစဉ် အထိစောင့်ကြည့်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒါနမ်အသင်းသည် AFC Cup အုပ်စု ငါးပွဲကစားပြီးချိန်တွင် ၃ ပွဲနိုင်၊ ၂ ပွဲရှုံး ရမှတ် ၉ မှတ်ဖြင့်နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရန် အခြေအနေကောင်းနေပြီး လာမည့် ဧပြီ ၃၀ရက်တွင် အိမ်ကွင်း၌ မော်လ်ဒိုက်ကလပ် မာဇီရာအသင်းနှင့်အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားရမည်ဖြစ်သည်။
  ဒါနမ်အသင်း သည် အဆိုပါအုပ်စုနောက်ဆုံးပွဲတွင် မာဇီရာအသင်းအား သရေကစားရုံဖြင့်အုပ်စုအဆင့် မှ နောက် တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သော်လည်း ရှုံးနိမ့်ခဲ့ပါက အုပ်စုအဆင့်မှ ထွက်ရမည်ဖြစ်သည်။

အကျိုးပေးပါသည်..ဗီယက်နမ် နှင်. အနီ..ပင်နတီ

REF ; Myanmar Goal 

No comments:

Post a Comment