Monday, April 8, 2013

ဝါးခယ်မ မြတ်စွယ်တော် သမိုင်း


ဝါးခယ်မမြို. သကျမဟာသီရိ ဘုရားကြီးအတွင်း မဟာပုည၀တ်အသင်းတန်ဆောင်း ရေကြည်တော် ၀တ်အသင်းတန်ဆောင်း အာရုဏ်ခံ ၀တ်အသင်း တန်ဆောင်း သံတန်ဆောင်း တို. ရှိသည်.အနက် အာရုဏ်ခံ ၀တ်အသင်း တန်ဆောင်းတော်အတွင်းရှိ ရွှေတိဂုံ ပုံတူ စေတီင်္တော် အတွင်း တစ်နှစ်ပတ်လုံး ကိန်းဝပ် တော်မူနေပြီး နှစ်စဉ် တပေါင်းလပြည်.မတိုင်ခင် ၉ ရက်တွင် စွယ်တော် တိုက်ကို ဖွင်.လှစ်ကာ အများပြည်သူတို.ကို အပူဇော်ခံ ပါသည်..

.
လူပြည်တွင် ရှိသော စွယ်တော် နှစ်ဆူတို.အနက် သီရိလင်္ကာ စွယ်တော်ပွား ဖြစ်သည်.အတွက် ထို.သို.တစ်နှစ် မှတစ်ကြိမ်သာလျှင် ဖွင်.လှစ်အပူဇော် ခံခြင်း ဖြစ်ဟန်တူသည်......


 ၁၉၅၃ ခုနှစ် က ၀ါးခယ် ဇာတိဖွား နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု သီရိလင်္ကာ မှ ပူဇော်ပင်.ဆောင်လာခဲ့ခြင်း ဖြစ်ပြီး အိမ်တွင် ပူဇော်ထားခဲ့ခြင်းဖြစ်သည်...၁၃၄၂ ခုနှစ် (၁၉၈၀ ခန်.) တွင် အာရုဏ်ခံ ၀တ်အသင်းမှ ပုဂံလုံး ဦးအေးမောင် ဦးဆောင်လျှက် ထိုမြတ်စွယ်တော်ကို မြို.တွင် အပူဇော်ခံ ရန် သွားရောက် ပင်.ဆောင် ခဲ့ပါသည်...ထို.သို.ပင်.ဆောင်ရာတွင် ဦးနု ၏ ဆန္ဒ အရ ရန်ကုန်မဟာစည် ပင်မသာသနာ.ရိပ်သာတွင် လိုက်ပါလာသော ( ၇ ) ဦး တို.သည် ၂လ ကျော် တရားစခန်းဝင် အားထုတ်ခဲ့ကြရပါသည်...၂လ နှင်. ၄ ရက်အကြာတွင် မဟာစည် ဆရာတော် ဘုရားကြီးအထံတွင် ဥာဏ်စဉ် နာခွင်.ရခဲ့ကြပါသည်....၁၃၄၃ နယုန်လ (၁၉၈၁ ခန်.) တွင် ၀ါးခယ်မသို. ပင်.ဆောင် ပူဇော်ခွင်.ရခဲ့ပြီး ၁၃၄၃ ပြာသိုလတွင် အာရုဏ်ခံတန်ဆောင်းအတွင်း ဓါတ်တော်များ ကြွရောက် အပူဇော်ခံနိုင်ရန်အတွက် ရဟန်း ၁၀၈ ပါးခံကာ ၉ ၇က်အဓိဌာန် ဖြင်. ကြိုးစား အားထုတ်ခဲ့ကြပါသည်..

စွယ်တော် အပူဇော်ခံစဉ်
 ထိုအဓိဌာန် အားထုတ်မှုတို.ကြောင်. ဓါတ်တော် ၃ ဆူ မှာ ရောင်ခြည်တော် ကွန်.မြူး၍ အလိုလိုအပူဇော်ခံ ကြွရောက်လာခဲ့ပါသည်....တစ်ဆူကို စွယ်တော်တွင် ဌာပနာ ပူဇော်ပြီး တစ်ဆူကို စွယ်တော် စေတီတော် ကြုပ်တွံင်း ဌာပနာ ပူဇော်ခဲ့ပါသည်...နောက်ဆုံးတစ်ဆူကိုမူ မူလကပင် ဂတိထားခဲ့သည်.အတိုင်း ထိုအဓိဌာန် ၏ ဦးစီးဦးဆောင်ဖြစ်သော ဦးမောင်ဆိုင်-ဒေါ်ဆာဆာ (သော်က ရပ်ကွက် ) တို.ကို ပင်.ဆောင်ပူဇော်ခွင်. ပြုခဲ့ပါသည်....

တစ်နှစ်တာ စွယ်တော်ကိန်းဝပ်ရာ စွယ်တော်တိုက်
 ၁၃၄၅ တပေါင်းလ (၁၉၈၄ ) တွင် ပထမဆုံးအကြိမ် စွယ်တော် ပူဇော်ပွဲ ကို ကျင်းပနိုင်ခဲ့ပြီး ယခုနှစ်ပွဲတော်သည် ၂၉ ကြိမ်မြောက်ဖြစ်ပါသည်... ပူဇော်ပွဲတော် ၁၂ ကြိမ်မြောက်ခန်. (၁၉၉၆ ခန်.) မှစ၍ အလှုငွေ ရရှိမှု အနေအထားကြောင်. အခြား ပျော်ပွဲ ရွှင်ပွဲ ပွဲလမ်း ဇာတ်သဘင်များ ထည်.သွင်းခြင်း မရှိနိုင်ပဲ ယချုနှစ်အထိ ဘုရားပွဲ သီးသန်.အဖြစ်သာ ကျင်းပနိုင်ခဲ့ပါသည်....စေတနာအပြည်. လှုဒါန်းထောက်ပံ.လိုသော ပါရမီရှင်များ အတွက် တော. သတင်းကောင်း တစ်ခုဟုပဲ ဆိုရပါမည်.....

စွယ်တော်ပွဲကျင်းပချိန် ဘုရားကြီးလမ်း
  (စိတ်ရှည်လက်ရှည်ဖြင်. သိလိုသည်များကို တိုက်ရိုက်ဖြေဆိုပေးသွားနိုင်သော ဂေါပက အဖွဲ. နှင်. ကူညီပေးခဲ.သော ညီလေး LH ဓါတ်ပုံပေးပိုခဲ.သော Yar Zar00 & Ye Aung တို.အား အထူးကျေးဇူးတင်ရှိပါကြောင်း )

No comments:

Post a Comment