Tuesday, April 16, 2013

သက်ြန်တွင်း အချိန်ဖြုံးစရာ Web-Site များ

သင်္ကြန်မှာ အိမ်မှာနေရလို့ ပျင်းနေပြီလား။ မပူနဲ့ Mr.AD ကူညီပါ့မယ်။
သင်္ကြန်တွင်းမှာ အိမ်မှာပဲနေမယ်ဆိုသူများအတွက် အချိန်ဖြုန်းစရာ
အပျင်းပြေ ကြည့်ရှုနိုင်သော စိတ်ဝင်စားစရာ web sties တွေကို ..
ဘ၀တူ သယ်ရင်းတွေအတွက်ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ် :))
 
(1) http://mono-1.com/monoface/main.html
Flash နဲ့တည်ဆောက်ထားတဲ့ website အလန်းတစ်ခုဖြစ်ပါတယ်။
မျက်နှာကို အမျိုးမျိုးပြောင်းလဲလို့ရအောင် ဖန်တီးပေးထားပါတယ်။
ဝင် ကလိကြည့်လိုက်ပါ။ ပျော်စရာကောင်းတယ်။ ရယ်လဲရယ်ရတယ်။

(2) http://attackofthecute.com/
သယ်ရင်းဟာ တိရစ္ဆာန်ချစ်တဲ့သူသာဆိုရင် ဒီ site လေးကို
အရမ်းသဘောကျသွားမှာအမှန်ပဲ။ တိရစ္ဆာန်ပေါင်းစုံရဲ့
ချစ်စရာကောင်းသော ပုံတွေကိုပဲ သီးသန့်တင်ဆက်ပေးထားပါတယ်။
ခွေးချစ်သူများ၊ ကြောင်ချစ်သူများ ဒိုးကြဗျာ။ တကယ့်ကို cute ပါပဲ။

(3) http://viooz.eu/
နိုင်ငံခြား ဇာတ်လမ်းတွေ ကြည့်ရှုချင်သူများအတွက်ရှယ်ပါပဲ။
လက်ရှိရုံတင်နေတဲ့ကားသစ်တွေအပြင်၊ အရင် ဇာတ်ကားဟောင်းတွေလဲ ..
အများကြီး ရှာဖွေကြည့်ရှုလို့ရတဲ့ movie stie ဖြစ်ပါတယ်။

(4) http://www.buttonbass.com/
ဒီဆိုက်ဒ်ကတော့ အတော်လန်းတယ်။ Guitar, Drum, Piano တွေတီးလို့ရတယ်။ mouse နဲ့တီးလို့ရသလို Keyboard နဲ့လဲ တီးလို့ရတယ်။ အသံထွက်က လန်းတယ်။ တကယ့်ကို အပျင်းပြေ time killer webstie တစ်ခုပါပဲဗျာ။ နောက်ထပ်မိုက်တာက Embed Coded
ပေးထားတဲ့အတွက် တူရိယာတွေကို မိမိ blog မှာ တင်ထားပြီး ..
အလှဆင်လို့ရတယ်။ ရေလည် လန်းတယ်။ ဒိုးကြဗျို့။

(5) http://taggalaxy.de/
ဒါကတော့ ဓါတ်ပုံတွေ ကြည့်လို့ရတဲ့ webstie တစ်ခုပါ။
ဒါပေမဲ့ ဓါတ်ပုံကြည့်နည်းကို ဆန်းကြယ်စွာ ဖန်တီးထားပါတယ်။
လုံးဝ အလန်းပါပဲ။ Galaxy ဖွဲ့စည်းမှုပုံစံမျိုး ဓါတ်ပုံတွေကို အမျိုးစားအလိုက် ကြည့်ရှုနိုင်အောင် ဖန်တီးတင်ဆက်ပေးထားပါတယ်။ အာကာသထဲ ရောက်သွားသလို ခံစားရပါလိမ့်မယ်။

(6) http://www.foundshit.com/
ဒီဆိုက်ဒ်ကတော့ ကျွန်တော် ပျင်းတိုင်း ၀င်ကြည့်ဖြစ်တဲ့ဆိုက်ဒ်ပါ။
ဘာတွေရှိလဲဆိုတော့ ထူးဆန်းတဲ့ ဓါတ်ပုံတွေ၊ စိတ်ဝင်စားစရာ video တွေ ..
နောက် .. ရယ်စရာကောင်းတဲ့ ဓါတ်ပုံတွေလဲ အပြည့်ပဲ။ တကယ့်ကို အပျင်းပြေပါတယ်။

(7) http://www.miniclip.com/
တော်တော်များများ သိကြမှာပါ။ Flash game တွေ အများကြီး
ဆော့လို့ရတဲ့ဆိုက်ဒ်ပါ။ ဂိမ်းအမျိုးစားတွေ စုံလင်စွာ တင်ဆက်ထားပါတယ်။ Free ဆော့နိုင်ပါတယ်။ အွန်လိုင်းကနေ ဂိမ်းဆော့ချင်သူများအတွက် ရှယ်ပါပဲ။ ဒိုးကြဗျာ။ istunt2 , soccer stars , Commando: Rush အဲ့ဂိမ်းတွေ ဆော့ကောင်းတယ်။

(8) http://thankyou.thisisgrow.com/
ဒီဆိုက်ဒ်ကတော့ အဆန်းပဲဗျ။ ကြိုက်နှစ်သာရာ လူကို ရွေးလိုက်ပါ။
အဲ့လူကနေ အရင်ဆုံး screen ပေါ်မှာ ဒီဇိုင်းရေးဆွဲပြပါမယ်။
ပြီးရင်တော့ ဘာတွေဆက်ဖြစ်မလဲ ကိုယ့်ဘာသာ သွားကြည့်လိုက်ကြ။
connection တော့ နည်းနည်းကောင်းဖို့ လိုတယ်နော် :)
(9) http://www.facebook.com/noicantbelieveit
ဒါကတော့ facebook ပေါ်မှာ နာမည်ကြီးတဲ့ Page တစ်ခုဖြစ်ပါတယ်။
ထူးဆန်းတဲ့ပုံတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းရာတွေကို ..
အမြဲတင်ဆက်ပေးနေတဲ့ Page တစ်ခုပါ။ Like လုပ်ထားသင့်ပါတယ်။
ကမ္ဘာကြီးရဲ့ အံ့သြစရာ ပျော်စရာများကို သယ်ရင်း မြင်တွေ့ ခံစားရမှာပါ။

(10) ကိုယ့်ပုံစံတူ ရုပ်ပုံလေးတွေ ဖန်တီးနိုင်သော ဆိုက်ဒ်များ
http://faceyourmanga.com/
http://www.cartoonize.net/
http://www.weeworld.com/
http://pickaface.net/
http://www.buildyourwildself.com/

(11) http://www.makemebabies.com/
ဒါကတော့ ကိုယ်နဲ့ကိုယ့်ချစ်သူနဲ့ အိမ်ထောင်ကျတဲ့အခါ ..
ဘယ်လို သားသားမီးမီးလေးတွေ ထွက်လာမလဲဆိုတာ ကြိုတင်ပြီး ..
ကြည့်လို့ရတဲ့ ပျော်စရာ ဆိုက်ဒ်တစ်ခုဖြစ်ပါတယ်။ စုံတွဲပုံနှစ်ပုံကို uploade ..
လုပ်ပေးပြီး ကလေးပုံကို ဖန်တီးရယူနိုင်ပါတယ် :))

(12) http://www.eyetricks.dk/
ဒါကတော့ သယ်ရင်းမျက်လုံးကို အသားကုန် လှည့်စားသွားမယ့် site ပါ။
eye tricks တွေ အများကြီး ခံစားနိုင်မယ့် နေရာပါ။ ပျော်စရာကောင်းပါတယ်။
online ပေါ်မှာ မျက်လှည့်တွေ ခံစားချင်ရင် ဒိုးကြဗျာ။

ကဲ .. ဒီလောက်ပဲဗျာ။ နောက်ထပ်လဲ အများကြီးကျန်သေးတယ်။
ဒါပေမယ့် ဒီလောက်ဆိုရင် တော်တော် အပျင်းပြေနေပါပြီ။
အားလုံး သဘောကျ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သင်္ကြန်မှာ အိမ်မှာ အေးဆေး အနားယူနေတဲ့ သယ်ရင်းတို့အတွက် ..
ကျွန်တော် ကြိုးစား ရှာဖွေပေးလိုက်ပါတယ်။ သယ်ရင်းတို့ သဘောကျတဲ့ ဆိုက်ဒ်တွေကိုလဲ comment မှာ ပြောခဲ့ပါဦး။ အားလုံးပဲ ပျော်ရွှင်ကြပါစေ

Mr.AD (www.facebook.com/happyandroidworld.com)

No comments:

Post a Comment