Thursday, November 21, 2013

Ayeyawady United FC ကစားသမားများ ၊ ဧရာဝတီ ပရိသတ်နှင်. Red Waves Member များတွေ.ဆုံပွဲ




 ၂၀၁၃ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁နာရီက ဧရာဝတီ ဘောလုံးအသင်းကို ကိုယ်စားပြုသော ကစားသမားအချို. ၊ Ayeyawady United FC  ( AUFC ) ၏ Fan Club ဖြစ်သော Red Waves Fan Club ( RWFC ) ၏ Member များ ၊ AUFC ၏ ပရိသတ် များ ၏ တွေ.ဆုံ ပွဲတစ်ရပ်ကို ပြည်သူ.ရင်ပြင် နှင်. ပြည်သူ.ဥယျာဉ်၏ မြက်ခင်းပြင်တွင် ကျင်းပခဲ့ပါသည် ။


 ထို လွတ်လပ်ရင်းနှီးနွေးထွေးစွာ တွေ.ဆုံ ပွဲသို. လူ ၃၀ ကျော်တက်ရောက်ခဲ့ပြီး အားလုံးလိုလိုမှာ  ရန်ကုန်တွင် ရောက်ရှိနေကြသော ဧရာဝတီ ဇာတိဖွားများဖြစ်ကြပြီး အချို.မှာ ဇာတိဖွား မဟုတ်သော်လည်း ဧရာဝတီ အသင်းကို ချစ်သည်. ပရိသတ်များ ပါဝင်ခဲ့ကြပါသည်( ထိုပွဲလေးသို. လာရောက်ရန် တက်တက်ကြွကြွ စီစဉ်ပြီးကာမှ မလွှဲမရှောင်သာ အကြောင်းတစ်ခုကြောင်. ရောက်မလာနိုင်ခဲ့သော မအူပင် RWFC များကို လည်း တက်ရောက်ပေးသကဲ့သို. မှတ်ယူကြပါသည် ) ။ ထိုတွေ.ဆုံပွဲလေးတွင် ပွဲမစခင် တက်ရောက်လာသူအားလုံးအား အအေး ၊မုန်.တို.ဖြင်. ဧည်.ခံခဲ့ပြီး အားလုံးရင်းနှီးလွတ်လပ်စွာပြောဆို ဆက်ဆံခဲ့ကြသည် ။ယခုပွဲလေးသို. လူငယ်များသာမက လူကြီးပိုင်းများပါ စိတ်ဝင်တစား တက်ရောက်ခဲ့ကြပါသည် ။


 တွေ.ဆုံပွဲလေး၏ အစတွင် ထိုပွဲလေး၏ MC ဖြစ်သူ RWFC-EC တစ်ဦးဖြစ်သော ရွှေရည် က အစီအစဉ်ကိုပြောကြားခြဲ့ပီး တက်ရောက်လာသော ကစားသမားများ ၊ Fan Club Member များ ၊ ပ၇ိသတ်များ  တစ်ဦးချင်းစီ မိတ်ဆက်ကြပြီး Fan Club ၏ ပြီးခဲ့သည်. တစ်နှစ်တာ တွေ.ကြုံဖြတ်သန်း ခဲ့ရသည်များကို Fan Club EC တစ်ဦးဖြစ်သလို  AUFC ၏ Media Officer ကိုအောင်ကျော်ကျော်က အကျဉ်း ရှင်းလင်းပြောကြားခဲ့သည်။



ထို.နောက် RWFC ၏ ဥက္ကဋ္ဌ မှ လာမည်.ဘောလုံးရာသီ အစီအစဉ်များ ၊ ယခင်တွေ.ကြုံရသည်. အခက်အခဲများ ကိုထပ်မံ ရှင်းလင်းပြောကြားခဲ့သည် ။ ထို.နောက် တက်ရောက်လာသော AUFC ၏ ဂိုးသမား ပြည်.ဖြိုးဦး ၊ အသင်းခေါင်းဆောင် မင်းမင်းသူ ၊ နန္ဒလင်းကျော်ချစ်တို.က RWFC ပေါ်အမြင်များ ပြော ကြားခဲ့ပြီ့း တက်ရောက်လာသူများထဲမှ RWFC အတွက် အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည် ။ ထို.နောက် အမှတ်တရ လက်ဆောင်ပစ္စည်းများ မဲဖောက်ချီးမြှင်.ခြင်းများ ပြုလုပ်ခဲ့ကြသည် ။


 ထိုသို.မဲဖောက်ရာတွင် ငွေကြေးတန်ဖိုးထက် မြတ်နိုးမှုကို အလေးထားကြသော အသင်း ၏ အလံငယ်များ ၊ အသင်းတံဆိပ်ရိုက်နှိပ်ထားသော Note Pad များ ၊ အသင်း၏ ကစားပွဲများတွင် လဲလှယ်ခဲ့သော အလံငယ်များ ၊အသင်း၏ အကျီင်္များ ၊ ကစားသမားများ ၀တ်ဆင် ကစားခဲ့သော ၀တ်စုံများကို  ချီးမြှင်.ခဲ့ခြင်း ဖြစ်သည် ။ မဲဖောက်ရာတွင် တက်ရောက်လာသော RWFC-Member အားလုံး ( EC များမပါ ) ကို ဗလာမပါ စီစဉ်ပေးခဲ့ပြီး RWFC-Member မဟုတ်သော်လည်း ယခုပွဲလေးသို.တက်ရောက်လာပေးသော AUFC ပရိသတ်များအတွက်ကိုမူ ၃၀ % ခန်. ပေါက်မဲစီစဉ်ခဲ့ပြီး မတက်ရောက်နိုင်ခဲ့သော RWFC-Member များအတွက် လည်း ၃၀ % ခန်. ပေါက်မဲစီစဉ်ပေးခဲ့ခြင်းဖြစ်သည် ။ ထိုပေါက်မဲများကိုမူ AUFC ကစားသမားများနှင်. တက်ရောက်လာသူများက ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည် ။ တက်ရောက်လာသူများထဲမှ မဲပေါက်သူများကို AUFC ကစားသမားများမှတိုက်ရိုက်ချီးမြှင်.ခဲ့ပြီး မတက်ရောက်နိုင်သူများအနေဖြင်.  RWFC အတွင်းရေးမှုး -မေစိုးပိုင်ဦး ( ဖုန်း ၀၉-၄၃၁၀၇၉၈၄ ) သို.ဆက်သွယ်ထုတ်ယူနိုင်ပါသည် ။



ထိုနေ.က RWFC- Member များထဲမှ မဲပေါက်သူများထဲမှ ထုတ်ယူရန် ကျန်နေသေးသူများမှာ ..
အသင်း အကျီင်္ ပေါက်သူများ -
1.    ကိုဝင်းကို
2.    ကိုကြည်စိုးထွန်း
3.    ကိုခိုင်စိုးထွန်း
4.    ကိုကျော်ဇင်  တို.ဖြစ်ကြပြီး
ပါဆယ် မဲ ပေါက်သူများမှာ
1.    ကိုဥာဏ်လင်းထွန်း
2.    ကိုဇာနည်
3.    ကိုမျိုးဝင်းညွန်.
4.    ကိုစွမ်းထက်
5.    ကိုအောင်မျိုးနိုင် 
6.     စိုင်းအောင်ကျော်ကျော်
7.    သံယောဇဉ်
8.    နန်.ကျော.၀တ်ရည်ခိုင်
9.    ပန်းဖြူသင်း  တို.ဖြစ်ပါသည် ။

ထို.နောက် တက်ရောက်လာသူအားလုံး အမှတ်တရ ဓါတ်ပုံရိုက်ကြပြီး ထိုနေ.ညနေ ၃နာရီ စလင်းကွင်းတွင် ကျင်းပခဲ့သော ဧရာဝတီ လူငယ်အသင်း၏ ယခုဘောလုံးရာသီနောက်ဆုံးပွဲဖြစ်သော ရခိုင်လူငယ်အသင်း နှင်.ပွဲသို.သွားရောက်အားပေးခဲ့ကြပါသည် ။




ထိုပွဲလေးသို.တက်ရောက်လာသူအားလုံးတို.အားလည်း AUFC&RWFC အမှတ်တရ သော.ချိတ်များ လက်ဆောင် ချီးမြှင်.ပေးခဲ့ပါသည် ။

No comments:

Post a Comment