Sunday, November 10, 2013

ရဲမိုး၏ ရင်တွင်းဖြစ်များ ( လျှပ်စစ် ဖီလင် )





 ဇာတ်လမ်းကတော့ .....
အစိုးရ ကြေငြာချက်က စတယ်လို့ ပဲ ပြောရမယ်......

စီ ကနဲ ညံသွားတယ် .....
မီဒီယာတွေမှာ ပွက်လော ရိုက်တယ်.......

ဆဲတဲ့ သူတွေက ဆဲတယ်.....
ဝေဖန်တဲ့ သူတွေက ဝေဖန်တယ် ....

ထောက်ခံတဲ့ သူက ထောက်ခံသလို....
ကန့် ကွက်တဲ့ သူတွေကလဲ ကန့် ကွက်တယ်....

ပညာရှင် အပြောတွေ ပါသလို ....
အူကြောင်ကြား အပြော တွေလဲ တွေ့ ရတယ်...

သာမန် ပြည်သူတစ်ယောက် ရဲ့ ဘ၀တွေကို ထောက်ပြသလို ...
ခရိုနီတွေ သက်သာဖို့ ကိစ္စလို့ စွပ်စွဲသူက စွပ်စွဲတယ်....

ဒါနဲ့ မပြီးဘူး ...
စ ဆန္ဒပြတယ် ....
အေးအေးချမ်းချမ်းပဲ ....
တစ်ချို့ နေရာတွေမှာ ရဲက တားသလို ....
တစ်ချို့ နေရာတွေ ကြတော့လဲ ...
ရဲ က လွှတ်ပေးတယ် ....

တစ်ဆက်တည်း မှာပဲ လွှတ်တော်ထဲမှာ ....
အစိုးရ လုပ်ဆောင်ချက်ကို ကန့် ကွက်တဲ့ အဆို စ တင်သွင်းတယ်...
လက်ခံ ဆွေးနွေးဖို့ ဆုံးဖြတ်တယ်....

အစိုးရ တာဝန်ရှိသူ တွေ လာရှင်းပြရမယ်.....
အခုလောက်ဆို စာရင်းဇယားတွေ ပြင်ဆင် ....
ကိုယ့် Presentation ကို ကိုယ် အကောင်းဆုံးလုပ်...
မှန်ရှေ့  လေ့ကျင့်ခန်းတွေ နဲ့ အတော်ဟုတ်နေလောက်ပြီ.....

လွှတ်တော်က လက်ခံရင် ဆက်လုပ်လို့ ရမယ်...
လက်မခံရင်တော့ နိဋ္ဌိတန် ပြီ လို့ ပြောရမယ်....

သိပ်ကောင်းတယ်....
ကြိုက်တယ် ....
ထောက်ခံတယ်....
ဒီမိုကရေစီ ဆိုတာ ဒါပဲ ...
Check & Balance သဘောတရားတွေ ...
အပြည့်အ၀ တွေ့ ရတယ်....

အေး တစ်ခုပဲ ပြောစရာရှိတယ်....
လုပ်နေတဲ့ ကိစ္စ အားလုံးက ...
တစ်ပြည်လုံး လျှပ်စစ်ဓာတ်အား ညီညီမျှမျှ သုံးခွင့်မရလို့ ....
ကိုယ်ချင်းစာ ဒေါသထွက်ကြတာ မဟုတ်သလို ....
ရခိုင်က တစ်ယူနစ် ၅၀၀ လဲ ဘယ်သူမှ စိတ်မ၀င်စားဘူး....

တရုတ် မီး ယူထားရတဲ့ မြို့ တွေ အကြောင်း နားမထောင်ချင်သလို ....
ကိုယ်ထူကိုယ်ထ မီးလင်းရေး ကျေးရွာတွေ အကြောင်းလဲ ...
တစေ့တစ်စောင်းတောင် မသိချင်ဘူး....

လွှတ်တော် အရေးတကြီး လုပ်နေတာလဲ ....
၂၀၁၈ ခုနှစ် ၅ နှစ်အတွင်း.....
တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား လွှမ်းခြုံ ဖြန့် ဖြူးရေး ဥပဒေကြမ်း မဟုတ်သလို ....
အစိုးရ ကလဲ အနာဂတ် Plan ဆိုတာ ...
နားမှ လေသံတောင် ကြားဖူးပုံ မပေါ်ဘူး....
ရှိခဲ့ ရင်လဲ ချပြရကောင်းမှန်း အပါးမ၀ဘူး....

အစိုးရက ဈေးတိုးတောင်းတယ်....
လူတွေက ဒေါသထွက်တယ် ....
လွှတ်တော်က တိုး တောင်းတာရပ်ခိုင်းဖို့  စဉ်းစားတယ်....
ဒါပဲ .......

သိပ်ကောင်းတယ်...
သူ့ အရပ် နဲ့ သူ့ ဇာတ်.....

ဒီမိုကရေစီတော့ ဒီမိုကရေစီပဲ .....
ဘာ ဒီမိုကရေစီလဲ သိလား.....
အေး ... မှတ်ထား .....
ဖွတ်ကြား ဒီမိုကရေစီ ....
ဖွတ်ကြား ဒီမိုကရေစီ ကွ ....မှတ်ထား ဒါပဲ
...။

( ဖွတ်ကြား ရဲမိုး ရေးသည် )




လာစမ်း ....ဒေါင်းစားလေး....
ရွှမ်း ....အောင်မလေးဗျ....

မှတ်ထား ..လျှပ်စစ် ဆိုတာ ထွက်တဲ့ နေရာကနေ.....
နင့်ဂျီးတော် အိမ်ရောက်တဲ့ အထိ ကြိုးနဲ့ သွယ်ရတယ်...
ကြေးနန်း လုံးပတ် တုတ်ရင် တုတ်သလောက်...
အလေ အလွင့်ရှိတယ်....
တစ်နိုင်ငံလုံး မိုင်သိန်းသောင်းချီ သွယ်ထားတဲ့  ကြိုးတွေမှာ ....
ဘယ်လောက် အလေအလွင့် ရှိမလဲ ...
၈ တန်းလောက် တတ်ရင်ကို မှန်းလို့ ရတယ်...
စာမကျက်ပဲ ဂိမ်းထိုင်နှိပ်ပြီး...
ပေါက်ကရ ၀င်ပြောလို့ တွယ်သကွ ... မှတ်ထား.....

ဓာတ်ငွေ့ တွေ ပြည်ပ ရောင်းစားတယ် ဟုတ်လား.....
ရွှမ်း ....အောင်မလေးဗျ....

မှတ်ထား ..နင့်အမေလင် ဓာတ်ငွေ့ က ..
ဒီအတိုင်း မိုးပေါ်ပန်းထွက်နေတာ မဟုတ်ဘူး....
မြေကြီးအောက် ပင်လယ်အောက်မှာ ရှိတာ....
အိမ်မှာ ရှိတဲ့ ဂေါ်ပြားနဲ့ တူးမရဘူး....
သူများကို ရှာခိုင်းရတယ်...
မရှာခင် စာချုပ်ချုပ်ပေးရတယ်....
တွေ့ ရင် ဘယ်လောက်ရောင်းပေးမယ်....
ဘယ်နှစ်နှစ် ရောင်းပေးမယ် ဆိုတာ.....
အဲလို ...အလေနတ်တော ပေါက်ပန်းဈေးတွေ ...
ရမ်းပြောနေလို့ ချသကွ .. မှတ်ထား....

စာချုပ်တွေချုပ်တာ ကိုယ့်ဘက်က ခံဘက်ကြီးပဲ ဟုတ်လား ....
ရွှမ်း ....အောင်မလေးဗျ....

နင့် ပါပါတွေက အားလုံး ပိတ်ဆို့ ထားတော့ ...
ဘယ်သေနာကျမှ ခေါ်ခိုင်းလို့ မရဘူး....
အရဲစွန့် လုပ်တဲ့  မသာ တစ်ကောင် နှစ်ကောင်ကို ...
ကမ်းလွန် တွင်းတူးစင်လေး ....
တစ်ခု နှစ်ခုလောက် ဆောက်ပါမယ့်အရေး....
ဖင်ပြဲအောင် တောင်းပန်ရတယ်.....
ဒီလို အနေအထားမှာ....
နင့် စာချုပ်က ကိုယ့်ဘက်က အသာရမလား ဟဲ့ ....
အိမ်ဆိုင်လေးလောက်တောင် မဖွင့်ဘူးပဲ...
အလုံးကြီးတွေ စွတ်ပြောနေလို့ ဆော်သကွ မှတ်ထား....

ပွင့်လင်း မြင်သာမှု မရှိဘူး ဟုတ်လား.....
ရွှမ်း ....အောင်မလေးဗျ....

ဂျာနယ် နဲ့ သတင်းစာ ရာနဲ့ ချီ ရှိတယ်.....
အစိုးရကို လာလာ ရှင်းပြခိုင်းနေတဲ့  လွှတ်တော်ကြီး ရှိတယ်...
တစ်ကမ္ဘာလုံး အုံးအုံးကျွက်ကျွက် ထောက်ခံပါတယ် ဆိုတဲ့ ....
အတိုက်အခံ ပါတီကြီး ရှိတယ်....
ကိစ္စ တစ်ခုဖြစ်ရင် အချက်အလက် ရှာဖွေစုဆောင်းပြီး ...
စနစ်တကျ ဖော်ထုတ်ရေးသားတဲ့  .....
အဖွဲ့ အစည်း ဘယ်နှစ်ခု ရှိလဲ....
မီဒီယာ ဘယ်နှစ်ခုရှိလဲ....
မှတ်ထား တကယ်တန်းပွင့်လင်းမြင်သာမှု မရှိဘဲ ဘက်လိုက်ပြီး....
ကိုယ် ရေးချင်တာလေးပဲ ကွက်ကွက်ရေး ....
ကိုယ်မြင်ချင်တာလေးပဲ ကွက်ကွက်မြင်တာ နင်တို့ ဟဲ့ ...
အရာအားလုံး ၀ါးလုံးချီးသုတ် ရမ်းနေလို့ အုပ်သကွ ....မှတ်ထား...

အစိုးရ ဆိုတာ အရှုံးခံ လုပ်ရတာတွေ ရှိတယ်...
ကျန်တဲ့  မြတ်တဲ့ နေရာက ပိုက်ဆံစိုက်ပေး....
မသမာမှုတွေ လျော့ ...ဟုတ်လား...
ရွှမ်း ....အောင်မလေးဗျ....

ပညာရေးလဲ ဖွံ့ ဖြိုးချင်တယ်...
ကျန်းမာရေး လဲ တိုးတက်ချင်တယ် ....
ဆက်သွယ်ရေးလဲ ကောင်းစေချင်သလို
လမ်းတံတားတွေလဲ အမိုက်စား ဖြစ်ချင်တယ်...
အားကစား ကိုလဲ နာမည်ကြီး စေချင်သလို ....
တစ်ခုခုဆိုလဲ ရဲကားတွေ ချက်ချင်း ရောက်စေချင်တယ်....
အေး....ဒါပေမယ့် ......
ကိုယ်ကျတော့...
ကားကို လဲ စည်းကမ်းမဲ့ မောင်းတယ်...
ကွမ်းတံတွေးကို အဆင်ပြေသလို ထွေးတယ်...
အမှိုက်ကို ကြုံတဲ့ နေရာပြစ်သလို ....
အသံချဲ့ စက်ကို မိုင်ကုန်ဖွင့်တယ်...
တစ်ခုခုဆို ဂွင်ရှာပြီး ညှိဖို့ လုပ်သလို ....
ရရင်ရသလို အနေချောင်အောင် နေတယ်...
အဲတော့ အဲဒါတွေကြည့်ပြီး နင့်အလုပ်ထဲမှာ ....
နင် ဘယ်လိုနေမလဲ မှန်းလို့ ရတယ်.....
အယူပဲ ရှိပြီး တစ်ခုနှစ်ခု ပြန်ပေးဖို့ တောင် စိတ်မ၀င်စားပဲ ...
ဖြစ်ချင်တာတွေကြီး စွတ်အော်နေလို့  ကစ် သကွ .....မှတ်ထား ...

ပြည်သူ့ မျက်နှာ မကြည့်ဘူး ဟုတ်လား....
ရွှမ်း ....ရွှမ်း ....ရွှမ်း.....
အောင်မလေးဗျ....
အောင်မလေးဗျ....
အောင်မလေးဗျ....

ရခိုင်က ကောင်လဲ ပြည်သူပဲ ....
ကချင်က ကောင်လဲ ပြည်သူပဲ
ဖွတ်က ကောင်တွေလဲ ပြည်သူ ဖြစ်သလို ...
စစ်တပ်က ကောင်တွေလဲ ပြည်သူပဲ ....
မီးမလင်းသေးတဲ့ ရွာတွေက ကောင်တွေလဲ ပြည်သူ...
ကိုယ်ထူကိုယ်ထ ကျေးရွာတွေလဲ ပြည်သူ ...
အီးပီစီကကောင်လဲ ပြည်သူ ...
သတ္တုတွင်းက ကောင်လဲ ပြည်သူ .....
နောက်ဆုံး ပြောရရင် ...ငါလဲ ပြည်သူပဲကွ.....
ရှေ့ မကြည့် နောက်မကြည့် ....နင့် ဆန္ဒကို ....
ပြည်သူ့ ဆန္ဒ ကြီး လုပ်နေလို့  ရိုက်သကွ...ဗျဉ်းသကွ.....ဖဲ့သကွ ....
ကဲကွာ ...ကဲကွာ....ကဲကွာ....
ရွှမ်း ....ရွှမ်း ....ရွှမ်း.....။

( အမြင်မတော်လို့  ၀င်ဆော်တဲ့  ရဲမိုး )


 

No comments:

Post a Comment