Thursday, November 14, 2013

ဒီေန.ဆိုရင္.................................................




ယေန.လို ေန.မ်ိဳး လြန္ခဲ့ေသာ ႏွစ္ ၂၀ခန္.ကသာဆိုလွ်င္ သူငယ္ခ်င္းမ်ားႏွင္. သြားႀက လာႀက လုပ္ႀက ကိုင္ႀက ကိုယ္.ကိုကိုယ္ လုပ္ငန္းႀကီး တစ္ခု စစ္ဆင္ေရးႀကီးတစ္ရပ္၏  အေရးႀကီး အစိတ္အပိုင္းမ်ားသဖြယ္ သေဘာထားလွ်က္ ပင္ပန္းရမွဳကိုပင္ ဂုဏ္ယူေနႀက မည္ၿဖစ္သည္ ။ ဟုတ္ပါသည္ ။မနက္ၿဖန္ဆိုလွ်င္ ကၽြန္ေတာ္တို.ေတြေပ်ာ္ခဲ့ေသာ ၊ ကၽြန္ေတာ္တို.ေတြ မေမ.နိဳင္ခဲ့ေသာ ၊ ဘ၀၏ အမွတ္ထင္ထင္ သူငယ္ခ်င္းမ်ား ၊ ေပ်ာ္ရႊင္မွဳမ်ား ၊ႀကည္နဴးၿခင္းမ်ားစြာတို.ကို ရွင္သန္ေပါက္ဖြားေစခဲ့ေသာ ေက်ာင္းႀကီး ( အထက ၁ ၀ါးခယ္မ )၏ ကထိန္ လွည္.ေပေတာ.မည္ ။ေတာ္ရာနွင္. ေပ်ာ္ရာ တစ္ထပ္တည္း မက်သူတို.အဖို. အထူးတမ္းတမိေသာ ရက္စြဲမ်ားတြင္ ထိပ္ဆံုးကပါ၀င္ေသာ အခ်ိန္ တစ္ခုမို. ၿပင္းၿပင္ၿပၿပ တမ္းတေနမိသည္ ။ အိုးစည္ ဒိုးပတ္သံမ်ား ၊ လမ္းေဘးမွ တိုက္ေကၽြးေပးေနေသာ (ဟိုတုန္းက ) ဇီးေဖ်ာ္ရည္ ၊သံဘူး ၊လိုင္မႀကဴး ရနံ.မ်ား ၊ ေရာင္စံု အရုပ္အမ်ိဳးမ်ိဴး ၊ ပန္းႀကိဳးလိမ္မ်ား ၊ပူုစိေပါင္းမ်ားၿဖင္. အလွဆင္ထားေသာ စာသင္ခန္းမ်ား ၊ ၿမန္မာစာဆရာမ ရြတ္ဆိုေနေသာ ဆြဲဆြဲငင္ငင္ ရတုသံ ၊ ကြယ္လြန္သြားရွာၿပီၿဖစ္သည္. ဆရာဦးၿမင္.ေဆြဦးစီးေသာ စည္ေတာ္အဖြဲ. ၊ပါဆယ္ဂိမ္းေဆာ.ရင္း ရွက္ေနႀက သည္. သူငယ္ခ်င္းမ်ား ၊ တစ္၀န္းလံုး လွဳပ္လွဳပ္ရြရြ ၿဖင္. စည္ကားတက္ႀကြေနေသာ ေက်ာင္း၀င္းတစ္ခုလံုး……….


 ငယ္စဥ္ကေလးဘ၀ ေက်ာင္းႀကီးကထိန္ အရုပ္အမ်ိဳးမ်ိဳးေတြနဲ.လွည္.တာၿမင္တိုင္း  ငါလည္းႀကီးလာရင္ ဒီလိုလွည္.ရမွာပဲဆိုတာက မူလတန္းေက်ာင္းသားကေလးငယ္တိုင္းလိုလို၏ အိမ္မက္တစ္ခုၿဖစ္သည္ ။ ဟိုအရင္ကေက်ာင္းႀကိးဆိုသည္က ၅တန္းေရာက္မွာသာ တက္ေရာက္ရသည္ၿဖစ္သည္မို. ေဘးကရပ္အားက်ေနရံုသာ ။သို.ေသာ္လည္း တကယ္တမ္းကေတာ. ၅တန္းေရာက္လွ်င္ေတာင္မွ အရုပ္လုပ္ခြင္.မရ။ ၆တန္းေရာက္မွသာအရုပ္လုပ္ခြင္.စ  ရသည္ ။

တကယ္ေတာ.ေက်ာင္းႀကိးကထိန္သည္ ေက်ာင္းႀကီး၏ ဂုဏ္ယူဖြယ္ ေကာင္းသတင္းတစ္ရပ္ ၿဖစ္သလို၊ ၿမိဳ.ေလး၏ ၿမတ္နိဳးဖြယ္ အစဥ္အလာတစ္ခု  လည္းၿဖစ္သည္ ။



 ကထိန္အတြက္ ေက်ာင္း တက္စ ပိုက္ဆံစုစဥ္ကပင္ ပိုက္ဆံတတ္နိဳင္ေသာ အခန္းႏွင္. ခ်ိဳ.တဲ့ေသာ အခန္းတို.က တစ္ေန.ခ်င္းစုေငြကေတာ.ကြာသည္ ။ထို.အတြက္လည္း ကထိန္ေရာက္ခ်ိန္တြင္  ႀကက္သားဟင္းႏွင္. အုန္းထမင္း-ေရခဲမုန္. ၊ ႀကက္ပဲ - ငံၿပာရည္ ဆီသတ္ မွသည္ မုန္.ဟင္းခါး အထိအမ်ိဳးမ်ိဳးေတာ. ကြာၿခားသြားသည္( ထိုစဥ္ကေတာ. ဒံေပါက္ဟူသည္ စိတ္၀င္စားဖြယ္ အစားအစာတစ္ခုမဟုတ္) ။ ထို.အတူ အရုပ္လုပ္ႀကရာ၀ယ္ ပိုက္ဆံတတ္နိဳင္ေသာ အခန္းက အရုပ္ေကာင္းေကာင္း လွလွ ကို အကုန္အက်ခံ လုပ္ႀကခ်ိန္ ေငြေႀကးခ်င္.ခ်ိန္ရေသာ အခန္းက မိမိတို.အရုပ္ကို မိမိတို.ဘာသာ အခ်င္းခ်င္းဆရာ တင္ရင္း လုပ္ႀကသည္ ။ ထိုကိစၥကအေတာ္ေတာ.ေပ်ာ္ဖို.ေကာင္းသည္ ။ အနည္းငယ္တတ္သူကိုဆရာတင္ရင္း ၀ါးေတြခုတ္ ၊ စကၠဴေတြ၀ယ္ ေဆးေတြၿခယ္ ၊ လုပ္ေတာ.တစ္ရုပ္ ၿပီးေတာ.တစ္မ်ိဳး လွည္.သည္.ေန.က်ေတာ. အခ်င္းခ်င္းအၿပစ္တင္ ၊ဘယ္သူမွ မကိုင္ခ်င္ၿဖစ္ ဒါေပမယ္. အမွတ္တရ စစ္စစ္ေတြၿဖစ္ႀကသည္ ။တတ္နိဳင္သူတို.က သူတို.အရုပ္ကို လုပ္တတ္သူတို.ထံ ပိုက္ဆံႏွင္.အပ္ ၊ သူမ်ား ေတြလာမႀကည္.ရေအာင္ ဖြက္ၿပီး စိတ္တိုင္းက်အလွၿပင္ ၊ ပြဲ၀င္သည္.ေန.က်ေတာ. ကိုင္မည္.သူကအလုအယက္   ၊ ေခါင္းေတြေမာ. မာန္ေတြတက္ ဒါလည္း ေက်ာင္းကထိန္ရဲ. ၿပကြက္တစ္ခုပင္ေနာင္ဘ၀မ်ား လူၿဖစ္ခဲ့ရင္ၿပန္ႀကံဳခ်င္ပါရဲ.
Photo by Kyaw Min Ko
 



ထိုစဥ္က အခန္းအလိုက္ထည္.ရသည္. အတီးအမွဳတ္ အကအခုန္တို.ကေတာ. ရိုးရာ အေတာ္ဆန္ေသးသည္ဟုေၿပာရမည္ ။ အားလံုးလိုလိုက အိုးစည္ ၊ ဒိုးပတ္ စသည္တို.ငွားႀကသည္ ။အေတာ္မ်ားမ်ား ကိုယ္တိုင္တီးႀကသည္ ။နယ္ကတက္လာသူတို.က တီးတတ္ မွဳတ္တတ္သူမ်ားပါႀကသည္ ။ ကိုယ္.ဘာသာ ပတ္၀န္းက်င္ ကကၽြမ္းက်င္သူအခ်ိဳ.ေခၚၿပီး တီးမွဳတ္ႀကသည္မ်ား ရွိေသာ္လည္း မ်ားေသာအားၿဖင္.ကေတာ. ကိုယ္တိုင္ပါ၀င္ေဖ်ာ္ေၿဖႀကသည္ေပါ ။ ပတ္စာ ဘယ္လိုထည္.ရမွန္း ေသခ်ာမသိ ၊ႀကိဳးဘယ္လိုတင္းရမွန္းနားမလည္ ၊တီးဖို.ေတာင္အနိဳင္နိဳင္မို. ဘယ္လိုမွ သာယာနာေပ်ာ္ဖြယ္မၿဖစ္ေသာ္လည္း အသံထြက္လွ်င္ပင္ေက်နပ္ေနႀကသည္ ။ ကထိန္မတိုင္ခင္ တစ္ပတ္ခန္. အလိုတည္း က က်င္.လိုက္ရသည္.အက်င္. ၊ တိုက္လိုက္ရသည္.အတီး အိမ္နီးနားခ်င္းတို.ကေတာ. ထိုရက္ပိုင္းတြင္ ေက်ာင္းသားငယ္တို.ကို ေဘးမဲ့ေပးထားရေတာ.သည္ ။ ကိုယ္တိုင္လည္း ဒီေက်ာင္းထြက္ ဒီဇာတ္ပ်က္ထဲ ကခဲ့ဖူးႀကသူမ်ားမို.ခြင္.လႊတ္ႀကၿခင္းလားေတာ.မသိ ။ ၁၀ မိနစ္ နား၀င္ပီယံ ၊ က်န္အခ်ိန္ စကားမ်ား ၊အနားယူ ၊ေပါက္ကရတီး ဒီလိုနဲ.တစ္နာရီၿပီး တစ္နာရီ နာ၇ီေတြသာ အလီလီကုန္၊ ပတ္ - ဗံု -ဗံု ကမတက္ လွည္.သည္.ေန.ေရာက္ေတာ. ပြဲမ၀င္ခင္ က်င္းပခဲ့သည္. အၿပင္က လက္မ်ားက ေယာင္ကိုင္း  ၊ ခပ္ဆိုင္းဆိုင္းသာတီးနိဳင္ေတာ.သည္ ။ ၿမိဳ.ထဲလွည္.လို.တစ္၀က္ေလာက္ေရာက္ေတာ. ၀ါးလက္ခုပ္မ်ားလည္း ထက္ၿခမ္းကြဲ ၊ အိုးစည္ဒိုးပတ္ တို.က ဗတ္ ဗတ္ေတာင္မၿမည္ခ်င္ေတာ. အသံထြက္တာဆိုလို. လင္ကြင္း (ယကြင္း ) တစ္ခုေလာက္သာက်န္ေတာ.သည္ ။ ေနာက္ဆံုး ဒိုးပတ္ေတြ ဒုတ္နဲ.တီး ၿပီးေတာ.ေတာင္းေတာင္းပန္ပန္ေလ်ာ္လုိက္ႀက အဲ့ဒီလိုေက်ာင္းသားဘ၀  ေနာင္ဘ၀ေတာ……….ၿပန္ဆံုခ်င္ပါရဲ.



 အဲ့ဒီလိုည ကိုယ္.ဘာသာခ်က္ႀကသည္. အခန္းေတြကေတာ. အေတာ္ေတာ. ေပ်ာ္ဖို.ေကာင္းခဲ့ႀကသည္ ။ ဆရာမ တစ္ဦးဦးအိမ္ ဒါမွမဟုတ္ အခ်က္အၿပဳတ္ ၀ါသနာပါသည္.မိဘ ေသခ်ာသည္က သူတို.အလွည္.က်ေတာ.သည္ ။ ေယာက္က်ားေလးေတြက မီးေမႊး ၊ေစ်း၀ယ္ ၊ အိုးသယ္ႀက ၊ မိန္းကေလးေတြက (မလုပ္တတ္ လုပ္တတ္ ) ႀကက္သြန္ခြာ ၊ ၿငဳပ္သီးေထာင္ း ၊ နယ္ဖတ္ ဆီသတ္ ေယာင္ၿပဳ ၊အၿပီးသတ္ ဟုတ္ဟုတ္ဟတ္ဟတ္ ၿမည္းေယာင္ၿပဳ ၊ဘာတစ္ခုမွေသခ်ာ နားမလည္ႀကေပမယ္. မိန္းကေလးတို. စရုိက္ ဆရာဂိုက္ေတာ.ဖမ္းတတ္ႀကသည္ ။ တကယ္ပင္ပန္းသူေတြက အိမ္သူအိမ္သားမ်ားပင္ ၊ ကိုယ္အိမ္လာခ်က္လို. ကေလးေတြစားဖို.ခ်ေႀကြးရ ၊လိုတာေလးေတြ ေပးသံုးရ ၊လာသမွ်ကေလးေတြက ဖြတဲ့အမွိဳက္ေတြသိမ္း ၊ပြက္ပြက္ညံတဲ့ စကားသံေတြနားဆင္ ၊ဒါေပမယ္. သူတို.အၿပစ္မၿမင္ခဲ့ႀက ………ေနာင္ဘ၀ႀကရင္ ဒီလို အခ်ိန္ေလးေတြလည္း ၿပန္ႀကံဳခ်င္ပါရဲ.

 

 တစ္ႏွစ္လံုးေက်ာင္းဘယ္လိုပင္ တက္ခဲ့ရ တက္ခဲ့ရ ကထိန္လွည္.သည္.ေန.က်ေတာ. အၿဖဴအစိမ္း အသစ္တစ္စံု မိဘေတြရဲ. ဘတ္ဂ်တ္ရန္ပံုေငြမွာ စာရင္းတင္ေတာင္းႀကတတ္သည္က ေက်ာင္းသားတိုင္းလိုလိုပင္ ။ တတ္နိဳင္သည္.မိဘတို.က အေကာင္းဆံုးဆိုေသာအရာကို ေ၇ြးခ်ယ္ ခ်ဳပ္အပ္ေပးေနႀကခ်ိန္ ၀င္ေငြနည္းမိသားစုတို. အဖို.ေတာ.ေခါင္းခဲရၿပီ ။ သားသမီးတို.ကိုေခ်ာ.ေမာ.ရၿပီ ။ သူမ်ားသားသမီးေတြ အ၀တ္အစားသစ္ေလးေတြႀကား ကိုယ္.သားသမီး မ်က္ႏွာငယ္ရမည္.အေရးေတြးမိေသာ္လည္း က်န္အေရးမ်ားက ဗူး ၊ ဖရံုသာမက သခြားပါဆင္.ေနေသာ စင္မို. ရင္နာနာႏွင္. ဥပေကၡာၿပဳ၇ေတာ.သည္ ။ ထိုကေလးငယ္အဖို. ကထိန္လွည္.သည္. မနက္ခင္းသည္ တက္ႀကြဖြယ္အလ်ဥ္းမရွိ ဒါေပသိ အခန္းထဲေရာက္လို. အားလံုးႏွင္. တစ္သားတည္းၿဖစ္သြားခ်ိန္  သိမ္ငယ္တာေတြ အထုိက္အသင္.ေပ်ာက္  ၊လွည္.ခ်ိန္ေရာက္ေတာ.ေမ. ၊အခန္းထဲ ၿပန္ေရာက္ စားေသာက္ ေဆာ.ကစား တစ္ေယာက္နဲ. တစ္ေယာက္ႀကား ဘာမွ ၿခားမေနေတာ.သလိုပါပဲ ..ဒါသည္ပင္ ေက်ာင္းသားဘ၀ၿဖစ္ေပသည္ 

 

 ကထိန္လွည္.မည္.ည အိပ္မရတာက ေက်ာင္းသားေတြတင္မဟုတ္ မိဘေတြပါ ပါရသည္ ။ မနက္ အခ်ိန္မွိနိဳးဖို. ၊ အထူးသၿဖင္. မိန္းကေလးငယ္တို.၏ မိဘေတြအဖို. မိမိတို. ကေလးကို စိတ္တိုင္းက် လက္စြမ္းၿပခြင္.၇ေတာ.မည္မို. ပိတိေတြတစ္သိမ္.သိမ္. ( လူႀကီးခ်င္းက်ေတာ. ဒီလို လက္တည္.စမ္းလို.ရသည္မဟုတ္ ) ၊ မိုးမလင္းခင္ထ စိတ္တိုင္းက်ၿပင္ႀကေတာ.သည္ ။ မိမိစိတ္ထဲရွိသမွ် ပံုေအာအလွဆင္ႀကေတာ.သည္ ။အခ်ိဳ.ကေတာ.လည္း အေတာ္အတန္လွေသာ ပံု၇ိပ္မ်ားထြက္ ၊ အခ်ိဳ.ကေတာ. ႀကည္.ေပ်ာ္ရွဳေပ်ာ္ ၊ အခ်ိဳ.ကေတာ. မိဘမ်ား၏ လက္တည္.စမ္းသားေကာင္ၿဖစ္ရေတာ.သည္ ။ ေက်ာင္းေရာက္ေတာ. အခ်ိဳ.ကခ်ီးက်ဳးခံရ အခ်ိဳ.က စေနာက္ခံရ  မိဘမ်ားကေတာ. ကထိန္လွည္.လာခ်ိန္ ကိုယ္.ကေလးေတြ ကိုယ္ႀကည္.ရင္း  (မည္.သို.ပင္ၿဖစ္ေစ ) သူတို.လက္စြမ္း သူတို. အေက်နပ္ႀကီးေက်နပ္ေနႀကသည္ ။ (တစ္ခ်ိန္က ထိုသို.ေက်နပ္ပိတိအၿပည္. လမ္းေဘးက ရပ္ႀကည္.ေပးေနခဲ့ႀကသည္ အခ်ိဳ.ေသာ မိဘမ်ားကေတာ. ဒီဘ၀ကို ႏွဳတ္ဆက္ သံသရာခရီးထြက္ခဲ့ႀကၿပီ )

Photo by Kyi Myat Moe
 

 ဒီေန.ဆိုရင္ ေက်ာင္းမွာ အခန္းေတြကို အလွဆင္ေနႀကၿပီ ။

ဒီေန.ဆိုရင္ အရုပ္ေတြအၿပီးသတ္လုပ္ၿပီး ေက်ာင္းဆီသယ္ေနႀကၿပီ ။

ဒီေန.ဆိုရင္ ခ်ဳပ္ထားတဲ့အ၀တ္အစားေတြ ဆိုင္ကေနသြားယူေနႀကၿပီ ။

ဒီေန.ဆိုရင္ ဒိုးပတ္ေတြငွား ၊ Soundbox ေတြၿပင္ေနႀကၿပီ ။

ဒိေန.ဆိုရင္ နက္ၿဖန္အစားအေသာက္အတြက္ စီစဥ္ေနႀကၿပီ ။

ဒီေန.ဆိုရင္ မနက္ၿဖန္ေဆာ.မယ္. Game ေတြအတြက္ အစီအစဥ္ေတြ ဆြဲေနႀကၿပီ။

ဒိေန.ဆိုရင္ နက္ၿဖန္ဘယ္လို၀တ္မယ္ ဘယ္လိုၿပင္မယ္ တိုင္ပင္ေနႀကၿပီ။

ဒိေန.ဆိုရင္……………..

ဒိေန.ဆိုရင္………

ကၽြန္ေတာ္ကေတာ. ၿမိဳ.ေလးရဲ. ခပ္ေ၀းေ၀း တစ္ေနရာမွာပဲ ေက်ာင္းႀကီးရိွႏိုိဳင္ေလာက္မယ္.ဘက္ဆီေငးရင္း ……..

ဟိုးးးးးးးးး တုန္းက သူငယ္ခ်င္းေတြ

ဟိုးးးးးးးးးးးတုန္းကအခ်ိန္ေတြ

ဟိုးးးးးးးးးးးးးတုန္းကေပ်ာ္ရႊင္မွုေတြ

ဟိူးးးးးးးးးးးးးးးးးးးးးးးးးတုန္းက……………………………………



ယနေ.လို နေ.မျိုး လွန်ခဲ့သော နှစ် ၂၀ခန်.ကသာဆိုလျှင် သူငယ်ချင်းများနှင်. သွားကြ လာကြ လုပ်ကြ ကိုင်ကြ ကိုယ်.ကိုကိုယ် လုပ်ငန်းကြီး တစ်ခု စစ်ဆင်ရေးကြီးတစ်ရပ်၏  အရေးကြီး အစိတ်အပိုင်းများသဖွယ် သဘောထားလျှက် ပင်ပန်းရမှုကိုပင် ဂုဏ်ယူနေကြ မည်ဖြစ်သည် ဟုတ်ပါသည် ။မနက်ဖြန်ဆိုလျှင် ကျွန်တော်တို.တွေပျော်ခဲ့သော ကျွန်တော်တို.တွေ မမေ.နိုင်ခဲ့သော ဘဝ၏ အမှတ်ထင်ထင် သူငယ်ချင်းများ ပျော်ရွှင်မှုများ ၊ကြည်နူးခြင်းများစွာတို.ကို ရှင်သန်ပေါက်ဖွားစေခဲ့သော ကျောင်းကြီး ( အထက ဝါးခယ်မ ) ကထိန် လှည်.ပေတော.မည် ။တော်ရာနှင်. ပျော်ရာ တစ်ထပ်တည်း မကျသူတို.အဖို. အထူးတမ်းတမိသော ရက်စွဲများတွင် ထိပ်ဆုံးကပါဝင်သော အချိန် တစ်ခုမို. ပြင်းပြင်ပြပြ တမ်းတနေမိသည် အိုးစည် ဒိုးပတ်သံများ လမ်းဘေးမှ တိုက်ကျွေးပေးနေသော (ဟိုတုန်းက ) ဇီးဖျော်ရည် ၊သံဘူး ၊လိုင်မကြူး ရနံ.များ ရောင်စုံ အရုပ်အမျိုးမျိူး ပန်းကြိုးလိမ်များ ၊ပူုစိပေါင်းများဖြင်. အလှဆင်ထားသော စာသင်ခန်းများ မြန်မာစာဆရာမ ရွတ်ဆိုနေသော ဆွဲဆွဲငင်ငင် ရတုသံ ကွယ်လွန်သွားရှာပြီဖြစ်သည်. ဆရာဦးမြင်.ဆွေဦးစီးသော စည်တော်အဖွဲ. ၊ပါဆယ်ဂိမ်းဆော.ရင်း ရှက်နေကြ သည်. သူငယ်ချင်းများ တစ်ဝန်းလုံး လှုပ်လှုပ်ရွရွ ဖြင်. စည်ကားတက်ကြွနေသော ကျောင်းဝင်းတစ်ခုလုံး……….

 ငယ်စဉ်ကလေးဘ၀ ကျောင်းကြီးကထိန် အရုပ်အမျိုးမျိုးတွေနဲ.လှည်.တာမြင်တိုင်း  ငါလည်းကြီးလာရင် ဒီလိုလှည်.ရမှာပဲဆိုတာက မူလတန်းကျောင်းသားကလေးငယ်တိုင်းလိုလို၏ အိမ်မက်တစ်ခုဖြစ်သည် ဟိုအရင်ကကျောင်းကြိးဆိုသည်က ၅တန်းရောက်မှာသာ တက်ရောက်ရသည်ဖြစ်သည်မို. ဘေးကရပ်အားကျနေရုံသာ ။သို.သော်လည်း တကယ်တမ်းကတော. ၅တန်းရောက်လျှင်တောင်မှ အရုပ်လုပ်ခွင်.မရ။ ၆တန်းရောက်မှသာအရုပ်လုပ်ခွင်.  ရသည်

တကယ်တော.ကျောင်းကြိးကထိန်သည် ကျောင်းကြီး၏ ဂုဏ်ယူဖွယ် ကောင်းသတင်းတစ်ရပ် ဖြစ်သလို၊ မြို.လေး၏ မြတ်နိုးဖွယ် အစဉ်အလာတစ်ခု  လည်းဖြစ်သည်

 ကထိန်အတွက် ကျောင်း တက်စ ပိုက်ဆံစုစဉ်ကပင် ပိုက်ဆံတတ်နိုင်သော အခန်းနှင်. ချို.တဲ့သော အခန်းတို.က တစ်နေ.ချင်းစုငွေကတော.ကွာသည် ။ထို.အတွက်လည်း ကထိန်ရောက်ချိန်တွင်  ကြက်သားဟင်းနှင်. အုန်းထမင်း-ရေခဲမုန်. ကြက်ပဲ - ငံပြာရည် ဆီသတ် မှသည် မုန်.ဟင်းခါး အထိအမျိုးမျိုးတော. ကွာခြားသွားသည်( ထိုစဉ်ကတော. ဒံပေါက်ဟူသည် စိတ်ဝင်စားဖွယ် အစားအစာတစ်ခုမဟုတ်) ထို.အတူ အရုပ်လုပ်ကြရာဝယ် ပိုက်ဆံတတ်နိုင်သော အခန်းက အရုပ်ကောင်းကောင်း လှလှ ကို အကုန်အကျခံ လုပ်ကြချိန် ငွေကြေးချင်.ချိန်ရသော အခန်းက မိမိတို.အရုပ်ကို မိမိတို.ဘာသာ အချင်းချင်းဆရာ တင်ရင်း လုပ်ကြသည် ထိုကိစ္စကအတော်တော.ပျော်ဖို.ကောင်းသည် အနည်းငယ်တတ်သူကိုဆရာတင်ရင်း ဝါးတွေခုတ် စက္ကူတွေဝယ် ဆေးတွေခြယ် လုပ်တော.တစ်ရုပ် ပြီးတော.တစ်မျိုး လှည်.သည်.နေ.ကျတော. အချင်းချင်းအပြစ်တင် ၊ဘယ်သူမှ မကိုင်ချင်ဖြစ် ဒါပေမယ်. အမှတ်တရ စစ်စစ်တွေဖြစ်ကြသည် ။တတ်နိုင်သူတို.က သူတို.အရုပ်ကို လုပ်တတ်သူတို.ထံ ပိုက်ဆံနှင်.အပ် သူများ တွေလာမကြည်.ရအောင် ဖွက်ပြီး စိတ်တိုင်းကျအလှပြင် ပွဲဝင်သည်.နေ.ကျတော. ကိုင်မည်.သူကအလုအယက်   ခေါင်းတွေမော. မာန်တွေတက် ဒါလည်း ကျောင်းကထိန်ရဲ. ပြကွက်တစ်ခုပင်နောင်ဘဝများ လူဖြစ်ခဲ့ရင်ပြန်ကြုံချင်ပါရဲ.

ထိုစဉ်က အခန်းအလိုက်ထည်.ရသည်. အတီးအမှုတ် အကအခုန်တို.ကတော. ရိုးရာ အတော်ဆန်သေးသည်ဟုပြောရမည် အားလုံးလိုလိုက အိုးစည် ဒိုးပတ် စသည်တို.ငှားကြသည် ။အတော်များများ ကိုယ်တိုင်တီးကြသည် ။နယ်ကတက်လာသူတို.က တီးတတ် မှုတ်တတ်သူများပါကြသည် ကိုယ်.ဘာသာ ပတ်ဝန်းကျင် ကကျွမ်းကျင်သူအချို.ခေါ်ပြီး တီးမှုတ်ကြသည်များ ရှိသော်လည်း များသောအားဖြင်.ကတော. ကိုယ်တိုင်ပါဝင်ဖျော်ဖြေကြသည်ပေါ ပတ်စာ ဘယ်လိုထည်.ရမှန်း သေချာမသိ ၊ကြိုးဘယ်လိုတင်းရမှန်းနားမလည် ၊တီးဖို.တောင်အနိုင်နိုင်မို. ဘယ်လိုမှ သာယာနာပျော်ဖွယ်မဖြစ်သော်လည်း အသံထွက်လျှင်ပင်ကျေနပ်နေကြသည် ကထိန်မတိုင်ခင် တစ်ပတ်ခန်. အလိုတည်း က ကျင်.လိုက်ရသည်.အကျင်. တိုက်လိုက်ရသည်.အတီး အိမ်နီးနားချင်းတို.ကတော. ထိုရက်ပိုင်းတွင် ကျောင်းသားငယ်တို.ကို ဘေးမဲ့ပေးထားရတော.သည် ကိုယ်တိုင်လည်း ဒီကျောင်းထွက် ဒီဇာတ်ပျက်ထဲ ကခဲ့ဖူးကြသူများမို.ခွင်.လွှတ်ကြခြင်းလားတော.မသိ ၁၀ မိနစ် နားဝင်ပီယံ ကျန်အချိန် စကားများ ၊အနားယူ ၊ပေါက်ကရတီး ဒီလိုနဲ.တစ်နာရီပြီး တစ်နာရီ နာရီတွေသာ အလီလီကုန်၊ ပတ် - ဗုံ -ဗုံ ကမတက်လှည်.သည်.နေ.ရောက်တော. ပွဲမဝင်ခင် ကျင်းပခဲ့သည်. အပြင်က လက်များက ယောင်ကိုင်း  ခပ်ဆိုင်းဆိုင်းသာတီးနိုင်တော.သည် မြို.ထဲလှည်.လို.တစ်ဝက်လောက်ရောက်တော. ဝါးလက်ခုပ်များလည်း ထက်ခြမ်းကွဲ အိုးစည်ဒိုးပတ် တို.က ဗတ် ဗတ်တောင်မမြည်ချင်တော. အသံထွက်တာဆိုလို. လင်ကွင်း (ယကွင်း ) တစ်ခုလောက်သာကျန်တော.သည် နောက်ဆုံး ဒိုးပတ်တွေ ဒုတ်နဲ.တီး ပြီးတော.တောင်းတောင်းပန်ပန်လျော်လိုက်ကြ အဲ့ဒီလိုကျောင်းသားဘ၀  နောင်ဘဝတော……….ပြန်ဆုံချင်ပါရဲ.

 အဲ့ဒီလိုည ကိုယ်.ဘာသာချက်ကြသည်. အခန်းတွေကတော. အတော်တော. ပျော်ဖို.ကောင်းခဲ့ကြသည် ဆရာမ တစ်ဦးဦးအိမ် ဒါမှမဟုတ် အချက်အပြုတ် ဝါသနာပါသည်.မိဘ သေချာသည်က သူတို.အလှည်.ကျတော.သည် ယောက်ကျားလေးတွေက မီးမွှေး ၊ဈေးဝယ် အိုးသယ်ကြ မိန်းကလေးတွေက (မလုပ်တတ် လုပ်တတ် ) ကြက်သွန်ခွာ ငြုပ်သီးထောင် နယ်ဖတ် ဆီသတ် ယောင်ပြု ၊အပြီးသတ် ဟုတ်ဟုတ်ဟတ်ဟတ် မြည်းယောင်ပြု ၊ဘာတစ်ခုမှသေချာ နားမလည်ကြပေမယ်. မိန်းကလေးတို. စရိုက် ဆရာဂိုက်တော.ဖမ်းတတ်ကြသည် တကယ်ပင်ပန်းသူတွေက အိမ်သူအိမ်သားများပင် ကိုယ်အိမ်လာချက်လို. ကလေးတွေစားဖို.ချကြွေးရ ၊လိုတာလေးတွေ ပေးသုံးရ ၊လာသမျှကလေးတွေက ဖွတဲ့အမှိုက်တွေသိမ်း ၊ပွက်ပွက်ညံတဲ့ စကားသံတွေနားဆင် ၊ဒါပေမယ်. သူတို.အပြစ်မမြင်ခဲ့ကြ ………နောင်ဘဝကြရင် ဒီလို အချိန်လေးတွေလည်း ပြန်ကြုံချင်ပါရဲ.


 တစ်နှစ်လုံးကျောင်းဘယ်လိုပင် တက်ခဲ့ရ တက်ခဲ့ရ ကထိန်လှည်.သည်.နေ.ကျတော. အဖြူအစိမ်း အသစ်တစ်စုံ မိဘတွေရဲ. ဘတ်ဂျတ်ရန်ပုံငွေမှာ စာရင်းတင်တောင်းကြတတ်သည်က ကျောင်းသားတိုင်းလိုလိုပင် တတ်နိုင်သည်.မိဘတို.က အကောင်းဆုံးဆိုသောအရာကို ရွေးချယ် ချုပ်အပ်ပေးနေကြချိန် ဝင်ငွေနည်းမိသားစုတို. အဖို.တော.ခေါင်းခဲရပြီ သားသမီးတို.ကိုချော.မော.ရပြီ သူများသားသမီးတွေ အဝတ်အစားသစ်လေးတွေကြား ကိုယ်.သားသမီး မျက်နှာငယ်ရမည်.အရေးတွေးမိသော်လည်း ကျန်အရေးများက ဗူး ဖရုံသာမက သခွားပါဆင်.နေသော စင်မို. ရင်နာနာနှင်. ဥပက္ခောပြု၇တော.သည် ထိုကလေးငယ်အဖို. ကထိန်လှည်.သည်. မနက်ခင်းသည် တက်ကြွဖွယ်အလျဉ်းမရှိ ဒါပေသိ အခန်းထဲရောက်လို. အားလုံးနှင်. တစ်သားတည်းဖြစ်သွားချိန်  သိမ်ငယ်တာတွေ အထိုက်အသင်.ပျောက်  ၊လှည်.ချိန်ရောက်တော.မေ. ၊အခန်းထဲ ပြန်ရောက် စားသောက် ဆော.ကစား တစ်ယောက်နဲ. တစ်ယောက်ကြား ဘာမှ ခြားမနေတော.သလိုပါပဲ ..ဒါသည်ပင် ကျောင်းသားဘဝဖြစ်ပေသည်


 ကထိန်လှည်.မည်. အိပ်မရတာက ကျောင်းသားတွေတင်မဟုတ် မိဘတွေပါ ပါရသည် မနက် အချိန်မှိနိုးဖို. အထူးသဖြင်. မိန်းကလေးငယ်တို. မိဘတွေအဖို. မိမိတို. ကလေးကို စိတ်တိုင်းကျ လက်စွမ်းပြခွင်.၇တော.မည်မို. ပိတိတွေတစ်သိမ်.သိမ်. ( လူကြီးချင်းကျတော. ဒီလို လက်တည်.စမ်းလို.ရသည်မဟုတ် ) မိုးမလင်းခင်ထ စိတ်တိုင်းကျပြင်ကြတော.သည် မိမိစိတ်ထဲရှိသမျှ ပုံအောအလှဆင်ကြတော.သည် ။အချို.ကတော.လည်း အတော်အတန်လှသော ပုံရိပ်များထွက် အချို.ကတော. ကြည်.ပျော်ရှုပျော် အချို.ကတော. မိဘများ၏ လက်တည်.စမ်းသားကောင်ဖြစ်ရတော.သည် ကျောင်းရောက်တော. အချို.ကချီးကျုးခံရ အချို.က စနောက်ခံရ  မိဘများကတော. ကထိန်လှည်.လာချိန် ကိုယ်.ကလေးတွေ ကိုယ်ကြည်.ရင်း  (မည်.သို.ပင်ဖြစ်စေ ) သူတို.လက်စွမ်း သူတို. အကျေနပ်ကြီးကျေနပ်နေကြသည် (တစ်ချိန်က ထိုသို.ကျေနပ်ပိတိအပြည်. လမ်းဘေးက ရပ်ကြည်.ပေးနေခဲ့ကြသည် အချို.သော မိဘများကတော. ဒီဘဝကို နှုတ်ဆက် သံသရာခရီးထွက်ခဲ့ကြပြီ )


 ဒီနေ.ဆိုရင် ကျောင်းမှာ အခန်းတွေကို အလှဆင်နေကြပြီ

ဒီနေ.ဆိုရင် အရုပ်တွေအပြီးသတ်လုပ်ပြီး ကျောင်းဆီသယ်နေကြပြီ

ဒီနေ.ဆိုရင် ချုပ်ထားတဲ့အဝတ်အစားတွေ ဆိုင်ကနေသွားယူနေကြပြီ

ဒီနေ.ဆိုရင် ဒိုးပတ်တွေငှား Soundbox တွေပြင်နေကြပြီ

ဒိနေ.ဆိုရင် နက်ဖြန်အစားအသောက်အတွက် စီစဉ်နေကြပြီ

ဒီနေ.ဆိုရင် မနက်ဖြန်ဆော.မယ်. Game တွေအတွက် အစီအစဉ်တွေ ဆွဲနေကြပြီ။

ဒိနေ.ဆိုရင် နက်ဖြန်ဘယ်လိုဝတ်မယ် ဘယ်လိုပြင်မယ် တိုင်ပင်နေကြပြီ။

ဒိနေ.ဆိုရင်……………..

ဒိနေ.ဆိုရင်………

ကျွန်တော်ကတော. မြို.လေးရဲ. ခပ်ဝေးဝေး တစ်နေရာမှာပဲ ကျောင်းကြီးရှိနိုင်လောက်မယ်.ဘက်ဆီငေးရင်း ……..

ဟိုးးးးးးးးး တုန်းက သူငယ်ချင်းတွေ

ဟိုးးးးးးးးးးးတုန်းကအချိန်တွေ

ဟိုးးးးးးးးးးးးးတုန်းကပျော်ရွှင်မှုတွေ

ဟိူးးးးးးးးးးးးးးးးးးးးးးးးးတုန်းက…………………………………… 

No comments:

Post a Comment