Sunday, November 10, 2013

27th Seagame အုပ်စုခွဲခြင်းနှင်. ဖိလစ်ပိုင် ၊ ထိုင်းတို.၏ ပြဿနာများ





၂၀၁၃ ခုနှစ်၂၇ကြိမ်မြောက် Seagame ပြိုင်ပွဲအတွက် အားအကားအသင်းများတရားဝင် မဲနှိုက် အုပ်စုခွဲခြင်းကို နိုဝင်ဘာ ၆ ရက် မနက် ၁၀နာရီက နေပြည်တော် Wunna Theikdi ကစားကွင်း Press Conference Room မှာ ကျင်းပခဲ့ပါတယ် ။ အဲ့ဒီအခမ်းအနားမှာ ဘောလုံးနဲ.ဖူဆယ်ပွဲအတွက် အုပ်စုခွဲခြင်းကို AFC Competition Mananger Mr-Bryan See ၊ ဘော်လီဘောပြိုင်ပွဲအတွက် ထိုင်းနိုင်ငံမှ Techanical Delegate Mr-Shanrid Wong Perasat ၊  မြှားပစ်အတွက် ကမ္ဘာ.မြှားပစ်အဖွဲ.ချုပ် နိုင်ငံတကာ ဒိုင်လူကြီး ဒေါက်တာမြတ်သူရစိုး ၊ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် အာရှပိုက်ကျော်ခြင်းအဖွဲ.ချုပ် ဥက္ကဌ Mr-Harlim  နှင်. အတွင်းရေးမှုး  Mr-Bunchaiတို.က မဲနှိုက် ဆုံးဖြတ်ပေးခဲ့ကြပါတယ် ။

အဲ့ဒီလိုဆုံးဖြတ်ရာမှာ အမျိုးသားဘောလုံး အုပ်စု(က)မှာ မလေးရှား၊ဗီယက်နမ် ၊ စင်္ကာပူ ၊ လာအို ၊အင်ဒိုနီးရှား ၊ဘရူနိုင်း ၊ဖိလစ်ပိုင် တို.ပါဝင်မှာဖြစ်ပြီး အုပ်စု (ခ)မှာတော. မြန်မာ ၊အင်ဒိုနီးရှား၊တီမော၊ထိုင်း၊ကမ္ဘောဒီးယားတို. ပါဝင်မှာဖြစ်ပါတယ် ။အမျိုးသမီးဘောလုံးမှာတော. အုပ်စု (က) ဗီယက်နမ် ၊ဖိလစ်ပိုင်၊အင်ဒိုနီးရှား ၊မြန်မာ ၊ အုပ်စု(ခ)မှာတော. ထိုင်း၊လာအို၊မလေးရှား၊တီမောအသင်းတို.ပါဝင်မှာဖြစ်ပါတယ်။
အမျိုးသားဘောလီဘောမှာတော. အုပ်စု(က) ထိုင်း ၊မလေးရှား၊ကမ္ဘောဒီးယား ၊မြန်မာ အုပ်စု(ခ)တွင် အင်းဒို နီးရှား၊ဗီယက်နမ် ၊ လာအိုတို.ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။အမျိုးသမီးဘောလီဘောပွဲကိုတော. ပါဝင်ယှဉ်ပြိုင်မယ်. နိုင်ငံ ၅နိုင်ငံပဲရှိတာမို. စည်းမျဉ်းအရ အုပ်စုမခွဲပဲ ပတ်လည်ကစားရမှာဖြစ်ပါတယ် ။ အဲ့ဒီ၅ သင်းကတော. မြန်မာ ၊မလေးရှား၊ အင်ဒိုနီးရှား ၊ဗီယက်နမ် ၊ထိုင်း အသင်းတို.ဖြစ်ပါတယ် ။
ဘတ်စကက်ဘောမှာတော.အမျိုးသားမှာ မြန်မာအပါအ၀င် အသင်း၇ သင်း ၊အမျိုးသမီး ၅သင်း ပတ်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ် ။ မြှားပစ်မှာတော. Standing A  မှာ မြန်မာ ၊ အင်ဒို ၊ထိုင်း ၊ဖိလစ်ပိုင် နဲ. B မှာ လာအို ၊မလေး ၊ဗီယက်နမ် ၊စင်္ကာပူတို.ယှဉ်ပြိုင်ပါမယ် ။ပိုက်ကျော်ခြင်း REGU မှာတော. အုပ်စု (က) မလေး၊လာအို ၊ကမ္ဘောဒီးယား (ခ)မှာ ထိုင်း ၊ဗီယက်နမ် ၊မြန်မာ Team Double မှာတော. အုပ်စု (က) ဘရူနိုင်း ၊ဗီယက်နမ် ၊စင်္ကာပူ ၊ကမ္ဘောဒီးယား အုပ်စု(ခ) မြန်မာ ၊ အင်ဒို ၊ မလေး၊လာအို အမျိုးသား Double ပွဲမှာ အုပ်စု(က) ဘရူနိုင်း ၊ အင်းဒို နီးရှား၊ဗီယက်နမ် ၊ လာအို အုပ်စု (ခ) ၊စင်္ကာပူ ၊ကမ္ဘောဒီးယား ၊ ဖိလစ်ပိုင်၊မြန်မာ အမျိုးသမီး Double ပြိုင်ပွဲ အုပ်စု ( က ) ဖိလစ်ပိုင် ၊ ၊ဗီယက်နမ် ၊မြန်မာ အုပ်စု ( ခ) တွင် အင်ဒို ၊ မလေး၊လာအို ၊ကမ္ဘောဒီးယား တို.ပါဝင်မည်ဖြစ်ကြောင်း သိရပါသည် ။


 ဒါပေမယ်.လည်း အဲ့ဒီမှာပြဿနာ အနည်းငယ်ရှိခဲ့ပါတယ် ။ ဒီမဲခွဲပွဲကိုတက်ရောက်လာခဲ့တဲ့ ဖိလစ်ပိုင်ကိုယ်စားလှယ်က တစ်လုံးတစ်ပါဒ မှ တရားဝင်ပြောကြားခဲ့ခြင်းမရှိပဲ မဲမခွဲခင်အထိ ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းအနေနဲ.တရားဝင်ဘယ်လိုအကြောင်းကြားမှုမျိုးမှ မရှိခဲ့တာကြောင်. နိုင်ငံကိုယ်စားလှယ်အားလု့းစုံညီတက်ရောက်မဲခွဲခဲ့ကြတာဖြစ်ပါတယ် ။ မဲခွဲပြီးမှတရားဝင်နှုတ်ထွက်စာ တင်ခဲ့လို. AFC ( အာဆီယံဘောလုံး အဖွဲ.ချုပ် ) ကနေနောက်တစ်နေ.ပွဲစဉ် ပြန်လည်ရေးဆွဲမယ်တွေ ဘာတွေထိဖြစ်ခဲ့ပါတယ် ။ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဖိလစ်ပိုင်ဟာ သူတို.အားသာတဲ့ ကစားနည်းတွေဖြစ်တဲ့ ကျွမ်းဘား ၊တင်းနစ်စတဲ့ အိုလံပစ် အားကစားတွေမပါပဲ ခြင်းလုံးခတ်ကစားနည်း ထည်.ခဲ့လို.ပြိုင်ပွဲကို သပိတ်မှောက်မယ် တွေ ဘာတွေ ဖြစ်ခဲ့ပါသေးတယ် ။ အိမ်ရှင်နိုင်ငံတိုင်းဟာ ကိုယ်ကြိုက်တဲ့ ရိုးရာ အားကစားနည်း ၃၀ % ထိထည်.သွင်းနိုင်တယ်ဆိုတဲ့ စည်းမျဉ်းကိုသိလျှက် ၊ ကိုယ်အိမ်ရှင်လုပ်တုန်းက အကကိုတောင် Dancing Sport လို.နာမည်တပ် ၊ပြိုင်ပွဲလုပ်ပြီး အဲ့ဒီကစားနည်းကနေ ရွှေတွေအများကြီးယူသွားခဲ့ဖူးတဲ့ ဖိလစ်ပိုင်က ဒိလိုတွေဖြစ်တယ်ဆိုတော. အင်း အလှည်.ကျနွဲ.လို.မရဘူးကွာလို.တောင်ပြောရမလားပါပဲ ။



 ဒါ.အပြင်နောက်ထပ်ပြဿနာတစ်ခုက သူတို.ချင်းဖြစ်ရာကနေပြိုင်ပွဲထိဂယက်ရိုက်လာတဲ့ထိုင်း တို.ရဲ.ပြဿနာပါပဲ ။သူတို.ရဲ. ရိုးရာ အားကစားကို Seagame ပြိုင်ပွဲတစ်ခုအဖြစ် အောင်မြင်စွာပုံဖော်နိုင်ခဲ့တဲ့ အဲ့ဒီထိုင်းနိုင်ငံဟာ သူတို.ခေါ်သွင်းလာတဲ့ မွေထိုင်းပြိုင်ပွဲကိုဝင်မပြိုင်နိုင်ဘူးလိုလို ဖြစ်နေပါတယ် ။ဒီကSeagame မွေထိုင်းပြိုင်ပွဲဟာ ကမ္ဘာ.မွေထိုင်းအဖွဲ.ချုပ် ( WMF ) ရဲ. စီမံမှုအောက်မှာ ကျင်းပတာဖြစ်ပြီး ဒါကိုထိုင်းအပျော်တမ်း မွေထိုင်း အဖွဲ. ( AMAT ) ကလုံးဝလက်မခံပါဘူး ။ အဲ့ဒီ AMAT နဲ. IFMA ( အပြည်ပြည်ဆိုင်ရာ အပျော်တမ်း မွေထိုင်းအဖွဲ.ချုပ်) က တစ်ဖွဲ.တည်းပါ ။ သူတို.နဲ့ အဲ့ဒီ WMF ကလုံးဝမတည်.ပါဘူး ။ထိုင်းမှာရှိတဲ့ မွေထိုင်းကစားသမားတွေဟာ ပရိုစစ်စစ်တွေမို. သက်ဆိုင်ရာ စာချုပ်တွေကြောင်. ဒီလိုပွဲတွေ လာပြိုင်လို.မရပါဘူး ။ထိုင်းအား/ကာ အောက်မှာလည်းမွေးထားတဲ့ မွေထိုင်းကစားသမား မရှိပါဘူး ။ဒါကြောင်. AMAT အောက်ကကစားသမားတွေသာလာပြိုင်လို.ရပေမယ်. သူတို.နဲ.မတည်.တဲ့ အဖွဲ.ကဦးစီးတာမို. မလွှတ်ပါဘူးဆိုတော. ကဲ……..ဒါကိုမြန်မာနိုင်ငံက တာဝန်ရှိသူ တွေသွားရောက်ညှိုနေဆဲပါတဲ့ဗျာ ။

Source ; မြန်မာ.အလင်း ၊ သန်.ဇင် @ စံတော်ချိန်




No comments:

Post a Comment