Friday, November 22, 2013

အရှိန် အဟုန်မြှင်. ပြင်ဆင် ဖြည်.စွက်မှုများဖြင်. MNL 2014 အတွက် AUFC ပြင်ပြီ


Photo by SM

 ပြီးခဲ့သည်. ၂၀၁၃ ဘောလုံးရာသိတွင် အောင်မြင်မှု မရရှိခဲ့သော Ayeyawady United FC ဘောလုံးအသင်းသည် လာမည်. ၂၀၁၄ ရာသီသစ်တွင်တော.အောင်မြင်မှုများ ရရှိနိုင်ရန် စောစီးစွာပင် အရှိန်အဟုန်မြင်.ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည် ။ထို.ဆောင်ရွက်ချက်များအနက်မှ ပြည်ပကစားသမားများ ခေါ်ယူစမ်းသပ်ခြင်း ကို ဆောင်ရွက်လျှက်ရှိပြီး ထိုအစီအစဉ်များသည် ယမန်နှစ် ရာသီကုန်လုနီးတွင် အသင်းသို.တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့သော နည်းပြဦးဆန်းဝင်း ၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပုံရပါသည် ။ 

 
ထိုသို. ခေါ်ယူထားသော ကစားသမားများအနက် ပထမဆုံးရောက်ရှိလာသော ကစားသမားမှာ နိုက်ဂျီးရီးယား လူမျိုး အသက် ၂၀ ရှိ Ayuk Ojong Victor  ဖြစ်ပြီး ၂၅ - ၁၀-၂၀၁၃ နေ.တွင် မလေးရှားလေကြောင်းလိုင်းဖြင့်  ရောက်ရှိလာခြင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့သောကလပ်အသင်းမှာ- UNICEM ROVERS FC (NIGERIA) ဖြစ်သည်ဟု သိရပါသည် ။ 
  

ထို.အပြင် ၃၀ - ၁၀ - ၂၀၁၃ နေ.က ဒုတိယ ကစားသမားတစ်ဦး Air Asia လေကြောင်း လိုင်းဖြင့် ရန်ကုန်သို.ထပ်မံရောက်ရှိလာပြီး နိုက်ဂျီးရီးယား သားပင်ဖြစ်သော Sunny Ameh (ဆန်နီ) သည် ၁၉၈၆ နှစ်ဖွား အသက် ၂၇ နှစ်ရှိ - Centre Back, Defensive Midfield ကစားသမား တစ်ဦးဖြစ်ကြောင်းသိရပါသည် ။ထိုကစားသမားသည်  - Kwara United FC (Nigeria) ကလပ်တွင်နောက်ဆုံးကစားခဲ့ပြီး အရပ် ၆ ပေ ၃ လက်မ ရှိသူတစ်ဦးဖြစ်ပါသည် ။


 တတိယမြောက် ကစားသမား တစ်ဦးမှာ လည်း နိုက်ဂျီးရီးယန်း သားပင်ဖြစ်ကာ အသက် ၂၂ နှစ် ( ၆ - ၃ - ၁၉၉၂ ) အရပ် - ၅ ပေ ၁၁ လက်မ ရှိပြီး ၃၁ - ၁၀ - ၂၀၁၃ နေ.က ထပ်မံရောက် ရှိလာခဲ့ခြင်းဖြစ်သည် ။- Pioneer FC (Nigeria) ကလပ်တွင်နောက်ဆုံးကစားခဲ့သည်. Midfield/ Centre Midfield ကစားသမား၏ အမည်မှာ OYINTUBO FEDSON ZIEBI (ဇေးဘီး) ဖြစ်သည် ။

ထို.အပြင် Delta United ဘ၀က ကစားသမားတစ်ဦးဖြစ်သော ဘမ်ဘာမှာလည်း အသင်းသို.ခြေစွမ်းလာရောက်စမ်းသပ်ခံလျှက်ရှိသည် ။ (သူ၏ အင်တာဗျုးကိုအောက်တွင် သီးခြားဖော်ပြပေးထားပြီး ထိုအင်တာဗျုးမှ ယနေ.လက်ရှိ MNL အခြေအနေ ကို တစ်စေ.တစ်စောင်းတော. သိရပါလိမ်.မည် )နောက်ဆုံးသိရသော သတင်းများအရ ကစားသမား ၅ဦး ခေါ်ယူစမ်းသပ်နေသည်.အနက် တစ်ဦးကို ပြန်လွှတ်လိုက်ပြီး ၄ဦးကိုမူ စစ်ဆေးဆဲ ဖြစ်သည်ဟု သိရပါသည် ။

လွမ်းမိပါသည် ထိုအချိန်များဆီ
 တစ်ဖက်မှ ကစားသမားသစ်များ ခေါ်ယူစမ်းသပ်နေသလို အခြားတစ်ဖက်ကလည်း နည်းပြအဖွဲ. အင်အားဖြည်.တင်းမှုများလည်း ပြုလုပ်နေသည်ဟုသိရပါသည် ။ချင်းယူနိုက်တက်၏ လက်ထောက်နည်းပြ တစ်ဦးဖြစ်သော ဦးအောင်ခိုင် နှင့် ဇွဲကပင်ယူနိုက်တက်၏ ဂိုးနည်းပြ ဦးအောင်ကျော်ကျော်အား အသင်းတွင် စာချုပ် ချုပ်ဆိုသွားမည် ဖြစ်ပြီး ဦးအောင်ခိုင်မှာ B လိုင်စင်ရ နည်းပြ တစ်ဦးဖြစ်ကာ ချင်းယူနိုက်တက်တွင် ဦးဆန်းဝင်း နည်းပြချုပ်လုပ်ခဲ့စဉ်က လက်တွဲခဲ့ဖူးသူလည်း ဖြစ်သည်။ ဦးအောင်ကျော်ကျော်မှာ ယခင် ဒယ်လ်တာ ယူနိုက်တက်တွင် ဂိုးနည်းပြအဖြစ် ဆောင်ရွက်ဖူးပြီး ကမ္ဘောဇအက်ဖ်စီ၊ ဇွဲကပင်ယူနိုက်တက် အက်ဖ်စီတို့တွင် ဂိုးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။ ၄င်း နည်းပြအသစ် (၂) ဦးအား မကြာမီ အသင်းတွင် စာချုပ်ချုပ်ဆိုသွားမည် ဖြစ်ပြီး စာချုပ်သက်တမ်းကာလအား တရားဝင်စာချုပ်ချုပ်ဆိုပြီးသည့် အချိန်တွင် ထုတ်ပြန် ပေးသွားမည် ဖြစ်သည်ဟု သိရပါသည် ။

၂၀၀၉ ခုနှစ် ဇူလိုင် ၉ ရက် နေ. ရန်ကုန်ကို ၂-၁ နှင်.နိုင်ခဲ့သော ပွဲ


  ဒါလေးကတော. ဘမ်ဘာရဲ. အင်တာဗျုးလေးပါ
မေး- အရင် ဒယ်လ်တာယူနိုက်တက်မှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံကို ပြောပြပါဦး

ဖြေ- ကျနော်က မြန်မာနေရှင်နယ်လိဂ်မှာ စပြီး ကစားတုန်းက ရန်ကုန်ယူနိုက်တက်မှာ ကစားခဲ့ပါတယ်။ အဲ့ဒီ့ကနေ ဒယ်လ်တာ ယူနိုက်တက်ကို ပြောင်းလာတာပေါ့။ ဒယ်လ်တာယူနိုက်တက်မှာ ကစားခဲ့တုန်းက တကယ့်ကို မိတ်ဆွေ၊ သူငယ်ချင်းကောင်းတွေ ရခဲ့ပါတယ်။ နည်းပြကောင်းတစ်ယောက်လည်း ရခဲ့ပါတယ်။ ပရိသတ်တွေ တစ်ခဲနက် လာရောက်အားပေး ခဲ့တာတွေလည်း အမှတ်တရပါပဲ။ အထူးသဖြင့် ကျနော်တို့လို အာဖရိက ကလာတဲ့ လူမည်း ကစားသမားတွေကို ဒီက ပရိသတ်တွေက နိုင်ငံရပ်ခြားက လာတဲ့လူတွေလို့ မြင်မနေဘဲ တကယ့်လူရင်းတွေလို ဆက်ဆံခဲ့တာကို အမှတ်ရပါတယ်။ ဘယ်သူနဲ့မှလည်း ဘာပြဿနာမှ မဖြစ်ခဲ့သလို လူတိုင်းလူတိုင်းက ကျနော်တို့ကို ပျော်ရွှင်စေခဲ့ပါတယ်။ အမည်ဖော်မပြောလိုပေမယ့် တစ်ချို့နိုင်ငံတွေဆိုရင် ကျနော်တို့အတွက် သိပ်ကို ခက်ခဲစေတဲ့ ပေါင်းသင်းဆက်ဆံမှုတွေ ရှိပါတယ်။ ဗီဇာ ကိစ္စတွေက အစပေါ့။ ဒီမှာတော့ ဒီလို မဟုတ်ပါဘူး။ တကယ့်ကို အမှတ်ရစရာ အတွေ့အကြုံတွေပါပဲ။

မေး- အခု ဧရာဝတီယူနိုက်တက်မှာ ခြေစွမ်းစမ်းသပ်ခံနေပြီဆိုတော့ အသင်းနဲ့ စာချုပ်ချုပ်နိုင်ဖို့ ဘယ်လောက်ထိ မျှော်လင့်ထားလည်း။

 ဖြေ- ကျနော့်အနေနဲ့ ဒီကို နောက်တစ်ခေါက်ပြန်လာရတာ ပျော်ရွှင်မိပါတယ်။ ဒဏ်ရာရပြီး ပြန်သွားရတာ ဆိုတော့ တစ်ချို့အသင်းတွေက ကျနော့်ကို ခေါ်ဖို့ နည်းနည်း လန့်နေပုံရတယ်။ ဒီကိုမလာခင်မှာလည်း ထိုင်းလိဂ်မှာ ၂ နှစ်ကစားခဲ့ပြီးပါပြီ။ စာချုပ် ချုပ်ဖြစ်ဖို့ကတော့ နည်းပြဦးဆန်းဝင်းပဲ ဆုံးဖြတ်မှာပေါ့။ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်ကတော့ ကစားချင်ပါတယ်။

မေး- မြန်မာနေရှင်နယ်လိဂ်အပေါ် အမြင်လေး သုံးသပ်ပေးပါဦး

ဖြေ- ကောင်းမွန်တဲ့ လိဂ်တစ်ခုပါပဲ။ ဒါပေမယ့် ကျနော်အရင် စပြီး ဒီမှာကစားတုန်းကဆိုရင် ပရိသတ်တွေ ကွင်းလုံးပြည့်လာပြီး အားပေးကြတာကို မှတ်မိသေးတယ်။ ကွင်းအပြင်မှာကတည်းက သူတို့တွေ စိတ်လှုပ်ရှား နေကြပြီး အားပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ မျက်နှာတွေကို မြင်တွေ့ခဲ့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ ကွင်းထဲကို လာအားပေးတဲ့ ပရိသတ်တွေ တော်တော်ကို လျော့နည်းသွားတာ သတိထားမိပါတယ်။ ကျနော်တို့ ဘောလုံးကစားသမားတွေအနေနဲ့ ပရိသတ်ရဲ့အား လိုပါတယ်။ ပရိသတ် မပါဘဲ ကစားရတဲ့ပွဲနဲ့ ပရိသတ်ရှေ့မှာ ကစားရတာချင်း မတူပါဘူး။ သူတို့က ကျနော်တို့ ကစားတာ ကောင်းနေရင် အော်ဟစ်အားပေးမယ်၊ ကစားတာ မကောင်းရင် အော်ဟစ်ပြောဆိုကြမယ်။ ဒါဟာ ကျနော်တို့ကစားသမားတွေအတွက် တွန်းအား တစ်ခုပါ။ ပရိသတ်တွေ အရင်လို လာအားပေးကြစေချင်တယ်။
နောက်တစ်ခုက အသင်းမှာ ကစားခွင့်ရတဲ့ နိုင်ငံခြားသားကစားသမား အရေအတွက်ပဲ။ ကျနော်တို့ အရင်ကစားတုန်းက အသင်းတစ်သင်းမှာ နိုင်ငံခြားသား (၅) ယောက် ကစားခွင့်ရှိပါတယ်။ အခုတော့ ၃+၁ စနစ်နဲ့ (၄) ယောက်ပဲ ကစားခွင့် ရှိပါတယ်။ ကျနော့်အထင်တော့ ဒါဟာ မလုံလောက်ဘူးလို့ ထင်ပါတယ်။ ပြည်တွင်း ကစားသမားတွေဟာ ပြည်ပကစားသမားတွေကိုယှဉ်ပြီး နေရာ လုရမှာပါ။ ပြည်ပကစားသမား (၅) ယောက် ရှိနေရင် ပြည်တွင်း ကစားသမား (၅) ယောက်က နေရာလုဖို့ ကြိုးစားကြရမှာပါ။ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာနိုင်ဖို့၊ နေရာလုနိုင်ဖို့ ကြိုးစားနေတဲ့ ကစားသမားဟာ နေရာမလုဘဲ ဒီတိုင်း ထိုင်နေတဲ့ ကစားသမားထက်တော့ အများကြီး အကြိုးရှိပါတယ်။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဘမ်ဘာ။ ကံကောင်းပါစေ။


ကျေးဇူးအများကြီးတင်ပါတယ်။

No comments:

Post a Comment