Monday, November 25, 2013

၂၇ ကြိမ်မြောက် Sea Game ရွှေ ကတိ များ


 မြန်မာနိုင်ငံမှာ တတိယအကြိမ်မြောက် ပြန်လည် ကျင်းပနိုင်ခဲ့တဲ့ အရှေ.တောင်အာရှ အားကစားပြိုင်ပွဲ ရဲ. ၂၇ ကြိမ်မြောက်မှာတော. အိမ်ရှင်လည်းဖြစ်နေတာကြောင်. ရွှေ ၁၀၀ ဆိုတဲ့ စီမံကိန်းတွေထိ ချမှတ် ဆောင်ရွက်ခဲ့ကြတဲ့ အားကစားအဖွဲ.အသီးသီးတွေ အနက် ခုလို ရက်သတ္တပတ် ၂ ပတ် / ၃ ပတ်ပဲလိုတော.ချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ.ပြောစကားလေးတွေကို ကျွန်တော်တို. မှတ်မိနေအောင် ဖတ်ကြည်.ကြစို.ဗျာ ။

ဖူဆယ်ပြိုင်ပွဲများအတွက် Wunna Theikdi Sports Complex



ကျင်းပယှဉ်ပြိုင်မယ်. အားစားနည်းတွေအနက်ဖူဆယ်ပြိုင်ပွဲများကို ဒီဇင်ဘာ ၉ ရက်တွင် စတင်မည်ဖြစ်ပြီး ၂၀ ရက်နေ.တွင် ပြီးဆုံးမည်ဖြစ်ကာ နေပြည်တော် Wunna Theikdi Sports Complex တွင်ကျင်းပမည်ဖြစ်သည် ။ ထိုအားကစား၏ အောင်မြင်မှု ရည်မှန်းချက် မှာ
မြန်မာအမျိုးသမီး ဖူဆယ်အသင်းအနေနဲ. ရွှေတံဆိပ်မျှော်မှန်းထားပါတယ် ။ဂျပန် နည်းပြ နဲ. လေ.ကျင်.ခဲ့ပြီး ဂျပန်နိုင်ငံကို သွားရောက် Joint Training ပြုလုပ်ခဲ့ပါတယ် ။ Sea Game မှာ ၅နိုင်ငံ ၀င်ပြိုင်မှာ ဖြစ်ပါတယ် ။ အမျိုးသား အသင်းအတွက်ကတော. အနည်းဆုံး တတိယ လောက် မျှော်မှန်းထားပါတယ် ။အမျိုးသားအသင်းကို အိ၇န် နည်းပြနဲ.လေ.ကျင်.ခဲ့ပြီး ထိုင်းကို Joint Training ၂ကြိမ် သွားရောက်ခဲ့ပါတယ်
                                                                     မြန်မာနိုင်ငံ ဖူဆယ် အသင်းချုပ်မှ တာဝန်ခံ ဒေါ်အေးအေးမော်
 
Zabuthiri Hotel

 စစ်တုရင် အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ Zabuthiri Hotel တွင်  ဒီဇင်ဘာ ၁၁ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်သည် ။ ထိုပွဲ၏ အောင်နိုင်ရေး ရည်မှန်းချက်များနှင်. ပတ်သက်၍
 စစ်တုရင်နဲ.ပတ်သက်လို.ကျွန်တော်တို. အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ ၊ အာဆီယံ စစ်တုရင်ပြိုင်ပွဲ ၊ ရိုးရာ စစ်တုရင်ပြိုင်ပွဲ ဆိုပြီး ၃ခု ၀င်ပြိုင်မှာဖြစ်ပါတယ် ။ရိုးရာ စစ်တုရင်ကတော. မြန်မာစစ်တုရင်ပဲဖြစ်ပါတယ် ။ အဲ့ဒီ ၃ခုမှာ ပြိုင်ပွဲ စုစုပေါင်း ၁၈ မျိုး ပါဝင်မှာဖြစ်ပြီး ရွှေတံဆိပ် ၁၈ ခုချီးမြှင်.ပါမယ် ။ ဒီပြိုင်ပွဲအတွက် အမျိုးသား ၁၅ ဦး အမျိုးသမီး ၈ ဦး လေ.ကျင်.ပေးနေ ပြီး မြန်မာ နည်းပြတွေ နဲ.ပဲ လေ.ကျင်.ပါတယ် ။ အရင်က ဆုတော.ရဘူးပေမယ်. ရွှေမရဖူးပါဘူး ။ ဒီပွဲမှာတော. ရွှေယူမှာ ဖြစ်ပါတယ် ။ရအောင်လည်းကြိုးစားနေပါတယ် ။
                                                                          မြန်မာနိုင်ငံ စစ်တုရင်အဖွဲ.ချုပ်  ရုံးအဖွဲ.မှုး ဦး မျိုးဇော်မင်း
 
Wunna Theikdi  Indoor Stadium ( B )

ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို မူ  နေပြည်တော် Wunna Theikdi  Indoor Stadium ( B )  မှာ ဒီဇင်ဘာ  ၁၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ် ။ဒီပြိုင်ပွဲနဲ. ပတ်သက်တဲ့ သက်ဆိုင်ရာ အဖွဲ.ချုပ် ရည်မှန်းချက်ကတော.
 မြန်မာ ပိုက်ကျော်ခြင်းအဖွဲ.အနေနဲ. ရွှေ ၂ခု / ၃ခု ရဖို.မျှော်မှန်းထားပါတယ် ။ အမျိုးသား ၁၈ ဦး အမျိုးသမီး ၁၇ ဦး အရံ ၂ ဦးကို လေ.ကျင်.ပေးထားပြီး  အမျိုးသားပြိုင်ပွဲ ၅မျိုး အမျိုးသမီးပြိုင်ပွဲ ၅ မျိုး မှာ ရွှေ ၁၀ ခု ချီးမြှင်. မှာဖြစ်ပြီး ပြိုင်ပွဲအားလုံး ၀င်ပြိုင်မှာပါ ။ မြန်မာ ပိုက်ကျော်ခြင်းအဖွဲ.အနေနဲ. အောင်မြင်မှုတွေ ရရှိထားပြီး ၂၀၀၅ မှာ ရွှေ ၃ခု ၊ ၂၀၀၉ မှာ ရွှေ ၃ခု ၊ ၂၀၁၀ မှာ အာရှအဆင်.ရွှေ ၊ ၂၀၁၁ မှာ မိန်းကလေး ၂ယောက်တွဲ ရွှေ တွေ ရရှိထားပါတယ် ။
                                                             မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ.ချုပ် ပြိုင်ပွဲ တာဝန်ခံဦးထွဋ်ခိုင်နွယ် 

Wunna Theikdi Sports Complex

 Sea Game လက်ဝှေ.ပြိုင်ပွဲများကို ဒီဇင်ဘာ ၈ မှ ၁၅ အထိ နေပြည်တော် Wunna Theikdi Sports Complex တွင် ကျင်းပမည်ဖြစ်သည် ။သူတို.၏ အောင်နိုင်ရေး ရည်မှန်းချက်ကတော.
 မြန်မာ.လက်ဝှေ. ကစားသမားတွေအနေနဲ. အိမ်ရှင်ဖြစ်တဲ့အလျှောက် အနည်းဆုံးရွှေ ၂ခု / ၃ခု ဆွတ်ခူးဖို.ပြင်ဆင်လေ.ကျင်.နေပါတယ် ။ အမျိုးသား ၀ိတ်တန်း ၈ တန်း အမျိုးသမီး ၆တန်း ထည်.သွင်းယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ပြည်တွင်း နည်းပြ ၆ ဦး ကာဇက်စတန် နည်းပြ ၊ တရုတ် နည်းပြ များဖြင်.လေ.ကျင်.ခဲ့ပါတယ် ။ လတ်တလောမှာလည်း ကာဇက်စတန် နိုင်ငံမှာ Joint Training သွားလုပ်နေပါတယ် ။
                                                          မြန်မာနိုင်ငံ လက်ဝှေ.အားကစားအဖွဲ.ချုပ် အတွင်းရေးမှုး ဦးတင်လှိုင်
BMX ပြိုင်ပွဲအတွက် Mount Pleasant ကွင်း

စက်ဘီးအားကစားပြိုင်ပွဲများကို  ဒီဇင်ဘာ ၁၂ မှ ၁၉ အထိ နေပြည်တော်တွင် ကျင်းပမှာဖြစ်ပြီး သူတို.ရဲ. အခြေအနေကတော.
 ပြိုင်ပွဲ အမျိုးအစား ၄မျိုးရှိပါတယ် ။Down Hill ပြိုင်ပွဲ ၊ Cross Country ပြိုင်ပွဲ ၊BMX ပြိုင်ပွဲ နဲRoad Race .ပြိုင်ပွဲ ဆိုပြီး ၄မျိုးပါ ။စက်ဘီးနဲ.ပတ်သက်ပြီး ရွှေတံဆိပ် စုစုပေါင်း ၁၇ ခု ပေးမှာဖြစ်ပါတယ် ။ အနည်းဆုံး ရေအတံဆိပ် ၄ ခုနဲ.အထက် ရဖို.ကြိုးစားနေပါတယ် ။ မြန်မာနည်းပြ ၊တရုတ် ၊ထိုင်း ၊တောင်ကိုရီးယားနည်းပြများဖြင်. လေ့ကျင်.ပေးနေပြီး တရုတ်နိုင်ငံသို. Joint Training ၃ကြိမ် သွားရောက်ခဲ့ပါတယ် ။
                                                                  မြန်မာနိုင်ငံ စက်ဘီးအဖွဲ.ချုပ်မှ နည်းပြ တစ်ဦး ဖြစ်သူ ဦးသန်းဦး

Ref ; မြန်မာ.အလင်း သတင်းစာများ 
All Photos from 27seagames2013.com


No comments:

Post a Comment