Friday, June 27, 2014

မြန်မာ.ယဉ်ကျေးမှု နှင်. စာပေ စာဖတ်ပရိသတ် တို.ကို အပြာမှိုင်း တိုက်ပြီး လူမှုရေး ဖောက်ပြန်စေကြသူများ နှင်. အမှန်မြင်ကြသူများ


အောင်ရင်ငြိမ်း မွှေးသောမီး မသေးဟု ပြောရမည် ။ အဓိက လက်မခံနိုင်ကြသည်က မြန်မာလူမျိုးတို.အဖို. ထိုမျှ ရိုင်းပျသော ဖွဲ.နွဲ.ပုံများ ကို တရားဝင် ပုံနှိပ်ထုတ်ဝေသော စာအုပ်တွင်ထည်.သွင်းရေးသားခြင်း ၊ နောက်တစ်ခုက အိမ်ထောင်ရှိလျှက် ဖောက်ပြန်မှုကို တရားသည် ၊ လုပ်ခွင်.ရှိသည်ဟူသော အယူအဆ ၊ ထောက်ခံနေကြသူတို.က စာအုပ်တစ်အုပ်လုံး ထို လိင်ကိစ္စကိုသာ အဓိကထားဝေဖန်နေကြသည် ၊ အချို.ကတော. မြန်မာစာဖတ်ပရိသတ်ကြီးက အဟောင်းတွေကြားထဲသာနစ်မြုပ်နေချင်ကြသူများ ၊ ဖောက်ထွက်လာသော အသစ်ကို လက်မခံချင်သူများအဖြစ်

စာအုပ်တစ်အုပ် လူဖတ်ဖို. ၊ ဇာတ်လမ်းတစ်ခုဆွဲဆောင်မှုရှိဖို. ထိုလောက်အထိ ရေးပြမှ ရမည်ဆိုလျှင် မြန်မာစာပေလောကတွင် နာမည်ကျော်ခဲ့သော မည်သည်.စာအုပ်တွင် ထိုသို.သော အရေးအသားမျိုး ပါပါသနည်း ။ ထိုလိင်ကိစ္စ လူတိုင်းမကင်းနိုင်သော်လည်း မည်သည်.မြန်မာလူမျိုးက လူလည်ကောင် လိင်ဆက်ဆံပြကြပါသနည်း ( ကန်တော.ပါရဲ.နော် ) ဘယ်မိဘက ဘယ်သားသမီးရှေ. ၊ ဘယ်ညီမ/အမ က ဘယ်မောင်ရှေ. ထိုသို.လုပ်ပြနေကြပါသနည်း ။ ထိုညစ်ညမ်းစာရေးသူကိုယ်တိုင် ရော သူများသားမယားကို လွန်ကျုးတာ ၊ ကိုယ်.သားမယား ( ရှိချိန်တွင် ) ကို သူများလာဖောက်ပြန်တာကို အားပေးပါသလား ၊ ကျေနပ်ပါသလား ၊ အားပေးနေသူများကလည်း သစ်ရင်ပြီးရော လက်ခံလိုက်မှ ခောတ်မှီသည်ဟု ယူဆပါသလား ၊ ဒါဆိုလျှင် မိမိတို. အမေ ၊ ညီမ ၊ တူမ များကို ထိုစာအုပ်လူရှေ.တွင် ဖတ်ပြကြပါ ။ ထိုအယူအဆများကို လက်ခံခိုင်းလိုက်ပါ ။ သာဓုခေါ်သူများ ခေါ်ကြလိမ်.မည် ထင်ပါသည် ။

သူ.စာအုပ်မှာ အမှာစာရေးတဲ့ သူကတော. ဒီလိုကာပါတယ်


ရိုမန်ဘော့တ် ဝေဖန်ချက်နှင့် ပတ်သတ်၍ 
အောင်ရင်ငြိမ်းဝတ္ထု အမှာစာရေးစဉ်ကတည်းက ဒီဝတ္ထုဟာ အတော်ကလေးဝေဖန်ခံရမယ့် ၀တ္ထု ဆိုတာ ကျွန်တော်သိနေခဲ့တယ်။ အကြောင်းက အောင်ရင်ငြိမ်းဝတ္ထုဟာ မြန်မာလူ့အဖွဲ့အစည်းအတွင်း လွှမ်းမိုးကြီးစိုးဆဲ တန်ဖိုးစံ တွေနဲ့ ဆန့်ကျင်ကွဲလွဲနေလို့ပဲ ။ ထင်တဲ့ အတိုင်းပဲ ။ ဝေဖန်သံတွေ စထွက်လာခဲ့ပြီ ။ဒါပေမယ့် ကျွန်တော် မျှော်လင့်ထားသလို ဝေဖန်ရေးမျိုးတော့မဟုတ်ဘူး။ တကယ့်ကို ခပ်ညံ့ညံ့ဝေဖန်ရေးမျိုးပဲ။ အကြောင်းက ဝေဖန်သူဟာ ၀တ္ထုရဲ့ အခြမ်းတစ်ခြမ်းမှာ (အောင်ရင်ငြိမ်း သိသလောက် ) ထည့်ဝင်ထားတဲ့အိုရှိုး၊ ဖူးကိုး ၊ ဘာထရန်ရပ်ဆဲ တို့ရဲ့ အရေးအသားတွေကို မဖော်ပြတော့ဘဲ လိင်ဆက်ဆံမှုအခန်းတွေကို သာတစ်ဖက်သက်ဖော်ပြသွားတာကိုတွေ့ရတယ်။ ဒါဟာ မျှတတဲ့ ဝေဖန်ရေးတစ်ရပ်မဟုတ်လှဘူး။ အခုလိုကျွန်တော်ရေးနေရတာက အောင်ရင်ငြိမ်းဝတ္ထုကို ကောင်းမွန်တဲ့ ၀တ္ထုကောင်းတစ်ပုဒ်ပါ ၊ အတွေးအခေါ်တွေကို အဆင့်တန်းမြင့်မြင့်ဖော်ပြထားတာပါ လို့ ခုခံကာကွယ်ပေးနေတာ မဟုတ်ဘူး။ ဝေဖန်သူတွေရဲ့ မပြည့်ဝမှုကို ဖော်ပြချင် တာသက်သက်ပဲ။ 


ဒီနေရာမှာ အဲဒီလို ဝေဖန်သူတွေ ကို ကျွန်တော်တစ်ခုပြောချင်တာက ခင်ဗျားတို့ဟာ ကျွန်တော်အတွက်တော့ ဘာမျှ စိတ်ဝင်စားစရာ မကောင်းတဲ့ လူတွေဆိုတာပါပဲ ။ ခင်ဗျားတို့ဟာ လူ့အဖွဲ့အစည်းကြီးထဲက လွှမ်းမိုးကြီးစိုးဆဲတန်ဖိုးစံတွေကို ကိုင်တွယ်ပြီး လူ့အဖွဲ့အစည်းရဲ့တန်ဖိုးစံနဲ့ ဆန့်ကျင်ဘက်ရေးသားသူတွေကို ဝေဖန်နေသူတွေပဲ။ ခင်ဗျားတို့ဟာ ဒီလို ဝေဖန်လိုက်ရင်တော့ ငါတော့ အားသာသွား ပြီ ၊ နိုင်သွားပြီ ဆိုတာ မဝေဖန်ခင်ကတည်းက သိနေသူတွေပဲ။ အကြောင်းက တစ်ဖက်သားဟာ လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုး ကြီးစိုးဆဲ အတွေးအမြင်တွေအရကြည့်ရင် မစခင်ကတည်း မှားယွင်းနေတယ်လို့ အမြင်ခံထားရလို့ပဲ။ ဒါပေမယ့် ခင်ဗျားတို့ သိထားရမှာက ခင်ဗျားတို့ပြောနေတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အမြင်တွေဟာ ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူးဆိုတာ ပဲ။ ခင်ဗျားတို့ဟာကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ ကလေးတောင်သိထားတဲ့ အမြင်တွေကိုင်ပြီး လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ အရေးအသားတစ်ရပ်ကို ဝေဖန်နေတာလောက်ပဲ ရှိတာ။ ဒီတော့ ကျွန်တော့အတွက်တော့ ဒီလို ဘယ်သူမ ဆိုသိထားတဲ့အမြင်တွေနဲ့ ရေးသားဝေဖန်နေတဲ့ ခင်ဗျားတို့ဟာ ဘာမှ စိတ်ဝင်စားစရာမကောင်းလှတာ ဆန်းတော့ မဆန်းဘူး။ ခင်ဗျားတို့ရဲ့ အတွေးအခေါ်တွေ ၊ အမြင်တွေမှာ ကျွန်တော်တို့အံ့အားသင့်အောင်လုပ်ပြပြီး ဆက်လက်စူးစမ်း လေ့လာ ချင်စရာ ဘာမျှမရှိဘူး ။ ခင်ဗျားတို့ သိထားရမှာက အခု ခင်ဗျားတို့ရဲ့ အတွေးအခေါ်အခြေခံတွေဟာ လူ့အဖွဲ့အစည်းထဲမှာ နေ့စဉ် ကြုံတွေ့နေကြအရာတွေပဲ။ လူတွေအားလုံး အကျေအလည်သိနားလည်ထားပြီးသားပဲ။ စာပေလေ့လာသူတစ်ယောက်အနေနဲ့ကျွန်တော် အောင်ရင်ငြိမ်းရဲ့ဝတ္ထုကို အမှာစာရေးရတဲ့ အကြောင်းတွေထဲကတစ်ခုကို ပြပါဆိုရင် အောင်ရင်ငြိမ်းရဲ့ဝတ္ထုဟာ ခင်ဗျားတို့ရဲ့ လူတိုင်းသိထားတဲ့ အတွေးအမြင်တွေလို ပျင်းရိငြိမ်းငွေဖွယ်ရာ မကောင်းလို့ပဲ။ ကျွန်တော်တို့လက်ခံထားပြီးသား ၊ သိထားပြီး အတွေးအခေါ် ၊ကိုယ်ကျင့်တရား တန်ဖိုးစံမျိုးတွေမဟုတ်လို့ပဲ။တစ်ချို့အရေးအသားတွေဟာ မညစ်ညမ်းဘူးမဟုတ်ဘူး ညစ်ညမ်းတယ်။ ဒါပေမယ့် ဒီစာအုပ်က အပြာစာအုပ်မဟုတ်ဘူး။ တစ်ဖက်မှာသူ့ရဲ့ သူတတ်နိုင်သလောက်အားထုတ်ကြိုးပမ်းထားတဲ့ အိုရှိုး၊ ဘာထရန်ရပ်ဆဲလ်တို့ရဲ့ အတွေးအခေါ်ကလေးတွေကလည်း အတော်အတန်ပါတယ်။ ဒါဟာ ညစ်ညမ်းစာအုပ် ဆိုတာနဲ့ အဓိကကွဲလွဲရတဲ့အချက်ပဲ။ ညစ်ညမ်းတဲ့ အရေးအသားပိုင်းတိုင်း ညစ်ညမ်းစာအုပ်မဟုတ်ဘူးဆိုတာလောက်တော့ ဝေဖန်သူတွေ သိသင့်တယ်။ ဒီတော့ ခင်ဗျားတို့က ဒီဝတ္ထုဟာ ဘယ်လို အောင်တန်းနောက်တန်းကျတယ်လို့ ကပ်ကပ်လန်ရန်တွေ့နေကြပေမယ့် ကျွန်တော်အတွက်တော့ ဖြင့် ခင်ဗျားတို့ဟာ ကျွန်တော်တို့အားလုံးသိပြီးသားအတွေးအခေါ်တွေကိုင်ပြီး ပါဝါအားသာချက်ရှိတယ်ဆိုတာသိသိကြီးနဲ့ လူအထင်ကြီးအောင်မဏ္ဍိုင်တိုင်တတ်ပြနေတာထက်မပိုဘူး ။ ဒါကြောင့် ခင်ဗျားတို့ရဲ့အမြင်တွေထဲမှာ ကျွန်တော်လေ့ လာစရာလည်းဘာမျှမရှိတာ မဆန်းလှဘူး။ တကယ်လို့ ခင်ဗျားတို့ ပြောသလို အောင်ရင်ငြိမ်းရဲ့ ၀တ္ထုဟာ အောက်တန်းကျတယ်၊ အော့နှလုံးနာစရာကောင်းတယ် ဆိုရင်တောင်မှ အဲဒီလို အောက်တန်းကျတယ်ဆိုတဲ့ အရေးအသား ဟာ ခင်ဗျားတို့ ဝေဖန်နေတဲ့ စကားတွေထက်တော့ အများကြီးလေ့လာစူးစမ်းချင်စရာကောင်းတယ်ဆိုတာ တော့ သိထားကြဖို့ လိုလိမ့်မယ်။ ဒါကြောင့်လည်း လူတွေက ခုဆိုရင် အနုပညမြောက်သည်ဖြစ်စေ မမြောက်သည်ဖြစ်စေ ညစ်ညမ်းသည်ဖြစ်စေ မညစ်ညမ်းသည်ဖြစ်စေ အတွေးအခေါ်အားနည်းသည်ဖြစ်စေ အတွေးအခေါ် အားကောင်းသည်ဖြစ်စေအဲဒီ ၀တ္ထုကို လေ့လာဖို့ရာ ပိုပြီး စူးစမ်းလာကြ တာကိုတွေ့ရမယ် ။ 
မင်းခက်ရဲ

ဒါနဲ.ပတ်သက်လို.တစ်ယောက်တုန်.ပြန်တာကတော. 
MrMaung KoThet    ဆရာအောင်ရင်ငြိမ်းခင်ဗျား.........

ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ တန်ဖိုးအရှိဆုံးဆိုတဲ့ အစားအသောက်တမျိုးကို အလှဆုံး ပန်းကန်ထဲမှာ ထည့်ပြီး ခင်ဗျားကို ပြင်ဆင်ကျွေးမွေးတယ်လို့ဆိုပါတော့.....

အဲ့ဒီပုဂံထဲမှာ ပဲစေ့ တစေ့စာလောက်လေးပဲရှိတဲ့ လူ့မစင်ပါသွားပြီဆိုပါတော့ဗျာ......... ခင်ဗျားဆက်ပြီး အဲ့ဒီကောင်းပေ့၊ ညွှန့်ပေ့ဆိုတဲ့ အစားအသောက်ရဲ့ အရသာကို ဆက်ခံစားမလား..........? ဆက်မခံစားဘူးလား.............??

အဲ့ဒါ ခင်ဗျားမေးထားတဲ့ စာတအုပ်လုံးကို မဝေဖန်ပဲ အဲ့ဒီအရေးအသားကိုပဲ ကွက်ပြီး ဝေဖန်နေရတာလဲဆိုတဲ့ ခင်ဗျားမေးခွန်းရဲ့ အဖြေပါပဲ။ ။

ကဗျာဆရာ ဝေမှုးသွင်ကတော. ဒိလိုဆိုပြန်ပါတယ်

From ဝေမှုးသွင် Page
ကဗျာဆရာ အောင်ရင်ငြိမ်း သို့.....
အခုနာမည်ကြီးနေတဲ့အောင်ရင်ငြိမ်း က ကျနော်နဲ့ ကဗျာရေးဖက် သူငယ်ချင်းတစ်ဦးပါ။ လတ်တလော လူပြောများနေတဲ့ သူ့ဝတ္ထုဟာ ဂျပန်စာရေးဆရာ Haruki Murakami (မူရာကာမိ) ရေးတဲ့ Norwegian Wood (နော်ဝေတောအုပ်) စာအုပ်ရဲ့ သြဇာလွှမ်းနေတယ်လို့ ကျနော်ထင်တယ်။ သူ့ကို ဝေဖန်ထိုးနှက်နေကြတာတွေနဲ့ ပတ်သက်လို့ သူက အခုလိုတုံ့ပြန် ပြော ထားတာတွေ့ရပါတယ်။

` ရိုမန်းဘော့ထ်ထဲက အပြာစာသားတွေကို ပဲ ဇောင်းပေးဖော်ပြနေကြပြီးရှေးရိုးစွဲ အစဉ်အလာ အသိအမြင်တွေအပေါ် အယူအဆပိုင်း ဆိုင်ရာ ဆန့်ကျင် ဆွေးနွေးငြင်းခုံမှုတွေကို ချန်လှပ်ထားကြတာ ဘာသဘောလဲ...´ တဲ့။

     သူပြောတာလည်း စဉ်းစားစရာ အချက်တစ်ခု ပါပဲ...။ သူ့စာအုပ်ကြောင့် ကျနော် သတိရ မိတာ တစ်ခုရှိတယ်။အဲဒါက ဒီလိုပါ...။ကိုလိုနီခေတ် တုန်းက ထောင်ထဲမှာ ဦးနုကြီးက သူ့ရဲ့ရေးလက်စ ၀တ္ထုကို သူနဲ့ အတူထောင်ကျ နေသူ သခင်စိုးကို ပြသတဲ့။ သခင်စိုးကြီးက ဖတ်ပြီး သခင်နုရေ... ဒီနေရာလေး ကို တော့ ခြင်ထောင်ခန်းလေး နည်းနည်း ထပ်ဖြည့်ရေးလိုက်ပါလား၊ ပိုကြွ လာတာပေါ့...လို့အကြံပြု လာတဲ့အခါ ဦးနုကလည်း သခင်စိုးပြော သလို ရေးလိုက်တော့ တကယ်ပဲ သူ့ဝတ္ထုဟာ ပိုကေင်းလာကြောင်း ၀န်ခံခဲ့ ဖူးပါတယ်။(အဲဒီမှာ ဦးနုက သခင်စိုးကို ခင်ဗျားကဗမာပြည်ရဲ့လီနင်ဆို၊ ကျုပ်ကဗမာပြည်ရဲ့ ဂေါ်ဂီပေါ့... ဘာညာနဲ့ ပြန်ပြောလိုက်ပါသေးတယ် ။)

     ကျနော်လည်း တစ်ခါက အဲဒါအကြောင်းကို လက်ဖက်ရည်ဆိုင် ထိုင်ရင်း အောင်ရင်ငြိမ်းကို ပြောပြခဲ့ဖူး ပါရဲ့ ။ကျနော်တို့ရှေ့က အကျော်အမော် စာရေးဆရာကြီးများ (ဦးနု၊ သိန်းဖေမြင့်၊ နတ်နွယ်၊ ဒဂုန်တာရာ၊ ရန်ကုန်ဘဆွေ ...)ဟာ သူတိုရဲ့ စာပေလက်ရာတွေမှာ လူ့သဘာဝကို ပီပြင်အောင် သရုပ်ဖော်တဲ့ အနေနဲ့ ခြင်ထောင်ခန်းလေးတွေ ထည့်ရေးလေ့ရှိတာ အားလုံး အသိပါ။

    ( သူ့ကို မြှောက်ပေးတာ ၊ထောက်ခံတာ လုံးဝ မဟုတ်ဘူးနော် ..:) ဒါဖြင့် ဟေ့ အောင်ရင်ငြိမ်း.. ငါကမင်းကို တစ်ချိန်ချိန် စာပေလွတ်လပ်ခွင့် ရလာရင် ဦးနုတို့၊ သိန်းဖေမြင့်တို့ လိုရေးဖို့ ပြောတာကို မင်းက အခု ရတနာဝင်းထိန်လို ရေးလိုက်တာကိုးကွ... လို့ ပြောရမှာလား။ ဒီလိုလည်း သူ့ကို မပြောချင်ပါဘူး။ ဘာလို့လဲ ဆိုရင် သူရေးတာ သူတာဝန်ယူနိုင်တဲ့သူ မို့လို့ပါပဲ။
ပြည်ပမှာ အနေကြာတဲ့ ဗမာမိတ်ဆွေ တချို့ကလည်း အောင်ရင်ငြိမ်း အကြောင်း သေချာမသိတော့ ကျနော့်ကို အောင်ရင်ငြိမ်းဟာ ဖာဂေါင်းလားလို့ စိတ်တိုတိုနဲ့ လှမ်းမေးလာကြတာတွေလဲ ရှိပါတယ်။

      အဲဒီအခါ ကျနော်က အဆိုတော်လေးဖြူ က နောက်တက်လာတဲ့ လူငယ်ဒိုးလုံးအပေါ် သူ့အမြင်ကို ပြောခဲ့သလိုပဲ ပြန်ပြောလိုက်ချင်မိတယ်။ ကိုလေးဖြူက ဒိုးလုံးနဲ့ ပတ်သက်လို့ သူ့အမြင်မေးလာတဲ့ မဂ္ဂဇင်းတစ်စောင်ကို `ဒိုးလုံးဟာ ရူးလွန်းတယ်၊ သူကလည်း ကျနော် အဲလိုပြောတာကို ကြိုက်မှာပါ...´တဲ့။ အခုကျနော်ကလည်း အောင်ရင်ငြိမ်းဟာ ဖာဂေါင်းလား ဆိုရင် `ဖြစ်နိုင်ပါတယ်၊ သူကလည်း ကျနော်အဲလို မှတ်ချက်ချတာကို သဘောတူမှာပါ..´လို့ ပဲ ပြောလိုက်ချင်ပါရဲ့ဗျာ....။

      (အထူး မှတ်ချက်။  ။သူငယ်ချင်းအောင်ရင်ငြိမ်း... မင်း မိုးသက်ဟန် ဘာသာပြန်တဲ့ မူရာကာမိ စာအုပ်တွေ သိပ်မဖတ်နဲ့ဟ...ကိုယ့်လူရ....:P )

ဒါ.အပြင် သူတို.တွေရဲ. အမြင်တွေလည်း လေ.လာကြည်.ပါအုံးဗျာ ။

Kogyimind Mind နဂိုကတည်းမှ လူတွေဟာ အဲဒါတွေကြောင့် ဒုက္ခရောက်နေရတဲ့ ကြားထဲ မီးလောင်ရာလေပင့် လာလုပ်နေတယ်..အောင်ရင်ငြိမ်း..ခင်ဗျားဟာ အလကား လူပဲ.. ခင်ဗျားဘ၀ သွားပြီ... ခင်ဗျား ရေးထားတာတွေကို ဖတ်ဖို့ ဟီရိသြတ္တပ မရှိမှ ရမယ်..အဲဒါမရှိတာဟာ တိုးတက်ပွင့်လင်းတယ်ဆိုရင် ခင်ဗျား ဒိုးလိုက်တော့..ကျုပ်တို့လူ့အဖွဲ့အစည်းက ခင်ဗျားကို စက်ဆုပ်တယ်.. ရှင်းလား..မရှင်းရင်..ထပ်ဖတ်..



De Mon တစ်ချို့ကလဲ ပြောကြတယ် ဒီမိုကရေစီခေါတ်ကြီးပဲ မကြိုက်ရင်မဖတ်နဲ့ပေါ့ ဘယ်သူကအတင်းဖတ်ခိုင်းနေလဲတဲ့ ဒါကြတော့ဒီမိုကရေစီဆိုတဲ့ စကားကိုသုံးကြတယ်...ဟုတ်ပီ မကြိုက်ရင်မဖတ်နဲ့ဆိုတဲ့နေရာမှာ စာရေးဆရာကြီးက Aung Yin Nyein က ဒီစာအုပ်ထဲက အကြောင်းအရာတွေ လျှာနဲ့ရက်လို့ ဘာဖြစ်သွားတယ်ဆိုတာတွေကို သူ့အိမ်မှာ သူ့ မိသားစု အဖေ အမေ ညီမ အမ ညီ သူငယ်ချင်းစသည်ပေါ့လေ သူတို့နဲ့ ပြောပြနေတာမဟုတ်ဘူးလေ စာရေးဆရာတစ်ယောက်အနေနဲ့ရေးပီး public ကိုချပြတာလေ မကြိုက်ရင်မဖတ်နဲ့လို့ပြောရင် စရေးဆရာဆိုတဲ့ဘွဲ့ကိုမခံပါနဲ့ public ကိုချပြထားတဲ့ စာအုပ်တစ်အုပ်ရဲ့ ကောင်းချင်းဆိုးချင်းအားလုံးကို သူတာဝန်ယူရမယ် လက်ခံရမယ် under 18 မဖတ်ရဘူးလို့ရေးထားတယ် သေချာလား...under 18 တွေရဲ့လက်ထဲကိုမရောက်သွားပါဘူးလို့တာဝန်ယူရဲလား....စာရေးဆရာကတော့ ဒီ sex ကိစ္စကို message ပေးချင်တာမဟုတ်ပါဘူးတဲ့ ထားပါတော့ ကလေးတွေဖတ်ကြတ့အခါ သူပေးချင်တဲ့ message နဲ့ sex ကိစ္စ ဘယ်ဟာပိုအလေးသာမယ်ထင်လဲ ဒီစာအုပ်ကဖတ်ပီး ကလေးတွေအတွေးရိုင်းတွေဝင်လို့ မှားခဲ့ကြပီး အရွယ်မရောက်ခင်ဗိုက်ကြီးရင် စာရေးဆရာကြီးတာဝန်ယူမလား အပြာစာအုပ်တွေများ အွန်လိုင်းမှာပုံနေတာပါလို့တော့လာယှဉ်မပြောပါနဲ့ ဟိုကအပြာစာအုပ် တရားမဝင်ပေါ့နော်....စာရေးဆရာရဲ့စာအုပ်က တရားဝင် အပြာစာအုပ်ဖြစ်သွားလိမ့်မယ်....

MG Bathar Pyithiein  ထူးခြားတယ်ဆိုတာ ခြေထောက်မှာ ပန်းပန်ပြတာမျိုးမဟုတ်ဘူးလို့"သူ့"ဆရာကပြောဘူးတယ်။
မော်ဒန်လူငယ်တစ်ယောက်အတွက်တော့ဒီစကားကို ခေါင်းငြိမ့်ချင်မည်မဟုတ်ပါ။

နားရွက်မှာ ဖိနပ်ချိတ်ပြရင်ကော ပါဖောမင်း ဖြစ်လေမလား မပြောတတ်ပါ။
သူမတူအောင်ဖန်တီးခြင်းဆိုသည့်
အဓိပ္ပါယ်မှာအလွန်ပြန့်ပြန့်ပြားပြားရှိနေသည် မဟုတ်လား။

အနုပညာသမားဆိုသည်က ကမ္ဘာလောကကြီး အိပ်ပျော်နေစဉ်မှာ နိုးနေတတ်ဖို့လိုသည်။

အဟောင်းထဲမှာ အိပ်မောကျခြင်းကို မုန်းတီးသည့်သူသည် မဲပြာပုဆိုးကိုခေါင်း
ပေါင်းပေါင်းကာ တိမ်တိုက်ဟောင်းနှင့် ကောင်းကင်သစ်ကို တန်ဆာ မဆင်ချင်ပါ။

သို့ပေမင့် ဘာမှန်းမသိသော စည်းလွတ် ဝါးလွတ် "သူမတူမှု"ကို အသစ်တီထွင်မှု ဟုခေါင်းစီးတပ်သည်ကိုတော့ "သူ"ခေါင်း မငြိမ့်ချင်ပါ။

စည်းလွတ်ဝါးလွတ်က စည်းလွတ်ဝါးလွတ်သာဖြစ်သည်။
သလင်းကျောက်က သလင်းကျောက်သာ
ဖြစ်သည်။ မည်သည့်နည်းနှင့်မျှ စိန်ဖြစ်မလာနိုင်။ စိန်ဟုလည်း အမည် တပ်၍မရနိုင်သည်ကို ဖြတ်လမ်းနည်းနှင့် နာမည်ကြီးချင်သူတိုင်းသိသင့်သည်။


ပါစပ်မှ အနုပညာဟုအော်ကာ လက်မှာတော့ ကားယားကားယား မဖြစ်သင့်ပါ။ ကားယားကားယားဖြစ်ချင် လျှင် ပါစပ်မှလည်း ကားယားကားယားဟု အော်ရမည်ဖြစ်ပြီး မိမိအဆင့်အတန်းအ တိုင်းအပြောနှင့်အလုပ်ညီညွတ်မှန်ကန်စွာ နေသင့်ထိုင်သင့်ပါကြောင်း "သူ"မှ လူအမုန်းခံကာ ပါစပ်ကားယားလိုက်ရပါသည်။

Mg Kyi Hlaing ဟုတ်တယ်ဗျာ
အပြာစာပေကို တရားဝင်ပုံနှိပ်ထုတ်ရအောင်ဒါမြန်မာပြည်ဗျ ဆင်ဆာလွတ်လပ်ခွင့် တောင်းတာဒီလို စာအုပ်တွေရေးဖို့ အတွက်လား အလိုလိုကမှအဓမ္မမူတွေများနေတဲ့အထဲဗျာ ဖြွှေင်းချက်ပေးတာဘာအသေခံဗုံးကွဲတာတဲ့လားစာရေးဆရာကဗျာဆရာလို့ ရှက်တတ်ရင်မပြောပါနဲံ့ လို့ ကိုနေနော်ကတဆင့်ပြောပေးပါအောင်ရင်ငြိမ်းမှာအမေနှမရှိခဲ့ရင်ဒီလိုစာအုပ်တွေသူ့ ရှေ့မှာဖတ်နေရင်ဘယ်လိုနေမလဲသိချင်လို့ပါ ကိုနေနော်ရပ်တည်မူကိုသဘောကျတယ် ဒီလိုကိစ္စတွေမှာရဲရဲဝံ့ဝံ့ရပ်တည်ပေးပါဗျာ


စာဖတ်သူတစ်ဦး  ....   အောင် ရင် ငြိမ်း ရဲ့ အ ရေး အ သား တွေ ထဲ က အ ပြာ ရောင် ရေး သား မှု တွေ ကို မ ဖေါ် ပြ လို တော့ ပါ ဘူး။ ဂျာ နယ် အ ချို့ နဲ့ website အ ချို့ မှာ ဖေါ် ပြ ထား တာ ရှိ ပါ တယ် ။ ဒီ စာ မျက် နှာ ပေါ် မှာ တင် ရဲ တဲ့ သိတ္တိ ကျ နော့် မှာ မ ရှိ ပါ ။

ဒါ ပေ မယ့် အ နောက် တိုင်း ဖီ လို ဆို ဖါ တွေ နဲ့ အို ရှိုး ဆို တဲ့ အိန္ဒိယ နိုင် ငံ သား တစ် ယောက် ရဲ့ အ ရေး အ သား တွေ ကို ကော် ပီ ကူး ထား တဲ့ လူ မှု ရေး အန္တရာယ် ၊ အ တွေး အ ခေါ် ပိုင်း ဆိုင် ရာ အန္တရာယ် တွေ ဖိတ် ခေါ် နေ တဲ့ AYN ရဲ့ အ ရေး အ သား အ ချို့ ကို တော့ ကောက် နှုတ် ဖေါ် ပြ ချင် ပါ တယ်။

"သက် ရှိ လူ သား တစ် ယောက် က သက် မဲ့ စ ကား လုံး တွေ နဲ့ ပြ ဋ္ဌာန်း ထား တဲ့ ဥ ပ ဒေ ပုဒ် မ နဲ့ အ ပြစ် ဒဏ် တွေ အောက် မှာ မ လှုပ် သာ မ ယှက် သာ အ ချည် အ နှောင် ခံ နေ ရ တဲ့ အ ဖြစ် ကို လက် မ ခံ နိုင် ဘူး"
စာ မျက် နှာ၄၇
မှတ် ချက် ။ ။ အ ကြမ်း အား ဖြင့် ဖတ် လိုက် ရင် တော် လှန် တဲ့ အ ယူ အ ဆ လို လို ၊ ဟုတ် မှန် သ လို ထင် ယောင် ထင် မှား ဖြစ် စေ ပေ မယ့် မှန် ကန် တဲ့ ရည် ရွယ် ချက် နဲ့ မ ဟုတ် ဘူး ဆို တာ ကျန် အ ရေး အ သား တွေ ဆက် ဖတ် ရင်း သိ သာ ပါ တယ်။

"...... လက် ထပ် မှု ဆို တဲ့ အ ချုပ် အ နှောင် မ ရွှိသင့် ဘူး။ သူ တို့ နှစ် ယောက် ကြား မှာ ချစ် ခြင်း တ ရား ဘဲ ရှိ သင့် တယ် ။ ချစ် ခြင်း တ ရား ဘဲ ရှိ သင့် တယ် ဆို ပေ မယ့် လွတ် လပ် မှု ကို ထိန်း ထား ရ မယ်"
စာ မျက် နှာ ၇၂

်"ဒီ နေ့ ခေတ် သစ် လူ့ ယဉ် ကျေး မှု အ တွင်း မှာ ဖေါက် ပြန် မှု ၊ အ ထူး သ ဖြင့် လူ မှု ရေး ဖေါက် ပြန် မှု ဆို တဲ့ စ ကား လုံး ကို အ သုံး မ ပြု သင့် ကြ တော့ ဘူး"
စာ မျက် နှာ ၇၃

"ဇ နီး တိုင်း ဟာ ဘယ် သူ့ ရဲ့ အ ပိုင် ပစ္စည်း မှ မ ဟုတ် ဘူး။ ခင် ပွန်း တိုင်း ကို လည်း ဘယ် သူ မှ မ ပိုင် ဘူး။ လူ ဟာ ပိုင် ဆိုင် ခံ ရ နဲ့ အ ရာ ဝတ္ထု အ ဆင့် ကို လျော ကျ သွား ....."
စာ မျက် နှာ ၈၅

"အိမ် ထောင် ရှင် မိန်း မ တစ် ယောက် ဟာ လင် ယောကျာင်္း အ ပေါ် သစ္စာ စောင့် သိ သင့် တယ် ဆို တဲ့ ကျင့် ဝတ် စည်း ကမ်း အ ဟောင်း မျိုး ထက် ..... သူ သာ ဆန္ဒ ရှိ မယ် ဆို ရင် အ ချစ် ကိစ္စ မှာ ဖြစ် ဖြစ် ၊ လိင် က်စ္စ မှာ ဖြစ် ဖြစ် လူ့ အ ခွင့် အ ရေး အ ရ လွတ် လပ် မှု အ ပြည့် အ ဝ ရှိ သင့် တယ် .....
"အိမ် ထောင် ရေး ဘ ဝ မှာ လူ မှု ရေး ဖေါက် ပြန် မှု ဆို တဲ့ အ သုံး အ နှုန်း ကို လက် ခံ သုံး စွဲ တာ ..... ရှေး ရိုး စွဲ သင် ကြား မှု တစ် ခု ဖြစ် ပြီး ..... တစ် သီး ပုဂ္ဂလ လူ သား ရဲ့ လွတ် လပ် ခွင့် ကို ချုပ် ခြယ် ထိ ပါး .....
"
စာ မျက် နှာ၁၁၀

ကဲ ဒီ လောက် ဆို တော် လောက် ပြီ ထင် ပါ တယ်။ AYN ရဲ့ သူ့ ကိုယ် သူ ကြော် ညာ ဝင် ၊ ပ ရို မိုး ရှင်း လုပ် ထား တဲ့

"အိမ် ထောင် ရေး ဖေါက် ပြန် မှု နှင့် အ ပြစ် ဆို သော စ ကား ရပ် များ အ ပေါ် အ မြင် သစ် များ ၊ ကိုယ် ကျင့် တ ရား နှင့် လူ မှု ကျင့် ဝတ် အ သစ် များ "

ဆို တာ တွေ ဟာ ဘယ် လောက် အော့ နှ လုံး နာ စ ရာ ကောင်း သ လဲ ဆို တာ ထင် ရှား လောက် ပါ ပြီ ။

ဒါ ကြောင့် ထပ် ပြော ပါ တယ်။
အောင် ရင် ငြိမ်း ဆို တာ
လူ့ အ ဖွှဲု အ စည်း ရဲ့ အန္တရာယ် ကောင်
ဓမ္မန္တရာယ် ကောင်
မိစ္ဆာ ဒ် ဋ္ဌိ ကောင် ပါ လို့။

Ref ; Nay Naw FB , မင်းခက်ရဲ & Aung Yin Nyein FB 

ဆက်စပ်ဖတ်ရှုရန် .....

No comments:

Post a Comment