Thursday, June 5, 2014

ပီနန်ဆရာတော်ကြီး နှင်. ၀ါးခယ်မမြို.နယ်အသင်း



၂၀၁၄ ဇွန်လ ၁ရက်နေ.က တာမွေ နတ်ချောင်း ရှိ မဟာသန္တိသုခ ကျောင်းတွင် အခမ်းအနား တစ်ခုကျင်းပခဲ့ပါသည် ။

ဝါးခယ်မဇာတိဖွား ပီနန်ဆရာတော် ကြီး ဦးပညာဝံသ အားဝါးခယ်မသားများ၏ ၀ါးခယ်မမြို.နယ် အသင်း( ရန်ကုန် ) ၏ အမှုဆောင်များမှ နေ.ဆွမ်း ဆက်ကပ် လှုဒါန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည် ။



ဆရာတော်ကြီးမှ အမှုဆောင်များအား ဆွမ်းဘုဉ်းမပေးမှီ သြ၀ါဒစကား ပြောကြားရာတွင် “ မိမိအနေဖြင်. ဇာတိမှထွက်ခွာ လာပြီးနောက်ပိုင်း အတော်နှင်.မပြန်ဖြစ်ကြောင်း ၊  အဂ္ဂမဟာ ပဏ္ဍိတဘွဲ.တံဆိပ်တော် ရရှိပြီးမှသာ ဇာတိရပ်ရွာသို.ပြန်လည်ကြွ ချီ အပူဇော်ခံဖြစ်ခဲ့တယ်ကြောင်း ၊ ၀ါးခယ်မ မီးဘေး မှာ ရော ၊ အထက ၁ /အထက ၂ တို.အတွက် လိုအပ်တဲ့အလှုတွေကိုပါ လှုဒါန်းပေးခဲ့ကြောင်း ၊ ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) အနေနဲ. အရှိန်အဟုန်မြှင်. တိုးချဲ့ဆောင်ရွက်ဖို. ၁၉၉၄ တွေ.စဉ်က သြ၀ါဒ ပေးခဲ့သေးကြောင်း ၊ သိသိသာသာတိုးတက်လာတာတွေကို သာတွေ.လိုကြောင်း ” ပြောကြားခဲ့ပါသည် ။



ထို.နောက် ဆရာတော်ကြီးကို အသင်းနာယကကြီးများ ၊ ဥက္ကဋ္ဌ ၊ အမှုဆောင် များမှ နေ.ဆွမ်းဆက်ကပ်လှုဒါန်းခဲ့ပါသည်။

နေ.ဆွမ်းလှုဒါန်းအပြီးတွင် ဆရာတော်မှ ၀ါးခယ်မမြို.နယ်အသင်း ဂုဏ်ထူးဆောင် နာယက ဗိုလ်မှုးကြီး အံ.ကျော် (  ငြိမ်း ) - ဒေါက်တာဒေါ် တို.  ၀ါးခယ်မမြို.မှ လူနာများ ရန်ကုန် ၊ မြောင်းမြ ၊ ပုသိမ် စသည်တို.သို. အရေးပေါ် ပို.ရန်လိုအပ်ပါက အသုံးပြုနိုင်ရန် လှုဒါန်းမည်. လူနာတင်ကားအားကြည်.ရှုပါသည် ။



လက်ရှိဆရာတော်ကြီး နဲ.အတူ ရဟန်း အပါး၂၀ခန်. သိတင်းသုံးလျှက်ရှိပြီး   ဆွမ်းကိစ္စအတွက် အနီးပတ်ဝန်းကျင်ဒါယိကာ/ဒါယိကာမ တွေ ရဲ. လှုဒါန်းမှု ၊ ဆရာတော်ကြီးရဲ. ငွေကြေး စတာတွေနဲ. ဖြေရှင်းနေရသည်ဟု သိရပါသည်။ ကိုယ်ပိုင်သီးခြားဒါန ပြုချင်သူများအတွက် ဆွမ်းကိစ္စအပြီးအစီးကို ၅၀၀၀၀ ခန်.နဲ. လှုဒါန်းနိုင်သည်ဟုလည်းသိရပါသည်။ 

ဆရာတော်ကြီးထံတိုက်ရိုက်ဖြစ်စေ (သို.) ၀ါးခယ်မြို.နယ်အသင်း နာယက ဖုန်း - ၀၁-၅၄၉၃၀၁ ဥက္ကဋ္ဌ ၀၉-၅၁၃၇၁၉၂ တို.မှတစ်ဆင်.ဖြစ်စေ လှုဒါန်းနိုင်ပါသည် ။

ဆရာတော်ကြီး၏ အတ္ထုပတ္တိ အကျဉ်းကို အောက်ပါ Link တွင်ပြန်လည်ဖတ်ရှုနိုင်ပါသည် ။



ပီနန်ဆရာတော်ကြီး ဦးပညာဝံသ

No comments:

Post a Comment