Sunday, June 15, 2014

အဖေများနေ. အမှတ်တရ - သစ်သစ်မြင်.ဆိုင်


Facebook မှာ စာရေးကောင်းသူအများစု ရှိကြပါတယ်
အချို.က သရော်စာ ရေးတဲ့နေရာမှာ
အချို.က ကျိုးကြောင်းဆိလျှော်စွာ သုံးသပ်ပြတဲ့နေရာမှာ
အချို.က ရသဆိုင်ရာ ရေးဖွဲ.ရာမှာ..
အချို.က ကိုယ်တွေ.တွေပြန်ပြောရာမှာ...စသည်ဖြင်. အမျိုးမျိုးသော ကြောင်းရာကွဲတွေ မှာ အသီးသီးရှိကြပါတယ် ။ ဒီထဲမှာ ယခုဖော်ပြမယ်. သစ်သစ်မြင်.ဆိုင် ဟူသော Facebook User တစ်ဦး လည်းအပါအ၀င်ဖြစ်ပါတယ် ။ သူမအနေနဲ. Facebook ပေါ်မှာ ခိုင်မာတဲ့ ပရိသတ်ရရှိနေသူ တစ်ဦးလည်းဖြစ်ပါတယ် ။ သူမ အနေနဲ. သူမမိသားစုအကြောင်းရေးဖွဲ. တဲ့နေရာမှာတောင် ဖတ်ချင်စဖွယ် ရေးဖွဲ.တတ်သူ တစ်ဦးလည်းဖြစ်ပါတယ် ။ သူမရဲ. စကားဝိုင်း တစ်ချို.ကိုလည်း FM မှာ နားထောင်ဖူးတာကလွဲလို. သူမရဲ.အချက်အလက် ပိုင်းဆိုင်ရာတွေကိုတော. ကျွန်တော်တို. မလေ.လာမိသေးပါဘူး ။ ဒါကြောင်.ဒီမှာတော. မဖော်ပြပေးနိုင်တာတော. တောင်းပန်ပါတယ် ။


ဒိနေ.ဟာ အဖေနေ.လို. သတ်မှတ်ထားကြတဲ့နေ.တစ်ခုပါ ။
Facebook ပေါ်မှာလည်း အဖေနေ.နဲ.ပတ်သက်တာတွေ ရေးသားကြတဲ့အနက် သူမရဲ. စိတ်ဝင်စားဖွယ် အဖွဲ.အနွဲ. တွေနဲ. စိတ်ဝင်စားဖွယ် မှတ်ချက်အချို.ကိုပါ အဖေနေ. အထိမ်းအမှတ် ကူးယူဖော်ပြအပ်ပါတယ် ။


အဖေ .. တဲ့ .. 
အဖေများနေ့ .. တဲ့ ..

အဖေ နဲ့ ကျမ ..
လူမှန်းသိတတ်စအရွယ်တည်း က .. 

နီးနီးကပ်ကပ် သိပ်မရှိခဲ့ပါဘူး .. 
ဘာလို့ လဲ ဆိုတော့ .. 
အဖေ က အပြင်က နေပူထဲမှာပဲနေပြီး .. 
ကျမ တို့ .. အရိပ်အာဝါသအောက်မှာ .. 
နိစ္စဓူဝ စားသောက်နေထိုင်နိုင်ဖို့ .. 
အေးအေးဆေးဆေး ပညာသင်နိုင်ဖို့ . 
နေပူမရှောင် မိုးရွာမရှောင် .. 
နေ.နေ့ ညည .. ကားမောင်းရင်း .. ပိုက်ဆံရှာနေရလို့ ပါ ..


ကျမ အတန်းသစ်တက်တိုင်း 

အဖေ က လွယ်အိတ်လွယ်ပြီး လိုက်မပို့ ပေးနိုင်ခဲ့ဘူး .. 
ဘာလို့ လဲ ဆိုတော့ .. 
အဖေ က အပြင်က နေပူထဲမှာပဲနေပြီး .. 
ကျမ တို့ .. အရိပ်အာဝါသအောက်မှာ .. 
နိစ္စဓူဝ စားသောက်နေထိုင်နိုင်ဖို့ ..
အေးအေးဆေးဆေး ပညာသင်နိုင်ဖို့ .. 
နေပူမရှောင် မိုးရွာမရှောင် .. 
နေ့ နေ.ညည .. ကားမောင်းရင်း .. ပိုက်ဆံရှာနေရလို့ ပါ ..

                                                   ကျမ အတန်းတင်စာမေးပွဲတွေ ဖြေပြီးလို့ 

အောင်စာရင်းတွေထွက်တိုင်း .. 
အဖေ က ကျမ ကို ပုခုံးပေါ်တင်လို့ 


 လူတကာကို လိုက်ပြီး လက်ခမောင်းမခတ်နိုင်ခဲ့ပါဘူး .. 
ဘာလို့ လဲ ဆိုတော့ .. 
အဖေ က အပြင်က နေပူထဲမှာပဲနေပြီး .. 
ကျမ တို့ .. အရိပ်အာဝါသအောက်မှာ .. 
နိစ္စဓူဝ စားသောက်နေထိုင်နိုင်ဖို့ ..
အေးအေးဆေးဆေး ပညာသင်နိုင်ဖို့ .. 

                                                       နေပူမရှောင် မိုးရွာမရှောင် .. 
နေ့ ညည .. ကားမောင်းရင်း .. ပိုက်ဆံရှာရလို့ ပါ ..



ကျမ အိမ်ထောင်ကျသွားတော့ .. 
တခါဖူးမှ နွေးနွေးထွေးထွေး မရှိဖူးတာမို့ .. 
ကျမ က ကျမကို မချစ်ဘူးလို့ ထင်နေတဲ့ အဖေ က .. 
မျက်ရည် တပေါက်ပေါက်ကျပါတယ် .. 
ကျမ က ဘာလို့ နွေးနွေးထွေးထွေး မရှိရခဲ့သလဲ ဆိုတော့ .. 
အဖေ က အပြင်က နေပူထဲမှာပဲနေပြီး .. 
ကျမ တို့ .. အရိပ်အာဝါသအောက်မှာ .. 
နိစ္စဓူဝ စားသောက်နေထိုင်နိုင်ဖို့ .. 
အေးအေးဆေးဆေး ပညာသင်နိုင်ဖို့ .. 
နေပူမရှောင် မိုးရွာမရှောင် .. 
နေ.နေ့ ညည .. ကားမောင်းရင်း .. ပိုက်ဆံရှာရလို့ ပါ ..



ကျမ တို့ သားအဖတွေမှာ .. 
အတူတွဲရိုက်ထားတဲ့ .. 


ဓါတ်ပုံကိုဆိုတာ ပြစရာရှားလောက်အောင် .. ဖြစ်ခဲ့ရပါတယ် 
ဘာလို့ လဲ ဆိုတော့ .. 
အဖေ က အပြင်က နေပူထဲမှာပဲနေပြီး .. 
ကျမ တို့ .. အရိပ်အာဝါသအောက်မှာ .. 
နိစ္စဓူဝ စားသောက်နေထိုင်နိုင်ဖို့ .. 
အေးအေးဆေးဆေး ပညာသင်နိုင်ဖို့ .. 
နေပူမရှောင် မိုးရွာမရှောင် .. 
နေ.နေ့ ညည .. ကားမောင်းရင်း .. ပိုက်ဆံရှာရလို့ ပါ ..



အဖေ့ ဆီ မှာ .. 
ကျမ တို့ ငယ်စဉ် က ကျမ တို့ နဲ့ တွတ်တီးတွတ်တာဖွဲ့ ဖို့ ..
အချိန်တော်တော်လေး ရှားပါးခဲ့ပါတယ် .. 
ဘာလို့ လဲ ဆိုတော့ .. 
အဖေ က အပြင်က နေပူထဲမှာပဲနေပြီး .. 
ကျမ တို့ .. အရိပ်အာဝါသအောက်မှာ .. 
နိစ္စဓူဝ စားသောက်နေထိုင်နိုင်ဖို့ .. 
အေးအေးဆေးဆေး ပညာသင်နိုင်ဖို့ .. 
နေပူမရှောင် မိုးရွာမရှောင် .. 
နေ.နေ့ ညည .. ကားမောင်းရင်း .. ပိုက်ဆံရှာရလို့ ပါ ..



ကျမ အိမ်ထောင်ဦးအချိန်တွေတုန်း က .. 
တခါတုန်းကပေါ့ .. 
ကျမ နံရိုးရှင် နဲ့ ကျမ 


ကားမောင်းရင်း အကြီးအကျယ် ရန်ဖြစ်ပြီးကြတဲ့ အချိန်မှာ ..
ကျမ နံရိုးရှင် ရဲ့ .. စိတ်လက်မာန်ပါ လုပ်မှုကြောင့် .. 
ကျမ ကားရဲ့ ရှေ့ ကားမှန်ကြီး ကွဲသွားပါတယ် .. 
တုန်တုန်လှုပ်လှုပ် နဲ့ .. ကျမ ဖုန်းခေါ်မိတာ .. 
ကျမ အဖေ ဆီ ဖြစ်လို့ နေပါတယ် .. 
ကျမ အဖေ က ပြောပါတယ် .. 
တခွန်းလေးပါပဲ .. 
" သမီး ရှေ့ မှာ ဖေဖေ တယောက်လုံး ရှိပါတယ် .. 
မငိုနဲ့ " တဲ့ ..


ဟုတ်ပါရဲ့ .. 
ကျမ တို့ ဘာဖြစ်ဖြစ် ..
အမေ့လို 


ညင်ညင်သာသာထွေးထွေးပွေ့ ပွေ့ မချော့မြှု နိုင်ပေမဲ့ .. 
စကားတွေ ချိုချိုသာသာ မပြောဖူးပေမဲ့ .. 
အန္တရာယ် ဆိုတာ နဲ့ ကြုံဆုံလာရင် .. 
ကျမ တို့ ရှေ့ က မားမားမတ်မတ် ရပ်တည်ပေးမဲ့ .. 
ကျမ တို့ ဖေဖေ ရှိနေသေးတာပဲ ..


ကျမ ရင် က ဖြစ်တဲ့ .. 
ကျမ .. သမီးတွေ အတွက် .. 
ကျမ နံရိုးရှင်ဟာ .. 
သူတို့ အတွက် Hero ပါပဲ .. 
သူတို့ အတွက် လမ်းပြကြယ်ပါပဲ ..


သူတို့ လေးတွေ သူတို့ ဘဝ ရဲ့ Hero အတွက် .. 
ရဲရဲ ဝံ့ဝံ့ လက်ခမောင်းခတ်နိုင်ဖို့ .. 

ကျမ တို့ အမေ တွေ မှာ တာဝန်ရှိလှပါတယ် .

ကျမ ဖေဖေ ဘယ်လိုဘဝရောက်ခဲ့ ရောက်ခဲ့ .. 
ဘယ်လိုပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ..
ခုချိန်ထိ ကျမ ဘဝ အတွက် 


သူရဲကောင်းဖြစ်လို့ နေခဲ့တာ .. အတွက် ..
ကျမ မာမီ ကို ကျမ က ကျေးဇူးတင်ပါတယ် ..


ကျမ ရင်ကဖြစ်တဲ့ ကျမ သမီးလေးတွေရဲ့ .. 
Hero အဖြစ် .. ခုချိန်ထိ ရပ်တည်ပေးနေတဲ့ .. 
ကျမ နံရိုးရှင် ကို လဲ ကျမ က 

ဒီကနေ လှမ်းပြီး ဂုဏ်ပြုပါရစေ ..

အိမ်ထောင်ရှင် အမျိုးသမီး မိခင် အားလုံး .. 
သူတို့ ရဲ့ သားသမီးတွေ အားကိုးရာ .. Hero များ ကို .. 
ဆထက်တပိုးတိုးပြီး အရောင်တင်ပေးနိုင်ကြပါစေ ..


အဖေ ရှိနေသေးတဲ့ သူတွေရော .. 
ဖခင် ဆိုတဲ့ အရိပ် ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက်ရော .. 
လောကမှာ
                                      နောင်တနည်းနည်းနဲ့ နေနိုင်အောင် ကြိုးစားကြမယ် ဆိုရင် .. 

အရာအားလုံးအချိန်မှီသေးတယ် ဆိုတာလေး .. ကို .. 
အဖေများနေ့ ကျရောက်လာတဲ့ .. 
ဒီနေ့ လေး မှာ .. ကျမ က အချိန်မှီသတိပေးပါရစေ ..


ကမ္ဘာပေါ်မှာ ရှိနှင့်ပြီးသားဖြစ်တဲ့ .. 
ကွယ်ပျောက်သွားကြပြီဖြစ်တဲ့ .. 
ရှိနေဆဲဖြစ်တဲ့ .. 
ရှိလာလတ္တံဖြစ်တဲ့ ဖေဖေ များ အားလုံး .. 
ကျန်းမာရွှင်လန်းကြပါစေ ..


ကိုထူးအိမ်သင် ဆိုထားပေးတဲ့ .. 
သီချင်းလေးကို နားနဲ့ သာမက .. 
နှလုံးသား နဲ့ ပါ နားထောင်ပေးနိုင်တဲ့ .. 
သားသမီးများ ဖြစ်ကြပါစေရယ်ပေါ့ ..


ဟုတ်ကဲ့ .. 
အဖေ့သမီး .. သစ်သစ်မြင့်ဆိုင် ပါ ရှင် ..



သူမ၏ ထိုရေးဖွဲ.မှုအောက် Comment များထဲတွင် Ei Ei Nyein  ရေးသားထားသော  အစ်မရေ
အစ်မရေးထားတဲ့စာသားတွေကညီမဘဝနဲ့ထပ်တူပါပဲ။
အဖေ့ကိုပိုချစ်မိသွားပါပြီ။

အစ်မရေးထားတာကိုမဖတ်ရသေးခင်အထိနေ့နေ့ညညကားမောင်းရင်းပိုက်ဆံရှာနေတဲ့အဖေ့အပေါ်နွေးထွေးမှုမပေးနိုင်ဘူးဆိုတဲ့ပြစ်တင်ချက်နဲ့ပဲညီမနေခဲ့တာအခုအသက်၂၅နှစ်အထိပါပဲ။ဒီနေ့တော့အစ်မစာကိုဖတ်ပြီးမျက်ရည်ကျရပါတယ်။စာပဲကျက်သမီးဆိုပြီးညီမစားပြီးသားပန်းကန်အထိဆေးပေးခဲ့ပေမယ့်အဖေ့ကိုကျးဇူးမတင်တတ်ခဲ့ပါဘူး။
အစ်မကျေးဇူးကြောင့်လောကမှာအဖေနဲ့ပတ်သတ်ပြီးနောင်တနည်းနည်းနဲ့နေနိုင်တော့မှာပါ။
အချိန်မှီသတိပေးတဲ့အစ်မကိုကျေးဇူးအထူးတင်ပါတယ် ဟူသော Comment ကား ထိုစာစု၏ လက်ငင်းထိရောက်မှုပင်ဖြစ်သည် ။


ထို.အပြင် Kyin Kyin ရေးသားထားသော  မမသစ် ပါးကလေ ကျမအိမ်ထောင်ကျပြီးအမျိုးသား
အိမ်ကိုလိုက်သွားရတော့လေ တပတ်လောက်ထိညတိုင်းငိုတာတဲ့ မားပြောပြတာ ခုချိန်ထိအဲ့ကြောင်းစဉ်း
စားမိရင်ငိုချင်လာတယ် ဒါတောင်မှကျမက ၃၄ နှစ်မှအိမ်ထောင်ပြုတာနော် မမသစ်ဆိုငယ်ငယ်နဲ့အိမ်ထောင်
ကျတော့ မမသစ်အဖေကပိုဆိုးမှာပေါ့ ချစ်လို့မဝသေးတဲ့အရွယ်ကိုးနော် အဖေ့ကိုချစ်ရတဲ့အချစ်နဲ့အမေ့ကိုချစ်
ရတဲ့အချစ်ကမတူဘူးနော်မမသစ် တယောက်တမျိုးဆီ
ပဲ ဟူသော Comment 


Zar Chi  ရေးသားထားသော  ချစ်သစ် အဖေလိုပဲ သမီးတို့အဖေလည်း ကားမောင်းတာပဲ… ချစ်သစ်ပြောသလို နေပူမရှောင် နေ့နေ့ညည ကားမောင်းနေရင်း ပိုက်ဆံရှာရလို့ အဖေလေ ကျမ ဘယ်နှစ်တန်းရောက်နေမှန်းတောင်မသိဘူး…
9 တန်းနှစ်ကျမှ အမေက ရှင့်သမီးကြီး သည်နှစ်ကိုးတန်းတက်ရတော့မယ် အရေးကြီးလာပြီဆိုပြီး အမေပြေ
ာမှ အော် ငါ့သမီး ကိုးတန်းတောင်ရောက်ပြီလားတဲ့… ကျမ အဖေ့ကို အဲတုန်းက စိတ်ဆိုးမိတယ်…
အဖေက ငါ့အပေါ်ဂရုမစိုက်ဘူးဆိုပြီး…
ကျမ ၁၀ တန်းရောက်တော့ ခုလို ၆ လပိုင်း ကျောင်းတက်ခါစ လေးမှာ မနက် စောစော အဖေက ကားထွက်ရခါနီးလေး ကျမကို ဘယ်လိုပြောလဲဆိုတော့ …
သမီး အဖေက ၁၀ တန်းထိမနေဘူးတော့ သမီး ဘာစာအုပ်လိုလဲဆိုတာ အဖေ မသိဘူးတဲ့…
သမီးလိုအပ်တဲ့ အထူးထုတ် မှန်သမျှ စာအုပ်မှန်သမျှ လိုအပ်တာ အားလုံး အဖေ့ကို စာနဲ့ရေးပေးပါတဲ့…
အဲတုန်းက ကျမမှာတဲ့ ဆရာမိုး english အထူးထုတ်လေးရယ် phyisics အထူးထုတ်လေးရယ် အဖေဝယ်ပေးခဲ့တယ်…
distance တက်တော့လည်း ဟင်းတွေ ချက်ပြီး အဆောင်ကို လာပို့ရှာတယ်…
ကျမတို့ အဖေ ဆိုးခဲ့တာလေးတွေရှိပေမယ့် သားသမီးအတူ နွေးနွေးထွေးထွေး မနေဘူးပေမယ့်…မိဘ အဖေဆိုတဲ့စိတ်လေးနဲ့ သားသမီးတွေ အပေါ် လိုအပ်တာကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့ရှာတယ်… ချစ်သစ်ရေးထားတာဖတ်ရင်း ဖေ့ကိုသတိရလို့ ငိုမိတယ်…
အဖေက ခုတော့ ဆုံးရှာပါပြီ…  ဟူသော Comment တို.သည် မိသားစု သံယောဇဉ်ကြီးသူ ...ရသစာပေ ခံစားတတ်သူ တို.အဖို. မျက်ရည်ဝဲစရာ ရင်တွင်းဖြစ်စာစုများဖြစ်ခဲ့သည် ။


ထို.အပြင် ကိုအေးနေ၀င်း၏အမေးတစ်ခုကို စာရေးသူကိုယ်တိုင်ဖြေဆိုခဲ့သော အဖြေက ဖခင်တို.၏ သံယောဇဉ်ကို ရိုးရိုးလေးဖြင်. ထင်းထင်းကြီးမြင်ခဲ့ရသည် ။

ဟုတ်တယ် အကို အေးနေ၀င်း
နက်ဖြန် လို wedding reception လုပ်တော့မယ် ဆို ..
ဒီနေ့ လိုညမျိုးမှာ ..

မိသားစု လေးယောက်တည်း ထမင်းထွက်စားကြတော့ ..
ထမင်းစားပွဲမှာ အဖေပြောတာတခွန်းတည်း ..
" ငါတို့ သမီးကြီး ကို ခေါ်ပြီး အဝေးကြီးကို ထွက်ပြေးကြရအောင် " တဲ့ .......

လောက၀ယ် အဖေအားလုံးတို.၏ မေတ္တာ ၊ သံယောဇဉ် ၊ချစ်ခြင်းတရား  တို.ကို သား/သမီးတိုင်း အဆုံးစွန်ထိတွေ.သိမြင်ပြီးလျှင် အပြည်.အ၀ တန်ပြန်နှောင်ဖွဲ.ဖေးမနိုင်ကြပါစေဟု......


ဤစာစုကို ကူးယူဖော်ပြခွင်.ရစေခဲ့သော Thit Thit Myint Saing  အားအထူးကျေးဇူးတင်လျှက်......

No comments:

Post a Comment