Wednesday, June 18, 2014

ဝါးခယ်မ ဘုရားကြီး တန်ဆောင်း မူလအလှုရှင်များ သိစေ၇န်ပါ


 ဖော်ပြထားသောပုံများမှာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့ရှိ မြို့နယ်ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီးအတွင်း၌ သက္ကရာဇ် (၁၂၅၂) ခုနှစ်တွင် အလှူ့ရှင် ဦးကြင်ငန်း + ဒေါ်သာရေး - သားသ္မီးတစု မှ လှူဒါန်းထားသော တန်ဆောင်းပုံ ဖြစ်ပါသည်။

သက္ကရာဇ် (၁၂၉၁) ခုနှစ်တွင် ယခင်အလှူ့ရှင်များ၏ သားမက်ဖြစ်သူ တံ ရွှေကြူး - သ္မီး မပိုက် တို့မှ ပြုပြင်မွန်းမံ၍ ရေစက်ချ လှူဒါန်းခဲ့ကြပါသည်။

ယ္ခုအခါတွင် ဘုရားကြီးအတွင်း အမိုးများပြုပြင်မွမ်းမံခြင်းများ ပြုလုပ်လျက်ရှိရာ တစ်ဆက်တည်းဖြစ်သော ထို တန်ဆောင်းအမိုးများကိုလဲ ပြုပြင်ရန် လိုအပ်လာပြီ ဖြစ်ပါသောကြောင့် ယခင်မူလ အလှူ့ရှင်များဖြစ်ကြသော တံရွှေကြူး + မပိုက် (ကဗျည်းပါအတိုင်း) သားသမီး မြေးမြစ် မိသားစုများအား အသိပေး အကြောင်းကြားလိုခြင်း ဖြစ်ပါသည်။



မူလ အလှူ့ရှင်များအနေဖြင့် ဘုရားကြီး ဂေါပကအဖွဲ့ နှင့် အမြန်ဆုံး ဆက်သွယ် ပေးပါရန် အသိပေး ပန်ကြားအပ်ပါသည်။

အနယ်နယ် အရပ်ရပ်မှ ဝါးခယ်မ နွယ်ဖွားများ အနေဖြင့်လည်း ဖေါ်ပြပါ အလှူ့ရှင်များနှင့် သိကျွမ်းမှူရှိပါက ကူညီ၍ အကြောင်းကြားပေးပါရန်နှင့် မြို့နယ် ကျက်သရေဆောင် ဘုရားကြီးပြုပြင်မှုတွင် ပါဝင် ကုသိုလ်ယူ လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။



ဆက်သွယ်ရန်

ဦးကြည်မြင့် ၀၉၄၉၇၆၄၃၀၇

ဆရာဦးလှခင် ၀၉၃၁၀၅၅၉၂၂

ဆရာဦးလှကြွယ် ၀၉၈၅၃၇၁၁၅

ဒေါက်တာသက်ရှည် ၀၉၈၆၀၀၃၇၂

တို့ထံတွင် ဆက်သွယ် အကြောင်းကြား လှူဒါန်းနိုင်ကြပါသည်။


မူရင်း သတင်း .... သကျမဟာသီ၇ိ ဘုရားကြီး Page @ Facebook

No comments:

Post a Comment