Tuesday, November 14, 2017

အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ၏ ၂၀၁၇ ပညာသင်နှစ် အခြေခံကျောင်းများ လှုဒါန်းမှု မှတ်တမ်း


Management Art of Depend On Situation


အရင်က SS Avenue ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) ၏ အလှု ကို နောက်အကျဆုံး ဇူလိုင်တွင် လုပ်ဖြစ်မြဲဖြစ်သည် ။ သို.သော် ယခုနှစ်တွင် ကိုယ်တိုင်က ဘယ်လိုမှမအား သည့်အပြင် အကြောင်းကြောင်းကြောင့် အတော်နောက်ကျခဲ့ရသည် ။
ယခုနိုဝင်ဘာ ပိတ်ရက်တွင်တော. မဖြစ်မနေ လုပ်မည်ဆုံးဖြတ်ပြီးသားမို. အတော်လေးအားစိုက်လိုက်ရသည် ။ အချို.က ဟိုးးးအစောတည်းကထည့်ထားပြီးသား ၊ အချို.ကိုတော. အနားနီးတော.မှ ပတ်အလှုခံ ၊ အချို.ကိုတော. ဘဏ်ပိတ်ရက်များ ဆက်နေသဖြင့် အလှုပြီးမှ ထည့်ပေးဖို.ပြောထားပြီး အမတစ်ဦးထံ အကူအညီတောင်း -- ဖြစ်အောင်စီစဉ်ရသည် ။

ညနေပိုင်းအနည်းငယ်ရသည့်အချိန်လေးများတွင် ပစ္စည်းများလိုက်ဝယ် ၊ အချို.ကတော. ၀ါးခယ်မ မှ မိတ်ဆွေအမများထံ အကူအညီတောင်း စီစဉ်ရသည် ။ သူတို.ကလည်း လိုလိုလားလား အကူအညီပေးတာမို. တော်တော်လေးအဆင်ပြေသွားသည် ။
၂ရက်နေ.ကိုမဖြစ်မနေလုပ်ရန်ချိန်းလိုက်ပြီး မှ အရင်ဝါးခယ်မဘက်ခြမ်းအမာခံအဖွဲ.က ကျောင်းကြီးကထိန် ဒိုးပတ်ပွဲဖြစ်မြောက်ရေး တာဝန်ယူထားရတော.သူတို.မှာလည်း မလှုပ်သာ ၊ အဲ့ဒီတော. ကိုယ်.ဘာသာ ဖုန်းတစ်လုံးနှင့် ကျောင်းချိတ်ဆက်ခြင်း ၊ ညှိုနှိုင်းခြင်းတို. လုပ်ရတော.သည် ။

 ၁ရက်နေ.မနက် ၀ယ်ထားသောပစ္စည်းများ နှင့် ရန်ကုန်ကနေ ကြိုလွှတ်ထားရသည် ။ ညနေ ကိုယ်.ဘာသာတစ်ယောက်တည်းဖြစ်သည့်အပြင် အလုပ်ကြောင့် အစောဆုံး ၅နာ၇ီနောက်ပိုင်းမှ သွားလို.ရမှာမို. လိုင်းကားနဲ.ပဲသွားဖို.လုပ်ထားပြီး အရေးကြီးအလုပ်တစ်ချို.ကြောင့် ၆နာ၇ီကျော်မှ ထွက်ဖြစ်သည် ။ ကားက ၇း၃၀ ။ ဒီလိုအချိန်မျိုး / ရက်မျိုးက ကားပိတ်တတ်သည်မို. ကြိုပြင်ထားသော်လည်း အခြေအနေအရ ကြိုမထွက်ဖြစ်လိုက် ။သို.သော် ကိုယ်.ကားဆရာက ကျွမ်းကျင်သူမို. ဖိမောင်း ၊ ကျော်မောင်း ၊ နောက်ဆုံးတော. ရွှေပြည်သာတံတားကတက် ၊ ထိန်ပင်သုသာန်ကြားထဲကဖြတ်ထွက်နှင့် ကားဂိတ်ရောက်တော. ၇း၄၅ ၊ ဖုန်းဆက်တုန်းကကိုယ်.ကိုအကြာကြီး မစောင့်ဟုပြောခဲ့သော အောင်ချမ်းသာက သူတို.ကြိုပို.ကားမရောက်သေးလို. ကားပေါ်လူတောင်မတင်ရသေးသဖြင့် ကံကောင်းသွားသည် ။ နောက်အကျဆုံး ၇း၄၅ လောက်တော.ထွက်သည်ဆိုသည့် အောင်ချမ်းသာက သူတို.ကြိုပို.ကားရောက်တော. ၉နာရီ ထိုးလုလု ။

ကားပေါ်မှပင် ကိုရဲ ၊ ကိုဇော်မင်းတို.နှင့် မနက်ဖြန် ကားအတွက် စီစဉ်တော. အဆင်မပြေသေး ။ နောက်ကျနေသည်မို. အရှိန်ပြင်းမောင်းလာသည့်ကားက ၀ါးခယ်မရောက်တော. ၁၂နာရီ ။
မနက်မိုးလင်းသည်နှင့် ပစ္စည်းသယ်သွားဖို.ကား စီစဉ်တော. အဆင်မပြေသေး ။ နောက်တော. ဆရာတော် ဦးဇ၀န ၊ ကိုထွန်းရိတို. စီစဉ်ပေးမှုဖြင့် အဆင်ပြေသွားသည် ။ ထိုအချိန်အထိ ပစ္စည်းတွေ Final မစစ်ရသေး ။ ထိုစဉ် အရှေ.ဒရင်း ကျောင်းအုပ်စုံတွဲရောက်လာပြီး လိုအပ်သည်များ ညှို နှိုင်း တော.မှ စာရင်းရထားပြီးသားခွဲကျောင်း တစ်ခုနှင့် ချိတ်ဆက်မရသေးမှန်း ပြန်သတိရသည် ။ တော်သေးသည် ။ ထိုဆရာမကချိတ်ဆက်တော. ဟိုကအဆင်သင့်ပင်ဖြစ်နေပြီးသား ။

ကိုလှဋ္ဌေး ၊ ကိုဇော်မင်းတို.နှင့်ပင် ပစ္စည်းစစ် ၊ လိုတာတွေထပ်မှာ ၊ ကျောင်းအလိုက်ခွဲ ၊ ပြင်ဆင်သင့်သော စာရင်းများလုပ် ၊ အရင်နှစ်များက လုံလောက်သောအင်အားရှိသော်လည်း ခုကတော. ရှိတဲ့လူနှင့်လုပ်ရတော. ညှစ်ရုန်းကြရသည် ။ အဓိက က အချိန်မှီ အဆင်ပြေစွာ ပြီးမြောက်သွားဖို.သာ ။
နောက်ဆုံးတော. နေ.လည် ၁ နာရီတွင် ကိုဇော်မင်း ၊ ကိုကိုလင်း ၊ ကိုလှဋ္ဌေး ၊ အထက်တန်းကျောင်းသား ၂ယောက် တို.နှင့် စတင်ထွက်လာနိုင်ခဲ့သည် ။

အရာရာတွင် ကြိုတင်ပြင်ဆင်မှု ၊ စနစ်တကျ စီမံခန်.ခွဲမှု တို.က အရေးပါမှန်းသိသော်လည်း အခြေအနေမပေးချိန်တွင် အစဉ်အလာအတိုင်း မီးစင်ကြည်.ကရခြင်း စီမံမှု အနုပညာဖြင့်သာ ပြီးမြောက်အောင် လုပ်ဆောင်ကြရသည်ကို ပြောလိုခြင်းသာဖြစ်ပါသည် ။
( တကယ်တော. မီးစင်ကြည်.ကရခြင်း စီမံမှု အနုပညာ ဆိုတာ ကြားကောင်းအောင်သုံးတာပါ
ဖြစ်သလိုကြည့်လုပ်လိုက်ရသော ဗြုတ်စဗျင်းတောင်း စီမံခန်.ခွဲမှု ဟုသုံးလည်းရပါသည် )

နာသုံးနာ + #@×&*


ပထမဆုံး ရွေးထားသည့်ကျောင်းက အရှေ.ဒရင်း ကျေးရွာ မူလတန်းကျောင်း
KG မှ လေးတန်းအထိ ကျောင်းသား/သူ ပေါင်း ၇၅ ယောက်ရှိနေသည်
သူတို.အတွက် စီစဉ်ထားသည်က ဗလာစာအုပ် နှင့် ၃ တန်းလေးတန်းတို.အတွက် ပုံပြင်စာအုပ်များ ၊ ချို.တဲ့ကျောင်းသားများအတွက် ထီး ၊ မိုးကာ ၊ ဖိနပ် ၊ ကျောင်းဝတ်စုံ ၊ KG များအတွက်ကျောင်းဝတ်စုံ နှင့် အချိုရည် ၊ မုန်. တို.စီစဉ်ထားသည် ။


သူတို.က ပဲ့ထောင်နှင့် ဦးနီစု ကလာကြိုမည်ဆိုတော. ထိုနေရာအရောက်ကားဖြင့်သွားကြသည် ။ ထို.နောက်သူတို.လာကြိုသော စက်လှေငယ်လေးပေါ် ပစ္စည်းများ ပါတင်ပြီး ကားလမ်းဘေး တူးမြောင်းမှ ချောင်းငယ်လေးအတွင်း သို.၀င်လာခဲ့ကြသည် ။ မြောင်းသာသာချောင်းလေးမို. စိုးရိမ်စရာတော.မရှိ ။ မိနစ် ၂၀ သာသာ ခန်.စီးအပြီး ထိုရွာသို.ရောက်ကြပြီး လမ်း ၅မိနစ်သာသာခန်.လျှောက်ကြရသည် ။

ကျောင်းလေးကတော. သပ်သပ်ရပ်ရပ်ရှိသည် ။ ကျောင်းအုပ်ဆရာမကြီးအမည်က ဒေါ်ခိုင်ဆွေဦး ဖြစ်ပြီး ကျောင်း၏ အမည်အပြည့်အစုံက အမက ၁၀ အရှေ.ဒရင်းဖြစ်သည် ။

ရောက်ရောက်ချင်း ဒေသထွက် ငှက်ပျောသီး ၊ လဘက်သုပ် တို.ဖြင့် ဧည့်ခံသည် ။ စေတနာအပြည့်ဖြင့် ထမင်းပါချက်ထားမည်ပြောသဖြင့် မနည်းတားထားရသည် ။ ဆင်ဖိုးထက် ချွန်းဖိုးမကြီးကြစေချင်သလို ကုန်ဈေးနှုန်းအောက်က ၀န်ထမ်းဘ၀ ကို ဧည့်ခံစရိတ်ဖြင့် ဗူးလေးရာ ဖရုံမဆင့်စေချင် ။ ကိုယ့်အဖွဲ.အလှုက ကလေးငယ်တို.အတွက် တစ်ထောင့်တစ်နေရာမှသာဖြည့်စွက်ပေးနိုင်သောအလှု ၊ တကယ်တော. စေတနာပြည့်ဝသော တောကျောင်းဆရာ/ဆရာမတို.ဘ၀က စာနာချင်စရာကောင်းလွန်းလှသည် ။


မြို.ကျောင်းဆရာ/ဆရာမများလို ကျော.ကျော.လေး နေ.တိုင်းသွားလို.မရသလို ကျုရှင်ဆိုသည့်စကားလုံးက သူတို.အတွက်တော. ဝေါဟာရအသစ်တစ်ခု ။ ကိုယ်.ကျောင်းသား ကျောင်းလာတက်ဖို.အရေးပင် မနည်းစည်းရုံးနေကြရသူများဖြစ်သည် ။


မိမိတို.နှစ်စဉ် လှုဒါန်းခဲ့သမျှ ကျောင်းများတွင် တကယ်စေတနာပါသော ၊ ကိုယ်.ကျောင်းကို ကိုယ်.ကျောင်းသားလေးတွေကို တကယ်တိုးတက်စေချင်သူ ဆရာ/ဆရာမအများအပြားကြုံတွေ.ခဲ့ရသည် ။ သူတို.လိုသမျှလည်း ဖြည့်ဆည်းပေးစေချင်စိတ် လည်းဖြစ်မိသည် ။သို.သော် မိမိတို.သည် ကိုယ်တိုင်က ရုန်းကန်နေရဆဲ ။ မိမိတို.တတ်အားသမျှ ငွေကြေး ၊ လုပ်အား ၊ မိမိတို.၏ လုပ်ရပ်များအပေါ် သိရှိ နားလည် လှုဒါန်းလိုသူများ အကူအညီဖြင့်သာ လုပ်နေကြရခြင်းဖြစ်သည် ။



မိဘဆီ စာအုပ်ဖိုးတောင်းချိန် မိဘတို.၏ ( မတတ်သာ၍ ) ငြင်းပယ်သံများ ကြားသိရချိန် ၊ ဖိနပ်မပါပဲကျောင်းတက်နေရသော ကလေးငယ်များတွေ.မိချိန် ၊ ဖားဥအထပ်ထပ် နှင့် စုတ်ပြတ်နေသော
ကျောင်းဝတ်စုံလေးများဖြင့် ကျောင်းတက်နေကြရသည်ကိုတွေ.ရလျှင် ၊ မိုးရွာထဲ ပလတ်စတစ်စ အစုတ်လေးခြုံပြီး ကျောင်းသွားနေသော ကလေးငယ်များတွေ.ရချိန် တိုင်း ကိုယ်.ကိုကိုယ် အပြစ်မကင်းသလို ခံစားရသည် ။ မိတ်ဆွေတို.ကိုယ်တိုင် ကျေးရွာများ ၊ နွမ်းပါးသော ကျောင်းများရောက်လျှင် ဤ မြင်ကွင်းများကို သင်သချောပေါက်တွေ.ရပါလိမ်.မည် ။ မိုးတွင်း ဆိုပိုဆိုးသေးသည် ။ အချို.ကျောင်းများတွင် ကျောင်းဆင်းကာနီး မိုးရွာမည်တွေ.ရလျှင် ကလေးများမိုးမိမည်စိုးသဖြင့် ကျောင်းကြိုဆင်းပေးနေရသည် ။ အချို.ထီးပါသော ကလေးနှင့် ထီးမပါသောကလေးတွဲပြီး ပြန်လွှတ်ရသည် ။ သို.သော် ၂ယောက်လုံးမိုးစိုတော. ထီးပိုင်ရှင်အိမ်ကမကြည် 

ထို.ကြောင့် ဤသို.သော အလှုမျိုးကို နှစ်စဉ် မိမိတို.တတ်အားသမျှ နှင့် မိတ်ဆွေတို.၏ ကူညီမှုများ ပူးပေါင်း လုပ်ဆောင်ကြရခြင်းဖြစ်ပါသည် ။


ကျောင်းဝတ်စုံကို အနီးစပ်ဆုံး ယူသွားကြသော်လည်း အချို.ကလေးများက အရွယ်အတော်ကြီးနေသဖြင့် ပြန်လဲပေးရန် စီစဉ်ခဲ့ရသည် ။ နောက်ကျောင်းများဆက်ရန် ရှိသဖြင့် အချိန်မဖြုန်းတော.ပဲ ဆက်လက်ထွက်ခွာ၇န် စီစဉ်ရသည် ။ အမှတ်တရ အနေဖြင့် ထိုကျောင်းမှ ဆရာမများ ၊ မိမိတို.အဖွဲ.များ ၊ ကျေးရွာမှတာဝန်ရှိသူနှင့် ကူညီပေးသူများ ၊ ကျောင်းသား/သူများ စုပေါင်းအမှတ်တရ ဓါတ်ပုံ ရိုက်ကြသည် ။

ဆက်သွားမည့်ကျောင်းက ယခုကျောင်း၏ လက်အောက်ခံ အမက ခွဲ ကျောင်းဖြစ်သဖြင့် ကျောင်းအုပ်ဆရာမကြီးမှ သူပါဆက်လိုက်ပေးမည့်အကြောင်းပြောသည် ။ ဆက်သွားရမည့်ကျောင်းမှ ဆရာမ ပါရောက်ရှိနေပြီး ပဲ့ထောင်ပါ ပါလာသည်ဆိုတော. အမြန်ဆက်လက်ထွက်ခွာကြသည် ။

အတန်တန် ငြင်းသည့်ကြားက လမ်းတွင်စား၇န် ဆိုကာ ငှက်ပျောသီးများ ထည့်ပေးလိုက်သေးသည် ။ကျောင်းလေးမှ ပြန်ထွက်လာရင်း တွေးမိသည်က မိမိတို.အဖွဲ.အနေဖြင့် တစ်နှစ်မှ ၃-၅ ကျောင်းသာ လှုဒါန်းနိုင်သည် ။ ၀ါးခယ်မတွင်က ကျေးရွာအုပ်စုတင်၁၂၆ အုပ်စုရှိနေသည် ။ ထို.ကြောင့် နောင်နှစ်ပေါင်းဘယ်လောက်ကြာရင် ဤကျောင်းလေးသို.နောက်တစ်ခေါက် ပြန်ရောက်နိုင်မည်နည်းဟု.........................

မြွေများနဲ. ခရီးသွားခြင်း


အရှေ.ဒရင်းကျေးရွာ အမက ပြီးတော. နောက်သွားရမည့်ကျောင်းက အရှေ.ဒရင်း-တောင်စု အမက ခွဲကျောင်း ၊ လက်ရှိဆရာမက တစ်ဦးသာရှိပြီး သူငယ်တန်း ၊ ပထမတန်း ၊ဒုတိယတန်း စုစုပေါင်းကျောင်းသား /သူ ၁၉ ယောက်သာရှိသည် ။


ထိုကျောင်းလေးက လက်ရှိ ကျောင်း၏ ကျောင်းခွဲ တစ်ခုဖြစ်ပြီး ဤကျောင်းမှ ဆရာမကြီးကသာ တာဝန်ယူအုပ်ချုပ်ပေးနေကြောင်းသိရသည် ။ တောင်စုကျောင်း တာဝန်ကျဆရာမလေးကလည်း မူလက ဤအရှေ.ဒရင်းကျောင်းမှပင်ဖြစ်ပြီး ယခုလည်း ရောက်ရှိနေပြီဖြစ်လျှက် ကျောင်းအုပ်ဆရာမကြီးကို သူတို.ကျောင်းကိုလိုက်ပါလာပေးဖို.ပြောဆိုနေသည် ။


သူတို.လာခေါ်သော ပဲ့ထောင်က ရေမတက်သေးသဖြင့် ကျောင်းအနီးအထိ လာလို.မရ ထို.ကြောင့် ပဲ့ထောင်နားအထိလမ်းလျှောက်ပေးပါရန် ပြောတော. ကိုယ်တွေကတောင်အားပြန်နာနေရသည် ။သေချာတာက ယခုလှုဒါန်းသမျှ ဘယ်ဆရာမ မှ တစ်စုံတစ်ခုရသည်မဟုတ် ။

သူတို.ကျောင်းသား/သူတွေအတွက် အလှုရျင်တွေကို လိုက်လိုက်လျောလျော ၊ ခခယယပြောကြရသော ရွာကျောင်းဆရာ/ဆရာတို.၏ စေတနာက အထင်းသားထွင်းဖောက်မြင်နေရသည် ။

လမ်းလျှောက်ကြတော. ဘယ်သူမှ ထီး ၊ ဦးထုပ်မပါကြ ၊ နေကအတော်ပြင်းသလို လေကငြိမ်နေတော. ချွေးကတော. အတော်လေးထွက်ကြသည် ။ နောက်မှအတူပါလာသော တောင်စုဒေသခံ အမျိုးသမီး ကလည်း သူတို.ရွာလေးက အဘယ်မျှ ချို.တဲ့ကြောင်း တောက်လျှောက်ပြောလာနေခဲ့သည် ။ လမ်းလျှောက် လို.၁၀မိနစ်နီးပါးအရောက် နောက်ဘက်မှအလန်.တကြားအော်သံကြားလိုက်ရသည် ။
မြွေ
မြွေ
အရှည်ကြီးပဲ
ပါးပြင်းလဲထောင်နေတယ်
ထိုအသံက လူတန်း၏နောက်ဆုံးမှထွက်လာခြင်းဖြစ်သည် ။ အာလုံးရပ်သွားပြီး ပြန်လှည့်ကြည့်ကြတော. သေချာမမြင်ရတော. ။ ကံကောင်းသည်က ထိုမြွေဘေးမှအားလုံးဖြတ်လျှောက်လာကြသော်လည်း ဘယ်သူတစ်ယောက်မှ အန္တရာယ်မဖြစ်ကြ ။၁၅မိနစ်ခန်.လျှောက်ပြီးတော. ပဲ့ထောင်ကပ်ထားရာနေရာသို.ရောက်ကြသည် ။


ချောင်းကျဉ်းကျဉ်းလေးထဲ ပဲ့ထောင် မောင်းရသည်မို.အရှိန်တင်မောင်းလို.လည်းမရ ။ ထိုးဝါးတစ်လှည့် စက်တစ်လှည့် ဖြင့် မောင်လာကြရင်း တစ်နေရာအရောက် ပါလာသောအဖွဲ.သားတစ်ဦးက သူ.သူငယ်ချင်းတစ်ယောက်လက်ကို ဆွဲရင်း ဟေ.ကောင်မြွေ မြွေ ဟုအော်လိုက်သံကြားရသည် ။

လူငယ်သဘာဝ စက်လှေစီးရင်း ဘေးမှသစ်ပင်ငယ်များကိုလက်နဲ.ပွတ်ဆွဲလာရင်း ရေမြွေတစ်ကောင်က ကြိုဆိုနေခြင်းဖြစ်သည် ။ သို.သော် ဘာမှတော. မထိလိုက် ။ ဤသို..ဖြင့် မိနစ် ၂၀ခန်.မောင်းအပြီး လမ်း၇ှိ ရွာ်တစ်ရွာက တံတားတစ်စင်းအား အနည်းငယ်တိုက်မိအပြီးမှာတော. ဒရင်း - တောင်စု ကျေးရွာ အမကခွဲ သို.ရောက်ခဲ့ကြသည် ။


ချစ်ကြပေမယ့်အရောင်မစွန်းစေလို


ကျောင်းရောက်တော. တကယ့်ကိုသိသိသာသာ မပြည့်စုံမှန်း မြင်နေရသည် ။ သူငယ်တန်း ဆိုလျှင် လည်း ဘာသင်ထောက်ကူမှ လောက်လောက်လားလား မတွေ.ရ ။ ထရံကာ သွပ်မိုး ကျောင်းငယ်လေးအတွင်း ဘာအခန်းမှကာမထားပဲ ကလေးငယ်တို.ကလည်း စုထိုင်နေတော. အအတွက် ရါယ်တွေကသိပ်မကွာ ။ ထိုကလေးအားလုံးအတွက် ထီး ၊ ဗလာစာအုပ် ၊ ပုံပြင်စာအုပ် ( ၁တန်း ၊ ၂တန်း အတွက် ) စသည်တို.ပေးအပ်ပြီး တစ်ဦးချင်းစီအတွက် ဖိနပ်များကို အတိအကျတိုင်းပြီး ပေးအပ်ကြပါသည် ။အထူးနွမ်းပါးသူများအတွက်မူ ၀တ်စုံပါ စီစဉ်ပေးကြပါသည် ။


ရွာဓလေ့အရ ကျောင်းသားမိဘများကလည်း ကျောင်းအတွင် ၀င်နေကြပြီး အချို.က သူတို.ကလေးများ ပစ္စည်းမရလိုက်မှာ စိုးရိမ်စိတ်ဖြင့် အနီးကပ်ကြီးကြပ်ပေးနေကြသည် ။ မိဘတို.၏ ချစ်ခြင်းကိုနားလည်သော်ငြား စိတ်ထဲဝယ် ထိုမိဘတို.၏ အပူများ ကေ လးများ၏ နှလုံးသားထိ စီးမျောသွားမှာ စိုးရိမ်မိသည် ။ ကလေးငယ်တို. အရာရာဝယ် လောဘတကြီး လိုချင်စိတ် စွဲမြဲသွားမှာ စိုးရိမ်မိသည် ။


သမုဒ္ဒရာ ရေ ချိုနိုင်ပါ့မလား


အဲ့ဒီလို လှုဒါန်းကြရင်းက လူက ၂၀ ဖြစ်နေတော့ ဆရာမက ကလေးငယ်လေးတစ်ယောက် ကိုပြရင်း သူကကျောင်းပျော်ပါ ကျောင်းအရမ်းတက်ချင်လို.ဆိုပြီး လာနေတာ သူငယ်တန်းနဲ.တွဲထားတယ်ဆိုပြီး ပြတော.မျက်လုံးပြူးလေးနဲ.မော.ကြည့်နေတဲ့ ကလေးမငယ်လေး ---- အေးလေ သူများတွေ ရတယ်ဆိုတော. သူလည်း လိုချင်ပေမပေါ့ ဆိုပြီးသူ.အတွက်ပါ လိုတာတွေထည့်ပေးလိုက်သည် ။ ထိုစဉ် နောက်ထပ်ကလေးငယ်လေးတစ်ယောက် ထပ်ဝင်လာပြန်သည် ။ ထိုကလေးငယ်အတွက်ကျန်တာတွေ ပေးရင်း ထီးကျတော. ပေးစရာ မရှိတော. ။ စိတ်မကောင်းစွာနှင့်ပင် မသိချင်ယောင်ဆောင်နေရင်း သူ.ဘေးက ကလေးငယ်က သူ.ကို တွေ.လား ငါတို.က ထီးပါရတယ် ။ နင်က ထီးမပါဘူးဟုပြောလိုက်ချိန် နောက်ဆုံး ကလေးရဲ. မျက်နှာကို မကြည့်ရဲ ။ သူစိတ်မကောင်း ဖြစ်သွားမှာကို မကြည့်ရက် ။

ထိုကလေး ၂၁ယောက်အတွက် ပေးဝေအပြီး ကျောင်းဝကိုကြည့်လိုက်တော့ အထဲက ကလေးတွေနှင့် မတိမ်းမယိမ်း ကလေးငယ်အချို. ။ တစ်ချို.ကတော. ဖြစ်သလို အ၀တ်အစားနှင့် ။ တစ်ချို.ကတော. စုတ်ပြဲနေသော အဖြူအစိမ်း ၀တ်စုံလေးတွေနှင့် ။ ရင်ထဲ မကောင်းဖြစ်မိသည် ။ သူတို.က ကျောင်းမတက်သေးတာလား ၊ ကျောင်းမတက်ရတော.တာလား ၊ သူတို.လည်း ကျောင်းတက်ချိန်စိတ် ရှိချင်ရှိနေကြမည် ။ အထူးသဖြင့် ယခုလိုအချိန်မျိုးတွင် သူတို.ရင်ထဲ ဘယ်လိုရှိနေမလဲ တွေးမကြည့်ရဲ ။ တစ်ခါတစ်လေတော. အထူးသဖြင့် အခုလိုအချိန်မျိုးတွင် ကိုယ်.လုပ်နိုင်စွမ်းအပေါ် အားမလို အားမရအတော်ဖြစ်မိသည် ။ သမုဒ္ဒရာ ရေချိုဖို. ကိုယ်ထည့်လိုက်တဲ့ သကြားတစ်ခွက်က ဘယ်မှမရောက်မှန်းသိသော်လည်း ကိုယ်လုပ်နိုင်သမျှ လောက်သာ လုပ်နေရတာကို အားမရ ဖြစ်မိသည် ။


အားလုံးလှုဒါန်းပြီးတော့ ပါလာသော ကျောင်းအုပ်ဆရာမကြီးကို ကလေးငယ်များက ကန်တော.ကြသလို အလှုရှင်များအတွက်လည်း ဆုတောင်းပေးနေကြသည် ။ကျေး၇ွာတာဝန်ရှိသူတို.ကလည်း လာရောက်သူများရော ၊ လှုဒါန်းပေးကြသူများကိုပါ ကျေးဇူးတင်ကြောင်း အားပါးတရ ပြောကြသည် ။ ပြီးတော.အားလုံးပြန်ကြချိန် ကျောင်းသားငယ်တို.ရဲ. အိမ်အပြန်က ပျော်ရွှင်မှု ၊ ကျေနပ်ခြင်း တို.ဖြင့် တက်ကြွစွာ....................

ပြန်မရနိုင်တော.တဲ့သုခဘုံ


တောင်စု အမက မှထွက်တော. နေကျစပြုပြီ
တာဝန်ကျေလွန်းသော အရှေ.ဒရင်းကျောင်းအုပ်က သူ.ကျောင်းပြီးတော. ခွဲကျောင်း ၊ ခွဲကျောင်းပြီးတော. ကားလမ်းမရောက်သည်အထိ စက်လှေနှင့် လိုက်ပို.ပေးဖို. လိုက်လာသည် ။ အားလုံးစက်လှေပေါ်ရောက်ကြတော. ကမ်းပါးမှ ဆရာမ နှင့် ကျေးရွာတာဝန်ရှိသူတို.က နှုတ်ဆက်နေကြသော မြင်ကွင်းအတွင်း လှုထားသော ထီးတစ်လက်က တောက်ပလွန်းနေသည် ။

ပဲ့ထောင်မောင်လာသောချောင်းကျဥင်္းလေးတစ်ဖက်တစ်ချက်က ခြုံပင်တွေ ၊ ရိုးပြတ်လယ်ကွင်းတွေ ၊ တိုင်ထောင်နွယ်ပင်အချို. ၊ သယ်ယူဖို.ပုံထားသော စပါးဟုထင်ရသည့် အိတ်များ စိတ်ထဲဟိုးးးးး ငယ်ဘ၀တစ်ခုစီပြန်ရောက်သွားခဲ့သည် ။


အဖေက သားသမီးကိုအတော်လေးအလိုလိုက်သည့်အထဲပါသည် ။ အတော်ချစ်သည့်အထဲပါသည် ။
ငယ်စဉ်က ကိုယ်ကရေသာမကူးတတ်သော်လည်း လှေကျတော.စီးချင်သည် ။ ခက်တာက လှေက ၀ါးခယ်မမှာ စီးဖို.မလွယ် ။ အဖေကတော. ရအောင်လုပ်ပေးသည် ။ လှေတစ်စီးရအောင်ငှားပြီး ဈေးချောင်းတစ်လျှောက် ၊ ကျုံစိန်ချောင်းတစ်လျှောက် လှေလိုက်လှော်ပေးသည် ။သူက အားကစားသမားမို.လှေလှော်ရာတွင်လည်း အတော်သန်သန်မာမာတော.ရှိသည် ။ ချောင်းဘေးရှိ အိမ်များထဲမှ သူ.အသိအိမ်တွေ.လျှင် လှမ်းနှုတ်ဆက် ၊ ဟိုကပြန်စကားပြော ၊ တံတားအသေးလေးများအောက်ရောက်လျှင် မှောက် ၊ မနက်၁၀နာရီ ၁၁နာရီမို. သစ်ပင်ကြားကဆင်လာတဲ့နေက သိပ်အရင့်ကြီးမဟုတ် ၊ အိမ်တွေက ထမင်း ၊ ဟင်းချက်ရင်း ထွက်လာတဲ့ မီးခိုးတွေက သစ်ပင်တွေကြားဝင်ရင်း ထိုအပေါ်နေရောင်က ကြိုကြားကြိုကြား ကျနေတော. ခုထိတိုင်ထိုမြင်ကွင်းကိုမြင်နေမိဆဲဖြစ်သည် ။တစ်ချက်တစ်ချက် မြစ်ကမ်းဘေးက ရေဖျံလေးတွေ ၊ ချောင်းထဲ အုပ်လိုက်ကူးနေသည့် ဘဲကလေးတွေကလည်း ပန်းချီကားတစ်ချပ် မလှလှအောင် ကူနေသည်နှင့်တူသည် ။ ရေထဲမျောနေသာ ဗေဒါပင်ငယ်အချို. ၊ ကမ်းနားမှရေထဲထိတိုင် တွဲရရွဲကျနေသော ညောင်လန်းပင်အမြစ်များ ၊ ဘယ်လိုမှသုံးမရသော်လည်း ကြည့်လှသည့် ကျီးအာသီးနီနီရဲရဲများ ကိုပြန်မြင်နေမိသည် ။

ရောက်ပြီရောက်ပြီဆိုသော အသံနှင့်အတူ ကားလမ်းမဘေး ပဲ့ထောင်ပြန်ကပ်နေသည် ။ နာရီဝက်ခန်.စီးလာပြီး အတိတ်က နိဗာန်ဘုံထဲ ပျော်နေမိသည့် စိတ် ပစ္စုပ္ပန် တည့်တည့် ခုမှပြန်ကျက်မိသည် ။ လိုက်ပို.သော ဆရာမကြီးအပါအ၀င် အားလုံးကိုနှုတ်ဆက်၍ ကားဖြင့် ရွှေလောင်း စိုက်ကွင်းကွေ.သို.ဆက်ထွက်လာခဲ့ကြသည် ။


ကကတိုက်ဆည်မြောင်းကျောင်းဆီသို. 



မိနစ် ၂၀ ၊ နာ၇ီဝက်ခန်.ကားမောင်းအပြီး လာကြိုနေကြသော စက်လှေတွေနားရောက်တော. သူတို.ကအင်အားတောင့်တင်းလှသည် ။ပဲထောင်က ၃စီးတောင်ဖြစ်သည် ။ လှုသမျှ ကျောင်းတွင် ဤကျောင်းက လူအများဆုံး ၊ လှု ရမည့် ပစ္စည်းအများဆုံးမို. အားလုံးသယ်ချပြီးသည်နှင့် အမြန်ထွက်ခဲ့ကြသည် ။နေရောင်ကဖျော.ဖျော.သာကျန်တော.သည် ။

ကျောင်းရောက်တော. အဆောက်အဦးလေးကမဆိုး ။ မေးကြည့်တော. NGO အဖွဲ.တစ်ခုကလှုထားခြင်းဖြစ်ပြီး မူရင်းကျောင်းဆောင်က အခြားဘက်တွင်ရှိနေသော ခပ်ဟောင်းဟောင်းအဆောင်တစ်ခု ။ ကျေးရွာ လူကြီးများ ၊ ဤကျောင်းဖြစ်မြောက်ရေး မြေလှုသည်မှ အူလကျောင်းဆောင်ရသည်အထိ လက်တွဲလုပ်ဆောင်ခဲ့ကြသော ၇၄နှစ်အရွယ် အဘတစ်ဦး နှင့် ဆရာဟောင်းများ လူစုံတက်ရောက်လာကြသည် ။ ဤကျောင်းတွင် ကျောင်းသား/သူပေါင်း ၈၆ယောက် ရှိနေပြီး အားလုံးအတွက် ထီး ၊ ဖိနပ် ၊ ၀တ်စုံ ၊ ကျော်ပိုးအိတ် ၊ ဗလာစာအုပ် နှင့် ကျောင်းစာကြည့်တိုက်အတွက်ပုံပြင်စာအုပ်များဖြစ်သည် ။


ထိုကျောင်းလေးကို စတင်ချိတ်ဆက်စဉ်တည်းက တစ်ရွာလုံးနီးပါးကစီးပွားရေးသိပ်အဆင်မပြေကြကြောင်းပြောသည် ။ ယခု အလှုအတွက် ကျောင်းဘက်မှ ချိတဆက်တာဝန်ယူပေးနေသော ဆရာဦးဝင်းဆွေမှာ ထိုကျောင်းဖြစ်မြောက်လာရေးအတွက် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုအနားယူသွားသည့်တိုင်သူ.ကျောင်းအတွက် ပူတုန်း ၊ပင်တုန်း ၊ ကိုယ်.ဘက်က ဘဏ္ဍာရေးအနေအထားအရ ဖိနပ် ၊ ကျောပိုးအိတ် ၊ ၀တ်စုံ တို.ကို ချို.တဲ့လွန်းသူများအတွက်သာရည်ရွယ်ကြောင်းသူ.ကိုပြောပြတော. သူက ကျောင်း၇ှိကလေးများမှ မိုးတွင်းကျောင်းတက်လျှင် မိုးကာဝေးလို. ပလတ်စတစ်စတောင် လူစေ့မရှိဆိုတော. သက်ပြင်းချမိရင်း အားလုံးအတွက် စီစဉ်လာခဲ့ရခြင်းဖြစ်သည် ။


တစ်ခုတော.ပြောစရာရှိသည် ။ မိုးကုန်တော.မှထီးနဲ.မိုးကာ ဘာလို.လှုလည်း ဆိုတော. သူတို.နောက်နှစ်ကျောင်းအပ်ရာသီတွင် သူတို.မိဘတွေ စိတ်သက်သာပါစေ၊
ဝန်တစ်ခုပေါ့သွားပါစေတော.ဟူသောစိတ် ၊ ကျောင်းစတက်သည်နှင့် မပူပင်ရအောင် တစ်ခါတည်းလှုလိုက်ခြင်းဖြစ်သည် ။ မိမိတို.အနေနှင့်က တစ်နှစ် ၃ကျောင်းမှ ၅ကျောင်း သာလှု ရသည်မို. ဘယ်တော.မှ ဒီကျောင်းပြန်ရောက်မည်မသိ ။ ထို.ကြောင့်ရောက်သည့်အခိုက် တတ်စွမ်းသမျှ ဖြည်.ဆည်းခဲ့ခြင်းဖြစ်သည် ။


ကိုယ်တိုင်တွန်းလို.ရွေ..စေခဲ့ကြသူများ


လှုခဲ့သမျှ ကျောင်းများထဲ ဤကျောင်းကတော.အင် နှင့် အားနှင့် ညီညွတ်စွာ ကြိုတင်ပြင်ဆင်မှုပိုအားကောင်းပုံရသည် ။ ဤ သို.ပြောတော. အခြားကျောင်းများ က အားနည်းသည်လားဆိုတော.မဟုတ် ။ ကျောင်းနှင့် တိုက်ရိုက်သက်ဆိုင်သူများ၏ စေတနာ ၊ အားထုတ်မှု နှင့် အလေးထားခြင်းတို.ကမူ အားလုံးအတူုတူပင် ။ သို.သော် သူတို.ကျောင်းများ၏ မိဘများ ၊ သက်ဆိုင်ရာရွာ နှင့် အခြားသော အခြေအနေများကြောင့် သာ ကွာခြားသွားကြရခြင်းဖြစ်သည်ကို နားလည်ကြပါသည် ။ဤကျောင်းတွင်ကတော. ကျောင်းစတင်ဖြစ်မြောက်ရေး ၉နှစ်တိုင် လုပ်ဆောင်ခဲ့ကြသူ ဦးဝင်းဆွေ - ဒေါ်လှလှသီ ၊ သူတို.နှင့် လက်တွဲပံ့ပိုးလာခဲ့သော ကျေးရွာတာဝန်ရှိသူ အသက် ၇၄နှစ် ရှိ ကိုယ်တိုင် စာမတတ်သော်လည်း အများကို စာတတ်စေချင်သူ ဦးပွကြီး ၊ အစဉ်အဆက် စေတနာအပြည့် တာဝန်ယူပေးခဲ့ကြသော ဆရာဟောင်းများ ၊ လက်ရှိတာဝန်ရှိကျေးရွာ လူကြိးများ ၊ ကျောင်းတာဝန်ရှိသူများပါ အပြည့်တက်ရောက်လာပေးကြသည်ကိုတွေ.ရသည် ။ကျောင်း စတင်စဉ်က ထိုကျောင်းနှင့်ကျေး၇ွာတာဝန်ရျိသူတို.က ကိုယ်ပိုင်ငွေကြေးပါအသုံးပြ၍ ကျောင်းဆောင်ဖြစ်မြောက်ရေး ကြိုးပမ်းခဲ့ရကြောင်းနှင့် ယမန်နှစ်ကမှသာ NGO အဖွဲ.အစည်းတစ်ခုက ယခုအခမ်းအနားကျင်းပနေသော အဆောင်ကို တည်ဆောက်လှုဒါန်းပေးခြင်းဖြစ်ကြောင်းနှင့် အဆောင်ဟောင်းကိုလည်း တွဲဘက် အသုံးပြုနေရသေးကြောင်းသိရသည် ။


 ကိုယ်ပိုင် စာကြည့်တိုက်လေးများ


စတင်လှုဒါန်းမှုများမလုပ်ခင်. အချိန်အနေအထားအရ စကားတော.အများကြီးမပြောဖြစ် ။ ကျောင်းအုပ်ကြီးဖြစ်သူ ဥိးစိုးရာဇာအောင် က အသက် ၃၀ခန်. လူလတ်ပိုင်း တစ်ဦးဖြစ်ပြီး မိမိတို.လှုဒါန်းမည့် ပစ္စည်းနှင့် အစီအစဉ်ကိုပြောပြပြီး စာကြည့်တိုက်ရှိ/မရှိမေးတော. မရှိသော်လည်း စာအုပ်အချို.ကလေးတွေဖတ်ဖို. စုထားပေးကြောင်းပြောတော. ပါလာသော ပုံပြင်စာအုပ် ၃၀ကျော်ကို ကျောင်းကိုသာလှုထားခဲ့မည့်အကြောင်းပြောဖြစ်သည် ။ မိမိတို.က ၃တန်းနှင့် ၄တန်း ကလေးများအတွက် ယဉ်ကျေးလိမ်မာနှင့် ရိုးရာ ပုံပြင်စာအုပ်များ ပါလာပြီး ပြီးခဲ့သည့်ကျောင်းများတွင်လည်း တစ်ယောက် တစ်အုပ် လှုပေးထားခဲ့သည် ။ ကလေးများ စာကို သွက်သွက် ဖတ်ချင်စိတ်ဖြစ်စေရန် ၊ ပါဝါရိန်းဂျားတို. နိုင်ငံခြား ကာတွန်းဇာတ်ဆောင်တို.အစား မြန်မာ.ဇာတ်ဆောင်များ ၊ သူရဲကောင်းများ ကိုသတိပြုမိစေရန် ၊ စာအုပ်များက မတူသဖြင့် တစ်ဦးနှင့် တစ်ဦး လဲဖတ်ရင်း ကိုယ်တိုင်စောင့်ရှောက်ရသော စာကြည့်တိုက်လေးသဖွယ်ဖြစ်စေရန် ရည်ရွယ်လှုဒါန်းခြင်းဖြစ်သည် ။ ဤကျောင်းတွင်တော. ကျောင်းက စာကြည့်တိုက်လေးတစ်ခု အစပြုနေသည်ဆိုတော. ကျောင်းကိုသာလှုဒါန်းပေးလိုက်သည် ။


ခြေထောက်ကြိုးတုတ်၍ လမ်းလျှောက်ကြသူများ


စမလှု ခင်လေး ကျောင်းသားအားလုံးကို တစ်ခုသာပြောဖြစ်သည် ။ မိမိတို.ကို ယခုလှုဒါန်းမှု အတွက် ကတိတစ်ခုပေးရမည်ဖြစ်ကြောင်း -ယခုမိမိတို. လှုဒါန်းသကဲ့သို. ဤကျောင်းသားများ အရွယ်ရောက်လာလျှင်လည်း ကိုယ်.ရွာ / ကိုယ်.ဒေသအတွက် ဤအလုပ်မျိုး မဖြစ်မနေ လုပ်ပေးရမည်ဖြစ်ကြောင်း ကတိတောင်းတော. အားပါးတရ ညီညွတ်စွာ ကတိပေးကြသည် ။ အချိန်တန်၍ ဤကတိကို ဘယ်နှစ်ယောက် အကောင်အထည်ဖော်ဖြစ်သည်ဖြစ်စေ သူတို.ရွာအတွက် ၊ မိမိတို.ဒေသအတွက် သေချာပေါက် အကျိုး ရှိမည်ဖြစ်သည်။


ပုံမှန်အတိုင်း ဗလာစာအုပ် ၊ ထီး ၊ မိုးကာ ၊ ၀တ်စုံ ၊ ကျောပိုးအိတ် စသည်တို. အစဉ်အတိုင်း တစ်ယောက်စီလှုကြသည် ။ မိုးကလည်း ချုပ်စပြုတော. အမြန်လုပ်ကြရသည် ။ ပြသာနာက ဖိနပ် ။ Size ကမှန်းယူလာရခြင်းဖြစ်သည် ။ အမ မတင်တင်ဝင်း ကလည်း စေတနာအပြည့်ကူညီသည် ။ ဖြစ်နိုင်သည့်အရွယ်အားလုံး အပိုများယူလာပြီး တော်တာ/မတော်တာ ပြန်လဲဖို.စီစဉ်ပေးလိုက်သည် ။ ဖိနပ်အများစုက အကြီးပိုင်းတွေတော်ပြီး အသေးများ လိုနေခြင်းဖြစ်သည် ။ အဲ့ဒီတော. တစ်ယောက်စီတိုင်း ၊ မတော်လျှင် ဖြစ်နိုင်သည့် နံပါတ်မှတ် ၊ ပြီးမှ ပို.ပေးဖို.စီစဉ်ရသည် ။

ထိုသို.လုပ်ကြရင်းက ကျောင်းသားတစ်ယောက်အလှည့်ရောက်တော. ဖိနပ်တိုင်းသည် ။ တော်သည်ဆိုတော. တစ်ခါတည်းစီးသွားလို.ပြောပြီး ပြန်လွှတ်လိုက်သည် ။ ထိုကျောင်းသား ပြန်လှည့်အထွက် ဘိုင်းကနဲပစ်လဲကျတော. အားလုံးအလန်.တကြားဖြစ်သွားပြီး နောက်မှ ၀ိုင်းရီဖြစ်ကြသည် ။ အဖြစ်က ဖိနပ် ၂ဖက်တွဲထားသော ကြိုးများရှိသည် ။ တိုင်းပြီး တော်မှ ထိုကြိုးကို ဖြတ်ပေးလိုက်သည် ။ မတော်လျှင် ဒီတိုင်းထားလိုက်သည် ။သို.မှသာ ဖိနပ်ပြန်လဲလျှင် အဆင်ပြေရန်ဖြစ်သည် ။ ထိုကျောင်းသားကို ဆရာကြီးက ဖိနပ်တိုင်းပေးရင်း ကြိုးမဖြတ်မိခြင်းဖြစ်သည် ။ငိုအားထက်ရယ်အားသန်ကြရသည် ။ အချိန်ကလုလုပ်ရတော. အမှားအယွင်းရှိကြသည် ။ ပြီးကာနီး တစ်ယောက်တွင် ထုံးစံအတိုင်း တိုင်းပြီးတော်တော. ဖိနပ် စွပ်ပေးလိုက်သည် ။ သို.သော် ထိုကလေးက လမ်းလျှောက်တာ ရှေ.မရောက် ။ Moon Rock ကသလိုဖြစ်နေသည် ။ ထုံးစံအတိုင်း ဖိနပ်ကြိုးဖြတ်မပေးမိ ၊ သို.သော် ကလေးက မပြောပဲ သူ.ဘာသာချော်မလဲအောင်လျှောက်တော. ဖိနပ်၂ခုကြိုးတုတ်ထားသဖြင့် မလဲအောင်လှမ်းရင်း ရှေ.မရောက်ဖြစ်နေဖြင်းဖြစ်သည် ။ထို.နောက် ကြိုးဖြတ်ပေးလိုက်မှ သူလည်း လွတ်လပ်စွာသွားလာခွင့်ရသွားသည် ။


မြင်သာသော ၀ိုးတ၀ါးအပြုံးများ 


အားလုံးပြီးတော. မီးမရှိသည့်ကျောင်းထဲ တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ရတော. ။ ကျေးဇူးတင်ဝမ်းမြောက်ခြင်းမှတ်တမ်းကို ကျောင်းအုပ်ကရေးတော. ဖုန်းမီးဖြင့် ဆရာမတစ်ယောက်က ပြပေးနေရသည် ။ ပြီးတော. အပြင်ထွက်ကြပြီး ကျောင်းရှေ.တွင် ကျောင်းသားများ ၊ ဆရာ/ဆရာမများ ၊ တာဝန်ရှိသူများ ၊ မိဘများ ၊ မိမိတို.အဖွဲ.များစု၍ လရောင်ဆမ်းသော ဓါတ်ပုံ စုရိုက်ဖြစ်ကြသည် ။ ကင်မရာတွေက Red Eye Reduce လုပ်မထားတော. အချို.ပုံတွင် မျက်လုံးတွေက မီးဝင်းဝင်းတောက်နေကြသည် ။ အပျော်မီးတောက်များသာဖြစ်လိမ့်မည်ပေါ့ ။ ပြိးတော. အားလုံးကိုနှုတ်ဆက်ကြသည် ။ ပျော်ပျော်ပါးပါး ညီညီညွတ်ညွတ်မို. တကယ့်အမှတ်တရ ဖြစ်ရသည် .ဓါတ်ပုံရိုက်ပြီးတော့ ကလေးတစ်ချို.က ကျောင်းရှေ.ကွက်လပ်တွင် သူတို.ရထားသော ပစ္စည်းလေးတွေချပြီး ခုန်သူခုန် ၊ ဂျွမ်းထိုးသူထိုး ဖြစ်နေကြသည် ။ပျော်လွန်းလို.တဲ့ ။ သူတို.မိဘများက ဒါကိုသဘောအကျကြီး ကျနေကြသည် ။ ဖန်တီးထားသော အလင်းရောင်တို.မဲ့ရာ ဒေသမို. ထင်ထင်ရှား၇ျား မမြင်ရသော်ငြား သူတို.၏ အပြုံး ၊ သူတို.၏ အပျော်များကို မိမိတို.ရင်တွင်း အပြည့်အ၀ သိမ်းပိုက်ခံစားနိုင်ခဲ့သည် ။ အပြန်မှာ ဤကျောင်းတွင်တာဝန်ကျသော မြို.နှင့်ရွှေလောင်းမှဆရာမလေးများ ပြန်လိုက်ပါပြီး ဤအလှုအတွက် ချိတ်ဆက်ပေးပြီး ယခုတိုင်ကျောင်းအတွက် စိတ်ဓါတ်အပြည့်၇ျိနသေးသော ဦးဝင်းဆွေအပါအ၀င် တာဝန်ရျိသူများ လိုက်ပို.ကြသည် ။ အဘ ဦးပွကြီးကတော. ကမ်းပါးပေါ် လက်ပြရင်းကျန်နေခဲ့သည် ။


လရောင်အောက်က ရွှေခရု



တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညမို.ချောင်းရေပြင်ပေါ် လရောင်က ဖိတ်ဖိတ်တောက် နီးပါးမျှ ဖြန်.ကျနေသည် ။ ခုနောက်ပိုင်း မီးမရသောကျေး၇ွာအချို. Solar အားကိုးဖြင့် TV ၊ အိမ်မီး ၊ ဖုန်းအားသွင်း စသည်တို.လုပ်လို.ရလာနေကြသည် ။ အဲ့ဒီတော. ကမ်းပါးစပ်မှ မီးလင်းအိမ် အချို.ကိုလည်းတွေ.နေရသည်

ရေနံ.ပါသော လေအေးအေး ၊ လမင်းကိုနောင်ခံထား၍ အချို. စိုပြေအုံဖွဲ.နေသော ၊ အချို. သန်မာဝင့်ထည်နေသော ၊ အချို. အရိုးပြိုင်းပြိုင်း ထီးတည်းဖြစ်နေသော သစ်ပင်တို.၏ အရိပ်က လောကအတွင်းရှိ အချို.ဘ၀များကို ထင်ဟပ်နေစေသည် ။ တစ်ခုပဲရှိသည် ။ ဤမျှ အေးချမ်းသော ၀န်းကျင် ၊ ဤမျှ ငြိမ်းချမ်းသော ရှုခင်းများကြားသွားနေရသော်ငြား ဆူညံလှသည့် ပဲ့ထောင်စက်သံက အရာရာကိုဖျက်ဆီးပစ်နေသလိုဖြစ်သည် ။ ဤမျှခောတ်မှီသော ကာလ၀ယ် အဘယ်ကြောင့် အသံတိတ် ပဲ့ထောင်စက်များမတီထွင်နိုင်ရသည်ဆိုသည်ကို တွေးမိပြီးသိပ္ပံနှင့် တီထွင်ပညာရှင်ဆိုသူတို.အပေါ် မကျေနပ်စိတ်ဖြစ်မိသည် ။

ပတ်ဝန်းကျင်အလှ ခံစား၍ ၀တော့ ရွာမှတာဝန်ရှိသူများနှင့် စကားပြောဖြစ်ရင်းစိတ်ဝင်စားစရာ သတ္တ၀ါ အကြောင်းကြားရသည် ။
ရွှေ ခ ရု တဲ့
ကျေးရွာ လယ်ကွင်းတွေမှာသူတို.ကျလာလျှင် ဧကကွက်တွေအထိပြောင်အောင် စားပစ်သည်တဲ့ ။ စပါးရော မြက်ပါမရှောင် အကုန်တွယ်သည်တဲ့
နှိမ်နင်းလို.လည်းမရတဲ့
အိမ်အောက်များရှိ ခရုလုံးများလိုဖြစ်ပြီး သူက အကောင်ကြီး၍ ရွှေရောင်ဖြစ်သည်တဲ့
ဘာလာလာဆိုသော မြန်မာပါးစပ်များလည်းမရတဲ့
သူ.အသားကစားကောင်းသဖြင့် ချက်စားသည် ၊ သုပ်စားသည် သို.သော်မနိုင်တဲ့
လယ်တစ်ကွက်လောက်ကောက်လျှင် ပီနံအိတ်နှင့်ကိုရသည်တဲ့
မကြာသေးခင်ကမှရောက်လာကြခြင်းဖြစ်သည်တဲ့
အဲ့ဒီတော.ဒီခရုတွေ အသားထုတ်ပြီး စည်သွတ်ဗူးလုပ် ပြည်ပပို.နိုင်လျှင်တော. အတော်အဆင်ပြေမည် ။သို.သော် ၂၀၁၀ စွန်းစွန်းတည်းက နိုင်ငံခြား Company များနှင့် တည်ထောင်မည့် ၀ါးခယ်မ စက်မှုဇုံကလည်း လျှပ်စစ်ဓါတ်အားပေးစက်ရုံပြသာနာ နှင့်အခြားအကြောင်းများကြောင့် ယခုတိုင် အိမ်မက်သာသာဆိုတော. ...................

+-× +-× +-× +-× +-× +-× +-× +-× +-×

မိမိတို.အဖွဲ.အနေဖြင့် နောင်နှစ်များတွင်လည်း မိမိတို.တတ်အားသမျှလှုဒါန်းနေကြမည်ဖြစ်ပါ့သည်
မပြောပလောက်သော မိမိတို.အဖွဲ..စွမ်းအားဖြင့် ထင်ရျားသော အပြောင်းအလဲ တစ်ခုကို အချိန်တိုအတွင်း ဘယ်လိုမှမရနိုင်မှန်းသိသော်လည်း မိမိတို.ကြိုးစားနေမည်သာဖြစ်သည် ။ မိမိတို. ခြစ်ထုတ်ခဲ့သော ကျောက်တောင်နံရံသည် မိမိတို.ဘ၀များအဆုံးသတ်ချိန်တွင် ဖောက်ထွက်သွားနိုင်ဖို.အထိမမျှော်လင့်သော်လည်း မိမိတို.ကဲ့သို. ဆက်လက်ဖောက်ထွက်ပေးမည့်သူများကိုတော. မျှော်လင့်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးး


လှုဒါန်းမှု မှတ်တမ်း ဓါတ်ပုံများ