ယနေ.ခောတ်သည်ကား Online , Network , Computer ,
Website , Facebook , Google , Chatting, Blog ဟူသော
စကားလုံးတို.ဖြင်.မွှမ်းထံနေအပ်သော နေ.ရက်များဖြင်.သာ အတိပြီးနေတတ်သည် ။
လူငယ်တို.က ခြေကုပ်ယူမိနေပြီး လူလတ်ပိုင်းတို.ကတော်တော်လေး
ထဲထဲဝင်ဝင် ရှိနေပြီဖြစ်ကာ လူကြီးပိုင်းတို.က စိတ်ဝင်စားစွာ
လေ.လာသင်ယူသုံးစွဲ နေကြသည်. IT ခောတ်ကြီးမို. မြို.လေးတွင်လည်း အနည်းဆုံး
လူရာဝင်လောက်အောင်တော. တီးခေါက်လေ.လာနေကြသူများက အားလုံးလိုလိုပင် ။
အချို.ကတော. တကယ်ကိုဆုံးခန်းတိုင်ထိလေ.လာလိုသူများ ၊ အချို.ကတော.
သုံးတတ်စွဲတတ်ရုံလောက် ၊ အချို.က အားလုံးနှင်.တန်းတူ
သိထားတတ်ထားချင်စိတ်ဖြင်. ၊ အချို.ကတော.
လဘက်ရည်ဆိုင်ထိုင်ရင်းပြောနိုင်ဆိုနိုင်ရုံလောက် ။ မည်သို.ပင်ဖြစ်စေ
ပညာမှန်သမျှ တတ်ထားသည်ကကောင်းသည်ချည်းဖြစ်သည် ။သို.သော်
အသုံးချပုံမှန်ကန်ဖို.ကတော. အတော်အရေးကြီးသောအချက်တစ်ခုဖြစ်သည် ။
|
ပထမအကြိမ် တွေ.ဆုံမှု |
မြို.လေးတွင် ရှိနေသူများ ၊ မြို.လေးမှ အဝေးရောက်နေသူများ အချင်းချင်း IT
နည်းပညာပိုင်းဆိုင်ရာများ ဖလှယ်ရင်း ထိုပညာရပ်ပိုင်းဆိုင်ရာကို
ပြည်.စုံစွာတတ်ကျွမ်းနားလည်ပြီး တပါးသူတို.ကိုပါဖြန်.ဝေနိုင်သော
ပညာရှင်များ ၊ ထိုဘာသာရပ်ဆိုင်ရာများကိုစိတ်ဝင်တစား လေ.လာရင်း
အစစသင်ယူလေ.လာနေကြသော ၀ါသနာရှင်များ ၊ စတင်စမ်းသပ်သုံးစွဲရင်း
ထိုပညာရပ်တို.အပေါ် ခုံမင်စပြုလာသူများ စုပေါင်းချိတ်ဆက်၍
အချင်းချင်းပညာမျှဝေနိုင်ရန်လည်းကောင်း ၊ မြို.လေးတွင် IT
နည်းပညာရပ်ဆိုင်ရာများကို စနစ်တကျဖြန်.ဝေနိုင်ရန်လည်းကောင်း IT Group
ဖွဲ.တည်ရန် လွန်ခဲ့သော ၂လခန်.ကပင် ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏
လပတ်အစည်းအဝေးတွင် အသင်းဥက္ကဋ္ဌ ကအဆိုပြုဆွေးနွေးခဲ့ပြီး ၀ါးခယ်မမြို.နယ်အသင်း
( ရန်ကုန် ) ၏ ပဉ္စမအကြိမ် အခမဲ့ဆေးကုသမှု ခရီးစဉ်အတွင်း မြို.လေးရှိ IT
ရပ်ဝန်းများ မြို.သူ/သား များဖြင်.၂၀၁၄ မေလ ၄ ရက်နေ. တွင် ပထမဆုံးအကြိမ်
တွေ.ဆုံညှိုနှိုင်းခဲ့ကြသည် ။ ထို.နောက် ဒန္တသုခသွားဆေးခန်း
ဖွင်.ပွဲပြုလုပ်သော ၁၅ ရက် ၅လ ၂၀၁၄နေ.တွင် ဒုတိယအကြိမ်မြောက် တွေ.ဆုံမှုကို
ထပ်မံပြုလုပ်ခဲ့ပါသည် ။
|
ဒုတိယအကြိမ် တွေ.ဆုံမှု |
၁-၆-၂၀၁၄ နေ.တွင်မူ ၀ါးခယ်မမြို.
လူငယ်ဖွံ.ဖြိုးရေး စင်တာ တွင် မြို.ရှိ IT ရပ်ဝန်းသူ/သား များ
ထပ်မံဆုံတွေ.ကာ IT Group ( WKA ) ကို ဖွဲ.စည်းခဲ့ကြပါသည် ။
ထို.မတိုင်ခင်ကာလကပင် IT Group ( Ygn ) ကို စတင်ဖွဲ.စည်းခဲ့ပါသည် ။ ထို
၂ဖွဲ.ချိတ်ဆက်၍ လတ်တလောအားဖြင်. မြို.လေးရှိ ဦးနုစာကြည်.တိုက်၏ အပေါ်ထပ်
လူငယ်ဖွံ.ဖြိုးရေး စင်တာ ရှိ Computer များ အင်အားပြည်.သုံးစွဲနိုင်ရန်
လိုအပ်သည်များ ပြင်ဆင်ဖြည်.သွင်းခြင်း ၊ တပ်ဆင်ထားသော အင်တာနက်လိုင်းအား
Wifi Free Zone ဖန်တီး၍ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ရန်
၊လတ်တလောအနေအားဖြင်. PDLS ( Public Digital Library Service ) စနစ်ကို
စတင်တပ်ဆင်သုံးစွဲနိုင်ရေး ကြိုတင်လုပ်ဆောင်ရန် ၊ ထိုမှနေ၍ Fully E-Library
System တစ်ခုပီပြင်စွာ ချိတ်ဆက် တပ်ဆင်သုံးစွဲနိုင်ရေး လိုအပ်သည်များ
ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရန် တို.ကို စတင်လုပ်ဆောင်လျှက်ရှိပါသည်
။
|
ဇွန်လ ၁ ရက်နေ. ၀ါးခယ်အဖွဲ.တွေ.ဆုံမှု |
IT Group ( WKA ) အနေဖြင်. ၂၀၁၄ ဇွန်လ ၇ ရက်နေ. အစည်းအဝေးအပြီးတွင် နည်းပညာဖွံ့ဖြိုးရေးအဖွဲ့ - ဝါးခယ်မမြို့ Page https://www.facebook.com/pages/နည်းပညာဖွံ့ဖြိုးရေးအဖွဲ့-ဝါးခယ်မမြို့/642017329216257
ကို Create လုပ်ထားပြီး IT နည်းပညာဆိုင်ရာများကို ဖြန်.ဝေလျှက်ရှိနေပြီး
ဇူလိုင်လဆန်းမှ စ၍ နည်းပညာရပ်ဆိုင်ရာ မျှဝေခြင်း ၊ ဟောပြောခြင်း ၊
ဆွေးနွေးခြင်း စသည်တို.လုပ်ဆောင်မည်ဟုလည်း သိရသည် ။ ထိုအဖွဲ.သို.
wkacomputergroup@gmail မှလည် ဆက်သွယ်နိုင်ပါသည် ။
IT Group များကို အောက်ပါအတိုင်း ဖွဲ.စည်းထားပြီး ထပ်မံတိုးချဲ.သွားမည်ဖြစ်ပါသည် ။
IT Group ( Ygn )
( ၁ ) ဦးသန်းဋ္ဌေး ဥက္ကဋ္ဌ - ၀ါးခယ်မမြို.နယ် အသင်း ( အဖွဲ.ခေါင်းဆောင် )
( ၂ ) ဦးအုန်းသိန်း ( တွဲဘက် )
( ၃ ) ဒေါက်တာအေးအေးမြင်. ( ဘဏ္ဍာရေးမှုး )
( ၄ ) ဦးအောင်ဆွေမြင်. ( အဖွဲ.၀င် )
( ၅ ) ဦးမင်းထွဋ်အောင် ( အဖွဲ.၀င် )
( ၆ ) ကိုဇော်မင်းလွင် ( အတွင်းရေးမှုး )
IT Group ( WKA )
ဦးစိန်ဝင်း … နာယက
ဒေါက်တာသက်ရှည် နာယက
ကိုကျော်ထွေး ဥက္ကဌ
ကိုအောင်ကျော် ဒုဥက္ကဌ
ကိုကျော်ဇေယျ ကွန်ပျူတာထိန်းသိမ်းစစ်ဆေးရေး
ကိုဝင်းကျော်စိုး ကွန်ပျူတာထိန်းသိမ်းစစ်ဆေးရေး
ကိုတေဇာလင်း ကွန်ပျူတာထိန်းသိမ်းစစ်ဆေးရေး
ကိုသက်အောင်ခိုင် ကွန်ပျူတာထိန်းသိမ်းစစ်ဆေးရေး
မနှင်းမြတ်မြတ်ငြိမ်း ကွန်ပျူတာထိန်းသိမ်းစစ်ဆေးရေး
ကိုရဲမျိုးအောင် ဘဏ္ဍာရေးမှူး
ကိုအောင်မင်းထွဋ် စာရင်းစစ်
ကိုညီညီလွင် အဖွဲ့ဝင်
မသဇင်နှင်း အဖွဲ့ဝင်
မပြည်ဖြိုးဝေ အဖွဲ့ဝင်
ကိုတင့်ဝေမိုး အဖွဲ့ဝင်
ကိုကျော်မင်း အဖွဲ့ဝင်
ကိုမျိုးလင်း အဖွဲ့ဝင်
ကိုခိုင်ဇော် အတွင်းရေးမှူး
ကိုဇာနည်ပြည့်ဖြိုး တွဲဖက်အတွင်းရေးမှူး
No comments:
Post a Comment