Tuesday, November 3, 2015
ဝါးခယ်မ Delta Star Table Tennis အားကစားရုံ ဖွင်.ပွဲ
ထိုအခမ်းအနားသို. ဖိတ်ကြားထားသူများ ၊ အလှု ရှင်များ ၊ သက်ဆိုင်ရာ အားကစားအဖွဲ.အစည်း တာဝန်ရှိသူများ ၊ အားကစားသမားများ နှင်. ဖဲကြိုး နှင်. ဗန်းကိုင်အဖြစ် ကူညီကြသော ကမ္ဘာ.ရတနာဘဏ် နှင်. CB Bank တို.မှ မိန်းကလေးငယ်များ တက်ရောက်ခဲ့ကြပါသည် ။ အခမ်းအနားဖွင်.ပွဲ ပြု လုပ်မည်. မနက် ၉နာရီ ၄၅ မိနစ် အချိန်တွင် တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးဋ္ဌာန ၀န်ကြီး ဦးစောမြသိန်း ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင် ၊ မတည်အလှုရှင် ( GFB – MD ) ဦးကျော်နိုင်ဦး တို. က ဖဲကြိုးဖြတ် ဖွင်.လှစ်ပေးခဲ့ကြောင်း သိရှိရပါသည် ။
ထို.နောက် မြန်မာနိုင်ငံ စားပွဲတင် တင်းနစ် အဖွဲ.ချုပ် ကိုယ်စားဥက္ကဋ္ဌ မှ လှုဒါန်းငွေ သုံးသိန်းကျပ် ၊ ရစ်ကက် ၊ အားကစားဝတ်စုံများ နှင်. နာရီတို. လှုဒါန်းပေးအပ်ပြီး ထိုလှုဒါန်းမှု တို.အတွက် တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး မှ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ပါသည် ။ ထို.နောက်အားကစားရုံ မတည်အလှုရှင် ဦးကျော်နိုင်ဦး အား ဦးဝင်းတင် မှ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပါသည် ။ ထို.နောက် ဧည်.သည်တော်များ ၊ အလှုရှင်များ ၊ အားကစားသမားများ ၊ တာဝန်ရှိသူများ အမှတ်တရ စုပေါင်း ဓါတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်
ထို.အပြင် ဖွင်.ပွဲအထိမ်းအမှတ်အဖြစ် ထိုနေ.မနက်ပိုင်းက သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ် လှုဒါန်းခဲ့ပြီး  ပရိသတ်များအား ၀ါးခယ်မ မုန်.ဟင်းခါးဖြင်. ဧည်.ခံခဲ့ကြပါသည် ။
ဖွင်.ပွဲမတိုင်မှီ  ၂၇ ရက် နေ.တွင် ကာကွယ်ရေးကလပ် မှ ကိုအောင်ထွဋ် - မကြူကြူလင်း တို.မှ ဦးဆောင်၍ သရုပ်ပြ ကစားမှုများ ပြုလုပ်ခဲ့ကြရာ ၀ါသနာရှင်များ တက်ရောက်ကြည်.ရှုခဲ့ကြကြောင်းလည်း သိရပါသည် ။
ထို.အပြင် ဖွင်.ပွဲပြုလုပ်သော ည တွင် ရန်ပုံငွေ ရောင်းချထားသော ကံစမ်းမဲ လက်မှတ်များအား ဆုမဲများ ဖွင်.လှစ် ပေးခဲ့ရာ ကံစမ်းမဲ အထူးဆု ဖြစ်သော ဆိုင်ကယ်ကို ဦးစိန်မြင်. - ထန်းလေးပင်ကျေးရွာ မှ ဆွတ်ခူးရရှိခဲ့ပြီး ၂၄ လက်မ LCD TV ၂လုံးကို အေးသန္တာစိုး - ရာမည ၅လမ်း - ပုသိမ် မြို. နှင်. ကိုအောင်ထွဋ် - ကာကွယ်ရေးကလပ် တို.မှ ရရှိခဲ့ကာ ကျန်ဆုမဲများကိုလည်း ဖွင်.လှစ်ပေးခဲ့ကြောင်း သိရှိရပါသည် ။ ထိုဆုမဲများမှာ စုစုပေါင်း သိန်း ၃၀ ဘိုး ရောင်းချခဲ့ခြင်းဖြစ်ပြီး ၅၀ % ကို ပြန်လည်မဲဖောက်ပေးကာ  ၅၀ % ကို တည်ဆောက်ရေး အပြီးသပ် လုပ်ငန်းများအတွက် သုံးစွဲခဲ့ကြောင်းလည်း သိရှိရပါသည် ။
အားကစားရုံ ဖြစ်မြောက်ရေး အတွက် ဦးကျော်နိုင်ဦး ( MD- GFB ) မှ မတည်ငွေ သိန်းသုံးဆယ်နှင်. Desgin ပိုင်းဆိုင်ရာများ ၊ ဦးမျိုးမင်းစိုး - ၁၀ သိန်း ၊ ဦးသူရိန်စိုး - ၇၅၀၀၀၀ ၊ ဦးအောင်ကျော်ဦး - ၃၀၀၀၀၀ ၊ ဦးညွန်.အေး ၃၀၀၀၀၀ ၊ ဦးထွန်းရီ - ၂၀၀၀၀၀ ၊ ဦးဝင်းတင်. - ၂၀၀၀၀၀ ၊ ကိုနေလင်း - ၁၅၀၀၀၀ ၊ ကိုမောင်ကြီး - ၁၅၀၀၀၀ ၊ ကိုဖိုးတာ - ၁၅၀၀၀၀ နှင်. ၀ါသနာရှင်များက ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိ ၀ိုင်းဝန်းပံ.ပိုး လှု ဒါန်းခဲ့ကြခြင်း ဖြစ်သည် ။ ထို.အပြင် တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးစောမြသိန်းက မီတာတပ်ဆင်နိုင်ရေး တာဝန်ယူလှု ဒါန်းခဲ့ပြီး အားကစားရုံအတွင်း အသုံးပြု ရန် အတွက် ဒေါက်တာကျော်မင်းထွန်း + ဦးကျော်စွာဝင်း + ဦးမိုးညီထွဋ် တို. မှ ၅၄၀၀၀၀ တန်ဘိုးရှိ Double Happiness စားပွဲတင် တင်းနစ်တစ်ခုံ အားလှုဒါန်းခဲ့ကြောင်းလည်း သိရှိရပါသည် ။ ထို.အပြင်  မြန်မာနိုင်ငံ စားပွဲတင် တင်းနစ် အဖွဲ.ချုပ်  မှ လှုဒါန်းငွေ သုံးသိန်းကျပ် ၊ ရစ်ကက် ၊ အားကစားဝတ်စုံများ နှင်. နာရီ ၊ ကိုအောင်ထွဋ် နှင်. ကိုအောင်ကျော်စွာဝင်း တို.မှ ပင်ပေါင်ဘောလုံး ၊ ပိုက် နှင်. Vinyl များ လှုဒါန်းခဲ့ကြကြောင်းလည်း သိရှိရပါသည် ။
လက်ရှိ Club Member ၀င် ထားသူ ၅၀ နီးပါးခန်. ရှိနေပြီး အငယ်ဆုံးကစားသမားမှာ ဆဋ္ဌမတန်းကျောင်းသား ( အသက် ၁၁ နှစ် ) ဖြစ်ကြောင်း သိရှိရပါသည် ။
ဆက်စပ်ဖတ်ရှုရန်
No comments:
Post a Comment