Tuesday, October 15, 2013

မိုးစက်ဝိုင် ရှင်းတမ်း နောက်ဆက်တွဲ






 တကယ်ကတော.မိုးစက်ဝိုင်ဟာ ပြိုင်ပွဲရက် မတိုင်ခင် On line Vote တွေမှာတည်းကိုက ထိပ်ဆုံးပြေးနေသူ ၂ယောက်မှာ ပါနေပြီး ဆုရဖို.ရေပန်းစားနေတဲ့အထဲမှာလည်း ပါနေခဲ့ပြီးသား ဆိုတာအားလုံးသိကြပါတယ် ။ ခုလိုပြဿနာတက်လာမှသာ အသံတွေအမျိုးမျိုး ထွက်လာခဲ့တာ ဖြစ်ပါတယ် ။မိုးစက်ဝိုင်ရယ် ကြည်ပြာရယ်ဟာ ထိပ်ဆုံးက ပြေးနေခဲ့သူ ၂ဦးပါ ။ နောက်ဆုံးအဆင်.မှာတော. ဒုတိယ ရခဲ့သူ တစ်ဦးနဲ. ယှဉ်တွက်စရာဖြစ်ခဲ့ပေမယ်.လို. နောက်ဆုံးမေးခွန်းပိုင်း ၊ အရပ်အမောင်း စတာတွေမှာ ပြင်ပအမြင်နဲ.တင် ကွာဟ သွားခဲ့တာတွေ သိခဲ့ကြပြီးသားပါ ။

အမည် - မိုးစက်ဝိုင်
အသက် - ၂၅
ခါးနံပါတ် - ၁၆
မွေးနေ. - ၂၀ - ၅- ၁၉၈၈
နိုင်ငံသား - မြန်မာ
ပညာအရည်အချင်း - B.A in business marketing ( California Lutheran Uni, USA ) , E major ( Dagon University, Yangon )
အခြားအတွေ.အကြုံ - 1 year of work experience at a company in USA
ဝါသနာ နှင်.ရည်ရွယ်ချက်
To obtain self-accomplishment and be able to help/give the people in need
အခြားကျွမ်းကျင် ဘာသာစကား
English / Chinese
အရပ်အမြင်. နှင်. ကိုယ်အလေးချိန် 
 177cm , 130lb

ဆုရွေးချယ်ခဲ့မှုအပိုင်းနဲ. ပတ်သက်ပြီး မြန်မာတိုင်း (မ်) ကို အကဲဖြတ် ဒိုင် တစ်ဦးဖြစ်တဲ့ အယ်လ်ခွန်းရီက ရှင်းလင်းပြောကြားခဲ့ရာမှာ
မယ်စကြ၀ဠာမြန်မာ အဖွဲ့အစည်းရဲ့ အမှတ်ပေး စည်းမျဉ်းပုံစံအရ စင်ပေါ်မှာ မယ်မြန်မာများရဲ့
လမ်းလျှောက်ပုံနဲ့ အမူအရာများကို ၃၀ ရာခိုင်နှုန်းအမှတ်ပေးသွားတာဖြစ်ပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်း
ကို ပွဲမကျင်းပခင်အချိန် အတွင်း လေ့ကျင့်ပေးနေချိန်များမှာ ဒိုင်များက အချိန်ပြည့် စောင့်ကြည့်
အမှတ်ပေးတဲ့ ပုံစံဖြစ်ပါတယ် ။
"အမှတ်ပေးတဲ့ပုံစံက နိုင်ငံတကာက လုပ်တဲ့ပုံစံပါပဲ။ နိုင်ငံခြားမှာလည်း ရုပ်ကလေးလှတာနဲ့
အလှမယ်ဆုကို မပေးပါဘူး။ နေပုံထိုင်ပုံ ကျက်သရေရှိ တာ၊ စိတ်ထားလှတာလေးတွေလည်း
ကြည့်ပြီး အမှတ်ပေးတာပါ။ အခုပြိုင်ပွဲ မှာဆို တချို့ပြိုင်ပွဲဝင်တွေဆို အရမ်း စည်းကမ်းပျက်တယ်၊
အနေအထိုင်အရမ်း ဟော့ဟောရမ်းရမ်းပုံတွေကို မြင်တွေ့ရတော့ နိုင်ငံတကာကို အဲဒီလို လူမျိုးတွေ
ကို ပို့လိုက်ရင် ဘယ်ဖြစ်မလဲပေါ့နော်။ ဒါပေမဲ့လည်း ဒါက အလှမယ်ပြိုင်ပွဲဖြစ်တဲ့အတွက် မျက်နှာ
အလှကတော့ အရေးကြီးတာပေါ့"
"နိုင်ငံတကာစည်းမျဉ်းတွေနဲ့တော့ ကိုယ်တိုင်က အတွေ့အကြုံမရှိပေမယ့် ပြိုင်ပွဲဝင်တွေကို
လေ့ကျင့်ပေးသူက ယိုးဒယားကအလှမယ်ဖြစ်ပြီး သူကိုယ် တိုင်က အခုလက်ရှိ အလှမယ်တွေကို
လေ့ကျင့်ပေးနေသူတစ်ယောက် ဖြစ် တာကြောင့် သူ့ဆီက အကြံဉာဏ်တွေ အများကြီးရပါတယ်။
ပြီးတော့ သူတို့ကလည်း လေ့ကျင့်ပေးနေရင်း အကဲဖြတ် နေသူတွေပဲဆိုတော့ လေ့ကျင့်ချိန်ပြီးဆုံး
သွားတော့ အယောက် ၂၀ ထဲက ၁၀ ယောက်ရဲ့နာမည်တွေ လာပေးပြီး ဒီလူတွေကတော့ သူတို့
စိတ်တိုင်းကျ ဖြစ်ပြီး အရည်အချင်းပြည့်ဝတဲ့လူတွေဖြစ်တယ်ဆိုတော့ သူတို့က ပညာရှင်တွေဖြစ်တဲ့
အတွက် သူတို့ ရွေးပေးတဲ့ ၁၀ ယောက်ထဲက အန်တီတို့ဒိုင်တွေက ရွေးတော့ ရွေးရလွယ်သွားတာ
ပေါ့"
"ဆုမရတဲ့ တချို့လူတွေက ပြောနေတာတွေ ပြန်ကြားပါတယ်။ ဒိုင်တွေက မတရားဘူးတို့၊ ပြိုင်ပွဲက
လုပ်ပွဲတို့ ပြောနေကြတယ်။ မရတဲ့လူကတော့ စကားကို အဲဒီလို့ပဲပြောမှာပါ။ ဒိုင်တွေ အနေနဲ့
ကလည်း လူအများကြီးက ရွေးရတာဖြစ်တယ်၊ ပြီးတော့ မိုးစက်ဝိုင် ဆိုတာက စင်ပေါ်မှာ ထင်းနေ
တဲ့အလှ၊ ဝေခွဲမရဖြစ်နေစရာမလိုဘူး။ ဒိုင်တွေကော ပြည်သူကော ကြိုက်လို့ ရွေးချယ် လိုက်တဲ့
အလှပါ။ မရတဲ့သူတွေ မကောင်းပြောတဲ့ စကားမျိုးတွေကိုတော့ အလေးမထားပါဘူး"
သူတို့ဒိုင်တွေအနေနဲ့ မမျှမတ ဘာမှမလုပ်ဘဲ ပြိုင်ပွဲဝင်များထဲက အလှဆုံး၊ အသင့်တော်ဆုံး
တစ်ယောက်ကိုသာ ရွေးထုတ်ပေးခဲ့တာဖြစ်ပြီး ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို မှန်မှန်ကန်ကန်နဲ့
လုပ်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်
လို့လည်း ဆိုပါတယ်။





နာမည်ကျော် မော်ဒယ်အေဂျင်စီတစ်ခုဖြစ်တဲ့ Stars and Models ရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ နိုင်ငံခြားမှာ ကိုယ်တိုင်လည်း မော်ဒယ်လုပ်ခဲ့ပြီး ပွဲလည်း စီစဉ်ခဲ့ဖူးသူ ဂျွန်လွင် က တော.
Miss Universe Myanmar Organization ရဲ့အမှတ်ပေးစည်းမျဉ်း ပုံစံမျိုးကိုတော့ မတွေ့ဖူးဘူးလို့ ဆိုပါတယ်။  သူ့ဆီက မော်ဒယ်များလည်း ပြိုင်ပွဲမှာ ပါဝင်ယှဉ် ပြိုင်ခဲ့ပေမယ့် ဆုတစ်ဆုမှ မချိတ်ခဲ့ဘူးလို့ ဆိုပြီး စင်ပေါ်၊ စင်အောက် အမှတ်ပေးပုံစံက စင်ပေါ်မှာ ၆၀ ရာခိုင်နှုန်းနဲ့ စင် အောက်မှာ ၄၀ ရာခိုင်နှုန်း
ဖြစ်သင့်တယ်လို့လည်း သူက ပြောပါတယ် ။


ဂျွန်လွင်ရဲ့ အေဂျင်စီမှဖြစ်ပြီး ပြိုင်ပွဲမှာ နောက်ဆုံးဆန်ခါတင် ငါးယောက်အထိ ပါဝင်ခဲ့တဲ့ နှင်းယမုံဦး
ကတော့ "သူတို့ရဲ့ အမှတ်ပေးစည်းမျဉ်းကို အစောကတည်းက သိခဲ့တာပါ။ အဲဒါကြောင့်လည်း
ညီမနာမည်အတွက်နဲ့ ဆရာဂျွန်လွင်ရဲ့ နာမည်လည်းရှိတော့ သူများတွေ အကြောင်းအမျိုးမျိုးနဲ့
နောက်ကျရင်တောင် ညီမကတော့ နောက်မကျပါဘူး။ ပြိုင်ပွဲကနေရတဲ့ ညီမရဲ့ အတွေ့အကြုံတွေ
ကတော့ ပထမဆုံးအကြိမ်ရဖူးတဲ့ အတွေ့အကြုံ တွေပါပဲ။ တခြားပြိုင်ပွဲတွေမှာ မရခဲ့တဲ့ လေ့ကျင့်မှု
ပုံစံတွေနဲ့ သင်ကြားခံခဲ့ရလို့ တကယ်ကို ကောင်းပါတယ်။ အခု သတင်းတွေ ထွက်နေတဲ့အပေါ်
မှာတော့ လူဆိုတာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပဲလေ။ မကောင်းတာ လုပ်ရင်တော့
လည်း မကောင်းတဲ့ အကျိုးကို ပြန်ခံစားရမှာပေါ့။ အဲဒီလို ယုံကြည်ထားတာကြောင့် သူများ
အကြောင်းတွေကို စိတ်မ၀င်စားဖြစ်ပါဘူး"
လို့ ပြောပါတယ်။


Miss Universe Myanmar 2013 ကျင်းပရေး ကော်မတီကတော. မြန်မာနိုင်ငံကိုယ်စားပြု မယ်ရွေးချယ်ခဲ့ ရာမှာ ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲဝင် စည်းကမ်းတွေအပြင်၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် စည်းကမ်းတွေပါ ထည့်သွင်းခဲ့ပြီး လူထုကြားမှာ ရွေးချယ်ခဲ့တာလို့ Hello Madam Media Group က ဆိုပါတယ်။

ပွဲစီစဉ်သူဖြစ်တဲ့
 Hello Madam မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စိုးယုဝေ ကလည်း "အဲဒီလို ပြောနေ
ကြတာတွေက ကျွန်မတို့အဖွဲ့အစည်းရဲ့ သိက္ခာကို အများကြီး ထိခိုက်စေပါတယ်။ တကယ်လို့
လုပ်ပွဲလုပ်မယ်ဆိုရင် ပိုက်ဆံအများကြီး အကုန်ခံပြီး ပြိုင်ပွဲလုပ်စရာ မလိုဘဲ ကိုယ်စားပြု
တစ်ယောက်ကို ရွေးချယ်ပြီး စေလွှတ်လို့ရပါတယ်"
လို့ ပြောပါတယ်။


"အရင်ကတည်းက မိုးစက်ကို ဖုန်းနဲ့ အားပေးတဲ့ ပရိသတ်တွေက အခုချိန်ထိ မိုးစက်ကို အားပေးနေ
ဦးမယ်၊ မိုးစက်ကို ယုံကြည်ထားပါတယ် ဆိုတဲ့အားပေးတဲ့ မက်ဆေ့ခ်ျတွေ ဆက်ပို့နေကြပါသေး
တယ်။ တကယ်တမ်းသွား ပြိုင်တဲ့အခါမှာလည်း ကိုယ့်ကိုအားပေးတဲ့ ကိုယ့်ပရိသတ်က မိုးစက်
ဘက်မှာ ရှိနေမယ်ဆိုရင်တော့ ပိုပြီးအားရှိမှာပါ။ ပြည်သူပေးတဲ့ ဆုကိုလည်း လိုချင်ပါတယ်"
လို့
ပြောပါတယ်။

ပြိုင်ပွဲကို လုပ်ပွဲတစ်ခုအနေနဲ့ ပြော ဆိုနေတဲ့အပေါ်မှာလည်း အွန်လိုင်းမဲပေးစနစ်နဲ့ SMS မဲပေးစနစ်
တွေသာမပါခဲ့ရင် သူ့အပေါ်မှာ အထင်မှားစရာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

"အခုဟာက ဒီလိုမဟုတ်ဘဲ စနစ်တွေအများကြီးနဲ့ သက်သေပြစရာတွေရှိနေတာကို ဘယ်လိုမျိုး
လုပ်ပွဲဖြစ်အောင် လုပ်ကြလဲဆိုတာကိုတော့ သံသယ၀င်မိပါတယ်"
လို့ မိုးစက်ဝိုင်က မေးခွန်းထုတ်
လိုက်ပါတယ်။




"အခုမိုးစက် ပြင်ဆင်မှုတွေအများကြီး လုပ်နေပါတယ်။ ရတဲ့အချိန်က အရမ်းနည်းတော့ လေ့ကျင့်
စရာရှိတာ တွေကို အတတ်နိုင်ဆုံးလေ့ကျင့်ပြီး အကောင်းဆုံးဖြစ်အောင်တော့ ပြင်ဆင်သွားမှာပါ။
ဟိုမှာ camp သွင်းတဲ့ အချိန်မှာလည်း မြန်မာလူမျိုးတွေအကြောင်းနဲ့ နိုင်ငံအကြောင်းကို တခြား
နိုင်ငံက မယ်တွေ သိနိုင်အောင် တတ်နိုင်သမျှ မျှဝေပေးသွားဖို့လည်း စဉ်းစားထားပါတယ်"
လို့
မိုးစက်ဝိုင် က ပြောပါတယ်။

မိုးစက်ဝိုင်က သူမ၏ official  facebook  အကောင့်မှ ယခုကဲ့သို့ ရှုပ်ထွေးနေသည့်ပြဿနာများအကြားမှ အားပေးချစ်ခင်သည့်ပရိသတ်အား ကျေးဇူးတင်ရှိကြောင်း၊ ယခုစာမျက်နှာမှာ သူ၏ လှုပ်ရှားမှုများကို ပရိသတ်အားဝေမျှပေးသွားရန် ရည်ရွယ်ကာ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ယင်းစာမျက်နှာပေါ်တွင် ပရိသတ်အနှောင့်အယှက် ဖြစ်စေသောစကားလုံးများကို ပယ်ဖျက်သွား မည် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

Miss Myanmar Universe Organization မှလည်း Miss Universe Myanmar မိုးစက်ဝိုင်အား Online နှင့် Facebook စာမျက်နှာများပေါ်တွင် လူနည်းတစ်စုမှ ဂုဏ်သိက္ခာညှိုးနွမ်းအောင်၊ အများပြည်သူထင်ယောင် ထင်မှား
ဖြစ်အောင် သတင်းအချက်အလက် ထုတ်လွှင့်ခြင်းမျိုးမဟုတ်ဘဲ အတင်းဖြန့်ဝေနေခြင်းများအား မိမိတို့၏အမည်၊ မိမိတို့၏ဂုဏ်သိက္ခာ စောင့်ထိန်းရေးသားပြောဆိုကြပါရန်၊ ရပ်တန့်ပေးပါရန် တိုက်တွန်းပြောဆိုချက်ကို Organization အဖွဲ့၏ ဖေ့စ်ဘွတ်တွင် ဖော်ပြခဲ့သည်။




ပထမပိုင်းအနေဖြင်. မိုးစက်ဝိုင်ကို တိုက်ခိုက်ရာတွင် ဆုရသင်./မရသင်. ကိစ္စ ပါဝင်ခဲ့သော်လည်း အွန်လိုင်းမဲပေး စနစ်၊ SMS မဲပေးစနစ်တို့ကနေ ပရိသတ်ရဲ့ အားပေးမှုအများဆုံးနဲ့ မိုးစက်ဝိုင်က
Miss Famous ဆုကိုပါ ရရှိသွားခဲ့တာတွေ ပါနေသလို ဒိုင်တွေရဲ. ရှင်းလင်းချက် အမြင်ပိုင်းဆိုင်ရာအ၇တွင်ပါ အားသာမှုများ ရှိနေသဖြင်. ပြင်းထန်ထိရောက်မှုမရှိခဲ့ပေ ။

ထို.နောက် အတော်များများ၏ သဘောမကျခြင်းခံရသူ ဖိုးလပြည်.နှင်. ပတ်သက်သော ကိစ္စတွင်လည်း သမရိုးကျ အမြင်နှင်.ကြည်.လျှင်လည်း မည်သို.သော မလျှော်မကန် ကိစ္စရပ်မှ ပါဝင်ခြင်းမရှိသလို ရန်ကုန်တွင် တစ်စီးတည်းသာ ရှိသော ထိုကားပိုင်ရှင်မှာ ဆေးကျောင်းသားတစ်ဦး ဖြစ်နေကြောင်း နောက်ပိုင်းတွင်အတော်များများ သိလာခဲ့ပြီး ကာယကံရှင် အနေဖြင်.လည်း တရားဝင် ဖြေရှင်းမှုများပြုလုပ်ခဲ့ပြီး အတော်များများကလည်း လက်ခံခဲ့ကြသည် ။ ( ဤ နေရာတွင် တစ်ခုဆွေးနွေးလိုသည်က ဖိုးလပြည်.နှင်. သာမာန် ပတ်သက်မှု ရှိနေသူများထဲ တွင် အလွှာစုံပါဝင်နေပြီး သူနှင်.တွဲဓါတ်ပုံရိုက်တိုင်း မင်းသမီးများ အကယ်ဒမီ ရမသွားတတ်သလို သူနှင်.စကားပြောဖူးရုံနှင်.၊  အမှတ်မထင် အခမ်းအနား တစ်ခုတွင် နီးနီးကပ်ကပ် တွဲရပ်လိုက်မိရုံနှင်. နိုင်ငံတော်၏ အခွင်.အရေးများကို မတရားသဖြင်.ရယူကြနေသူများ ၊ ကိုယ်ကျိုးရျာ အလွဲသုံးနေသူများဟုသာမြင်ကြကြေးဆိုလျှင် တစ်ကြိမ်လောက် ထိုဓါတ်ပုံအားလုံး မရရအောင် ရှာဖွေစုဆောင်းကြည်.မိလျှင် အဖြေမှန်ထွက်လာပါလိမ်.မည် ။ ယခုဤ Youtube  Link 
http://www.youtube.com/watch?v=7M6VAKR45fM
တွင်ပင် တစ်ချက်ကြည်.ကြည်.လိုက်ပါ ။




ထိုသောအခါ နောက်တစ်မျိုး လာပြန်ပါတော.သည် ။   နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသော တရုတ်အမျိုးသမီးများ ၂၀၀၉ ခုနှစ်တွင် စုပေါင်းကျင်းပသည်.  Miss Chinese International 2009တွင် ပထမရရှိခဲ့သူမှာလားရှိုးမှတရုတ်အမည် Peng Hanzhen ဖြစ်ပြီး၊ ဒုတိယဆုရရှိခဲ့သူက ယခု Miss Myanmar 2013 ကို ရယူခသေဲာ့ မိုးစက်ဝိုင် Moe Sat Y ခေါ် တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ဖြစ်ပါသည် ။ ထို Miss Chinese International 2009တွင် မိုးစက်ဝိုင် Moe Sat Y ခေါ် Yang Xinrong (杨鑫荣) က အကောင်းဆုံးခန္ဓာကိုယ်အလှပိုင်ရှင်ဆု  ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ အတူ Golden Phoenix Chinese newspaper Myanmar Golden Phoenix Cup ကို ပါရရှိခဲ့သူဖြစ်သည် ဟူသော ကိစ္စက ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည် ။
မိုးစက်ဝိုင်ရဲ့ တရုတ်ရိုးရာ ဝတ်စုံနဲ့ ဓာတ်ပုံတွေ၊ သတင်းတွေ အွန်လိုင်း စာမျက်နှာတွေထက်မှာ ဆက်တိုက် ထွက်ပေါ်နေပြီး မိုးစက်ဝိုင်ဟာ တရုတ်လူမျိုး ဖြစ်ကြောင်း၊ တရုတ် နာမည်ရှိကြောင်း၊ တရုတ် သတင်း ဌာနတွေ ကလည်း မိုးစက်ဝိုင်အကြောင်း ရေးသားထားပြီး တရုတ်လူမျိုး အချင်းချင်း ချီးကျူးနေကြတာ သာ ဖြစ်တဲ့အကြောင်း စတဲ့ သတင်းတွေထွက်လာခဲ့ပြီးတဲ့နောက်  တရုတ်လူမျိုးတယောက်က မြန်မာနိုင်ငံ ကိုယ်စားပြုမယ်အဖြစ် မပြိုင်သင့်ဘူး ဆိုတာကို ဆန္ဒထုတ်ဖော်မယ် ဆိုပြီးတော့ ကောလာဟလ တွေလည်း ထွက်ခဲ့ပါတယ်။ ကြာသပတေးနေ. ညနေ ၅နာရီ ရန်ကုန် မြို့တော် ခန်းမရှေ့ မှာ ဆန္ဒထုတ်ဖော်ပွဲ   ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းက၊ ဘယ်သူတွေက ဆန္ဒထုတ်ဖော်မယ်ဆိုတာ မသိရသလို၊အဲ့ ဒီနေ့ ညနေမှာ ဆန္ဒ ထုတ်ဖော် တာ မျိုးလည်း မရှိခဲ့ပါဘူး။

ဆန္ဒပြမည်.သူများကို သတင်းထောက်များက စောင်.ဆိုင်းနေခဲ့သော်လည်း

 ဒါနဲ.ပတ်သက်လို. Hello Madam Media Group ရဲ့ တာဝန်ရှိသူ ကိုချမ်းလင်းသူက ဧရာဝတီကိုပြောကြားခဲ့ရာမှာ
မိုးစက်ဝိုင်က တရုတ်လူမျိုး လုံးဝမဟုတ်ဘူး။ ရန်ကုန်မြို့မှာ မွေးခဲ့တဲ့ မြန်မာလူမျိုးဖြစ်ကြောင်း သူ့ကိုမွေးခဲ့ တဲ့ ဆေးရုံကို သက်သေ လှမ်းယူမယ်။ ပြီးရင် အားလုံးကို ပြောပြမယ်
မိုးစက်ဝိုင်ရဲ့ မိဘနှစ်ဦးဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းဒေသမှာ မွေးဖွားခဲ့တဲ့ရှမ်း မြန်မာ လူမျိုးတွေ ဖြစ်ပြီး မိုးစက်ဝိုင်လို့ ခေါ်တဲ့ မဝေဝေခိုင် (နာမည်ရင်း) ကိုတော့ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ တာဖြစ်ပြီး သူ့ရဲ့ မှတ်ပုံတင်၊ နိုင်ငံကူး လက်မှတ်တွေမှာလည်း မြန်မာနိုင်ငံ သား ဖြစ်ကြောင်း ရေးသား ထားတယ်လို့ သိရပါတယ်။

 
တိုက်ခိုက်နေတဲ့ သူတွေကို ကျနော်တို့ သိထားတယ်။ နောက်ကွယ်ကနေ ယှဉ်နေဖို့မရှိဘူး။ ဆက်ပြီး တိုက်ခိုက်နေဦးမယ် ဆိုရင်တော့ ကျနော်တို့ အားလုံးရှေ့မှာ တရားဝင် ပြောသွားမှာပါ။ အခု လောလောဆယ်တော့ ဘယ်သူဆိုတာ မပြောပြ ချင်သေးဘူး လို့ ကိုချမ်းလင်းသူက ပြောပါတယ်။
တရုတ်နိုင်ငံက အွန်လိုင်း စာမျက်နှာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ ဖော်ပြနေကြတဲ့ မိုးစက်ဝိုင်ရဲ့ တရုတ်ဝတ်စုံနဲ့ပုံဟာ ၂၀၀၉ ခုနှစ်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်ခဲ့ တဲ့ နိုင်ငံတကာ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဝတ်စုံလို့ သိရပါတယ်။ အဲဒီပွဲမှာ မြန်မာဝတ်စုံ၊ တရုတ်ဝတ်စုံနဲ့ ညနေခင်း ဝတ်စုံဆိုပြီး ယှဉ်ပြိုင်ခဲ့ရပေမယ့် မြန်မာဝတ်စုံနဲ့ ညနေခင်း ဝတ်စုံ ပုံတွေတော့ မပါလာဘဲ တရုတ်ဝတ်စုံနဲ့ ပုံကိုသာ ရွေးပြီးတင်ထားသလို၊ မိုးစက်ဝိုင် မှာ ဝေဝေခိုင် ဆိုတဲ့ နာမည်က လွဲလို့ တရုတ်နာမည်လုံးဝ မရှိဘူးလို့ ကိုချမ်းလင်းသူ ကို ပြောပါတယ်။



ဆက်လက်ပြီး ကိုချမ်းလင်းသူက
မိုးစက်ဝိုင် တက်ရမယ့် စင်မြင့်က အကြီးဆုံးဖြစ်နေတော့ ပထမဆုံး အခွင့်အရေးကို ဘယ်သူမဆို ရချင်မှာပဲလေ။ မိုးစက်ဝိုင်နေရာမှာ ဘယ်သူဖြစ်ဖြစ် တိုက်ခိုက်ခံရမယ် ထင်တယ် လို့ အွန်လိုင်းစာမျက်နှာ တွေထက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအပေါ် သုံးသပ်ပါတယ်။

အခုလို တိုက်ခိုက် ခံနေရပေမယ့်လည်း Hello Madam Media Group နဲ့ ကာယကံရှင် မိုးစက်ဝိုင်အနေနဲ့ တကူးတက ကိစ္စတခု အနေနဲ့ ရှင်းပြနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မိုးစက်ဝိုင်ရဲ့ တရားဝင် facebook စာမျက်နှာမှာတော့
အခုလို ရှုပ်ထွေးကြမ်းတမ်း နေတဲ့ ပြဿနာတွေ ကြားထဲကနေ မိုးစက်ကို ဆက်လက်ပြီး အားပေး ချစ်ခင်ပေးနေတဲ့ ပရိသတ်ကြီးကိုလည်း မိုးစက်က အရမ်းချစ်ခင်ပြီး အရမ်းလည်း ကျေးဇူးတင်နေပါတယ် လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းများ နဲ့ တွေ့ဆုံပွဲမှာ မိုးစက်ဝိုင်ကိုစာနယ်ဇင်းသမားတဦးက တခြားပြိုင်ပွဲတွေ မှာ ယှဉ်ပြိုင်ခဲ့ဖူးလား လို့ မေးမြန်းခဲ့ရာ မှာ မိုးစက်ဝိုင်က သူ့အနေနဲ့ ၂၀၀၉ ခုနှစ် လောက်က ကုန်သည်ကြီးများ ဟိုတယ် မှာ ပြုလုပ်တဲ့ ပွဲတခုမှာ ပါဝင်ခဲ့ဖူးတယ်လို့ ဖြေပြီး ရက်ပိုင်းအတွင်းမှာပဲ အဲဒီတုန်းကသူ ပြိုင်ပွဲဝင်ခဲ့ တဲ့ တရုတ်ဝတ်စုံတွေနဲ့ ဓာတ်ပုံတွေ ထွက်လာခဲ့တာ တွေ့ရပါတယ်။

facebook စာမျက်နှာတွေ ထက်မှာတော့ မိုးစက်ဝိုင် နာမည်နဲ့ ဖွင့်ထားတဲ့ စာမျက်နှာက ဆယ်ခုထက် မနည်း ရှိနေပြီး မိုးစက်ဝိုင် မုန်းတီးသူများဆိုတဲ့ စာမျက်နှာလည်း ရှိနေတဲ့အပြင် အဲဒီ စာမျက်နှာမှာ Like လုပ်ထားသူပေါင်း ၂ သောင်းနီးပါး ရှိနေတာ တွေ့ရပါတယ်။

မိုးစက်ဝိုင်ဆိုတဲ့ နာမည်နဲ့ စာမျက်နှာ တိုင်းမှာတော့ တရုတ်လူမျိုး၊ မြန်မာလူမျိုး ဖြစ်တာ မဖြစ်တာ အရေးကြီး မကြီး ဆိုတာကို ငြင်းခုန်နေကြသလို အားပေးတဲ့သူတွေ အားမပေးဘူးဆိုတဲ့ ကွန်မန့်တွေ ကိုလည်း ရေးသားထားတာတွေ ရှိပါတယ်။


 ဒါ.အပြင် ဒီပြဿနာတွေရဲ. ရင်းမြစ်ဟာ ဆုပေးပွဲမှာ မိုးစက်ဝိုင်ပြောခဲ့တဲ့ နိုင်ငံ.အကျိုးဆောင်နေတဲ့ တပ်မတော်သားတစ်ယောက်လို ခံစားရတယ် ဆိုတဲ့ စကားဖြစ်ပြီး ဒါ.ကြောင်.သာ တိုက်ကွက်ဖော်စရာ အားနည်းချက်တွေ ဆီယိုအပေါက်ရှာ ရင်းက ဒီလိုကိစ္စတွေ ဆွဲထုတ်လာတာဆိုတဲ့ အယူအဆတစ်ရပ်ကလည်းရှိပါတယ် ။

MISS UNIVERSE MYANMAR ဝက်ဘ်ဆိုက် မှာလည်း Miss Universe Myanmar 2013 မိုးစက်ဝိုင်အား Online နှင့် facebook စာမျက်နှာများပေါ်တွင် လူနည်းတစုမှ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်၊ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် သတင်းအချက် အလက် ထုတ်လွှင့်ခြင်းမျိုး မဟုတ်ဘဲ၊ အတင်း ဖြန့်ဝေနေခြင်း များအား မိမိတို့၏ အမည်၊မိမိတို့၏ ဂုဏ်သိက္ခာ စောင့်ထိန်း ရေးသားပြောဆိုကြဖို့၊ ထင်ယောင်ထင်မှား သတင်း အချက်အလက်တွေကို ရေးသားသူ လူနည်းစု အနေဖြင့် မည်ကဲ့သို့ ရည်ရွယ်ချက်မျိုးဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ကို MISS UNIVERSE MYANMAR ORGANIZATION နှင့် မိုးစက်ဝိုင်ကို အားပေးကြသော မိဘပြည်သူများက သိရှိသော်လည်း ယင်းတို့၏ ဂုဏ်သိက္ခာအား ငဲ့ညှာ ထောက်ထားသော အားဖြင့် တိုက်တွန်းရေး သားလိုက်ခြင်း ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

အာဆီယံ မယ် တစ်ဦးဖြစ်တဲ့ အိရူပါဝင်းကလည်း ဒီကိစ္စရပ်တွေ နဲ. ပတ်သက်လို. ခုလိုပန်ကြားထားပါတယ် 


 "

ကျွန်မ မြန်မာပြည်မှမွေးပြီး မြန်မာပြည်မှ ကြီးပါတယ်။
အဖေဘက်က အဘိုးနဲ့ အဘွားက တရုတ်စစ်စစ်ပါ။
အမေဘက်က အဘိုးက တရုတ်သွေးများပြီး ပြင်သစ်တစ်မတ်ဖိုးလောက်စပ်ပါတယ်။ 
အဘွားကတော့ မြန်မာပြည်ဖွား ကရင်တိုင်းရင်းသူစစ်စစ်ပါ။ အဲဒီဘိုးဘွားလက်ထက်ကစလို့ မြန်မာပြည်မှာ အခြေချခဲ့တာပါ။ 
ဥပဒေတွေကြောင့်
 မြန်မာပြည်ရောက် တတိယမျိုးဆက်ဖြစ်လင့်ကစား
ဧည့်နိုင်ငံသားကဒ်ကိုပဲ ကိုင်ဆောင်ခွင့်ရခဲ့ပါတယ်။

မြန်မာပြည်တွင်းမှာ လူမျိုးကိုမေးလာရင်တော့
တရုတ်-ကရင်လို့ ကိုယ့်ကိုယ်ကို ခံယူပါတယ်။
မြန်မာပြည်ပမှာတော့ ဘယ်သူလာမေးမေး မြန်မာနိုင်ငံက
မြန်မာနိုင်ငံသားပါလို့ ဝင့်ကြွားဂုဏ်ယူစွာမိတ်ဆက်ပါတယ်။

မျိုးရိုးဇာတိအရ ကျွန်မရဲ့ အဘိုးက တယုတယနဲ့ မှည့်ပေးခဲ့တဲ့
Yang Bao Ling (楊寶玲) ဆိုတဲ့ တရုတ်နာမည်လည်းရှိပါတယ်။
ဒါပေမယ့် အမေရိကန်မှာ ပညာသင်နေတဲ့ကာလတလျှောက်လုံး
မြန်မာနာမည်ကိုပဲ စွဲစွဲမြဲမြဲသုံးပါတယ်။
ကျွန်မ အာဆီယံမှာ နိုင်ငံကို ကိုယ်စားပြုခဲ့တုန်းကလည်း
ကိုယ့်ကိုယ်ကို တရုတ်လို့ မခံယူပဲ မြန်မာစိတ်ဓာတ်နဲ့ ကိုယ်စားပြုခဲ့တာပါ။
အခု မြန်မာပြည်က ကမ္ဘာ့အလယ်မှာ မြန်မာကို ကိုယ်စားပြုဦးမယ့် မယ်တစ်ယောက် ရွေးချယ်ထားပြီးပါပြီ။
သူ တရုတ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ်
၊ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီးတာပါ။
သူ့ရဲ့ရင်ထဲမှာ မြန်မာပြည်အတွက်ဆိုတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို
ထည့်ထားပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ပဲ လိုပါတယ်။
ကျွန်မတို့တတွေ သူ့ကို ရွေးချယ်ခဲ့ပြီးပြီမို့ သူ့အပေါ်မှာ
ယုံကြည်ချက်လေးထားပြီး လိုအပ်ချက်တွေကို အပြုသဘော
ဝိုင်းဝန်းထောက်ပြပေးရင်း တိုင်းပြည်တာဝန်ကို
တက်ကြွရွှင်လန်းဂုဏ်ယူစွာ ထမ်းဆောင်ခွင့် ပေးစေချင်ပါတယ်။

ပြိုင်ပွဲဝင်တိုင်းအတွက် စိတ်ဓာတ်ရေးရာ ခိုင်မာဖို့ အများကြီးအရေးကြီးပါတယ်။

ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ကို တရားဝင် လက်ဝယ်ရထားပြီးဖြစ်တဲ့
မိုးစက်ဝိုင်အပေါ်မှာ မေတ္တာထားပြီး တတ်နိုင်သလောက် အားပေးပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်ရှင်။

( အိရုပါဝင်း)


မိုးစက်ဝိုင်ရဲ. Page မှာတော.   Missosology Website ရဲ့ People Choice Award အတွက် "No.1" နေရာတွင်ရပ်တည်လျှက်ပါ။ လက်ရှိအချိန်မှာ ရရှိထားတဲ့ Vote အရေအတွက်ကတော့ 69,067 Votes ပါ။ 2nd နေရာမှာတော့ Miss Philippines ကတော့ 48,428 Votes ဖြင့်ရှိနေပါတယ်။

Beauty Pageant Grand Slam ရဲ့ People Choice Award အတွက်တော့ "No.3" နေရာသို့ ဆက်လက်တက်ရောက် သွားပါပြီ။ သူရဲ့ Vote ကတော့ 73,920 votes ပါ။ No. 1 နေရမှာတော့ Miss Philippines ပါပဲ။ Miss Philippines ကတော့ 142,185 votes ဖြစ်နေပါတယ်။ မကြာခင့် မြန်မာ သည် No.1 သို့ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်လျှက်ရှိနေကြပါတယ်ခင်ဗျာ။

TheBeautiesConcept ကတော့ ဒီနေ့အထိ Hot Picture List ကို ထုတ်ပြန်ကြေငြာခြင်းမရှိသေးပါဘူး ခင်ဗျာ။ ဒါပေမယ့် Miss Myanmar ကတော့ Like 5640 + Share 4835 = 56400+ 96700 = 153,100 Votes ဖြင့် ရပ်တည်လျှက်ရှိပါတယ်။

Supporter အားလုံးရဲ့ ကြိုးစားအားပေးမှုတို့ကြောင့် မကြာခင်မှာ မြန်မာ ကနေရာတိုင်းမှာ No 1 ဖြစ်နေလိမ့်မယ်လို့ ကျတော် Supporters for Miss Myanmar Universe 2013. Page ရဲ့ Admin "Phyo Nge Lay" က ယုံကြည်စွာဖြင့် မျှော်လင့်လျှက်ရှိနေပါတယ်
  လို. ရေးသားထားပါတယ် ။
Vote ပေးရမယ်. Link တွေနဲ. အသေးစိပ် အချက်အလက်တွေကိုတော. ဒီ Link  https://www.facebook.com/pages/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%80%E1%80%B9%E1%81%80%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-vote/342425435895021?ref=br_tf  မှာ သွားရောက်ကြည်.ရှုနိုင်ပါတယ် ။

မိုးစက်ဝိုင် ဟာ ၂၀၁၃ခုနစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့ မနက် (၉) နာရီအချိန်တွင် ၂၀၁၃ခုနစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် ကျင်းပပြုမည့် Miss Universe 2013 ပြိုင်ပွဲအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည်ဖြစ် ကြောင်း သိရပါတယ် ။

ဘာပဲပြောပြော ခုလိုကိစ္စရပ်တွေပေါ်ပေါက်လာတာဟာ အရင်က နိုင်ငံတကာပြိုင်ပွဲတွေတိုင်းမှာ မြန်မာတွေ စုစည်းညီညွတ်စွာ ပါဝင်ဆင်နွှဲလေ.ရှိတဲ့ On line Vote ကိုတော. အနည်းနဲ.အများထိခိုက်နိုင်ပါတယ် ။ ဒီလိုပြဿနာတွေ ပေါ်ပေါက်စေခဲ့သူတွေအတွက်တော. ခုလို ရာစုနှစ်ဝက်လောက်ကြာမှ တကယ်.ကမ္ဘာနဲ.ချီတဲ့ ပွဲတစ်ခုမှာ မြန်မာအားပေးသူတွေအချင်းချင်းကို သွေးခွဲနိုင်ခဲ့ပါတယ် ။ မျှော်လင်.ချက်ရှိတဲ့ Online Vote လို မျိုး မြန်မာတွေ မရအောင် ကြိုးစားနိုင်ခဲ့ပါတယ် ။ အရေးကြီးရင် သွေးမစည်းနိုင်ကြတော.ပဲ လူမျိုးစွဲ ၊ ပုဂိုလ်စွဲ တွေနဲ.သွေးကွဲတတ်ကြတဲ့ အားနည်းချက် ကိုကမ္ဘာသိသွားစေခဲ့ပါတယ် ။ ဒီ.အတွက် ဖန်တီးသူအချို.ကတော. ကျေနပ်နေကြမှာပါပဲ ။

ဆက်စပ်ဖတ်ရှုရန် - မိုးစက်ဝိုင် ရှင်းတမ်း




No comments:

Post a Comment