Thursday, October 17, 2013

ဗုံးပေါက်တဲ့ကိစ္စ ဒီလိုတွေပြောကြတယ်

 
Photo by Eleven


 "တရားဥပဒေစိုးမိုးရေး အနေနဲ့  ကြည့်ရမယ်ဆိုရင် တရားခံတွေကို မြန် မြန်ဖမ်းနိုင်အောင် လုပ်ရမှာပေါ့။ ဒါက တော့ အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်တယ်လေ။ အမေတို့က လိုက်ဖမ်းလို့ ရတဲ့အရာမှ မဟုတ်တာ။ လုံခြုံရေးအစီအစဉ် အား နည်းတယ်လို့ပြောရအောင်လည်း ဘယ် မှာ ဗုံးကိုချလဲဆိုတာ ရှိသေးတာပေါ့ နော်။ တခြားနိုင်ငံတွေ မှာလည်း ဒီလို ဖြစ်တတ်ပါတယ်။ အရေးကြီးတာက တော့ ဘယ်သူတွေလို့ပြောဖို့ဆိုတာ မြန် မြန်ဖော်ထုတ်ဖို့ပါပဲ။ ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့။ ဗုံးတွေ၊ ဘာတွေဖြစ်တယ်ဆိုတော့။ ဒါပေမဲ့ အမေ ကတော့ ယုံကြည်တယ်။ အမေတို့ ပြည် သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစား တတ်ပါတယ်။ ဒါတွေက တမင်ပေါ့။ လှုပ်လှုပ်ရှား ရှား ဖြစ်အောင်လို့ ဆွတာ တို့က အဲဒီထောင်ချောက်ထဲ မဝင်သွား ဖို့ပဲ။ တမင်လန့်အောင် ဖျပ်အောင်စိတ် လှုပ်ရှားအောင် လမ်းလွဲအောင် အဲလို လုပ်တာဆိုရင်တော့ ဒီထောင်ချောက်ထဲ မဝင်သွားဖို့ပါပဲ။ အမေတို့ ပြည်သူတွေ က ခေါင်းအေးအေးနဲ့ စဉ်းစားလို့ရပါ တယ်။ ဒါကို သတိတော့ ထားရမှာပေါ့။ ဒါကလည်း သဘာဝကျပါတယ်။ လူများ တဲ့နေရာ သွားရင် အန္တရာယ်ရှိမလားဆို ပြီး စိုးရိမ်တတ်ကြတယ်။ သတိရှိတာ တော့ မမှားပါဘူး။ ကြိုတင် သတိလေး ထားရင် ကောင်းတာပေါ့။ သိပ်ပြီးတော့ အစိုးရိမ် လွန်ရင်လည်း မကောင်းပါဘူး။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဘယ်သူတွေ လုပ်တယ်ဆိုတာ ဖော်ထုတ်ပြီးမှ အမေ တို့ သိမှာပေါ့။ သိပ်ပြီးတော့ မှန်းခြေနဲ့ သိပ်ပြီးေ တာ့ စဉ်းစားနေရင်လည်း ခုန ပြောသလိုပေါ့။ မဖြစ်သင့်တာ ဖြစ်သွား လိမ့်မယ်။ စိုးရိမ်လွန်ပြီးတော့ တစ် ယောက်နဲ့တစ်ယောက် လက်ညှိုးထိုး မယ်ဆိုရင် တင်းမာမှုတွေ များလာမှာ ပေါ့"

                                                                                                                                          ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်

Photo from Irrawaddy

 "ဘာဗုံးပေါက်တာမှ မကြိုက်ဘူး။ လုပ်တဲ့လူတွေကို အပြင်းအထန်ရှုတ်ချတယ်။သူတို့ အဲဒီလိုလုပ်လို့ ပြည်သူတွေက အစိုးရကို မမုန်းဘဲ ပိုပြီး ကျောကပ်သွားလိမ့်မယ်။ အစိုးရ လုပ်တယ် ဆိုတာမျိုး စွပ်စွဲကြတာလည်း အခြေအမြစ်မရှိဘူး။ မြန်မာ -အမေရိကန် ဆက်ဆံရေး ထိခိုက်စေချင်လို့ မြန်မာပြည်ထဲကို ခရီးသည်တွေ မ၀င်စေချင်လို့ ဆိုတာမျိုး သိုးနေပုပ်နေတဲ့ အတွေးအခေါ်တွေ ထားခဲ့ကြပါတော့လို့ ပြောချင်တယ်။ သတ္တိ တကယ်ရှိကြရင် နေပြည်တော် သွားဖောက်ကြလို့ ပြောလိုက်ပါရစေ။"

ဇာဂနာ 

 
မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်နေချိန်တွင် မြို့ကြီးအချို့၌ ဗုံးပေါက်ခွဲမှုများ ပြုလုပ်နေခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ဖြေရှင်းရေးနှင့် တိုင်းရင်းသား တန်းတူညီမျှရေးအတွက် ကြိုးပမ်းနေသည့် နိုင်ငံရေးဖြစ်စဉ်ကို အကြမ်းဖက် တိုက်ခိုက်ခြင်းဟု ယူဆ ၊“ဒီလိုဖြစ်ပွားမှုတွေဟာ နိုင်ငံရေး ဖြစ်စဉ်တွေကို နောက်ပြန် လှည့်သွားနိုင်ပါတယ်
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေး



 တစ်အချက်ကတော့ဗျာ ဖျက်ဆီး ရင်တော့ ပျက်စီးတာပေါ့။ ဖျက်ဆီးဖို့ ဆိုတာ လွယ်ပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သဘောမကျပါ ဘူး။ ကျန်တဲ့ ပြည် သူတွေအားလုံးလည်း သဘောမကျဘူးလို့ ကျွန်တော် ယုံပါ တယ်။ ဒါ သဘောကျစရာ ကောင်းတဲ့ ကိစ္စမှ မဟုတ်တာ။ ဒါကြောင့် ဒီဖြစ်စဉ် တွေ အားလုံးနဲ့ ပတ်သက်လို့ မလုပ်သင့် ပါဘူးလို့ပဲ ကျွန်တော် မြင်ပါတယ်။ မလုပ်သင့်ပါဘူး။ ဒါကြောင့် ဒါတကယ် လို့ ဖြစ်နေတယ်ဆိုရင် ပြည်သူတွေလည်း စိုးရိမ်ထိတ်လန့်မှု ရှိမှာပေါ့လေ။ ဒါကို နိုင်ငံတော်အပိုင်းကလည်း အစီအစဉ် ရှိရှိနဲ့ ဒါကို ဆောင်ရွက်ဖို့ လိုသလို ပြည် သူတွေ အပိုင်းကလည်း သိတယ်၊ မြင် တယ်၊ ကြားတယ်ဆိုရင် သက်ဆိုင်ရာကို အကြောင်း ကြားရမှာပေါ့။ ဖျက်ဆီးရင် ပျက်စီးမယ်ဗျာ။ ကောင်းတာမှ မဟုတ် တာ။ တိုးတက်မှု မဟုတ်ဘူးလေ။ ကျွန် တော်တို့ နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ် ဖြစ်နေပြီလေဗျာ။ ပါတီစုံလမ်းကြောင်း ဖြစ်နေတယ်ဆိုတော့ အရာရာကို ဆွေး နွေးညှိနှိုင်းပြီးတော့ ဒါအကောင်းဆုံး လမ်းကြောင်းရှာပြီး လုပ်ဆောင်ကြဖို့ပဲ ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတော့ လို ချင်တဲ့ ရည်မှန်းချက်ကို ရောက်မလားဆို တော့ကျွန်တော့်စိတ်ထဲမှာတော့ ရောက် ဖို့ မလွယ်ဘူး။ ရောက်စရာလည်း မရှိ ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဘာလို ချင်မှန်းလည်း ကျွန်တော်တို့ မသိဘူး လေနော်။ ကျွန်တော်ထင်ပါတယ်။ အုံနဲ့ ကျင်းနဲ့တော့ မဟုတ်သေးပါဘူး။ တော် ကြာ ခင်ဗျားတို့မေးတဲ့ သတင်းစကားက နေပြီးတော့ ပိုပြီး ခြောက်လှန့်သလိုများ ဖြစ်နေဦးမလား။ တွေ့တော့ တွေ့တာ ပေါ့ဗျာ။ အုံနဲ့ ကျင်းနဲ့တော့ မဟုတ်ပါ ဘူး။   ဗုံးခွဲတဲ့ အဖွဲ့အစည်းဆိုတော့ ခင် ဗျားတို့ စဉ်းစားကြည်ပေါ့။ ဗုံးတွေနဲ့ နီး စပ်တဲ့အဖွဲ့အစည်းဖြစ်တာပေါ့။ ခင်ဗျား တို့စဉ်းစားကြည့်ပေါ့။ စစ်ဆေးရင် တွေ့ မှာပဲလေ။ ဘယ် ကဗုံး လဲဆိုတာ။

ပြည်သူ.လွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးဦး

Photo from Irrawaddy

  ကျနော့် အနေနဲ့ကတော့ ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်။ ငြိမ်းချမ်းရေးပဲ ဖြစ်စေချင်တယ်။ ဘယ်လို အကြောင်းကြောင်း ကြောင့် ဒီလို အကြမ်းဖက်တာကိုမှ မလိုလားပါဘူး။ ဗုံးတွေ ထောင်တယ်။ ဟိုနေရာမှာ ပေါက်တယ်၊ ဒီနေရာမှာ ပေါက်တယ်။ ဒါဟာ တိုင်းပြည် အေးချမ်းမှု မရှိဘူးဆိုတဲ့ နိမိတ်ကို ဆောင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားကနေ လာတဲ့ ဧည့်သည်တွေ အားလုံးကို မလာရဲအောင် လုပ်တာပါ။ အဲဒီလို လုပ်ချင်းအားဖြင့် ဘာကြောင့် လုပ်သလဲဆိုတာကို စဉ်းစားလို့ မရဘူး။ ဒါပေမယ့် ပြည်သူ တယောက်အနေနဲ့ သုံးသပ်တာကတော့ အဲဒီလို နိုင်ငံခြား ဧည့်သည်တွေ လာတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာတာဟာ ကောင်းသော လက္ခဏာပေါ့။ ဒီ ကောင်းသော လက္ခဏာကို မလိုလားလို့ ဖျက်ဆီးတယ်လို့ မြင်ပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာကို မကြိုက်ဘူး။ တကယ် သူတို့ ထောင်ချင်ရင် သူတို့ လိုလားတဲ့နေရာကို ရောက်အောင် ထောင်ကြပါ။ ဘာမှ မဆိုင်တဲ့ နေရာတွေမှာ ထောင်ခြင်းကို ကန့်ကွက်တယ်။ ရှုတ်ချတယ်။ လိုလည်းမလိုလားဘူး။ ကြိုက်လည်း မကြိုက်ဘူး။ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ်၊ ဘယ်လိုပုံစံမျိုးနဲ့ပဲ လုပ်လုပ် ဒါဟာ မလုပ်သင့်တဲ့ အလုပ်တခု လို့ပဲ ယူဆပါတယ်။
 ဒါရိုက်တာ မောင်မျိုးမင်း
  ဘာရည်ရွယ်ချက်နဲ့ ဘယ်သူများ ဘယ်လိုလုပ်နေလဲ မသိဘူးလို့ စဉ်းစား နေကြတယ်။ ပေါက်တာကလည်း လူမ ရှိတာ ကံကောင်းတယ်။ ဘာရည်ရွယ် ချက်နဲ့ ဘယ်သူေ တွက လုပ်နေလဲဆို တာ ကျွန်တော်တို့က စဉ်းစားနေတာ။ ခေတ်လည်း ပြောင်းသွားပြီ။ နိုင်ငံရေး အခြေအနေတွေ ပြောင်းသွားပြီ။ အား လုံးလည်း ပြောင်းလဲကုန်ကြပြီ။ ဒီကြား ထဲမှာ ဘာကြောင့် ဒီလိုလာဖြစ်နေလဲ ဆိုတာ နည်းနည်း စဉ်းစားစရာ ဖြစ်နေ တယ်။ ဒီလိုလုပ်ပုံကလည်း သူတို့က ခြိမ်းခြောက်ပြီးတော့ သတိပေးတဲ့ သေ ဘာပဲ။ အဲဒီတော့ ဘာကို ရည်ရွယ်တာ လဲဆိုတာ ပြောရခက်ပါတယ်။

ဦးအောင်သိန်းလင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)



"ကျွန်တော်တို့ သတင်းအရတော့ KNU လူဟောင်း တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲပေါ့။ အခုလက်ရှိ ကာယကံရှင် လုပ်နေတဲ့ အလုပ်အရတော့ KNU မဟုတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ လူဟောင်းလို့ ထွက်ဆိုတာတွေရှိတော့ သူပြောနေတဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ စုံစမ်းဆဲဖြစ်တယ်။ အခုထိ သိရတာတော့ လူဟောင်းလည်း မဟုတ်ဘူး"
"ကျွန်တော်တို့က တစ်ချိန်လုံး တွေ့ဆုံ ဆွေးနွေးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရှိဖို့တွေကိုတော့ လိုလိုလားလားရှိတယ်ဗျ။ အဲ့လို လိုလိုလားလားနဲ့ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတချို့ကလည်း ၀မ်းပန်းတသာနဲ့ ကြိုဆိုနေမှာပဲ။ အဲဒီ တွေ့ဆုံဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဖော်ဆောင်တာတွေကတော့ သွားနေတဲ့ ဖြစ်စဉ်ပေါ့ဗျာ။ အားမလိုအားမရ ဖြစ်တာလေးတွေတော့ ရှိတယ်။ သို့သော် ငြိမ်းချမ်းရေးကို အဖျက်အမှောင့် လုပ်မယ့်သူ KNU ထဲမှာ မရှိဘူးလို့ ယုံကြည်ပါတယ်။ နောက်ပြီး အခု ပြည်တွင်းမှာ ဗုံးပေါက်နေတဲ့ နေရာတွေက KNU တွေ လက်လွတ်စပယ် သွားနိုင်တဲ့ နေရာမျိုး မဟုတ်ဘူးလို့ ယူဆတယ်။ KNU က မည်သူမဆို သွားလာတဲ့အခါမှာ အထက်အရာရှိတွေကို အသိပေးပြီးမှ သွားလာကြတာပါ"


KNU ၏ တွဲဖက်အတွင်းရေးမှူး-၁ ပဒိုသောသီဘွဲ့

    "သူ ( စောမြင့်လွင် )က KNU အဖွဲ့ကို ၀င်လိုက်ထွက်လိုက်ပါပဲ။ တပ်သားလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ KNU အဖွဲ့မှာ လက်နက်မကိုင်ဆောင်ရတဲ့ ၀န်ထမ်းတစ်ဦးလို့ ပြောတယ်။  ဆက်စပ် စစ်ဆေးကြည့်တဲ့အခါမှာ သူက KNU ရဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဘာသာပြန်တဲ့ သူလို့လည်း ထွက်ဆိုထားပါတယ်။ ဒါကတော့ သူ့ဘက်က ပြောတာပဲ ရှိပါသေးတယ်"
 "ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေကို ပြုလုပ်ခဲ့တဲ့ သူတွေကတော့ KNU တပ်ဖွဲ့ထဲကလို့ ပြောလို့ရပါပြီ။ သူတို့ဘက်ကတော့ ငြင်းချင် ငြင်းမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ သွားလာလှုပ်ရှားမှုတွေ၊ ဘယ်လို လှုပ်ရှားခဲ့တာတွေ၊ သွားခဲ့တဲ့ လမ်းကြောင်းတွေ၊ ကားနံပါတ်တွေ၊ လူတွေကို ခိုင်လုံတဲ့အထောက်အထားတွေ၊ အပြည့်အစုံရရှိနေပါပြီ" 
မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိခဲ့သော ဖြစ်စဉ်များမှ ကျူးလွန်သူမှာ KNU အဖွဲ့မှ နေတိုးဆိုသူဖြစ်ပြီး ယင်းအဖွဲ့တွင် ဗိုလ်အဆင့်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ် ။


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီး မင်းအောင်

Photo from Irrawaddy

 အခုလို ဖြစ်နေတာတွေ အကုန်လုံး ဘာကြောင့် ဖြစ်တယ်ဆိုတာကို တာဝန်ရှိတဲ့သူတွေက သေသေချာချာ စိစစ်ဖို့လိုပါတယ်။ စိစစ်တယ် ဆိုတာက တကယ့် အဖြေမှန်တခု ဘယ်သူက လုပ်တယ်၊ ဘယ်သူကြောင့်  ဖြစ်တယ်ဆိုတာကို တိတိကျကျ ဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။ အခုဆိုရင် ကျမတို့ဆီမှာ သီတင်းကျွတ် ဆိုရင် အားလပ်ရက် အစီအစဉ်တွေမှာ အရင်ကဆိုရင် ဗြောက်အိုးတွေ ဖောက်တယ်၊ ကလေးတွေ သွားချင် လာချင်ကြတဲ့ အချိန်မှာ ဖြစ်တော့ လူတွေအကုန်လုံးက ထိတ်လန့် နေကြရပါတယ်။ သွားချင်တဲ့နေရာလည်း မသွားရ၊ လူတွေရဲ့ စိုးရိမ်ထိတ်လန့်မှု သောကတွေလည်း များတယ်။ နောက် တကယ့် ဆီးဂိမ်းလို ပွဲအကြီးကြီးတွေလည်း ရှိတဲ့အခါကျတော့ လူတွေရဲ့ လုံခြုံမှုက အရမ်းကို အရေးကြီးပါတယ်။ ဒီတော့ အစိုးရကနေ ဒါကိုဖော်ထုတ် အရေးယူပေးဖို့ အရေးကြီးပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့ သိပ်မကြာသေးတဲ့ ကာလတွေ တုန်းကလည်း ကျမတို့ဆီမှာ ဗုံးတွေ ပေါက်ခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း ဘာကြောင့်ဖြစ်တယ် ဆိုတဲ့ အဖြေရယ်၊ ဘယ်သူ့ကြောင့် ဒီလိုဖြစ်တယ်ဆိုတဲ့ အဖြေရယ်ကို တိတိကျကျ မဖော်ထုတ်ပေးခဲ့ဘူး။ ကျမတို့ဆီမှာ ပြဿနာတခု ဖြစ်ပြီ ဆိုရင် ပြဿနာရဲ့ အရင်းအမြစ်က ဘာကြောင့်ဆိုတဲ့ အဖြေကို ထုတ်ပေးခဲ့တယ်ဆိုတာ ဘယ်တော့မှ မသိခဲ့ရဘူး။ အခုလည်း အဲဒီလိုမျိုးပဲ ပြီးသွားမယ်ဆိုရင်တော့ ကျမတို့ ပြည်သူတွေအတွက် ဘယ်လိုမှ လုံခြုံမှုမရှိနိုင်ပါဘူး။ အထူးသဖြင့် ဆီးဂိမ်း လုပ်မယ်။ ဒီမှာ နိုင်ငံခြားသားတွေရှိမယ်။ နိုင်ငံခြားသားတွေ အာရုံစိုက်ကြမယ်။ ကျမတို့လို အနုပညာရှင်တွေ သွားကြ လာကြမယ် ဆိုတဲ့ အချိန်မှာ လူတိုင်းက ကိုယ့်ရဲ့ လုံခြုံမှုကို အားလုံး စိုးရိမ်နေကြတာချည်းပါပဲ။ နောက် ကိုယ့်နိုင်ငံရဲ့ ပုံရိပ်လည်း ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဘယ်သူလုပ်တယ် ဆိုတာကို သေချာ မပြောနိုင်ဘဲနဲ့ ဟိုလိုလို ဒီလိုလို ဟိုလူ့ လက်ညှိုးထိုး၊ ဒီလူ့ လက်ညှိုးထိုး ဆိုရင်တော့ မကောင်းပါဘူး။ နောက် တခုက ပြည်သူတွေကို အာရုံလွဲအောင် သက်သက် လုပ်တာမျိုးဆိုရင်တော့ ဒီလောက်နဲ့ ရပ်သွားရင်တော့ ကောင်းပါမယ်။

အဆိုတော် သံသာဝင်း 

 
 တချို့ဟာတွေကလည်း တွေ့ပြီး မဟုတ် တာတွေ ရှိတယ်။ မန္တလေးမှာဆိုရင် မသင်္ကာဖွယ်ရာ ကိစ္စတွေ့တယ်။ သွား စစ်တယ်။ သို့သော် ဒါက ပြဿနာမရှိ ဘူး။ လူတွေက အဲဒီလို နိုးကြားတာ ပို ကောင်းတယ်။ လက်ရှိလုပ်နေတာက တော့ လုံခြုံရေးကို တိုးမြှင့်တယ်။ ပြည် သူလူထုကို ပိုပြီး သတိရှိလာအောင် လှုံ့ ဆော်တာတွေ ရှိတယ်။ ရထား တဲ့ မ ပေါက်ကွဲသေးသော ဗုံးတွေရှိတယ်။ ဗုံး တည်ဆောက်ပုံ၊ သုံးတဲ့ယမ်းအမျိုးအစား၊  စနက်တံ၊ အချိန်ကိုက်ကိရိယာတွေ အမျိုးအစားတွေကို ဟိုးတုန်းက ဖြစ်ခဲ့ တဲ့ ဖြစ် စဉ်တွေနဲ့ ပြန်ပြီး သရုပ်ခွဲပြီးတော့ လေ့လာနေတာပေါ့။ အခုတော့ လူတွေ အလွယ်တကူ ဝင်/ထွက်သွားလာနေတဲ့ နေရာမျိုးတွေမှာ သတိပေးထားတာပေါ့။ လုပ်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ကွဲတာထက်ပိုပြီး လူတွေအကြောက်တ ရားဖြစ်စေတာမျိုး၊ ဆီးဂိမ်းနီးလာပြီ၊ အာဆီယံ ဥက္ကဋ္ဌဖြစ်လာပြီ။ကျန်တဲ့ ကိစ္စ တွေမှာလည်း ဖြစ်ခဲ့ တာလေးတွေရှိတော့ အဲဒီကြားထဲမှာ လူတွေကို ပိုပြီး တုန် လှုပ်ချောက်ချားစေအောင် မြန်မာနိုင်ငံ ရဲ့ ပုံရိပ်အပေါ် ထိခိုက်လာစေအောင် လုပ်တာလို့ ကျွန်တော်တို့ ထင်တယ်။
ဘယ်အဖွဲ့က လုပ်တာလဲဆိုတာ တော့ လောလောဆယ် မပြောနိုင်သေး ဘူး။ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းအားလုံး ကိုတော့ လိုက်ရှာနေတာပေါ့။ စုံစမ်းတဲ့ ကိစ္စတွေကေ တာ့ မပြောနိုင်သေးဘူး။ အခုခေတ်က နိုင်ငံတကာမှာလည်း အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေရှိတယ်။ အီလက်ထရောနစ် ပစ္စည်းတွေက အရမ်းရှာရတာ လွယ်တယ်လေ။ ယမ်း အမျိုးအစားတွေကလည်း အရင်ကလို အများကြီးသုံးစရာ မလိုတော့ဘူး။ သေး သေးလေးနဲ့ ပေါက်ကွဲအားပြင်းတဲ့ ယမ်း တွေရှိ တယ်။
လက်ပစ်ဗုံး အဟောင်းထဲ မှာ စနက်တံထည့်ပြီး သုံးတာတွေရှိ တယ်။ လုပ်တဲ့အခါမှာလည်း အရင် တုန်းကလို ဗုံးတွေဘာတွေ ဆင်တဲ့အခါ မှာ သိပ်မခက်ခဲတော့ဘူးလေ။ ဘာမှ မလုပ်တတ်တဲ့ သူတောင်မှ ပစ္စည်းတစ်ခု ခု ပေးလိုက်ပြီး မင်းဟိုရောက်ရင် ဒီခ လုတ်အနီလေးကို ဖွင့်လိုက်ပြီးရင် ထား ပစ်ခဲ့လိုက်လို့ ပြောလို့ ခိုင်းလို့ရတဲ့အမျိုး အစားဖြစ်နေတယ်။ ဒါကတော့ နိုင်ငံ တကာမှာလည်း ရင်ဆိုင်ရတဲ့ ပြဿနာ ပေါ့။ ဒါကြောင့်မို့ တတ်နိုင်သမျှ သတိ ထားပြီး ဆောင်ရွက်ဖို့နဲ့ ဖော်ထုတ်ဖို့ တော့ လုပ်နေတာပေါ့။
လုံခြုံရေးက အားနည်းတယ်လို့ တော့ပြောလို့မရပါဘူး။ ဥပမာ ဟိုတယ် မှာဆိုရင် သူ့လုံခြံရေး ရှိတယ်။ CCTV  ကင်မရာရှိတယ်။ အဲဒီလို နေရာမျိုးဆို သာမန်အားဖြင့် ရဲတပ်ဖွဲ့တွေမရှိဘူးဗျာ။ သို့သော် အခမ်းအနားတစ်ခု လုပ်မယ်။ ဒါမျိုးဆို ကြိုပြီးချထားတာပေါ့။ ကျန် တာကျတော့လည်း မြို့ကြီးတစ်မြို့လုံး မှာ နေရာတိုင်းမှာတော့ မယူ ထားနိုင် ဘူး။ ဒါကြောင့်မို့ လုံခြုံရေး အဖွဲ့အစည်း တွေအပြင် ဆိုင်ဆိုရင်လည်း ဆိုင်တာ ဝန်ရှိတဲ့သူတွေ၊ ဟိုတယ်တာဝန်ရှိတဲ့သူ တွေ၊ ပြည်သူတွေ ပါဝင်ဆောင်ရွက်ဖို့ တာ့
လိုတာပေါ့။
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်း စဉ်အပေါ် ကျွန်တ်ာတို့ကတော့ မထိ ခိုက်နိုင်ဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်က တော့ နှစ်ဖက်စလုံးက ဘယ်လိုဖြစ်ဖြစ် ငြိမ်းချမ်းရေးရအောင် တည်ဆောက် မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးကတော့ သမ္မတကြီး မျှော် မှန်းထားတာတော့ နိုဝင်ဘာလလောက် အတွင်းမှာ သဘောတူညီချက် တစ်ခု လောက်တော့ လက်မှတ်ထိုးနိုင်လိမ့်မယ် လို့ မျှော်မှန်းပြီး ဆောင်ရွက်တာပေါ့။ ဒါတွေက သီးခြားစီပါ။ ဘာမှ ထိခိုက် စရာအကြောင်း မရှိပါဘူး။ ကျွန်တော်တို့
တစ်ခုခုနှောင့်နှေးသွားရင်လည်း အဲလို လုပ်ချင်တဲ့သူတွေရဲ့ ရည်ရွယ်ချက် အောင်မြင်သွားမှာပေါ့ဗျာ။ ဒါမျိုးတော့ ကျွန်တော်တို့ အဖြစ်မခံပါဘူး


ဦးရဲထွဋ် (နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး)


 Ref ; Eleven Media Group , Irrawaddy , The Voice Weekely

ဆက်စပ်ဖတ်ရှု၇န် -  ဗုံးပေါက်ကွဲမှု သတင်းများနှင်. သတိပြုရန်များ

No comments:

Post a Comment