Tuesday, October 15, 2013

ဗုံးပေါက်ကွဲမှု သတင်းများနှင်. သတိပြုရန်များ


Western Park မှ ရရှိသော ... Photo by Yangon Police

 ခုရက်ပိုင်း ဘယ်သူတွေက ဘာ.ကြောင်.မှန်းမသိတဲ့ ဖောက်ခွဲမှုတွေ ဆက်တိုက်ပြုလုပ်လာကြပါတယ် ။ နိုင်ငံတကာနဲ.ကွာတာကတော. ဒီမှာ ခုလိုဖောက်ခွဲမှုပြုပြီးသွားရင် ဘယ်အဖွဲ.အစည်းက ဘာ.ကြောင်.လုပ်ရတာပါတယ် ဆိုတာမျိုး တရားဝင်ထုတ်ကြေညာ ခဲ့ပါတယ် ။ ခုလည်း ဘယ်သူက ဘာကိုရည်ရွယ်မှန်းမသိတဲ့ လုပ်ရပ်တွေကို ခိုးကြောင်ခိုးဝှက် လုပ်လာကြပြန်ပါပြီ ။
အောက်တိုဘာလ ၁၂ရက်နေ့ ညသန်းခေါင်ကျော် ၁၃ရက်နေ့အစောပိုင်းတွင် ဖြစ်ပွားခဲ့တဲ့ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းဘတ်စ်ကားမှတ်တိုင်မှ ပေါက်ကွဲမှုဟာ လူတစ်ဦးမျှ ထိခိုက်ဒဏ်ရာ
ရရှိမှု မရှိသော်လည်း ခရီးသည် နားနေဆောင် အတွင်းရှိ Natural Clayဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ် ဆယ်ပေခန့်နှင့် ခရီးသည်နားနေဆောင် ထိုင်ခုံပျက်စီးသွားပါတယ်။ ယင်းဗုံးပေါက်ကွဲပြီးနောက်
ဆက်လက်ရှာဖွေရာ စည်ပင် အမှိုက်ပုံး အနီးတွင်လည်း ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့် ထည့်ထားသော ချိန်ကိုက် မိုင်းတစ်လုံးကို ထပ်မံတွေရှိခဲ့သေးကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ဖေ့ဘုတ်စာမျက်နှာတွင်
ဖော်ပြထားပါတယ်။
 
Photo by မြန်မာ.ခောတ်

ညနေပိုင်း ၅နာရီ မိနစ်၄၀မှာ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့၌ အသေးစား ပေါက်ကွဲမှုတစ်ခု ဆက်လက်ဖြစ်ပွားရာ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း ရပ်ကွက်နေသူများ ဖြစ်သည့်
ထက်အောင်နိုင်တွင် ယာလက်ချောင်း၊ လက်မောင်း၊ ၀ဲခြေသလုံး၊ ၀ဲလက်မောင်းတို့တွင် သွေးထွက်ဒဏ်ရာ ရရှိပြီး ၀င်းမင်းထွေး၏ယာခြေသလုံးတွင် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းဖြစ်စဉ်
အနီးတွင် ရှိနေကြသော မျက်မြင် တွေ့ရှိသူများက ပြောကြပါတယ်။

ဗုံးပေါက်တယ်သာ ပြောတာပါ။ ကျွန်တော်တို့ ဒီနားမှာ ခြင်းခတ်နေတာပဲကားဘီး ပေါက်တယ်ပဲ ထင်တာ။ ရဲတွေ ရောက်လာတော့မှ ဗုံးပေါက်တယ်ဆိုတာ သိရတာ”ဟု ၎င်းဗုံးပေါက်ကွဲရာ ယမင်း အီလက်ထရောနစ် ဆိုင်အနီးတွင် ခြင်းခတ်နေတယ် ဆိုသူက ပြောပါတယ်။

အောက်တိုဘာလ ၁၂ရက်နေ့တွင်လည်း တောင်ငူမြို့ ၁၇ ရပ်ကွက်ကန်လမ်းရှိ ချမ်းမြေ့ဧည့်ဂေဟာ အပေါ်ထပ် အခန်းအမှတ် ၆ တွင်လည်းဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ၎င်းအခန်းတွင် တည်းခိုနေသူ နှစ်ဦးအနက်
တစ်ဦးသည် ဒဏ်ရာ အပြင်အထန် ရရှိ၍ ဆေးရုံ၌ သေဆုံးခဲ့ပြီး နောက်တစ်ဦးသည် ယင်းဆေးရုံတွင် စိုးရိမ်စရာ မရှိ အခြေအနေဖြင့် ဆေးကုသခံယူလျက်ရှိကြောင်း သိရပါတယ်။ ၎င်းအခန်းနှင့် ကပ်လျက် အခန်းတွင်
တည်းခိုနေသူ တောင်ငူမြန်မာ့ မီးရထား တပ်ခွဲ(၁၀)မှ ရဲတပ်သား တစ်ဦးသည် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းလည်း ရဲမှတ်တမ်းများအရ ဆက်လက် သိရပါတယ်။
 
WESTERN PARK RUBY စားသောက်ဆိုင်အတွင်း ချိန်ကိုက်ဗုံး တွေ့ရှိခဲ့ရသည့် စားပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်) @ EMG
အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်  ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်(အနောက်) ရပ်ကွက်၊ ကမ်းနား လမ်းတွင် ဖွင့်လှစ်ထား သော Western Park Ruby စားသောက်ဆိုင်တွင် ဆိုင်သန့်ရှင်းရေး ပြုလုပ်စဉ် မသကာင်္ဖွယ်ရာ အမည်းရောင် ကြွပ်ကြွပ်အိတ် တခုကို  စားပွဲထိုး ကိုကျော်ဇေယျာမင်းက တွေ့ရှိ၍ သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့ကြောင်း၊ ယင်းနောက် အလုံမြို့နယ် ရဲစခန်းက လာရောက်စစ်ဆေးခဲ့ပြီး မိုင်းဟု အတည်ပြုခဲ့ကြောင်သိရသည် ။

အလုံမြို့နယ်ရဲစခန်းမှ  စခန်းမှူး ဒုတိယရဲမှူးဝင်းနိုင်“ကျနော် သွားစစ်ဆေးတော့ အနက်ရောင် ကြွပ်ကြွပ်အိတ်ထဲမှာ အဖြူရောင်၊ အ၀ါရောင် ဓါတ်ကြိုးတွေနဲ့ ကိုယ်ထည် ထိပ်ကို တိပ်ပတ်ထားတဲ့ ချိန်ကိုက်ဗုံးလို့ ယူဆလို့ရတဲ့ ပစ္စည်းတခုကို တွေ့ပါတယ်။ ၁၂နာရီ ၄၅ မိနစ် မှာ မိုင်းလို့  တပ်မတော် အင်ဂျင်နီယာတပ်ရင်းက အတည်ပြုပြီး သိမ်းဆည်း လိုက် ပါတယ်´´ဟု ပြောသည်။
မိုင်းတွေ့ရှိသည့် Western Park စားသောက်ဆိုင်သည် မနက်ပိုင်းအချိန်တွင် မဖွင့်လှစ်ရသေးဘဲ ဆိုင် သန့်ရှင်းရေး ပြုလုပ်နေဆဲ ဖြစ်သည့်အတွက် မိုင်းပါသော အထုပ်ကို ယမန်နေ့ညကတည်းက ထားရှိခဲ့သည့်သဘောဖြစ်ပြီး ယင်းဆိုင် တွင် CCTV ကင်မရာ မရှိကြောင်း၊ မိုင်းတွေ့ရှိသည့် စားပွဲတွင် စားသောက်သွားသည့် လူစာရင်းကို ယင်း စားသောက်ဆိုင် မှ တောင်းယူပြီး သက်ဆိုင်ရာက ဆက်လက် စုံစမ်းလျက်ရှိကြောင်း၊ မိုင်းတွေ့ရှိသည့်အမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက် ကိုင်တွယ် စုံစမ်းလျက်ရှိကြောင်း ဧရာဝတီသတင်းတစ်ရပ်အရသိရှိရသည်။
EMG သတင်းကမူ အဆိုပါ ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းစားသောက်ဆိုင်မှ လက်ထောက် အထွေထွေ မန်နေဂျာ ကိုဝင်းဗိုလ်က ''မနေ့က ညပိုင်းမှာ အဲဒီစားပွဲဝိုင်းမှာ မိသားစု သုံးယောက်တစ်ဖွဲ့ အရင်ထိုင်တယ်။ အဲဒီမိသားစုက တစ်နာရီခွဲ ၀န်းကျင်လောက်ကြာအောင် စားသောက်ပြီး ပြန်သွားကြတယ်။ ပြီးတော့ အဲဒီစားပွဲဝိုင်းကို သန့်ရှင်းရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ လာစားတဲ့ လူသုံးယောက်က အကုန်လုံး အသက် ၃၀ ၀န်းကျင်ပဲ ရှိတယ်။ ဘာစားသောက် ဖွယ်ရာမှ မမှာဘဲ ဘီယာနှစ်လုံး မှာပြီးတော့ မိနစ် ၂၀ လောက်ပဲ စားသောက်ပြီး ပြန်သွားကြတယ်။ ဘာမှ မှာမစားတဲ့အတွက် အဲဒီစားပွဲဝိုင်းကိုထပ်ပြီး သန့်ရှင်းရေး မလုပ်လိုက်မိပါဘူး။ မနက် ခုံအောက်ပိုင်းတွေ ကြမ်းပြင်တွေကို သန့်ရှင်းတွေလုပ်တဲ့ စားပွဲထိုး ကောင်လေးက တွေ့တာပါ'' ဟု ပြောကြားသည် ဟုရေးသားခဲ့သည်။ 
အတည်ပြုချက်မရသေးတဲ့ သတင်းအရ ဒီဖြစ်စဉ်ရဲ. သံသယရှိသူကိုလည်း ရမိထားပြီလို.ကြားရပါတယ် ။



Photo by IRRAWADDY

By DVB


By IRRAWADDY


  မန္တလေးမြို့၊ အောင်မြေသာ စံမြို့နယ်၊ ကျုံးအနောက်ဘက် လမ်း ၈၀၊ ၁၆ လမ်းထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အမေရိကန်နိုင်ငံလုပ် M 67 အမျိုးအစား ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လက်ပစ်ဗုံးအား အေအေဓာတ်ခဲ ခြောက်လုံးနှင့် စားပွဲတင်နာရီတွဲကာ ချိန်ကိုက်ဗုံးအဖြစ် ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းဆိုင်ဝန်ထမ်းမှ တွေ့ရှိရာ ၁၆ လမ်း ၊ ၈၀ နှင့် ၈၁ လမ်းကြားတွင် ပြောင်းရွှေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
ထို့နောက် တပ်မတော် ဖောက်ခွဲရေးတပ်၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၊ စည်ပင်ဝန်ထမ်းများမှ မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါဗုံးမှာ ပေါက်ကွဲမှုဖြစ်ပါက အန္တရာယ် များသောကြောင့် ကားတာယာနှင့် သဲအိတ်များ ကာရံ၍ ညနေ ၃ နာရီတွင် ဖောက်ခွဲပစ်ခဲ့ရသည်။
ယင်းနောက် ရွှေဘဲစားသောက်ဆိုင် အတွင်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ဗုံးရှင်းလင်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ရွှေဘဲစားသောက်ဆိုင် ခုံနံပါတ် ၁၄ မှာ ထိုင်စားသွားတဲ့ ဧည့်သည်နှစ်ဦးက ခုံအောက်မှာ ထားသွားတာကို ၀ိတ်တာက တွေ့တာ။ စီစီတီဗွီမှာလည်း တွေ့ရပါတယ်။ အမေရိကန် နိုင်ငံလုပ် လက်ပစ်ဗုံးပါ'' ဟု ဆိုသည်။ဗုံးဟာ ဓါတ်ခဲ ၃ လုံးနဲ.လုပ်ထားတဲ့ လက်လုပ်ဗုံးလို.ဆိုပါတယ်
ဒါနဲ. ပတ်သက်ပြီးမသင်္ကာဖွယ်ရာ နိုင်ငံခြားသားနှစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့သတင်းရရှိပါတယ်။

မလေးရှားနိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို မန္တလေးတိုင်းဒေသကြီးနဲ့ ခရိုင်ရဲတပ်ဖွဲ့တို့က တောင်သမန်အင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသားနှစ်ဦးဟာ ရွှေဘဲစားတော်ဆက် စားပွဲအမှတ် ၁၄ မှာ နောက်ဆုံးထိုင်ခဲ့သူတွေဖြစ်ပြီး အထုပ်တစ်ထုပ်ကျန်ခဲ့လို့ စားပွဲထိုးတွေက လိုက်လံပေးရာ သူတို့ပစ္စည်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သူတွေဖြစ်တယ်လို့သတင်းရရှိပါတယ်။
 

Photo by IRRAWADDY

 ကုန်သည်ကြီးများ ဟိုတယ်မှာ မနေ့ည ၁နာရီ ၂၀ မှာဖြစ်တဲ့ ပေါက်ကွဲမူမှာ အဓိက တရားခံလို့ ယူဆရတဲ့ သူကို ဖော်ထုတ်ရရှိထားပြီလို့ သက်ဆိုင်ရာက ထုတ်ဖော်ပြောဆိုထားပါတယ်။ 
ပေါက်ကွဲမှု မဖြစ်ပွားခင် ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အခန်းမှာ နောက်ဆုံး တည်းခိုခဲ့တဲ့ သူဟာ အသက် ၂၇ နှစ် အရွယ် အမျိုးသားတဦးဖြစ်ပြီး မှတ်ပုံတင်အမှတ် ၃ /ဖမန (နိုင် )၀၂၂၅၇၆ ၊ အမည်က  စောမြင့်လွင်(ဘ) ဦးကိုညွန့် ဖြစ်တယ်လို့ လတ်တလော စုံးစမ်းမှုအရ သိရပါတယ်။ 
  
"သူက ဖောက်ခွဲ ရေးပစ္စည်းတွေ ထားပြီး Taxi ကို ခုနှစ်သောင်းပေးပြီး လစ်တာ၊ Taxi ပေါ်မှာ သူ့ မှတ်ပုံတင် ကျန်နေခဲ့တယ်"ဟု တာဝန်ရှိသူ အရာရှိတစ်ဦးက ပြောပါတယ်။ 

အဲဒီ သံသယရှိသူအပေါ် သာကေတ နဲ့  အလုံမြို့နယ်တို့ တွင်တွေ့ရှိသည့် ဖောက်ခွဲ ရေးပစ္စည်းတွေနဲ့ လဲ ဆက်ဆပ်နေနိုင်တယ်လို့ ရန်ကုန်မြို့လုံခြုံရေး တာဝန်ယူထားတဲ့ တပ်မတော် အရာရှိ တစ်ဦးက သုံးသပ်ပြောထားပါတယ်။ 

ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ Traders' Hotel ကုန်သည်ကြီးများဟိုတယ်ရဲ့ အလွာ တစ်ထပ်လုံးပြောင်းရွေ့ ထားပြီး ဒဏ်ရာရရှိတဲ့ အမေရိကန် အမျိုးသမီးနဲ့ အတူတည်းခိုးသူကိုလည်း အခန်းပြောင်းရွှေ့ထား ကာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ 

အမေရိကန်ဇနီးမောင်နှံရဲ့ လက်ရှိကိုင်ဆောင်ထားသော နိုင်ငံကူး လက်မှတ်များမှာ pp 488927770 နှင့် pp 488932812 ဖြစ်ကာ အခင်းဖြစ်တဲ့ နေ့လည် ၁ နာရီလောက်က မှ ထရိတ်ဒါးစ် ဟိုတယ်မှာ စတင် တည်းခိုတာဖြစ်တယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်ကတော. အောက်တိုဘာ ၁၄ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင် ရန်ကုန်မြို့၊ ကုန်သည်ကြီးများဟိုတယ်တွင် ၉ လွှာ၊ အခန်း အမှတ် ၉၂၁ တွင် ဗုံးပေါက်ကွဲမှု တရပ်ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ယင်းဟိုတယ်တွင် တည်းခိုနေထိုင်သူ အမေရိကန် နိုင်ငံသူ အသက် ၄၃ နှစ်အရွယ် Mrs.Piaiorst ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ် ။

  အောက်တိုဘာ ၁၅ ရက်နေ့၊ နံနက်ပိုင်း ၃ နာရီခွဲ စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံတည်းခိုခန်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဆွမ်းဦးပုညရှင် စေတီအနီးကားရပ်နားကွင်းတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သံသယရှိသူများကို စစ်ဆေးလျက်ရှိပြီး လုံခြုံရေးတိုးမြင့်ထားကြောင်း၊ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဗုံး အမျိုး အစား ကို တပ်မတော်အင်ဂျင်နီယာတပ်ရင်း က ဆက်လက်စစ်ဆေးလျက်ရှိကြောင်း၊ ဗုံးပေါက်ကွဲမှုများတွင် လူထိခိုက် သေဆုံးမှု မရှိကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းမှ ရဲအုပ် ပေါ်ထွန်းက ဧရာဝတီသို့ ပြောကြားသည်။

“ရွှေပြည့်စုံ တည်းခိုခန်းမှာက ပရိဘောဂခုံတချို့နဲ့ မီးချောင်းတချို့ပျက်စီးသွားတယ်။ ဆွမ်းဦးပုညရှင်ကတော့ ကားရပ်ထားတဲ့နေရာမှာပါ။ အဲဒီနားက သံပန်းလေးတွေ ထိခိုက်သွားတယ်။ ဖြစ်စဉ်နှစ်ခု စလုံးမှာ လူထိခိုက်မှု မရှိပါဘူး´´ဟု ရဲအုပ်ပေါ်ထွန်းက ဆိုသည်။

Photo by Popular News

  ရန်ကုန်တိုင်းရဲတပ်ဖွဲ.၏ Facebook စာမျက်နှာတွင်လည်း ဤသို.ရေးသားထားခဲ့သည် ။
 ၁၄.၁၀.၂၀၁၃ရက်နေ့ ၁၈၁၅အချိန် လှိုင်မြို့နယ်တံတားဖြူမှတ်တိုင်အနီး ဆက်သွယ်ရေးဖုန်း ပုံးပေါ်တွင် သတင်းစာနှင့်ထုပ်ပြီး ကြွပ်ကြွပ်အိတ်အဖြူရောင်နှင့် ထုပ်ထားသည့် အထုပ်(၂)ထုပ်တွေ့ရှိသဖြင့် အမှတ်(၉၀၅)စစ်မြေပြင်အင်ဂျင်နီယာတပ်ဖြင့် ၎င်းအထုပ်(၂)ထုပ်အား ရှင်းလင်းခဲ့ရာ သတင်းစာစက္ကူများသာ
ထုပ်ထားသည့် အထုပ်(၂)ထုပ်ဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။

၁၅.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်တွင်လည်း ကျောက်တံတားမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မဟာဗန္ဓုလ လမ်းနှင့် (၃၈)လမ်းထောင့်ရှိ City Star Mobile and Electric ဆိုင်ရှေ့ရှိ စည်ပင်အမှိုက်ပုံးအနီးတွင် မသင်္ကာဖွယ် အလျား(၁၆)လက်မ၊ အနံ (၁၁)လက်မ၊ ထု (၄)လက်မရှိ Raganတံဆိပ်ပါ ခဲရောင် အတာချီကော့စ် (၁)လုံးအား တွေ့ရှိရသဖြင့် အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ရှင်းလင်းခဲ့ရာ အတွင်း၌မည်သည့်
ပစ္စည်းမျှမရှိသည့် သေတ္တာအခွံအဖြစ်စစ်ဆေးသိရှိရကြောင်း သတင်းရရှိပါသည်။




  ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကတာဝန်ရှိသူများအား
သတင်းပို့ပြီး ဆောင်ရွက်ရန်နည်းလမ်းများအား အသိပေးနှိုးဆော်ခြင်း

 (၁) ဗုံး(သို့)မသင်္ကာဖွယ်ပစ္စည်းတစ်ခု

ခုကို တွေ့ရှိပါက ကိုင်တွယ်ခြင်း၊
ရွှေ့ပြောင်းခြင်းမပြုလုပ်ပဲ သက်ဆိုင်ရာတာဝန်ရှိသည့်ဌာနသို့ 
အမြန်ဆုံးသတင်းပို့အကြောင်းကြား
ရန်

(၂) သက်ဆိုင်ရာတာဝန်ရှိသည့် ၀န်ထမ်းများမှ ဗုံး(သို့)မသင်္ကာဖွယ်ရာ

တစ်ခုခုတွေ့ရှိသည့် နေရာပတ်ဝန်းကျင်မှ လူများအား သတိပေး
ဖယ်ရှားရန်နှင့် အမှတ်အသား အလံစိုက်ထူထားရှိရန်

(၃) ဗုံးနှင့်ဗုံးဟု မသင်္ကာဖွယ်ရာပစ္စည်းများတွေ့ရှိပါ
ကအနီးပတ်ဝန်းကျင်ရှိ
လူများအားရှင်းလင်း၍မိုင်းစွန့်
ကျင်းသို့သွားရောက်ထည့်ခြင်း၊သဲအိတ်၊ 
ကားတာယာ၊အ၀တ်အထည်အိတ်စသည့်အနီးအ
နားရှိပစ္စည်းများဖြင့် 
ကာရံထားရှိရန်

(၄) မသင်္ကာဖွယ်ရာတွေ့ရှိသည့်ပတ်ဝန်းက
ျင်သို့တာဝန်မရှိသူများ
ဝင်ရောက်မှုမရှိစေရေးအတွက်တာဝန်ရ
ှိသူများနှင့်ပူးပေါင်း၍
လုံခြုံရေးဆောင်ရွက်ရမည်။ယာဉ်ပိ
တ်ဆို့မှုမရှိစေရေးအတွက်
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ လွှဲပြောင်းမောင်းနှင်စေရန်
စီစဉ်ဆောင်ရွက်ပေးရမည်။

(၅) အနီးပတ်ဝန်းကျင်ရှိ အရေးကြီးပစ္စည်းများနှင့်မီးလောင
်စေတတ်သော
ပစ္စည်းများအား အဝေးသို့ရွှေ့ရန်။

(၆) ဗုံး(သို့)ပေါက်ကွဲစေတတ်သောပစ္စည
်းသေချာပါက စစ်မြေပြင်
အင်ဂျင်နီယာတပ်မှ မိုင်းရှင်း စစ်သည်များနှင့် တာဝန်ရှိများထံ
တင်ပြပြီး တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်
 သက်မဲ့ဖြစ်အောင်
ဆောင်ရွက်ရန်၊ 


ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကမိဘပြည်သူများထိခိုက်မှု
မဖြစ်စေရေးအတွက်အထက်ပါအတိုင်းလိုက်နာဆောင်ရွက်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။


ဒါ.အပြင်

၁-မိုင်း လို့ ယူဆရတာနှင့် လုံးဝ မထိပါနှင့် ဘေးတွင် သဲအိတ် ရေဖြည့်ပလတ်စတစ်ပုံးများဖြင့် ဝန်းရံပါ ဖြေးညှင်းစွာလုပ်ပါ အရှိန်ကြောင့် အသက်ဝင်နိုင်ပါသည်။

၂-ဓါတ်ပုံ မရိုက်ပါနှင့် အလင်းကြောင့် ပေါက်ကွဲအောင် လုပ်လို့ရပါသည်။

၃-အသံမဆူညံပါနှင့် အသံကြောင့်လည်း ကွဲနိုင်ပါသည်။

၎-စပ်စုသူများ အနားမနေပါစေနှင့် အယောင်ပြပြထားပြီး လူပိုများလာမှ ရှင်းမည့်သူလာမှ အဝေးထိန်းခွဲနိုင်ပါသည်။

၅-မိုင်းမထောင်ရန် မကာကွယ်နိုင်သော်လည်း အထိအခိုက်မများစေရန် ဖြစ်ပါသည်။

၆-မိုင်းကွဲကွဲချင်း ဒါဏ်ရာရသူအား ကူညီရန်သွားပါက မကွဲသေးသော မိုင်းကို သတိထားပါ။
 

Ref ; IRRAWADDY , DVB , MEx.net ,Popular Myanmar News Journal , The Voice Weekely News Group , Yangon Police Page & မြန်မာ.ခောတ်


No comments:

Post a Comment