Tuesday, October 8, 2013

Second Downtown က မြို.လေးရဲ. အဝေးပြေး ၀င်း စီမံကိန်း



မြို.လေးဆိုတာ အရင်က ရေလမ်းသက်သက်နဲ. အသက်ဆက်နေတဲ့မြို.

ဆိပ်ခံတံတားကောင်းကောင်းတွေ နဲ. ဗောဆိပ်သန်.သန်.ရှိရင် သူ.အဖို.ပြည်.စုံပြီးသား

ဒါပေမယ်. မြို.အရှေ.ပိုင်းမှာ မြစ်ကူးကြိုးတံတားတစ်စင်း ထင်းကနဲ ပေါ်လာပြီးတဲ့နောက်တော. သူ.ဖြစ်တည်မှု ပုံစံနည်းနည်းတော. ပြောင်းလာတယ် ရေကြောင်းဆိုင်ရာ သယ်ယူရွှေ.ပြောင်းသွားလာမှုအခန်းက မထင်မှတ်လောက်အောင် မှေးမှိန်သွားခဲ့တယ်
အရင်က စည်ကားခဲ့တဲ့ ဧရာဝတီ သင်္ဘောဆိပ် ခုတော. လဘက်ရည်ဆိုင်တွေတောင် စားကျက်သစ် ရှာရတော.မလိုဖြစ်နေ ၊ 
အရင်က ခိုင်ခိုင်ခန်.ခန်. ရပ်တည်လာတဲ့ ရေဆင်းတံတားကြီးတွေ ကျိုးပဲ့ ပြုတ်ကျ (အချို.ဆိုလုံးလုံးပျောက်ဆုံး ) ၊ 
တစ်ချိန်က နာမည်ကျော် ကျောက်ဖောင်ဆိပ် များဆို ခုတော. ၀ါးလုံး၁၀လုံးမပြည်.တပြည်. ကိုကြိုးနဲ. တွဲချည်ထားတဲ့ လှေဆိပ်ခြောက်ကပ်ကပ်
ပဲ့ထောင်နဲ.လှေအစား နေရာယူလာတဲ့ ဆိုင်ကယ်တွေ ၊ ဘောက်တူ နဲ. မော်တော်အစား ပြောင်းလဲလာတဲ့ ထော်လာဂျီနဲ. သုံးဘီးကုန်တင်ယဉ်တွေ ၊ သင်္ဘောထက် အရေအတွက် အဆမတန် များလာတဲ့ မော်တော်ကားတွေ နဲ. ဟိုတုန်းက မြို. လေး နဲ.တော. လုံးလုံးပြောင်းလဲသွားခဲ့ပါပြီ



တစ်ခုပဲရှိတာက ဒီတံတားကြီးကြောင်. သူတို.ဘ၀ဖြစ်တည်လာရတာကိုပဲ အောက်မေ.သတိရ ဂုဏ်ပြုချင်တာလား
မှီခိုရာမဲ့နေလို. ရှိတဲ့အရိပ်အောက် ခေါင်းထိုးအိပ်ကြရတာလားတော.မသိ
ကျွန်းကုန်းကိုသွားတဲ့ ထော်လာဂျီတစ်ဖြစ်လဲမော်တော်ကားတွေ
ေ၇ွှလောင်း အပါအ၀င်အနားပတ်လည် ရွာတွေသွားတဲ့ အမျိုးအစားမခွဲခြားတတ်တဲ့ကားတွေ
ရန်ကုန် - ၀ါးခယ်မ နေ.ည သွားနေကြတဲ့ လိုင်း ၃ လိုင်းက Aircon ကား Air မ con တ con ကားနဲ . Air မ con ကားတွေ နဲ. ကားဂိတ်တွေ  အားလုံး ဒီတံတားကြီးအောက် စုပြုံထိုးထည်.ထားကြရတာပါပဲ
သွားရေးလာရေး ကလည်း လွယ်ကူ ၊ နေလုံ မိုးလုံ ကလည်းဖြစ် ၊ အနားကဆိုင်လေးတွေနဲ.ဆိုတော. အိုအေစစ်ပေါ.

ဒါပေမယ်.လည်း ကြည်းကြောင်းချီ မြို.လေး တစ်ခု ပီပီသသ ဖြစ်ဖို.အဝေးပြေး ၀င်းလေးတစ်ခုတော. လိုမှန်း အားလုံးလက်ခံကြပါတယ်



အဲ့ဒီအတွက် ၇န်ကုန်မြို.တော်ကြီးလို မျိုး မြို.လေးမှာလည်း Second Downtown Project လေးတစ်ခုလည်း မြေစမ်းခရမ်းပျိုးနေကြပါတယ် ။ အဲ့ဒိနေရာလေးမှာ အထက၂ ရှိမယ် ။ ဦးနု စာကြည်.တိုက်ရှိမယ် ။ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာရှိမယ် .။ကြယ်စင်မေတ္တာ မူကြိုကျောင်းလေးရှိမယ် ။ MPT ရဲ. GSM Tower ရှိမယ် ။ MEC ရဲ. CDMA စခန်းရှိမယ် ။ ဘောလုံးကွင်း တစ်ကွင်းရှိမယ် ။ အဝေးပြေးဝင်းလေးရှိမယ် ။ သူ.ရှေ.ကနေ မော်ကျွန်းကားလမ်းဖြတ်သွားမယ် ။မြို.ရှောင်လမ်း က ဘေးကနေထွက်သွားမယ် ။ တံတားက တည်.တည်. ဆင်းလာရုံလေးနဲ.ရောက်မယ် ။ ဘေးပတ်ချာလည်က လတ်ဆတ်တဲ့လေ  ၊ အထက်မှာ လွတ်လပ်တဲ့ကောင်းကင်ပြာ ၊ တိုင်းဧရာရဲ. အထိမ်းအမှတ် စပါးခင်းစိမ်းစိမ်း ယိမ်းနွဲ.တာကြည်.ရင်း သက်တောင်.သက်သာ ခရီးသွားလို.ရတာပေါ.



အဲ့ဒီ အဝေးပြေးဝင်းအတွက် မြို.နယ်က နေရာချပေးပြီး လိုအပ်တဲ့မြေ ၊ အဲ့ဒီမြေနိမ်.ပျော.ပျော. အပေါ်ကို သဲထု ၃ ပေလောက်အထိမှုတ်တင် အဲ့ဒီကုန်ကျစ၇ိတ်သက်သက် သိန်း ၂၀၀ လောက်ကို ၀ါးခယ်မမြို.နယ်အသင်း ဥက္ကဋ္ဌ ဦးအံ.ကျော် က အကုန်အကျခံပေးခဲ့ပါတယ် ။ ဒါ.အပြင် နောက်ထပ်ကုန်ကျစရိတ် ၄၀၀ လောက်ကိုလည်း စိုက်ထုတ်ပေးထားတယ်လို.သိရပါတယ် ။ ဒီဝင်းရဲ. လုပ်ငန်းပိုင်းကို ဒီနှစ်ဆန်းလောက်မှာတည်းက စခဲ့ပြီး မူရင်း စတင်စဉ်က Project တစ်ခုလုံး ၅ လနဲ.အပြီး တည်ဆောက်ပြီး မိုးရာသီကာလ ကားတွေအားလုံး မြို.တွင်းကဖြတ်ခွင်.မပြုပဲ ဒီအဝေးပြေးဝင်းနဲ့ မြို.ရှောင်လမ်း ချိတ်ဆက် အသုံးပြုဖို. စီစဉ်ထားခဲ့ပေမယ်. အကြောင်းကြောင်းကြောင်. အပြီးမသတ်နိုင်ခဲ့ပါဘူး ။လောလောဆယ် အဲ့ဒီမှာ ၈ခန်းတွဲအဆောက်အအုံ ၂ လုံး ဆောက်လုပ်ပြီးသွားပါပြီ ။၁၂ ပေ ၃၆ ပေ တစ်ထပ်ခွဲ ၈ခန်းတွဲ အဆောက်အအုံဖြစ်ပါတယ် ။ တစ်ခန်းကို မူရင်းရောင်းဈေး သိန်း ၁၀၀ လို.သိရပြီး အားလုံးရောင်းပြီးသွားပြီလို. သိရပါတယ် ။နောက်ထပ် ၁၆ ပေ ၄၅ ပေ ၂ထပ် ၆ ခန်းတွဲ အဆောက်အအုံ တစ်ခုထပ်မံတည်ဆောက်ဖို.ရှိတယ်လို.သိရပြီး မူရင်းရောင်းဈေး သိန်း ၂၀၀ ခန်.ရှိနိုင်တယ်လို.သိရပါတယ် ။



 တည်ဆောက်မှုကိုတော. ဆောက်လုပ်ရေးအတွက်ဖွဲ.စည်းထားတဲ့ ကော်မတီက တာဝန်ယူပေးနေပြီး ဒီအဝေးပြေးဝင်း စနစ်တကျ လည်ပတ်ဖို.တော. အတွေ.အကြုံရှိတဲ့ စနစ်ကျတဲ့ စေတနာပါတဲ့ အရည်အချင်းပြည်. အဖွဲ.အစည်း တစ်ရပ်တော. လိုလာပါလိမ်.မယ် ၊ ဘာကြောင်.လဲဆိုတော. ဒီထဲမှာ ရှိနေမယ်. ဆိုင်တွေ ကားဂိတ်တွေ ကားတွေ ခရီးသည်တွေ အပါအ၀င် ပြုပြင်ထိမ်းသိမ်းရေး ကိစ္စများ ၊ ရေရှည် ရပ်တည်နိုင်ရန် စတာတွေ တာဝန်ယူရမှာပါ ။ လောလောဆယ် ကွန်ကရစ်လမ်း ပတ်လည် ခင်းထားပြီး အတွင်းပိုင်း မီးကိစ္စကိုတော. ဒီဆောက်လုပ်ရေးကော်မတီကပဲတာဝန်ယူမှာလို.သိရပါတယ် ။ လမ်းမီးနဲ. ဓါတ်တိုင်ကိစ္စ ၊ ရေကိစ္စတွေကတော. ကျန်နေပါသေးတယ် ။ ဒါ.အပြင် အဝေးပြေး ၀င်းစစ်စစ် ဖြစ်ဖို. မဖြစ်မနေလိုအပ်တဲ့အင်္ဂါ ရပ်တွေဖြစ်တဲ့ ခရီးသည် နားနေဆောင်လည်း ဆောက်လုပ်ဖို. လိုအပ်နေသေးပြီး ကား၁၀စီးလောက် ရပ်နားပြီး လူအတင်အချ လုပ်ဖို. ကွန်ကရစ် လွင်ပြင်တစ်ခုလည်း ဆောက်လုပ်ဖို. အစီအစဉ်တွေတော. ရှိနေပါတယ် ။



 ဒါကြောင်. ဘယ်တော.လောက် လုပ်ငန်းတွေပြီးမယ် ၊ဘယ်အဆင်.တွေပြီးရင် အဝေးပြေးဝင်းစဖွင်.မယ် ၊အဲ့ဒီဝင်းစနစ်တကျ လည်ပတ်နိုင်ဖို. ဘယ်သူတွေပါတဲ့ ဘယ်အဖွဲ.အစည်းက ကိုင်တွယ်ဆောင်ရွက်မယ်ဆိုတာတော. မသိရသေးပါဘူး ။

No comments:

Post a Comment