Friday, October 11, 2013

နိုင်ငံခြားသွားရင် ဒေါ်လာသယ်သွားစရာ မလိုတော.တဲ့ EASI ကဒ်





မြန်မာနိုင်ငံတွင် နိုင်ငံသားများ ပြည်ပသို.သွား သည်.အခါ အသုံးပြုနိုင်သည်. CB Bank EASI Travel Master Card ကို စတင် အသုံးပြုနိုင်တော.မည်ဟုသိရသည် ။နိုင်ငံပေါင်း ၂၁၀ ခန်.နှင်.ချိတ်ဆက် ပြီး ငွေကြေး ၀န်ဆောင်မှု ပေးနေသော Master Card နှင်. CB Bank တို. ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင် ပထမဆုံး သုံးနိုင်မည်. Card ဖြစ်သည် ။ CB Bank အနေဖြင်. မြန်မာနိုင်ငံတွင် ပထမဆုံး အီလက်ထရွန်းနစ် ငွေပေးချေမှု စနစ် ကို စတင်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ၊ နိုင်ငံသားတွေအနေနဲ. နိုင်ငံရပ်ခြား ခရီးသွားတဲ့အခါမှာ လုံခြုံစိတ်ချရပြီး ငွေတွေ သယ်သွားစရာမလိုပဲ နိုင်ငံ ၂၀၀ ကျော်မှာရှိတဲ့ ATM တွေမှာ ငွေထုတ်ယူနိုင်ကြောင်း CB Bank ရဲ. အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ နဲ. CEO ဦးကျော်လင်းက ပြောခဲ့သည်  ဟု သိရပါသည် ။



ထိုကဒ်သည် နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ စားသောက်ဆိုင် ၊ ဟိုတယ် ၊ ဈေးဝယ်စင်တာ ၊ ဆေးရုံ စသောနေရာများတွင် သုံးနိုင်သည်. အပြင် အွန်လိုင်းငွေပေးချေမှုများတွင် သုံးနိုင်သည်.အပြင် ရောက်ရှိနေသော နိုင်ငံ၏ ငွေကြေးကို ပေါက်ဈေးအတိုင်း  ATM စက်မှ ထုတ်ယူနိုင်မည်ဖြစ်သည် ။

ထိုကဒ်ကို ၂၁ နှစ်ပြည်.ပြီးသူတိုင်း လျှောက်ထားနိုင်ပြီး စာရင်း စဖွင်.ဖွင်.ချင်း  USD 50 ဖြင်. စတင်ထည်.သွင်းစာရင်းဖွင်.ရမည်ဖြစ်ပြီး အများဆုံး USD 5000 ( သို. ) ထိုပမာဏ နှင်.ညီမျှသော ကျပ်ငွေ ထည်.သွင်းနိုင်ပြီး ကဒ် အတွင်း အနည်းဆုံးချန်ထားရမည်. ငွေပမာဏမှာ USD 20 ဖြစ်သည် ။ကဒ်အတွင်း ငွေမည်မျှကျန်သည်ကို ကဒ်နောက်ရှိ Hot Line ဖုန်းနံပါတ် သို.ဆက်သွယ်မေးမြန်းနိုင်သည် ဟုသိရသည် ။

ထိုကဒ်သည် ကျောင်းသားများအတွက် On Line မှငွေပေးသွင်းခြင်း ၊ အချက်အလက်များဝယ်ယူခြင်း ၊ မည်သည်.အကြောင်းကြောင်. မဆိုပြည်ပသွားရောက်သူများ ငွေကြေးယူသွားစရာမလိုပဲ လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ခြင်း စသဖြင်. အထူးအသုံးဝင်မည်ဖြစ်ပါသည် ။

Ref ; မောင်သစ္စာ @ မြန်မာ.အလင်း ( ၁၁-၁၀-၂၀၁၃)

No comments:

Post a Comment