Tuesday, October 15, 2013

ခုတော. ဘယ်သူမှ...လက်မခံနိုင်တော.မှန်း...






ဒီမြို.လေးကို မြေသားဆန်ဆန်လမ်းတွေကနေ အနက်ရောက်လမ်းမတွေ ဖြစ်သွားအောင် လုပ်ပေးခဲ့တုန်းက ငါက တက်ကြွတုန်း သန်မာတုန်း ငါက ဟိုးကမ္ဘာကြီးရဲ. အနောက်ခြမ်းကလာတာဆိုတော. ငါ.မှာစွမ်းရည်အပြည်.နဲ.လေ ငါရောက်ကာစကာဆို ငါ.ကိုယုယလိုက်ကြတာ ဂရုစိုက်လိုက်ကြတာ တစ်ချို.ဆို ငါ.ကိုမြင်ချင်လွန်းလို. တကူးတကကို ငါ.အလုပ်လုပ်နေတာကို လာကြည်.ကြလို. ကလေးတွေဆိုလဲ ငါ.ကို သူတို.လက်လေးတွေနဲ.မထိရဲထိရဲ ကိုင်တွယ်လာကြတာလေးကို ခုထိပြန်မြင်ယောင်နေသေးတယ် ငါ.ရဲ.ရုပ်ဆိုးဆိုးပုံကိုပဲ ငါ.ဘာသာကျေနပ်နေမိတာ ဒီလိုနဲ. အဲဒီမြို.လေးမှာ အနက်ရောင်လမ်းမတွေ တစ်စင်းပြီးတစ်စင်း ငါကြိတ်ခင်းပေးရင်းနဲ. ငါလဲအိုမင်းလာခဲ့တယ် အရင်ထဲကငါသွားလေရာ အသံတွေဆူညံနေခဲ.ရာက ငါ.မှာ တစ်ခါတစ်လေ အလုပ်လုပ်နေရင်း သတိလစ်တဲ့အခါလစ်သွား သွားရင်းတန်းလန်း ရှေ.မဆက်နိုင်တော.ပဲ ရပ်ပလိုက်ရတဲ့အခါတွေ ရှိလာတော. သူတို.ငါ.ကို အကြီးစားခွဲစိတ်မှုတစ်ခုလုပ်ကြတယ် လူတွေမှာဆိုရင်တော. နှလုံးအတုထည်.တာပေါ. ငါ.ကိုလဲ သူတို.အင်ဂျင်တစ်ခုထည်.ပေးတယ် ဒါပေမယ်.ငါအသက်ရှုမ၀ပါဘူး ငါကိုကအသက်ကြီးလာလို.လား သူတို.အစားထိုးပစ္စည်းကပဲ ငါ.ခန္ဓာကိုယ်တစ်ခုလုံး ကိုမရုန်းနိုင်တာလားမသိပါဘူး ခုတော.သူတို.ငါ.ကိုလက်လျှော.လိုက်ကြပြီ ငါ.ကိုအနားပေးလိုက်တယ်လေ ငါ.လိုပဲသုံးလို.ရတဲ. တစ်ကောင်လဲရောက်လာ တယ်လေ အင်းတကယ်တော.ငါယှဉ်ကြည်.လိုက်ချင်သေးတာ သူတို.ကအရှေ.ဘက်ကလာတာတွေလေ နဲနဲသာငါပြန်ငယ်လို.ကတော.အကြောပေးယှဉ်ကြည်.လိုက်ချင်ရဲ. စွမ်းဆောင်ရည်ခြင်း ကြံ.ခိုင်မှုခြင်းလေ ခုတော.ငါ.မှာအဖော်ဆိုလို. လူကြီးတွေအလစ် လာတက်ဆော.တဲ့ကလေးတွေရယ် ငါ.အပေါ်ကိုတစ်ရွေ.ရွေ. တက်လာနေတဲ.နွယ်ပင်တွေရယ်ပဲ ရှိတော.တယ် ကျေနပ်ပါတယ်လေ လမ်းမကြီးဘေးနားကပ်နေပြီး လူတွေရဲ. အထင်သေးအမြင်သေးအကြည်.ခံရတာထက်စာရင် ဒီနေရာလေးမှာပဲ ငါ.ဘာသာ........

 ( မြို.လေးမှာ ဟိုးးးအရင်တုန်းက England လား  Germany  Made လားမသိတဲ့ လမ်းကြိတ်စက်ကြီးတစ်ခုရှိပါတော. ခုတော.သူလည်း ပင်စင်အပေးခံထားရပါပြီ )

No comments:

Post a Comment