Wednesday, October 16, 2013

ဟိုတုန်းက ... ညနေခင်းများ..... Daily Heaven after 4pm






ကျောင်းသားတိုင်းအတွက် အပျော်ဆုံးအချိန်ကိုပြောပါဆိုလျှင် နွေရာသီကျောင်းပိတ်ရက်ဟု တစ်ညီတစ်ညွတ်တည်း ဖြေကြမည်ထင်ပါသည် ။သို.သော် ထိုနွေရာသီကျောင်းပိတ်ရက် ဆိုသည်က စွဲမက်ဖွယ် ရက်ရှည်ကာလဖြစ်သော်ငြား သူက တစ်နှစ်လုံးမှ တစ်ကြိမ်သာ ကြုံရသည် ။ ထိုအခါ သူ.လောက် စွဲမက်ဖွယ်မကောင်းသော်လည်း ထိုက်သင်.သော စွဲဆောင်မှု ရှိသည်. စနေ၊တနင်္ဂနွေ (သို.) ဥပုသ် ၊ တနင်္ဂနွေ ရက်များကို မျှော်ကြရတော.သည် ။ ရက်ရှည် မဟုတ်သော်လည်း တစ်ပတ် တစ်ကြိမ်လောက် ကြုံခွင်.ရသည်မို. သူလည်း နှစ်သက်စရာပင် ။ ထို.ထက်ပို၍ နေ.တိုင်းကြုံခွင်.ရသော ညနေကျောင်းဆင်းချိန်ကိုတော. အားလုံးလိုလို လိုလားပျော်ရွှင်ကြသည်ပင် ။ တစ်နှစ် တစ်ခါ  ကြုံ၇သော နွေပိတ်ရက်ရှည် ၊ တစ်ပတ်တစ်ခါဆုံ၇မည်. ပိတ်ရက်တို.အတွက် ဤညနေ ကျောင်းဆင်းချိန်လေးဖြင်. အားမွေးကြရသည် ။


 မူလတန်းကျောင်းသားဘ၀ ၊ အလယ်တန်းကျောင်းသားဘ၀ ၊ အထက်တန်းကျောင်းသားဘ၀ တို.၏ ကျောင်းဆင်းချိန် အားလုံးတို.သည်  ပျော်၇ွှင်ဖွယ်ဖြစ်သော်လည်း ပျော်ပုံပျော်နည်းတော. အနည်းငယ်စီ ကွာသွားကြသည် ။ မူလတန်းတုန်းကတော. အိမ်ေ၇ာက်ရင် ဆော.ဖို.နဲ.စားဖို. အိပ်ဖို. ၊ ရိုးစင်းလွန်းသည် ။အလယ်တန်းလောက် ရောက်တော. ပျော်စရာက လမ်းမှာလည်းရှိသည် ။ အိမ်အပြန်လမ်းတွင်ဆော.ကြသည်ကိုး ။ အိမ်ရောက်တော.လည်းဆော.ဖို. က အဓိကဖြစ်လာသည် ။ သို.သော် အထက်တန်း ကျောင်းသားဘ၀ ရောက်တော. ဆော.ဖို.က အဓိက မကျတော. ။ သို.သော် ကျောင်းမှအိမ်သို. အပြန်လမ်း တွင် ရင်ခုန်သံ မြန်စေသော အကြည်.များ ၊  မြင်ကွင်းများ ကအဓိကမဟုတ်တောင်  အစိတ်အပိုင်း တစ်ခုအနေနှင်.တော.ပါဝင်လာပြီဖြစ်သည် ။


 အရင်ကတော. ၅တန်းမှ ၁၀တန်းထိ တစ်ပြိုင်တည်း ဆင်းကြသည် ။ ကျောင်းကလည်း တစ်ကျောင်းတည်း ( ထိုစဉ်က ဦးဘိုကြီး ကျောင်းတွင် ၈ တန်းထိ တက်ရပြီး ၉တန်းရောက်သည်နှင်. ကျောင်းကြီးသို.ပြောင်းလာကြရသည် ) ထို.ကြောင်.ကျောင်းဆင်းချိန်ဆိုလျှင် လမ်းမကြီး ( မြို.မှလူများက မြူရုံးလမ်းဟုခေါ်သော မြို.၏ ပင်မ လမ်းကို လမ်းမကြီး ဟုသာခေါ်ကြသည် ) တစ်ခုလုံး အဖြူရောင် လှိုင်းလုံးတို.အပြည်.. ။ ထိုစဉ်က( ၁၉၈၈ ရှေ.ပိုင်းကာလများ) မြို.လေးတွင် ဆိုက်ကယ်ဝေးလို. စက်ဘီးပင်လျှင် အိန္ဒိယ ရလေး ယောက်ကျာင်္းစီး ဘီးနှင်. မောင်ဗမာ စက်ဘီးလောက်သာ ရှိသေးသောအချိန် မို. အားလုံးက ကျောင်းသွားကျောင်းပြန် ခြေကျင်တစ်လှည်. ၊ ကုန်းကြောင်း တစ်လှည်.သာသွားကြ၇သည် ။

အတန်းငယ်သော ကျောင်းသား/သူ များက ကလေးသဘာဝ လမ်းလျှောက်ရင်းဆော. စက်ဘီးတိုက်မှာလည်း မပူရ ၊ ဆိုက်ကားတိုက်မှာလည်း မစိုးရိမ်ရ ( ထိုစဉ်ကတော. ထိုယာဉ် ၂မျိုးသာ ရှိသည် ) ရှိသော စက်ဘီး/ဆိုက်ကားတို.ကလည်း ကျောင်းဆင်းချိန်ဆို ကမ်းနားလမ်းဘက်မှသာ ပတ် သွားကြသည် ။အတန်းကြီးလာသော ကျောင်းသား /သူတို.ကတော. သူငယ်ချင်း အစုလိုက်  စကားပြောရင်း ၊ ငြင်းရင်းခုံရင်း ဖြေးဖြေးချင်း လမ်းလျှောက်ပြန်ကြ ၊ အချို.ကတော.လည်း စိတ်ဝင်စားသော ကောင်မလေးနောက် ( ဘာရယ်မဟုတ်ပဲ ) တကောက်ကောက်လျှောက်လိုက် ၊ နည်းနည်း ရဲတင်းသူတို.က စသလိုနောက်သလို မထိတထိ ပြော ၊ မိန်းကလေးငယ်တို.ကလည်း သူငယ်ချင်းများအားကိုး နှင်. ပြန်စလျှင်စ ၊ မီးများမီးနိုင် ရေများေ၇နိုင်ပင် ။ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲစ အရွယ်များမို.   အရာရာ အပေါ် စိတ်လှုပ်ရှားနေကြသည်. သဘောသက်သက်ထက်တော. သိပ်မပိုကြ ။ 



အချို.က လမ်းမကြီးအတိုင်း မပြန်ပဲ ဟိုးးး အနောက်ပိုင်းဘက်က ပတ်ကာ အလင်းရောင်ကျောင်းဘေးလမ်းမှ ကမ်းနားဖက်ကိုပတ် ၊ ထိုလမ်းအတိုင်းလာပြီး ဘုရားကြီးလမ်းလောက်ရောက်မှ လမ်းမကြီးပေါ်ပြန်တက် ၊ အချို.က ဈေးဘက်ချိုး ပြီး အရှေ.ပိုင်းဘက်ပြန်ကြသည် ။တကယ်တော. သူငယ်ချင်းများအဖို.က ယခုအချိန် သည် တစ်နေ.လုံးအတွက်လွတ်လွတ်လပ်လပ်အချိန် ကြာကြာ စကားပြောခွင်.၇သောအချိန်များဖြစ်သည် ။မနက်ကျောင်းတက်တော.လည်း ခုလောက်အချိန်မရ ၊ တစ်ချိန်နှင်. တစ်ချိန်ကြား ပြော၇တာကလည်း ဆရာ /ဆရာမများ မလာခင်လေးမို. အားမရ (ဒါကလည်း အခန်းတူအုံး နေရာချင်းနီးအုံးပါမှ) ။ ခုလိုချိန်မျိုးကျတော. အားရပါးရ နှင်. မိမိပြောချင်သူနှင်.သာ ပြောခွင်.ရသလို ဘေးလူကြားမှာလည်း မစိုး၇ိမ်ရဆိုတော. အရွယ်ပြောင်းစ ကျောင်းသား/သူ တို.အတွက် စိတ်တိုင်းကျ တိုင်ပင်ခွင်. ၊ အတင်းပြောခွင်. ၊ဆွေးနွေးခွင်. ၊ ရင်ခုန်ခွင်. ရကြချိန်
နွေဦးရာသီ ကြည်လင်သော ညနေခင်းများကလည်း မိမိတို.အဖို.နှစ်လိုဖွယ်နေ.ရက်များပင် ။ ရွှင်လန်းတက်ကြွ လန်းဆန်းနေကြသော လူငယ်လေးများ နှင်. အပူရောင်ခပ်ဖျော.ဖျော.ကျန်နေသေးသော တောက်ပနေရောင်ခြည် ၊ ကြည်လင်သော ကောင်းကင် အားလုံးက နေသားတကျဖြစ်နေကြသည် ။ ပြေး လွှားကစားရင်း သူငယ်ချင်းများနှင်. အိမ်အပြန်ခရီးကား ပျော်ရွှင်ဖွယ်အတိ ။ စကားပြောကြရသည်ကပင် လွတ်လပ်ကြည်လင်လွန်းကြသည် ။သီချင်းအကြောင်း ၊ Celebrities များအကြောင်း ၊ အလှအပအကြောင်း ၊ အစားအသောက်အကြောင်း ၊အသုံးအဆောင်အကြောင်း (ယခုနောက်ပိုင်းတော. ကိုရီးယားကားများအကြောင်း ၊ Game အကြောင်း ၊ အင်တာနက်အကြောင်းများပါကောင်းပါပါလိမ်.မည်)စာသင်သော ဆရာ/ဆရာမများအကြောင်း ၊ အတန်းဖော်များအကြောင်း ၊ သူ.အကြောင်း စသည်ဖြင်. ……………



မိုးရာသီကျောင်းဆင်းချိန်တို.ကတော. အားလုံးတို.အတွက် ပိုအမှတ်ရစရာများ များကြသည် ။ မြစ်ဝကျွန်းပေါ် ဒေသသားများမို. မိုး နှင်.ရေတို.ကြား  ကြီးပြင်းလာရသူများပီပီ အချို.ဆို ထိုရာသီကိုပင် ပိုသဘောကျတတ်ကြသည် ။ ကျောင်းအဆင်း မိုးပြင်းပြင်း ရွာနေလို.ကတော. ကျောင်းနားတစ်ဝိုက် ထီးပင်လယ် ဝေသွားတော.သည် ။ သာမာန်အချိန်တွင်ပင် လူအပြည်.နင်းလာကြသော လမ်းက ခုလို ထီးတစ်လက်စာစီနေရာပေး၇တော. ကောင်းကင်ပေါ်ကကြည်.လျှင် လူမမြင်ရ ထီးများသာမြင်ရဖို.ရှိသည် ။ ထီိးက တစ်လက်နှင်. တစ်လက်ဆက်နေသည်မို. ထီးဆောင်းဆောင်း / မဆောင်းဆောင်း ကိုယ်.ထီးက မိုးရေ သူ.စို ၊ သူ.ထီးကမိုးရေ ကိုယ်.ဆီကျ လေပြင်းပြင်းဝေ.လိုက်လို.ကတော. ထီးပါသူရော ၊မပါသူပါစိုရွှဲ ကြရတော.သည် ။ အချို.က တမင်ကိုထိးမဆောင်းပဲ မိုးရေအောက် လမ်းလျှောက်ရသော ဘ၀ကို ခုံမင်စွာ ခံယူကြသည် ။ ထိုစဉ်က မိုးများသော ရက်များဆိုလျှင်ကျောင်းဝင်း အတွင်းလမ်းအချို. ၊ ခန်းမနှင်. စာရေးကုန်းထိပ်ကြား လမ်းပေါ်တွင်ပါေ၇တင်တတ်သည် ။ သို.ဆိုလျှင်တော. စိတ်ချသွားရပါပြီ အောက်ကစင်သောရေ၊ အပေါ်ကရွာသောမိုး ၊ဘေးကတိုက်သော လေနှင်. သူများထီးကကျသော ရေစက် ဘာမှမတွက်နှင်. ရွှဲရွှဲသာစိုရော.။ လူငယ်ဘ၀မို. တော်ရုံနှာစီးချောင်းဆိုးက အပျော်ကိုမတိုးနိုင်ကြပေ ။

ဆောင်းဦးပေါက်ကျောင်းဆင်းချိန်များကတော. အအေးများသော ရက်များ ကလွဲ၍ နွေဦးပေါက်ကာလများနှင်. ခြားနားမှုသိပ်မရှိကြ (မနက်ပိုင်းများသာ အခြားရာသိထက် ပိုထူးခြားတတ်သည်) ။ အအေးများသော ရက်များဆိုလျှင်တော. ဖြေးဖြေးချင်းလျှောက်ရင်း ဆောင်းတွင်းဆိုတဲ့အရသာ ခပ်သာသာခံစားကြသည် ။ သေချာသည်က ထိုလိုညနေမျိုးတွင် စိတ်တို.က အနည်းငယ်တုံ.ဆိုင်း အုံ.မှိုင်းနေတတ်ကြသည်  ။ ခြေလက်တို.ကို လေးလံနေစေသည် ။( သို.သော် ယခုနောက်ပိုင်းကျောင်းဆင်းချိန်ဆောင်းတွင်းကာလဟူသည်က ပျောက်သလောက်တောင်ဖြစ်နေပြီ
ထင်ပါသည် ။ ဆောင်းယောင်ဆောင်ထားသော လျှပ်တစ်ပြက်အေးမြမှုတို.သာကြုံရတတ်ပါသည် )။



ထို.နောက်ပိုင်းတော.ကျောင်းဆင်းချိန်က ပုံစံနည်းနည်းတော.ပြောင်းသွားသည် ။ ၁၉၈၈ နောက်ပိုင်း ကာလများကတော. ကျောင်းဆင်းချိန်ေ၇ှ..ဆုံးမှပြေးလာတတ်ကြသည်က BMX ဘီးများ ၊ ပန်းကမ္ဘာ ၊ မိကျောင်း ၊Pheasant ရောင်စုံများ ၊ထို.နောက်မှ ခြေကျင်ကျောင်းသားစုများ ဖြစ်သွားကြသည် ။ သူငယ်ချင်းများနှင်. စကားပြောလိုသူတို.ကတော. စက်ဘီးကိုတွန်းရင်း မလွတ်မလပ်သွားရင်းစကားပြောရသည်ကပင် အရသာ တစ်မျိုးလိုဖြစ်သည် ။ ။ယခင်က ကျောင်းဆင်းချိန် ဆိုသည်က စိတ်လွတ်ကိုယ်လွတ်အနားယူရင်း အေးအေးဆေးဆေးပြန်ခဲ့ကြရသော အိမ်ပြန်ခရီး သာဖြစ်သည် (ထိုစဉ်က ကျောင်းဆင်းသည်နှင်.အချိန်မှီအောင်ပြေးကြရသည်က တောရွာများမှ သင်္ဘောဖြင်.နေ.စဉ်ကျောင်းလာတက်သော သူငယ်ချင်းများသာရှိသည် )။ ရာစုနှစ် ၀က်မက အေးအေးဆေးဆေးပြန်ကြရသော ကျောင်းသားဘ၀တစ်နေ.တာအိမ်အပြန်ခရီး ကားသက္ကရာဇ် ၂၀၀၀ ကျော်သွားသည်၏ ဒီဘက်ပိုင်းကာလများကတော. ပုံစံလုံးလုံးပြောင်းသည်.ဘက် ဦးတည်လာနေပါပြီ ဆိုင်ကယ်များ က ထိုက်သင်.သလောက်နေရာယူလာနေကြပြီး အထက်တန်းအထိ အိမ်ကလာကြိုသော စနစ်များ ၊ အငယ်တန်းများကို အရင်လွှတ်ပြီး အကြီးတန်းများကို နောက်ချန်လွှတ်ပေးနေ၇သော စနစ်များ ၊ အိမ်ရောက်သည်နှင်. ရေချိုးချိန် မရလောက်အောင်ပင် တန်းစီစောင်.ဆိုင်းနေသော တစ်ကျုရှင်ပြီး တစ်ကျုရှင် ၊ တစ် Guide ပြီး တစ် Guide တို.အတွက် အိမ်အမြန်ပြန်ရောက်အောင် တာဝန်တစ်ခုပမာ ပြန်နေကြရသူများ။



အထက်တန်းကျောင်းကလည်း ၂ခုဖြစ်သွား သည်.အပြင်ကျေးရွာများတွင်လည်း တွဲဖက်အထက်တန်းကျောင်းများ ၊အထက်တန်းကျောင်းခွဲများ ၊မူလတန်းလွန်ကျောင်းများ တည်ထောင်လာနိုင်ကြခြင်း ၊ကျောင်းဆင်းချိန် ကလည်း ၂ခုခွဲလွှတ်သဖြင်. ကျောင်းအနီး လမ်းမကြီးသည် ဟိုးးးးး အရင်ကျောင်းဆင်းချိန်တို.လို ကြပ်ညပ်မနေတော. ။ သို.သော် ကျောင်းဆင်းလာကြသော ကလေးငယ်တို.၏ မျက်နှာများကမူ ဟိုးးးအရင်ကမမြင် ခဲ့ဖူးသော မွန်းကြပ်မှု မျိုးများနှင်. ……..


No comments:

Post a Comment