Tuesday, October 15, 2013

M-W-R-N မြန်မာပြည် ရုံးခွဲ မှ စီစဉ်သော ရွှေ.ပြောင်းရေးရာ နှင်. Media ၏ အခန်းကဏ္ဍ




ရွှေ.ပြောင်း အလုပ်သမားကွှန်ရက် ( M-W-R-N ) မှစီစဉ်ကျင်းပသော ရွှေ.ပြောင်းရေးရာနှင်. မီဒီယာ များ၏ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၃ အောက်တိုဘာ ၁၄ ရက်နေ. က ရန်ကုန်မြို. ယုဒသန်ရိပ်သာ တွင် ပြုလုပ်ခဲ့ပါသည် ။

Photo by MWRN

 အစီအစဉ်အစပိုင်းတွင် MWRN မြန်မာပြည်ရုံးခွဲ ဒါရိုက်တာ ဦးစိန်ဋ္ဌေး က MWRN အဖွဲ. စတင်ပေါ်ပေါက်လာပုံ ၊ အဖွဲ.၏ ရည်ရွယ်ချက် ၊ လုပ်ငန်းစဉ် ၊ လှုပ်ရှားမှု များအကြောင်း၊ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်မှုနှင်.လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှုဖြစ်ပေါ်လာစေရေး စီမံကိန်း ဆိုင်ရာ လုပ်ငန်းစဉ်များကို မှတ်တမ်းဓါတ်ပုံများ ဖြင်.အသေးစိပ်ဆွေးနွေးရှင်းပြ ခဲ့ပြီး တက်ရောက်လာသော Media များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပါသည် ။

Photo by MWRN

 ထို.နောက်ခေတ္တရပ်နားပြီး ဒုတိယပိုင်းအစီအစဉ်အရ နိုင်ငံတော်၏ ရွှေ.ပြောင်းရေးရာ မူဝါဒ များအကြောင်းကို အလုပ်သမား ၊ အလုပ်အကိုင် နှင်. လူမှုဖူလုံရေး ၀န်ကြီးဌာန ၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ၊ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၏ MD ဖြစ်သူ ဦးဝင်းမြင်. က အထောက်အထားများဖြင်. အသေးစိပ် ရှင်းလင်းဆွေးနွေးခဲ့ပြီး Media များ နှင်. အပြန်အလှန် မေးမြန်းဖြေကြား ခဲ့သည် ။



 နေ.လည်စာ စားပြီးချိန် ဆွေးနွေးပွဲတတိယ ပိုင်းတွင် ထိုင်းနိုင်ငံတွင်း တွေ.ကြုံခံစားနေရသော မြန်မာရွှေ.ပြောင်းလုပ်သားများ ၊မိသားစုများ ရင်ဆိုင်တွေ.ကြုံနေရသော အခက်အခဲများ အကြောင်းကို MWRN မြန်မာပြည်ရုံးခွဲ ဒါရိုက်တာ ဦးစိန်ဋ္ဌေး က အသေးစိပ်ပြောဆိုရှင်းလင်းခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူ နှင်.Media များက သိလိုသည်များ မေးမြန်း ပြီး ၀ိုင်းဝန်းဆွေးနွေး အကြံပြု ခဲ့ကြသည် ။

Photo by MWRN

 ထို.နောက် မလေးရှားရှိ ရွှေ.ပြောင်းလုပ်သားများ ရင်ဆိုင်တွေ.ကြုံနေရသော အခက်အခဲများ ၊ ပြဿနာများ ၊အဆင်မပြေမှုများကို ယခုနှစ် ၄လပိုင်းက မလေးရှားမှ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာသူ ကိုကျော်ဇင်ဦးက ရှင်းလင်းပြောကြားခဲ့ပြီး Media များ သက်ဆိုင်ရာ တာဝန်ရှိသူတို.နှင်.ပါ အပြန်အလှန်မေးမြန်း ပြောဆိုဆွေးနွေးခဲ့ကြသည် ။

Photo by MWRN

 ထို.နောက် စင်္ကာပူ နိုင်ငံ ရှိ Humanitarian Organization for Migration Economic ( HOME ) မှ Director Health Education & Research ဖြစ်သူ ဒေါက်တာ သိန်းသန်းဝင်း မှ စင်္ကာပူရှိ မြန်မာရွှေ.ပြောင်း အလုပ်သမား များအနက် အိမ်အကူ အလုပ်သမ များအရေးကို Video Clip များ မှတ်တမ်း ဓါတ်ပုံများ သုံး၍အလေးထားဆွေးနွေးရှင်းပြခဲ့ပြီး HOME ၏ လုပ်ငန်းစဉ်များ နှင်. လှုပ်ရှားမှုများကိုပါ တစ်ပါတည်းရှင်းလင်း ပြောကြားခဲ့ကာ အကြုံပြုချက်များပါ တင်ပြသွားခဲ့ပါသည် ။ထို.အပြင် စင်္ကာပူ Media များ၏ အလုပ်သမားဆိုင်ရာ ပြဿနာများတွင်ချည်းကပ် လှုပ်ရှား ရပ်တည်မှုများကိုလည်း ရှင်းလင်းတင်ပြသွားခဲ့သည်။ ထို.နောက် တာဝန်ရှိသူနှင်. Media များပါ သိလိုသည်များ ကိုပါဝင်မေးမြန်းဆွေးနွေးခဲ့ကြသည် ။

ရပ်နားချိန် သိလိုသည်များ သီးခြားမေးမြန်းခြင်း

 နိဂုံးချုပ်အနေဖြင်. MWRN ၏ မြန်မာပြည်ရုံးခွဲမှ ဒါရိုက်တာ ဦးစိန်ဋ္ဌေးက အစီအစဉ်တစ်ရပ်လုံးကို ထင်ထားသည်ထက် စိတ်ဝင်စားစွာ ပါဝင်ဆွေးနွေးအကြံပြု ကြသည်.အတွက်လည်းကောင်း ၊ အခြေအနေတော်တော်များများကို အသေးစိပ်သိရှိထားကြသည်.အတွက်လည်းကောင်း  အထူးအားရ ကျေနပ်မိပါကြောင်း Media များ အနေဖြင်.လည်း ရွှေ.ပြောင်း အလုပ်သမားများ အရေးကို ယခုထက် ပိုမို ဂရုပြု ရေးသားနိုင်ပါစေ၇န်လည်းမေတ္တာရပ်ခံပါကြောင်း  ဖြင်.ပြောဆိုခဲ့ပြီး Media ဘက်ကလည်း ဒီပြဿနာတွေ ဖြစ်ရခြင်းရဲ. အချက်တွေထဲက အဓိက ကျတဲ့ တစ်ခုက စာမဖတ်ကြခြင်းဖြစ်ကြောင်း၊ခံစားကြရသူအားလုံးနီးပါးဟာလည်း စာမဖတ်ကြသူများဖြစ်ကြောင်း ၊ ထိုကိစ္စရပ်အတွက် စာဖတ်အောင်၊ စာဖတ်လို.ရအောင်အရင်ကြိုးစား၇မည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အစိုးရချင်း ဆက်သွယ်လုပ်ဆောင်ရမယ်. ကိစ္စမျိုးတွေရှိနေပြီး အချို.ကိစ္စရပ်တွေဟာ နိုင်ငံချင်း လေးစားမှုကင်းမဲ့လို.ဖြစ်ရတာမျိုးတွေ ရှိကြောင်း ၊  အရေးယူတဲ့အပိုင်းမှာလည်း တိကျပြတ်သားမှန်ကန်စွာ လုပ်ဖို.လိုနေပြီး တိုင်ကြားခံရသူနဲ. စစ်ဆေးသူတို.ချင်း Partner ဖြစ်နေရင် ဥပဒေစိုးမိုးရေးအပိုင်းထိခိုက်နိုင်ကြောင်း ၊ရေးသားဖို.အတွက် တိကျတဲ့ သတင်းအချက်အလက်တွေ အချိန်နဲ.တစ်ပြေးညီ ရနေဖို.လိုကြောင်း တွေကို ပြန်လှန်ဆွေးနွေးခဲ့ပြီး 

ခေတ္တရပ်နားခိုက် Broadcasting Media တစ်ခု၏ သီးခြား အင်တာဗျုး

 သက်ဆိုင်ရာ တာဝန်ရှိသူကလည်း ယခုကဲ့သို.အလုပ်ရုံဆွေးနွေးပွဲမျိုးကို ကြိုဆိုပါကြောင်း ၊ တစ်ခါတစ်ရံသက်ဆိုင်ရာ သံရုံများအနေဖြင်. ၀င်ရောက်တာဝန်ယူ လုပ်ကိုင်ရန် အခက်အခဲ ရှိနေသော ကိစ္စရပ်များတွင် ယခုကဲ့သို. NGO များ အနေဖြင်. ၀င်ရောက်ကူညိပေးနိုင်မှုများက ကျေနပ်ဖွယ်ရာဖြစ်ပါကြောင်း Media များ NGO များ နှင်.သက်ဆိုင်ရာတို. သတင်းဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ပါက အောင်မြင်မှုများ ပိုမို ရရှိနိုင်ပါကြောင်း ယခု ကဲ့သို. လုပ်ဆောင်မှုများကြောင်. ပြည်သူလူထုအတွင်း ရွှေ.ပြောင်းလုပ်သားဆိုင်ရာ အခြေအနေမှန်များကို တိကျစွာ သိရှိလာနိုင်ကြမည်ဖြစ်ပါကြောင်းပြောဆိုပြီး ဆွေးနွေးပွဲကို ညနေပိုင်းတွင် အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါသည် ။

ရန်ကုန်ရုံးခွဲ ဒါရိုက်တာအား သီးခြားမေးမြန်းမှုများ

 ထိုနေ.က ဆွေးနွေးပွဲသို. Printed Media , Online Media & Broadcasting Media ၂၅ ခုခန်.မှ Reporter ၃၅ ယောက်ခန်.တက်ရောက် သတင်းရယူဆွေးနွေးခဲ့ပါသည် ။

No comments:

Post a Comment