Monday, October 7, 2013

မိုးစက်ဝိုင် ရှင်းတမ်း




မြန်မာနိုင်ငံသည် မယ်စကြာပြိုင်ပွဲကို၁၉၆၁ခုနှစ်က နောက်ဆုံးဝင်ရောက်ယှဉ်ပြိင်ခဲ့ခြင်းဖြစ်သောကြောင့် Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအရွေးချယ်ခံထားရသူ မိုးစက်ဝိုင်အနေဖြင့် လာမည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ရုရှနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

မိုးစက်ဝိုင်သည် Talents & Models Agency မှ သင်တန်းဆင်းခဲ့သူဖြစ်ပြီး Ve Ve အချိုရည်ကို ကြော်ငြာခဲ့ဖူးကြောင်း၊ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရရှိထားသူဖြစ်သည့်အပြင် အမေရိကန်နိုင်ငံ ၌ B.A in Business Marketing ဘွဲ့ကို ရရှိထားပြီး ယင်းနိုင်ငံတွင်ပင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရသည်။
မိုးစက်ဝိုင်သည် ၃.၁၀.၂၀၁၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် Miss Universe ပြိုင်ပွဲတွင် Miss Universe ဆုရရှိခဲ့သူ ဖြစ်သည်။သူမအနေဖြင်. သိန်းတစ်ရာကျပ်၊ ဟွန်ဒါဖစ်တစ်စီး၊ စိန်သရဖူ စသည်တို့ချီးမြှင်.ခံခဲ့ရပြီးအနုပညာလှုပ်ရှားမှု အခွင့်အရေးများ ရရှိမည်ဖြစ်သည် ။

ထိုစဉ်က ကြည်.ရှုသူ အားလုံးနီးပါးပင် သူနှင်.ပတ်သက်၍ ဆုရရှိခြင်းပေါ်  သဘောထားတူညီခဲ့ကြသည် ။ Talent ကောင်းခြင်း ၊ နိုင်ငံတကာအဆင်.မှီ အရပ်ရှိခြင်း ၊ US တွင်ဘွဲ.ရရှိထားသူဖြစ်ခြင်းကြောင်. Language Fright မရှိနိုင်ခြင်း ၊ နိုင်ငံတကာ မျက်လုံးဝင်နိုင်သည်. ရုပ်ရည်ရှိခြင်းတို. သည် သူ.အတွက် ဤဆုနှင်. ထိုက်တန်သည်ဟု ယူဆစရာအခြေခံ အချက်များဖြစ်ခဲ့သည် ။



သို.ရာတွင် ၅.၁၀.၂၀၁၃ ရက်နေ့ ညနေ ၃နာရီခွဲအချိန်က တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲကို နာရီကရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပခဲ့သည်. အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ ၊ အားကစားဝန်ကြီးဋ္ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်( ဖိုးလပြည့်)တို့ ကတက်ရောက်ကြပြီး အဆိုပါ အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ ပြီး
ယင်းအခမ်းအနားတွင် 2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များချန်ပီယံလိဂ်ဆုဖလားကြီးအား ဖွင့်ပွဲစဉ်အခမ်းအနားရှိ ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးခဲ့သည်. အစီအစဉ်ပါဝင်ခဲ့သည် ။ ထိုအခမ်းအနားမှ ဖိုးလပြည်.နှင်. မိုးစက်ဝိုင်တို. ပုံများကို Facebook မှတစ်ဆင်.မျှဝေရင်း ထိုပွဲတွင် ဆုရရှိခြင်းသည် ဖိုးလပြည်.နှင်. ပတ်သက်ခြင်းကြောင်.ဖြစ်ကြောင်း Vote များ အပါအ၀င် ဆုရရှိအောင် Skynet အပါအ၀င် Company အချို.က ကြိုတင်စီစဉ်ခဲ့ကြကြောင်း ကောလဟာလများထွက်ပေါ်ခဲ့သည် ။



ထိုကိစ္စနှင်.ပတ်သက်၍ ၇.၁၀.၂၀၁၃ ရက်နေ့ညနေ ၃နာရီက ရန်ကုန်မြို့ Park Royal တွင် ကျင်းပသည့် Miss Universe Myanmar ဆုပေးပွဲအခမ်းအနားနှင်. သတင်းစာ ရှင်းလင်းပွဲတွင်မိုးစက်ဝိုင်က “ဖိုးလပြည့်နဲ့တော့ ဘာမှမဟုတ်တာ သေချာတယ်လို့ ပြောရဲပါတယ်ရှင့်။ ကိုယ့်သိက္ခာ အတွက်တော့ တကူးတက မြှင့်စရာ မရှိပါဘူး။ မိုးစက်က အနေအထိုင် မသင့်တော်လို့ ဖြစ်တာ မဟုတ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ရှင်းလင်းနေဖို့မရှိဘူး” လို့ဆိုခဲ့ပါတယ် ။တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ဖို့အတွက် အားကစားဝန်ကြီးဌာနက ဖိတ်ကြားတာကြောင့် ပွဲကို တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအတွက် သီးသန့် စီစဉ်ထားတဲ့ ပြိုင်ကားကို ၃ မိနစ် လောက်သာ စီးခဲ့တာ ဖြစ်ကြောင်း၊ ဒဂုံ အဝေးသင် တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာ ကျောင်းသူဟောင်း တဦးလည်း ဖြစ်တဲ့အတွက် အားကစားပွဲကို တက်ရောက်ခဲ့တာ ဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီပွဲကို 1st Runner Up ဆုရှင် အေးချမ်းမိုးလည်း အတူ တက်ရောက်ခဲ့ပါတယ် လို.ဆိုပါတယ် ။



တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ မိုးစက်ဝိုင်ကို နေရွှေသွေးအောင်နဲ့ အတူ တွဲဖက်တွေ့လိုက်ရတဲ့ အတွက် သူတို့နှစ်ဦး ပတ်သက်မှုရှိရမယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်ခဲ့ကြသလို၊ မိုးစက်ဝိုင်ကို မယ်စကြဝဠာပြိုင်ပွဲအတွက် ရွေးချယ် မိတာ မှားတယ်ဆိုတဲ့ ဝေဖန်သံတွေ၊ မိုးစက်ဝိုင် မုန်းတီးရေး စာမျက်နှာတွေက အင်တာနက် စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

အရင်က မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခဲ့တဲ့ အလှမယ်တွေ အနေနဲ့ နိုင်ငံရပ်ခြားက မယ်ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်ရာမှာ အင်တာနက်မဲ အများဆုံးဆု၊ ပရိသတ် အားအပေးဆုံးဆုတွေ ရရှိခဲ့ပေမယ့် မယ်စကြဝဠာ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ မိုးစက်ဝိုင်အနေနဲ့ လတ်တလော ပျံ့နှံ့နေတဲ့ ပုံတွေကြောင့် ပရိသတ် အားပေးမှု လျော့ကျသွားနိုင်တယ်လို့ ဝေဖန်နေတာတွေလည်း ရှိနေပါတယ်။

အဆိုပါ ဓါတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း Vote လုပ်သူများအနေဖြင့် အပြောင်းအလဲဖြစ်လာသူများရှိကြောင်း မိုးစက်ဝိုင်က ဆိုသည်။
“အရင်က vote လုပ်တဲ့သူတွေက ရှိသေးပါတယ်။တချို့အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲလာတာတွေတော့ ရှိပါတယ်။ဒါပေမယ့် အရင်ကလိုပဲယုံကြည်လက်ခံပေးကြပါ၊အခုလိုဖြေရှင်းတာကိုလည်း နားဝင်ကြမယ် ထင်ပါတယ်ပရိသတ်တွေက အထင်လွဲတဲ့ အတွက် စိတ်မကောင်းတော့ နည်းနည်းဖြစ်တယ်။ မဟုတ်တဲ့ကိစ္စကို အားလုံးက အထင်လွဲ နေတာကြောင့် အခုလို ရှင်းလင်းပွဲကနေ တဆင့် လူတိုင်း သိနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အစကတော့ တခုခုဆို မရှင်းတော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်” လို့ မိုးစက်ဝိုင်က ပြောပါတယ်။



ထိုကိစ္စနှင်.ပတ်သက်၍ Miss Universe Myanmar 2013 ဆုရွေးချယ်ရေးအဖွဲ့ထဲက ဒိုင်တဦးဖြစ်သူ ဒေါ်အယ်လ်ခွန်းရီက
"အားကစားဝန်င်္ကြီးဋ္ဌာနရဲ့ လမ်းညွှန်ကြီးကြပ်မှု ၊ကူညီပံ့ပိုးပေးမှုတို့နဲ့အတူ Hello Madam Co. ကငွေကြေး များစွာ အကုန်အကျခံပြီး Miss Universe ပြိုင်ပွဲ မှာ နိုင်ငံ့ ကိုယ်စားပြု ပါဝင်ပြီး သွားရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ၃.၁၀.၀၁၃ ရက်နေ့ က မယ်ရွေးပွဲကျင်းပခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာအတွေ့အကြုံရှိတ
ဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံဥာဏ်များကိုပါ ရယူပြီး သမာသမတ်ကျတဲ့ ကျမတို့ ဒိုင်တွေက မှန်မှန် ကန်ကန် ဆုံးဖြတ်ရွေးချယ်ပေးခဲ့ကြတာကိုလည်း အားလုံး အသိပဲ ဖြစ်ပါ လိမ့်မယ်.. နိုင်ငံတကာမှာလည်း ထုံးစံအတိုင်း မယ်တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ အလိုအလျောက် လူမှုရေး သံတမာန် အဖြစ် ထမ်းဆောင်ကြရလေ့ ရှိတာကို မေ့ မထားသင့်ပါဘူး။

အများ ပြည်သူနဲ့ ပါတ်သက်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေမှာဖြစ်စေ၊ လူမှုရေး လုပ်ငန်းတွေ မှာဖြစ်စေ၊ အားကစားလုပ်ငန်းတွေ မှာ ဖြစ်စေ ပါဝင်ကူညီပေးရမှာပါပဲ။

သူလည်း တစ်ချိန်က တက္ကသိုလ် ကျောင်းသူ တစ်ဦးဖြစ်ခဲ့ဖူးတာမို့ ဒီလို အားကစား အတွက် ကူညီပေး ခဲ့မိတာလေးနဲ့ပဲ ဒီလောက်အပြစ်ကြီး သွားရလောက်အောင် ၀ိုင်းဝန်းပြီး ဝေဖန်ပြောဆိုနေဖို့တော့ မသင့်ဘူး လို့ ထင်ပါတယ်။


အခုတော့ သူ့ခမျာ တစ်ဖက်သတ် အထင်လွဲခံရပြီး သွားပုပ်လေလွင့် ပြောဆိုခံနေရတာကို မြင်တွေ့ ကြားသိနေရတော့ ကလေး မလေး အတွက် အလွန်ပဲ နစ်နာလှတာမို့ စိတ်မကောင်းဖြစ်မိပါတယ်။


၅.၁၀.၂၀၁၃ ရက်နေ့ကလည်း မကျင်းပဖြစ်တာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်တဲ့ တက္ကသိုလ် ပေါင်းစုံ
ဘောလုံးပြိုင်ပွဲမှာ အစီအစဉ်အတိုင်း ကျောင်းသားအားကစား သမားလေးတွေကို ဂုဏ်ပြုသောအားဖြင့် တာဝန်ပေးတဲ့အတိုင်း ဆုဖလား သယ်ဆောင်ပေးခဲ့ရတာ နဲ့ ပါတ်သက်လို့ ဘာအပြစ်မှ မရှိတဲ့ မိုးစက်ဝိုင် ကို ဘာကြောင့်များ နစ်နစ်နာနာ အပြစ်တင်စကား ပြောချင်ခဲ့ကြရသလဲ ဆိုတာ မစဉ်းစား တတ်အောင် ပါပဲ..

ဒါကြောင့် သားသမီးချင်း နှမချင်း ကိုယ်ချင်းစာနာပြီး အကောင်းမြင် စိတ်ကလေးနဲ့ပြန်လည် သုံးသပ်ပေး ကြစေချင်ပါတယ်.."
ဟုရှင်းပြပေးခဲ့သည် ။
ထို.အတူ ကာယကံရှင် တစ်ဦးဖြစ်သူ ဖိုးလပြည်. မှလည်း MEx မှတစ်ဆင်. mail ပို..ဖြေရှင်းခဲ့ရာတွင်
 
By www.myanmarcelebrity.com
"Admin team ခင်ဗျား

- ကျွန်တော့်စာလေးကိုကျေးဇူးပြု၍ ဖြန့်ဝေပေးပါ။ကျွန်တော်ဟာ ဘောလုံးအားကစားကိုငယ်ငယ်ထဲက ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်နည်းတူ အခြားလူငယ်များကိုလဲအားကစားကို စိတ်ဝင်စား၊ကစားစေလိုသူတစ်ယောက်လဲဖြစ်ပါတယ်။ 


ဒါကြောင့်လဲ ကျွန်တော် ယခုကျောင်းပြီးပြီးနောက် နှစ်အတန်ကြာမလုပ်ဖြစ်ခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ပြန်လည် ကျင်းပနိုင်ရန်ကြိုးစားစီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။အစပိုင်းမှာ အခက်အခဲများစွာရှိ၍ သိပံ္ပနှင့်နည်းပညာအောက်ရှိ တက္ကသိုလ်များသာယှဉ်ပြိုင်ရန်ရည်ရွယ်သော်လည်း အခြားဆေး နှင့် ရေကြောင်းတို့မှလည်းစိတ်ပါဝင်စားစွာ ဆက်သွယ်လာခဲ့၍ (၁၆)သင်းပြည့်သည်အထိလက်ခံယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒါတောင်အခြားတက္ကသိုလ်များကို အချိန်မမီ၍မျက်နှာနာစွာပင်နောက် တစ်ကြိမ်မှပါဝင်ပေးပါရန် မေတ္တာရပ်ခံခဲ့ရပါတယ်။ ဒီနေရာမှာ ကျေးဇူးအထူး တင်ရှိရမှာကတော့ ကျွန်တော့်ရဲ့တင်ပြချက်ကို ပထမဦးစွာစိတ်ပါဝင်စားစွာဆွေးနွေးတုံ့ပြန်ပေးခဲ့တဲ့ သိပံ္ပနှင့်နည်းပညာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ နယ်မှကစားသမားများ ရန်ကုန်တွင် နေထိုင်နိုင်ရေး အတွက်ကူညီပေးခဲ့တဲ့ အားကစားပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး၊ လုံခြုံရေးပိုင်းကိုအဘက်ဘက် ကပံ့ပိုးကူညီပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အမြဲတမ်း ကိုယ့်အသင်း အတွက်အကောင်း ဆုံးဖြစ်အောင်စီစဉ်ပေးခဲ့တဲ့ ပြိုင်ပွဲဝင်အသင်းများမှပါချုပ်ကြီးများ၊ဆရာ၊ဆရာမများ၊အားတက်သရော ကိုယ့်တက္ကသိုလ် ဂုဏ်ဆောင်နိုင်ရန်ပါဝင်ယှဉ်ပြိုင်လာတဲ့ ထူးချွန်ထက်မြတ်တဲ့ကစားသမားများ နဲ့ နိုင်ငံကြီးသားပီသစွာအားပေး လာတဲ့ ကျောင်းသားထုပရိသတ်တို့ပဲဖြစ်ပါတယ်။

- ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲကိုဝါသနာပါ၍ ကျောင်းသားများအားကစား Life ရရှိစေရန်သာ ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး မိမိအနေဖြင့်မည်သည့်အကျိုးကိုမျှမမျှော်လင့်ပါ။ ဒီလိုပြိုင်ပွဲကျင်းပခြင်းအားဖြင့်လဲ တက္ကသိုလ် ကျောင်းသားများ အနေဖြင့် ပြိုင်ပွဲကိုခမ်းခမ်းနားနား ယှဉ်ပြိုင်ရုံကလွဲပြီး ကျွန်တော်တို့အတွက်လဲမည်သည့် အကျိုးအမြတ်မှမရပါ။ ထို့ကြောင့်အချို့သောသူများအနေဖြင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ ကျွန်တော်တို့နှင့်ပူးပေါင်းလာမှုအပေါ် အမြင်မစောင်းစေလိုပါ။ ကျွန်တော်တို့ ကော်မတီဝင်များ (ပြိုင်ပွဲဝင်တက္ကသိုလ်များမှ ဆရာ၊ဆရာမများအပါအဝင်) အနေဖြင့် ကျောင်းသား၊ကျောင်းသူများ အတွက် အစွမ်းကုန်အဆင်ပြေစေရန်ကြိုးပမ်းဆောင် ရွက်လျက်ရှိ၍ တာဝန်ရှိသူများယခုကဲ့သို့ မြေတောင်မြှောက်ပေးရန်ရည်ရွယ်ချက်ဖြင့်ပူးပေါင်းလာခြင်းကို မိမိတို့အနေဖြင့်ဝမ်းမြောက်ဝမ်းသာကြိုဆိုရမည်ဖြစ်ပါသည်။


- ကျွန်တော့်အနေဖြင့် မည်သူ့ကိုမဆိုချစ်ကြည်လေးစား ရင်းနှီးစွာဆက်ဆံ၊ခင်မင်တတ်ပြီး တက္ကသိုလ်များမှ ဆရာ၊ဆရာမများ၊ကျောင်းသားများကို အစည်းအဝေးပွဲများတွင်ဆုံသောအခါတိုင်းတွင်လည်း ရင်းနှီးဖော်ရွေစွာပင်ဆက်ဆံ ၊နှုတ်ဆက်လေ့ရှိပါတယ်။ (ဤသည်ကိုကျွန်တော်နှင့်ဆုံဖူးသော ဆရာ၊ဆရာမ များ၊ကျောင်းသားများအသိဖြစ်ပါသည်၊ ကျွန်တော်တို့ အပေါ်အမြင်စောင်းစေလို၍၊ ကျောင်းသား များနှင့်သွေးခွဲလို၍ တစ်ဘက်စောင်းနင်းရေးသား ထားသောသတင်းများကို လုံးဝမယုံစေလိုပါခင်ဗျာ)

- နောက်တစ်ခုကျွန်တော်ပြောလိုတာကတော့ Miss universe ကိစ္စဖြစ်ပါတယ်။သူဟာကျွန်တော်နဲ့ သိယုံသာသိပြီးလူခြင်းမခင်ပါ။ သူဟာ နှစ်ပေါင်း(၅၀)ကျော်ကြာမှ တစ်ကျော့ပြန်ဆုရရှိခဲ့သူဖြစ်ပြီး ကျွန်တော်တို့တို့ပြိုင်ပွဲမှာလည်း နှစ်အတော်အတန်ကြာမှပြန် လည်ကျင်းပခဲ့ခြင်းဖြစ်တာကြောင့် ဖွင့်ပွဲကြီးပိုမိုစည်ကား သိုက်မြိုက်စေရန်ရည်ရွယ်၍၊ သူ့ကိုဆုရုပ်တုသယ်ဆောင်ပေးပါရန် ကျွန်တော်ကိုယ်တိုင်လေးလေးစားစား ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး သူကလည်းဝမ်းမြောက်ဝမ်းသာပင် (အခကြေးငွေတစ်ပြား၊တစ်ချပ်မျှမယူပဲ) တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ ကို လေးစားဂုဏ်ပြုသော အားဖြင့် ပါဝင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ Internet တွင်ဖွနေသလို ပြိုင်ကားမှာ ကျွန်တော့်ကားမဟုတ်သလို ကျွန်တော်မောင်းပို့ပေးခြင်းလဲမဟုတ်ပါ။ ကျွန်တော်နဲ့အဆက်အသွယ်လဲမရှိပါ။ ပြိုင်ပွဲကျင်းပမှုပိုမိုခမ်းနားလေ တက္ကသိုလ်များမှ ဆရာ၊ဆရာမများ၊ကျောင်းသား များပိုမို ပျော်ရွှင်ဂုဏ်ရှိလေသာဖြစ်ဖြစ်၍သူ့ကိုပါဝင်နိုင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါသည်။ 


တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကိုများကို လေးစား၍ပါဝင်ဆင်နွှဲပေးခဲ့သော မမိုးစက်ဝိုင်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များအတွက် ကျွန်တော့်အနေဖြင့်အထူးပင်စိတ်မကောင်းဖြစ်ရပါသည်။

- နောက်ဆုံးတစ်ခုမိမိအကြံရထားသည်ကို တင်ပြလိုပါသည်။ဤပြိုင်ပွဲကြီးပြီးဆုံးလျှင်မိမိအနေဖြင့် ဤပြိုင်ပွဲမှအကောင်းဆုံးကစားသမား(၂၀)ခန့်ကို ရွေးချယ်ပြီးအိမ်နီးချင်းနိုင်ငံများမှ တက္ကသိုလ်များနှင့် (နိုင်ငံခြားသို့ စရိတ်ငြိမ်းစေလွှတ်၍) ယှဉ်ပြိုင်စေနိုင်ရန်စဉ်းစားလျက်ရှိပါသည်။ ပရိသတ်ကြီး၏ အကြံဉာဏ်သဘောထား ကိုလည်းရယူလိုပါသည်။ Admin team မှတဆင့်ဆက်သွယ်အကြံပြုစေလိုပါသည်။

- ကျေးဇူးအထူးတင်ရှိပါသည်။ "
ဟုပါဝင်ခဲ့ပါသည် ။
 တစ်ခုစိုးရိမ်သည်က တကယ်.ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲတွင်ကျမှ စုစည်းညီညွတ်မှု ပြိုကွဲလျှက်  ရသင်.ရထိုက်သော ဆုတို.မရရှိလိုက်နိုင်မှာ .. ကာယကံရှင်အနေဖြင်. နိုင်ငံရေး တိုက်ကွက်တစ်ခု၏ တန်ဆာခံဖြစ်သွားမှာကိုသာ ဖြစ်ပါသည် ။ အားလုံးအသိရှိရှိ ဆင်ခြင်နိုင်ကြပါစေ ။
Ref ; စောင်.ကြည်.သတင်းဂျာနယ် , OE , MExnet ,  Miss Myanmar Universe @ Facebook  , ဧရာဝတီ 
 

No comments:

Post a Comment