MWRN မြန်မာရုံးခွဲ ဒါရိုက်တာ ဦးစိန်ဋ္ဌေးမှ အလုပ်ရုံဆွေးနွေးပွဲတွင် ရှင်းလင်းပြောကြားစဉ် |
MWRN မြန်မာပြည်ရုံးခွဲက
စီစဉ်တဲ့ Workshop လေးတစ်ခု ကို ဒီလ ၁၄ ရက်နေ. ကပြုလုပ်ခဲ့ပါတယ် ။ သူတို.ရဲ. စီမံကိန်း
တစ်ခုကို လက်ရှိအကောင်အထည်ဖော်နေပြီး အဲ့ဒီစီမံကိန်းကတော. လုံခြုံစိတ်ချရသော ရွှေ..ပြောင်းသွားလာမှု ဖြစ်ပေါ်လာစေရေး လို.သိရပါတယ် ။
အဲ့ဒီနေ.က
MWRN မြန်မာပြည်ရုံးခွဲ ရဲ. ဒါရိုက်တာ ဦးစိန်ဋ္ဌေးကနေ သူတို.ပင်မရုံးရဲ.
Activities တွေ ၊ ထိုင်းနိုင်ငံအတွင်း အလုပ်သမားများ တွေ.ကြုံရတတ်တဲ့ အခက်အခဲတွေနဲ.
ေ ၊ သက္ဆိုင္ရာ
တာဝန်ရှိသူတွေ သိရှိလုပ်ဆောင်ပေးသင်.တဲ့အပိုင်းတွေ စသည်ဖြင်. Topic အတော်များများ ရှင်းပြသွားတဲ့အပြင်
Media တွေသိလိုတာတွေကိုပါ ဖြေကြားသွားခဲ့တာတွေအနက် စိတ်ဝင်စားဖွယ်အချို.ကို ကောက်နှုတ်ဖော်ပြအပ်ပါတယ်
။ ဒါတွေကို ဒီနိုင်ငံမှာ ရှိနေတဲ့ ထိုင်းနိုင်ငံသွားဖို.စိတ်ဝင်စားသူတွေ သိထားသင်.ပြီး အဲ့ဒီလူတွေသိဖို.အတွက်လည်း မိမိတို.နဲ.နီးစပ်ပတ်သက်ရာကတစ်ဆင်. ဖြန်.ဝေ အသိပေးဖို.လိုအပ်ပါတယ်
။ ဒါမှ ရောက်ရင်ပြီးရော သူများပြောသမျှ အယုံလွယ်စွာနဲ.ထွက်သွား ဟိုရောက်လို. ဒုက္ခရောက်တော.မှ
သူ.စကားကိုယ်နားမလည် ၊ ဘယ်သူ.အကူအညီတောင်းရမှန်းမသိ ၊ မထူးဇာတ်ခင်းရတဲ့ဘ၀ မျိုးတွေ
မကြုံတွေ.ရမှာပါ ။
ရှင်းလင်းပြော ပြတဲ့အထဲက အချက်အချို.ကတော.
ထိုင်းနိုင်ငံမှာရှိတဲ့
လာအို ၊ ကမ္ဘောဒီးယား ၊ မြန်မာ စတဲ့ ရွှေ.ပြောင်း အလုပ်သမားပေါင်း ၃-၄ သန်း ခန်.ရှိနေပြီး
မြန်မာ အလုပ်သမားက ၈၀ % ခန်.ရှိပါတယ် ။ အဲ့ဒီထဲမှာလည်း မွန် ၊ ထားဝယ် ၊ ကရင် ၊ ရခိုင်
၊ ရှမ်း စတဲ့ တိုင်းရင်းသားပေါင်းစုံရောက်ရှိနေတာဖြစ်ပါတယ် ။မြန်မာ အလုပ်သမား ၁.၇ သန်းခန်.ဟာ
ယာယီ ပတ်(စ်)ပို. နဲ.နေနေတာဖြစ်ပြီး ၇၀၀,၀၀၀ လောက်က အထောက်အထားမဲ့ လုပ်သားတွေ ဖြစ်ပါတယ်
။ထိုင်းနိုင်ငံထဲကို မြန်မာအလုပ်သမားတွေ အဓိက ၀င်ရောက်တဲ့ လမ်းကြောင်းတွေက တာချီလိတ်
- မြ၀တီ-ကော.သောင်း ( ဒီလမ်းကြောင်းကိုတော. တရားဝင် သွားတဲ့ အလုပ်သမားတွေ အဓိက အသုံးပြုပါတယ်
) ၊ ဟိုမိုင်း-ပုံပါကျင် လမ်းကြောင်း ၊ ဘုရားသုံးဆူ လမ်းကြောင်းနဲ. ထီခီး လမ်းကြောင်းတွေကို
သုံးပါတယ် ။
လူပို.ပေးသူတွေက
ရိုးရိုးဆိုရင်တော. သက်ဆိုင်ရာနေရာထိရောက်အောင် ၃ ရက်လောက် လမ်းလျှောက်ခေါ်ဆောင်သွားခံရမှာဖြစ်ပြီး
အကုန်အကျခံနိုင်မယ်ဆိုရင်တော. ကားနဲ.ခေါ်သွားပေးပါတယ် ဆိုပြိး လက်ရှိစီးဆင်းမှုလမ်းကြောင်းအခြေအနေကိုရှင်းပြပါတယ်
။
Photo by MWRN |
ရွှေ.ပြောင်း အလုပ်သမားနဲ. အခွင်.အရေးပိုင်းတွေနဲ.ပတ်သက်လို.တော.
"ထိုင်းနိုင်ငံက
တရားဝင်ခွင်.ပြုထားတဲ့ ရွှေ.ပြောင်းလုပ်သားတွေအတွက် အလုပ်ဟာ အလုပ်ကြမ်းနဲ. အိမ်ဖော်
အလုပ်သာရှိပါတယ် ။
ထိုင်းနိုင်ငံမှာ
မြန်မာအိမ်ဖော်အလုပ်သမ ၂၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ ကြားမှာရှိနေပါတယ် ။ထိုင်းနိုင်ငံ အလုပ်သမားဥပဒေမှာ
အိမ်ဖော် ၊ ရေလုပ်ငန်း ၊ စိုက်ပျိုးရေး စတာတွေအကျုံးမ၀င်ပဲ သူတို.တွေဟာ ဥပဒေအကာအကွယ်ကို
မရကြ ရှာပါဘူး ။ မနှစ်ကမှ အိမ်ဖော် ဥပဒေ ကိုပြဌာန်းတာကြောင်. တစ်ပတ်တစ်ရက်ရပ်နားခွင်.ဆိုတာမျိုးရလာပါတယ်
။
မဲဆောက်မှာ မနက်
၈ နာရီကနေ ညအထိ လုပ်မှ အလုပ်ချိန် ၁၁နာရီအတွက်
ဘတ် ၈၀ ပဲရပါတယ် ။မနားရလောက်အောင် ပိတ်ရက်မရအချိန်ပိုပါကြိုးးစားလုပ်ပါမှတစ်လကို ဘတ်
၃၀၀၀ ခန်.သာရနေကြတာဖြစ်ပါတယ် ။
မတရားခံရမှုတွေကြောင်. အလုပ်ရှင်တွေကို တရားစွဲရာမှာလည်း ကာလရှည် ရင်ဆိုင်ကြရပြီး အဲ့ဒီကာလအတွင်း စားဝတ်နေရေး အခက်အခဲအပြင် နောက်ဆုံး စီရင်ချက်ချလို. အနိုင်ရခဲ့ရင်တောင် တကယ်.အလုပ်ရှင် အစစ်က ရှာလို.မရတော.တဲ့ ပြဿနာမျိုးလည်းကြုံရပါတယ် ။ အလုပ်ရှင်တွေ က စက်ရုံတွေကို နှစ်ချုပ်နဲ.တင်ငှားလုပ်ကြတာဖြစ်ပြီး မန်နေဂျာလောက်ကသာဆက်ဆံအုပ်ချုပ်နေတာကြောင်. မူရင်းပိုင်ရှင်အစစ်တွေကို သိခွင်.တောင်မရတာ များပါတယ် ။ "
MWRN ရဲ. ထိုင်းနိုင်ငံ ရုံးအပိုင်း လုပ်ဆောင်မှုတွေ နဲ.ပတ်သက်လို.တော.
" ပတ်(စ်)ပို.
စာအုပ် လုပ်တာတောင် ဘတ် ၁၀၀ ပဲကျပြီး သက်တမ်းတိုးတာ ၄၅၀ ဖြစ်နေတာကြောင်. ၀ိုင်းဝန်းအသိပေးတောင်းဆိုကြရာ
၁၅၀ နဲ. လက်ခံခဲ့ပါတယ် ။
MWRN ပင်မရုံးအနေနဲ.
၂၀၀၈ ကနေ ၂၀၁၂ အတွင်း လုပ်ငန်းခွင်အတွင်း ဒါဏ်ရာရတဲ့ ကိစ္စပေါင်း ၂၀၀ ကျော် အကူအညီပေးနိုင်ခဲ့ပါတယ်
။ အလုပ်သမားတွေအတွက် ဆေးကုသခွင်.လိုမျိုး တရားဝင်ရနိုင်မယ်. လူမှုဖူလုံရေး ကဒ် ကိစ္စမျိုးမှာတော.
အလုပ်ရှင်ကလည်း သူ.ဘက်ကနေ တစ်ဦးချင်းစာအတွက် ထည်.၀င်ပေးနေရမှာဖြစ်သလို ထိုင်းအစိုးရဘက်ကလည်း
လူမှုဖူလုံရေးကဒ် တစ်ခုတိုင်းအတွက် သူ.ဘက်က ထည်.၀င်စိုက်ထုတ်ပေးနေရမှာမို. လုပ်ငန်းရှင်တွေဘက်က
သိပ်စိတ်မ၀င်စားသလို ထိုင်းအစိုးရဘက်ကလည်း လုံလောက်တဲ့ ဖိအားပေးမှုမျိုးသိပ်မတွေ.၇တာကြောင်.
ရွှေ.ပြောင်းလုပ်သားတွေအနေနဲ. တရားဝင်လူမှုဖူလုံရေး ခံစားခွင်.တွေ မရရှိနိုင်ဘူးဖြစ်နေပါတယ်
။
အလုပ်ရှင်နဲ.
တာဝန်ရှိသူတွေကနေတစ်ဆင်. အလုပ်သမားအခွင်.အရေးရရှိအောင်ကြိုးစားရာမှာ မအောင်မြင်တတ်တာတွေ
ရှိနေတဲ့အခါ အဲ့ဒီလုပ်ငန်းရှင်တွေရဲ. ဖောက်သည်တွေ ကနေတစ်ဆင်.ကြိုးစားရတာမျိုးလည်းရှိပါတယ်
။ အထူးသဖြင်. ဥရောပဖောက်သည်တွေဟာ အလုပ်သမားအခွင်.အရေး စံချိန်စံညွှန်းမှီ ခွင်.ပြုထားတဲ့
စက်ရုံ အလုပ်ရုံ တွေက ထုတ်ကုန်တွေသာ ၀ယ်ယူတတ်ကြတာမို. အဲ့ဒီနည်းလမ်းကတော. ထိုက်သင်.တဲ့ထိရောက်မှုတွေ
ရှိပါတယ်
အလုပ်သမားမိသားစုတွေရဲ.
ကလေးငယ်တွေအတွက် မဟာချိုင်ဒေသတွင်း မှာ အစိုးရကျောင်း ၂ကျောင်း ၊ သာသနာပြုအဖွဲ.ကတည်ထောင်ထားတဲ့ကျောင်း
၎ ကျောင်း ၊ NGO ကျောင်း ၄ကျောင်း ၊ MWRN ကတည်ထောင်ထားတဲ့ကျောင်း တစ်ကျောင်းအပါအ၀င်
ကိုယ်ထူကိုယ်ထကျောင်း ၃ ကျောင်း ရှိနေပြီး ကျောင်းကြိုပို. ကားပါစီစဉ်ပေးထားတယ် ၊ ကျွန်တော်တို.
MWRN ကျောင်းမှာ ကျောင်းသား ၃၀၀၀-၄၀၀၀ ကြားမှာရှိနေပါတယ်
မြန်မာအလုပ်သမားတွေ တွေ.ဆုံဆွေးနွေး ဖို.နေရာကအစ အန္တရာယ်မကင်း တာကြောင်.နောက်ဆုံး စာကြည်.တိုက်တစ်ခုတည်ထောင်ပြီးဆွေးနွေးစရာ အသိပေးစရာ ပညာပေးစရာ အဖြစ်တည်ထောင်ထားခဲ့သလို တကယ်လိုအပ်အသုံးဝင်တဲ့ သင်တန်းအချို.လည်း စီစဉ်ပြုလုပ်နေပါတယ် " လို.ပြောသွားခဲ့ပါတယ် ။
ထိုင်းနိုင်ငံ MWRN က ကူညီခဲ့သော ထိခိုက်ဒါဏ်ရာရ လုပ်သားအချို. |
ပွဲစားတွေအခန်းနဲ.ပတ်သက်လို.တော.
" ပတ်စပို.စ် စာအုပ် လုပ်ဖို.တရားဝင်ကုန်ကျစရိတ် ၁၀၅၀ ပဲရှိပေမယ်.လို. ပွဲစားတွေက
၅၀၀၀ ကနေ ၈၅၀၀ ကြားထိ ယူပြီးမှသာ လုပ်ဆောင်ပေးကြပါတယ် ။ ဒါ.အပြင် မိမိကိုယ်တိုင်သွားလုပ်တာထက် ပွဲစားလက်အပ်မှသာ ချောချောမွေ.မွေ. မြန်မြန်ဆန်ဆန် ပြီးနိုင်တာဟာ တစ်ဖက်တာဝန်ရှိသူတွေနဲ. ပွဲစားတွေကြားက စီးပွားဖက်ဆန်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်နိုင်ကြောင်း အသိပေးသွားခဲ့သလို
လိမ်တဲ့နေရာမှာလည်း
ပွဲစားတွေဟာ လိမ်နည်းပေါင်းစုံသုံးနေကြပါတယ် ၊ သူတို.ပြောထားသလောက် လစာ မရတာတွေ ၊ သူတို.ပြောတဲ့
အလုပ်မျိုးမဟုတ်ပဲ ပိုမိုဆိုးရွား ခက်ခဲစွာ လုပ်ကိုင်ကြရတာတွေ ကတော. ကြုံနေကျ အဖြစ်မျိုးတွေဖြစ်ပြိး
ပတ်စပို.(စ်) လုပ်ပေးမယ် ၊ တစ်ယောက်ကို ၅၀၀၀ ပေး၇မယ် ပိုက်ဆံကြိုပေးစရာမလိုဘူး အချက်အလက်တွေပဲပေး
လူကိုယ်တိုင်တွေ.၇မယ်.နေ.ကျမှ ပိုက်ဆံနဲ.စာရွက်စာတမ်းတွေ ယူလာခဲ့ဆိုပြီး အဲဒီနေ. ရောက်မှ
ပိုက်ဆံ ၅၀၀၀ နဲ. စာရွက်စာတမ်းတွေယူ လူတွေကို ရုံးရှေ.ကစောင်.ဆိုပြီး နောက်ဘက်ကနေ အသာလစ်ထွက်သွားတာတွေ
၊ ဆေးစစ်ရမယ်.ကိစ္စမျိုး မှာလည်း လူတွေခေါ် ပိုက်ဆံယူ ရှေ.မှာထိုင်စောင်.ခိုင်းထားပြီး
နောက်ကလစ်ထွက်သါားတာတွေ ၊ ပိုဆိုးတာက တစ်ခါတစ်ရံ အဲ့ဒီဒေသတွေမှာ ရှိတဲ့ အဖွဲ.အစည်းက
လူပါ အကျိုးဆောင်ပေးတာပါလို. နာမည်အလွဲသုံးစား လုပ်ကြတာမျိုးပါ ၊ တစ်ခါဆို MWRN ရဲ.
ထိုင်းနိုင်ငံ ရုံး ကိုတောင် အလုပ်သမားအချို.က သူတို.ကို ဒိကလူလို.ပြောပြီး လိမ်သွားလို.ရုံးလိုက်လာတာနဲ.
ရှင်းပြလိုက်ရဖူးကြောင်း တွေလည်းပြောသွားခဲ့ပါတယ် ။
ဒါ.အပြင် တရားမ၀င်လုပ်သားလွှဲပြောင်းမှု ၊ မြန်မာပြည်ပြန် ပို.ခံ၇တဲ့ အလုပ်သမားကိစ္စတွေနဲ. ပတ်သက်လို. အားလုံး သိထားသင်.တာတစ်ခုလည်းပြောသွားပါတယ် ။ အဲ့ဒါကတော.
"လုပ်သားတွေ မြန်မာနိုင်ငံကိုပြန်လည်လွှဲပြောင်းပေးရာမှာလည်း
နှစ်နိုင်ငံ နယ်စပ်ဂိတ် တွေကနေတရားဝင်လွှဲပြောင်းတာထက် နယ်စပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ.
တစ်ခုရဲ.ဂိတ်မှာ သွားရောက်ပို.လိုက်တာများပြီး အဲ့ဒီကိုရောက်တဲ့သူတွေဟာ သတ်မှတ်ငွေပမာဏ
ပေးသွင်းမှ စခန်းကနေထွက်ခွင်.ရပြိး ရှိနေစဉ်မှာလည်း နေ.စဉ်ထမင်းဖိုးပေးသွင်းပြီးနေ၇တယ်လို.သိရပါတယ်
တစ်ဖက်တာဝန်ရှိသူတွေနဲ. အကျိုးတူ လုပ်ဆောင်နေပုံရပါတယ် ။ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ ရေကြီး တဲ့ကိစ္စ အလုပ်သမားတွေ ပြန်ကြရာမှာတောင် ဒီပြဿနာမျိုး ကြုံခဲ့ရတယ် " လို. ဆိုပါတယ် ။
လုပ်ငန်းခွင်အတွင်း လက်ပြတ်သွား၇သော လုပ်သားတစ်ဦး |
ထိုင်းနိုင်ငံအတွင်းနှိမ်.ချဆက်ခံ ခံရမှုတွေကိုတော. အမျာ.အပြားပါပဲ ။
ထိုင်းနိုင်ငံမှာ ရောဂါဘယတွေ ထူပြောလာတာ ဒီအလုပ်သမားတွေကြောင်. ၊ မူးယစ်ဆေးမှုတွေ ပေါလာတာ ၊ ရာဇ၀တ်မှုတွေ ထူပြောလာတာ အားလုံးကို ခုလို အလုပ်သမားတွေအပေါ် စုပြု လက်ညှိုးထိုးနေကြောင်းလည်း ပြောသွားခဲ့ပါတယ် ။
ဆိုင်ကယ်စီးတာကအစ
သူတို.နိုင်ငံသားဆိုင်ကယ်စီးလို.
စည်းကမ်းနဲ.မညီရင် ဒါဏ်ငွေ ၂၀၀ လောက်နဲ.ပြီးပေမယ်. မြန်မာနိုင်ငံသား လို.ယူဆရသူတွေ
ဆိုင်ကယ် စီးတာနဲ့ ၂၀၀၀ လောက်ဒါဏ်ငွေဆောင်နေရပြီး ခုနောက်ပိုင်းတရားဝင်နေခွင်.ရထားသူတွေအဖို.
၅၀၀ လောက်တော. ပေးနေရပါသေးတယ်လို.သာမာန်အောက်ခြေအမှုကအစ ခွဲခြားဆက်ဆံပုံတွေပြောသွားခဲ့ပါတယ် ။
MWRN အနေနဲ.က လက်ရှိပြဿနာများကြုံတွေ.နေရာ မှာ တည်ထောင်ကူညီနေခြင်း အပြင် မိခင်နိုင်ငံအတွင်းမှာ မထွက်ခွာခင်ကပင် ကြုံတွေ.ရနိုင်တဲ့ အခြေအနေတွေ သိရှိသွားဖို. ၊ လိုအပ်တာတွေ ပြင်ဆင်နိုင်ဖို. ၊ အလိမ်မခံရဖို. ၊သိသင်. တတ်သင်. တာတွေ ပြင်ဆင်သွားနိုင်ဖို. လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှု ဖြစ်ပေါ်လာစေရေး စီမံကိန်း ကို တစ်နှစ်ခွဲကြာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ် ။
ဆက်စပ်ဖတ်ရှုရန် - MWRN ဆိုတာဘာလဲ
M-W-R-N မြန်မာပြည် ရုံးခွဲ မှ စီစဉ်သော ရွှေ.ပြောင်းရေးရာ နှင်. Media ၏ အခန်းကဏ္ဍ
ဆက်စပ်ဖတ်ရှုရန် - MWRN ဆိုတာဘာလဲ
M-W-R-N မြန်မာပြည် ရုံးခွဲ မှ စီစဉ်သော ရွှေ.ပြောင်းရေးရာ နှင်. Media ၏ အခန်းကဏ္ဍ
No comments:
Post a Comment