Thursday, July 30, 2015

အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ Educational Supporting Program 2015 စာသင်နှစ်ဦး အလှု






ဝါးခယ်မ ဘလော.၏ စတင်သန္ဒေတည်ရာ  ၀ါးခယ်မ Page ၏ မူရင်းအစ Secluded Serene Avenue of WKA – SS Avenue of WKA Group ကို အကြောင်းကြောင်းကြောင်. နိုင်ငံတွင်းအခြားမြို./ရွာ များ ၊ ပြည်ပနိုင်ငံများ တွင် လုပ်ကိုင်/နေထိုင်/အခြေချနေထိုင်ကြသော ၀ါးခယ်မသားများ အလွယ်တူတွေ.ဆုံဆက်သွယ်နိုင်ရန် လွန်ခဲ့သော ၅နှစ်နီးပါးခန်.ကပင် စတင်ဖွဲ.တည်ခဲ့ကြပါသည် ။ ထို.နောက် မြို.လေးနှင်. ပတ်သက်သော ဘာသာရေး ၊ ကျန်းမာရေး ၊ ပညာရေးဆိုင်ရာ လှုဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည် ။ ပထမဦးဆုံးသော Collector များမှာ Ye Aung , Kyi Soe Tun , Sophie Phyo , Nway Wathan Lwin Naung , Yamin Ko Lay , Brani Ko Ko , Zawmin Lwin တို.ဖြစ်ပြီး နောက်ထပ်မံ၍ Ko Ko Lynn , Aye Aye Myint , Hnin Wutyi Kyaing တို. ပူးပေါင်းပါဝင်ပေးခဲ့ပါသည် ။ နောက်ပိုင်းတွင် ထပ်မံ၍ Khaing Zaw , Aye Aye Khaing, Khing Gyi တို. ကူညီပေးခဲ့ကြပါသည် ။

နောက်ပိုင်းတွင်မိမိတို.အနေဖြင်. ဘာသာလူမျိုးမရွေး ကူညီနိုင်သည်.အပြင် အမှန်တကယ် အငြင်းပွားဖွယ်မရှိ ကူညီနိုင်သော ပညာရေးဆိုင်ရာ ကိုသာ အဓိကထား ကူညီပေးခဲ့ကြရာတွင် Educational Supporting Program 2013 / 2014 / 2015 ဟူ၍ စာသင်နှစ်အစတိုင်းတွင် ချို.တဲ့ မူလတန်းကျောင်း ၃ကျောင်းအား ရွေးချယ်ပြီး ကလေးများအတွက် ထီး ၊ ဖိနပ် ၊ မိုးကာ ၊ လွယ်အိတ် ၊ ခဲတံ ၊ ပေတံ ၊ ခဲဆန် ၊ ဗလာစာအုပ် များအပြင် ရေလိုအပ်သောကျောင်းအတွက်ပိုက်သွယ်တန်းခြင်း မျိုးအထိပါ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည် ။ ထို.အပြင် GTI ကျောင်းအပ်ရန်အခက်အခဲရှိသူအချို. ကျောင်းအပ်ပေးခြင်း ၊ ပရဟိတကျောင်းမှ လိုအပ်သမျှ တာဝန်ယူထောက်ပံ.လှုဒါန်းခြင်း ၊ တက္ကသိုလ်ရောက် ချို.တဲ့ကျောင်းသားတို.ကို လစဉ် အလုံးစုံ တာဝန်ယူပေးခြင်းတို. လုပ်ဆောင်ခဲ့ကြသလို လုပ်ဆောင်နေဆဲလည်းဖြစ်ပါသည် ။



ယခုနှစ်တွင်လည်း Educational Supporting Program 2015 အစီအစဉ်ဖြင်. ပထမဆုံး ဘဲချောင်းချောင်းဖျား အမက သို. ၂၀၁၅ ဇူလိုင်လ ၁၉ ရက်မနက်က သွားရောက်လှုဒါန်းခဲ့ကြပါသည် ။ ထိုကျောင်းလေးတွင် သူငယ်တန်းမှ ပထမတန်းထိကျောင်းသား/သူ ၇၄ ဦးရှိပြီး အားလုံးနီးပါးတက်ရောက်ခဲ့ပါသည် ။ အခမ်းအနားကို မနက် ၉နာရီ၂၀ခန်.တွင် စတင်ခဲ့ပြီးSS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ. ) မှ တာဝန်ခံတစ်ဦးက လှုဒါန်းရမှုအကြောင်း ရှင်းလင်းပြီး မိမိတို.ယခုလုပ်ကိုင်ပေးသကဲ့သို. တတ်အားသမျှ ရပ်ရွာအတွက် ပြန်လည်လုပ်ကိုင်ပေးရန် ၊ မိဘများအားဂရုစိုက်ပြုစုရင်းစိတ်ချမ်းသာအောင်ထားရန် ၊ ပညာကိုထူးချွန်စွာသင်ကြားတတ်မြောက်စေရန်တို. ပြောကြားပြီး တက်ရောက်လာပေးသော ကျောင်းသား/သူအားလုံးအား မုန်.များဝေငှခြင်း ၊ ကျောင်းဝတ်စုံ ၇၄ စုံ ၊ ကျောပိုးအိတ် ၁၉ လုံး ၊ ထီး ၂၅ လက် ၊ မိုးကာ ၄၁စုံ ၊ ဖိနပ် ၁၇ ရံ ၊ ဦးထုပ် ၇ လုံး နှင်. ကျောင်းတွင်အသုံးပြုရန် ဘောပင် ၁၂၀ တို.အား တစ်ဦးချင်းစီ လှုဒါန်းပေးခဲ့ပါသည် ။ ထို.နောက်ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ၁၀နာရီ ၂၀ ခန်.တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည် ။



 ထို.နောက် ၀ါးခယ်မအရှေ.ပိုင်းရှိ  လှေကျင်း မူလတန်းလွန် ကျောင်း သို..ရောက်သောအခါ နေ.လည် ၁၂နာရီခွဲခန်.ရှိပြီဖြစ်ပါသည် ။ ထိုကျောင်းသည် ၀ါးခယ်မမြို. အရှေ.ပိုင်း အဖျားတွင် တည်ရှိပြီး သူငယ်တန်းမှ ဆဋ္ဌမတန်းအထိကျောင်းသား/သူပေါင်း ၃၁၉ ဦး တက်ရောက်ပညာသင်ကြားနေပါသည် ။ ပြီးခဲ့သော အစိုးရစစ် စတုတ္ထတန်း စာမေးပွဲတွင် ၈၅ % ခန်. ကျွတ်လွတ်စွာအောင်မြင်ခဲ့သော ကျောင်းလည်းဖြစ်ပါသည် ။ ထို.နေ.က အခမ်းအနားသို.ချို.တဲ့ကျောင်းသူ/သား အားလုံးနှင်. အတန်းကြီးပိုင်း အားလုံးနီးပါးတက်ရောက်ပေးခဲ့ပါသည် ။

အခမ်းအနားအစတွင် အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်မှ Collector တစ်ဦးက အဖွဲ.အကြောင်း ၊ စုဆောင်းရပုံ ၊ လှုဒါန်းဖြစ်ခြင်း တို.ကိုရှင်းလင်းပြောကြားပြီး ယခုကျောင်းသူ/သားများအနေဖြင်.လည်း မိမိတို.တတ်နိုင်သည်.အရွယ်တွင် မိမိတို.ကျောင်း /မိမိတို.မြို. / မိမိတို.ပတ်ဝန်းကျင်အား ကောင်းစွာ အကျိုးပြုရန် ၊ မိဘများအားဂရုစိုက်ပြုစု၍ စိတ်ချမ်းသာစေရန် ၊ ပညာအား ထူးချွန်စွာတတ်မြောက်စေရေး ကြိုးစားရန် ပြောကြားရာ ကျောင်းသူ/သားတို.မှ တက်ကြွစွာ တုန်.ပြန် ဂတိပေးခဲ့ကြပါသည် ။

ထို.နောက် ချို.တဲ့ကလေးငယ်များအတွက် ထီး / ဖိနပ် / မိုးကာ / ကျောင်းဝတ်စုံ တို.နှင်. ကျောင်းသူ/သား အားလုံးအတွက် ဗလာစာအုပ် / ဘောပင် / ခဲဆန်ဘောပင် /ခဲဆန်ဘူး / ခဲတံ တို.ကို ကျောင်းအုပ်ဆရာမကြီးမှတစ်ဆင်. ပေးအပ်လှုဒါန်းခဲ့ပါသည် ။အခမ်းအနားအပြီးတွင် ကျောင်းသား/သူများမှ အလှုရှင်အားလုံးအား ဆုတောင်းမေတ္တာပို.သခဲ့ပါသည် ။
ထိုကျောင်းသို. ထီး ၁၇ လက် ၊ ဖိနပ် ၁၁ ရံ ၊ မိုးကာ ၈စုံ ၊ ကျောင်းဝတ်စုံ ၂၅ စုံ ၊ ဦးထုပ် ၁၈ လုံး ၊ ဘောပင်ထည်.အိတ် ၂၆ အိတ် ၊ ခဲတံ ၂၄ ဒါဇင် ၊ ခဲဆံဘောပင် ၃၆ ဒါဇင်ခွဲ ၊ ခဲဆံဘူး ၃၆ ဒါဇင်ခွဲ ၊ ဘောပင် ၆၉ ဒါဇင် ၊ ဗလာစာအုပ် ၆၆ ဒါဇင်ခွဲ ၊ ကျောင်းအတွက် ဘောပင် ၁၀ ဒါဇင် တို.လှုဒါန်းနိုင်ခဲ့ပါသည် ။



ထို.နောက်ဆက်လကိထွက်ခွာခဲ့ကြရာ ၀ါးခယ်မအရှေ.ပိုင်း ပရဟိတကျောင်းသို. မွန်းလွဲ ၁နာရီ ခွဲခန်. တွင်ရောက်ရှိခဲ့ကြပါသည် ။ ဆရာတော်.ထံ Collector များမှ ကျောင်းရှိ ပရဟိတကလေးငယ် ၅၀ ခန်.အတွက် နေ.လည်စာ နှင်. ပရဟိတကျောင်းရှိ အလယ်တန်းကျောင်းသား /သူ ၂၂ ဦးတို.အတွက် ကျောင်းဝတ်စုံများ လှုဒါန်းခဲ့ကြပါသည် ။ ထို.အပြင် အလှုရှင် ၀ါးခယ်မသခင်သိန်းဖေ လှုဒါန်းထားသော ယခုနှစ် စတင်ဖွင်.လှစ်သည်. ကျောင်းဝင်းအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆိုင်ရာ ကိစ္စရပ်များအား ဆရာတော်နှင်. တိုင်ပင်ပြီး SS Avenue အနေဖြင်. ထိုကျောင်းရှိ သူငယ်တန်း မှ စတုတ္ထတန်းအထိ ကလေးငယ်များအတွက် အတန်းတင်စာမေးပွဲတွင် ပထမ၊ ဒုတိယ ၊ တတိယ ရသူများအား ( အခြားတာဝန်ယူသူများမပေါ်ပေါက်မှီ အနည်းဆုံး ၃နှစ် ) တာဝန်ယူဆုချီးမြှင်.ပေးရန် အဆိုပြု ညှိုနှိုင်း ခဲ့ပြီး ဆရာတော်မှလည်း သဘောတူခဲ့ပါသည် ။


SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) အဖွဲ. ၏ Educational Supporting Program 2015 အရ   လှုဒါန်းမှု အစီအစဉ်များ၏ စတုတ္ထမြောက် ကျောင်းအဖြစ် သဲကုန်း ကျေးရွာ အမက သို. မွန်းလွဲ ၃နာရီခန်.တွင် ရောက်ရှိခဲ့ကြပါသည် ။ရောက်ရောက်ချင်း ကလေးငယ်များ နှင်. တက်ရောက်လာသူများအား မုန်.များ လိုက်လံဝေငှပါသည် ။


 ရောက်ရှိခဲ့သော ကျောင်းများအနက် ယခုကျောင်းလေးတွင်မူ အခမ်းအနား တစ်ရပ်အသွင် စနစ်တကျပြင်ဆင်ထားသည်ကိုတွေ.ရှိရပါသည် ။ အခမ်းအနားမှုး အဖြစ် ဆောင်ရွက်သော ဆရာမလေး ၂ ဦးက အခမ်းအနားအစီအစဉ် ဖတ်ကြားခြင်း ၊ အခမ်းအနားဖွင်.လှစ်ခြင်း ၊ SS Avenue မှ Collector တစ်ဦးက ရှေ.ပိုင်းအစီအစဉ်များ အချိန်အနည်းငယ်ပိုသွားသည်.အတွက် မိမိတို.ရောက်ရှိချိန်နောက်ကျရသဖြင်. ကလေးငယ်များအားတောင်းပန်ပါကြောင်း အရင်ဆုံးပြောကြားပြီး အဖွဲ.အကြောင်း ၊ လှုဒါန်းရန်စုဆောင်းရပုံများ ၊ ကလေးငယ်များ ပညာတတ်များဖြစ်အောင်ကြိုးစားရန် လိုအပ်ပုံ နှင်. နောင်တွင် မိမိတို.ရပ်ရွာ /ကျောင်း / မြို.အတွက် မိမိတို.တွင်မဖြစ်မနေ လုပ်ဆောင်ပေး၇န် တာဝန်ရှိပုံ တို.ကိုပြောကြားပြီးနောက် လှုဒါန်းမှု အစီအစဉ် စတင်ခဲ့ပါသည် ။ အလှုရှင်များ နှင်. အဖွဲ.ကိုယ်စား ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအောင် မှ ကလေးငယ်များအား တစ်ဦးချင်းစီ ပေးအပ်ပါသည် ။ထို.နောက် Collector တစ်ဦးမှ ကျောင်းအုပ်ဆရာမကြီးထံ ကျောင်းတွင်အသုံးပြုရန် ဘောပင် ၁၀ ဒါဇင် လှုဒါန်းခဲ့ပါသည် ။

ထို.နောက်ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် “ မိမိဤကျောင်းသို.တာဝန်ကျသည်.အချိန်မှစ၍ ကလေးငယ်များ ထီး ၊ ဖိနပ် ၊ မိုးကာ စသည်တို. ဆောင်ကြပါရန်ပြောသော်လည်း မိဘများကိုယ်တိုင်က ၀ယ်မပေးနိုင်သဖြင်. မိမိကိုယ်တိုင်လည်း မတတ်နိုင်ပဲ စိတ်မကောင်းသာ ဖြစ်ရကြောင်း ၊ ယခုကဲ့သို. ပြည်.ပြည်.စုံစုံ လှုဒါန်းမှုမျိုး မြင်ရသောကြောင်. မျက်ရည်ကျမတတ်ပိတိဖြစ်ရပါကြောင်း ၊အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ.နှင်. အလှုရှင်များကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း.” ပြောကြားခဲ့ပါသည် ။
ထို.နောက်ကလေးငယ်များက အလှုရှင်များအားဆုတောင်းမေတ္တာပို.သပြီး နှုတ်ဆက်ခဲ့ကြပါသည် ။

အခမ်းအနားအပြီးတွင် ထိုအခမ်းအနားသို.တက်လာသော ကျေးရွာ အုပ်ချုပ်ရေးမှုး ကလည်း အဖွဲ.ကိုကျေးဇူးအထူးတင်ပါကြောင်း မိမိတို.ရွာလေးသည် အိမ်ခြေ ၆၀ ခန်.အနက် ၂၅% ခန်.သာ ကိုယ်ပိုင်လယ်လုပ်ငန်းရှိသဖြင်. ချို.တဲ့ပါကြောင်း ၊ နောက်နောင်လည်း ယခုလိုလာရောက်လှုဒါန်းနိုင်ပါစေကြောင်း ပြောကြားခဲ့ပါသည်။
ထိုကျောင်းလေးတွင် ကျောင်းသား/သူပေါင်း ၅၇ ဦး ရှိပြီး ထိုနေ.က လှုဒါန်းနိုင်ခဲ့မှု မှာ မိုးကာ ၂၁ စုံ ၊ ဖိနပ် ၂၉ ရံ ၊ ကျောင်းဝတ်စုံ ၁၂ စုံ ၊ ဦးထုပ် ၅၇ လုံး ၊ ခဲတံ ၈ဒါဇင် ၊ ခဲဖျက် ၂ဒါဇင် ၊ ပေတံ ၂ဒါဇင် ၊ ခဲဆန်ဘောပင် ၂၄ ဒါဇင်ခွဲ ၊ ခဲဆန်ဘူး ၁၄ ဒါဇင်၊ ဗလာစာအုပ် ၅၀ ဒါဇင် နှင်. ကျောင်းအတွက် ဘောပင် ၁၀ ဒါဇင်တို. ဖြစ်ပါသည် ။



အဖွဲ. ၏ Educational Supporting Program 2015 အရ  ပြုလုပ်ခဲ့သော လှုဒါန်းမှု အစီအစဉ်များ အနက် ပဉ္စမမြောက်အဖြစ် ပညာအလင်း လူငယ်.ရေးရာညကျောင်း အားရွေးချယ်ခဲ့ပါသည် ။

ထိုသို.ရွေးချယ်ရခြင်းမှာ  ထိုကျောင်းကို လူငယ်များဦးစီးလျှက် ယခုနှစ်မှ စတင်ဖွင်.လှစ်ခဲ့သော ကျောင်းဖြစ်ခြင်း ၊ ကျောင်း၏ဦးတည်ချက် နှင်. လုပ်ငန်းစဉ်များဖြစ်သော   မြို့နယ် အတွင်းရှိ လူငယ်လူရွယ်များကို အသိပညာ အတတ်ပညာ ကောင်းမွန်သော ကိုယ်ကျင့်တရားတို့နှင့် ပေါင်းစပ်၍ စွမ်းအားမြင့် လူ့အရင်း အမြစ်များ အဖြစ် ပြုစုပျိုးထောင်ပေးရန်  နှင်.၁။ တက္ကသိုလ် ၀င်တန်းဖြေဆိုမည် ကျောင်းသားကျောင်းသူများ (အထူးသဖြင့် ဆင်းရဲချို့တဲ့သူများ) အားလုံး လက်လှမ်းမီနိုင်သော ပညာရေး ကျောင်းကို ရုံးချိန် အလုပ်ချိန် ပြင်ပတွင် ဖွင့်လှစ်ပေးရန်၂။ စည်းကမ်းတကျ နေထိုင်တတ်ရန်နှင့် အသင်းအဖွဲ့ဖြင့် ဆောင်ရွက် တတ်ရန် လေ့ကျင့်ပေးရန်၃။ ကောင်းမွန်သည့် ကိုယ်ကျင့်တရားနှင့် အလေ့အကျင့်များ ရရှိနိုင်စေရေး မွေးမြူထိန်းကျောင်းပေးရန်၎။ စိတ်ဓါတ်ခွန်အားနည်းသော ကျောင်းသားကျောင်းသူများကို စိတ်ဓါတ် မြှင့်တင်ရေး ဆောင်ရွက်ပေးရန်  စသည်တို.ကိုသဘောတူ လက်ခံခြင်းတို.ကြောင်. ဖြစ်ပါသည်

ထိုသင်တန်းကို  ၂၀၁၅ ဇူလိုင်လ  ၂၃ ရက် ကြာသပတေးနေ့ ညနေ ၅း၃၀ နာရီ အချိန်တွင် ဈေးရပ်ကွက် မူလတန်းကျောင်း၌ ဖွင်.ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားတွင်ပင် SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) အဖွဲ.ကိုယ်စား Donor တစ်ဦးဖြစ်သော ဦးစိုးသီဟ မှ သင်ကြားရေးဆိုင်ရာ နှင်. စတင်ဖွဲ..တည်ခြင်းဆိုင်ရာ လိုအပ်ချက်များအတွက် အလှုငွေ ကျပ်တစ်သိန်း နှင်.ကျောင်းသား/သူ များအတွက် ဘောပင် အချောင်း ၂၂၀ - ခဲဆံဘောပင် ၂၄ ချောင်းအား လှုဒါန်းခဲ့ရာ ပညာအလင်း လူငယ်.ရေးရာညကျောင်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခိုင်ဇော်မှ လက်ခံရယူပေးခဲ့ပါသည် ။

တက္ကသိုလ်ဝင်တန်း ပြင်ပဖြေကျောင်းသား များအတွက်အထောက်အကူကောင်းဖြစ်သော ၊အကြောင်းကြောင်းကြောင်. ကျုရှင်မယူဖြစ်ခဲ့ကြသော ကျောင်းသား/သူများအတွက် အစီအစဉ်ကောင်းဖြစ်သော ၊ မြို.နယ် အောင်ချက်အတွက် အထောက်အပံ.ကောင်းတစ်ခုဖြစ်လာနိုင်သော ဤပညာရေူး လုပ်ငန်းအတွက် SS Avenue of WKA အနေဖြင်. လှုဒါန်းခွင်.ရရှိခြင်းအား အထူးကျေနပ်အားရမိပါသည် ။ ဤသင်တန်းသည်လည်း အောင်မြင်စွာဖြင်. ရာသက်ပန် တည်တံ.နိုင်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည် ။



အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ. ( SS Avenue of WKA ) အနေဖြင်. ဘဲချောင်း-ချောင်းဖျား အမက သို.လှုဒါန်းမှုအပြီးတွင် ဘဲချောင်း-မြို.မ ကျေးရွာရှိ လူထုရှင်းသန်.အဖွဲ.၏ ကွန်ပြူတာသင်တန်း ၊ စက်ချုပ်သင်တန်း ၊ အင်္ဂလိပ် စကားပြောသင်တန်းများ ဖွင်.ပွဲသို. လည်းတက်ရောက်ခဲ့ပါသည် ။ ထိုအခမ်းအနားအပြီးတွင် အဖွဲ.၏ Founder ဖြစ်သူ ကိုရှင်းသန်. မှ အဇွဲ.စတင်တည်ထောင်ဖြစ်ပုံ ၊ လက်ရှိ လုပ်ဆောင်နေမှု ၊ ယခုဖွင်.လှစ်သော သင်တန်းအခြေအနေ ၊ နောင်ဆက်လက် လုပ်ဆောင်မည်. လုပ်ငန်းစဉ်များ အကြောင်း အသေးစိပ်ရှင်းလင်းပြောကြားခဲ့ပါသည် ။ ( ထိုအဖွဲ. အကြောင်းကို အလျဉ်းသင်.ချိန်တွင် သီးခြားရေးသားတင်ပြပါမည် ) ။ ထိုအသင်း၏ဆောင်ပုဒ်မှာ စိတ်ဓါတ်မြှင်.ပေး ပညာတက်ရေး - လူမျိုးဘာသာ အတန်းအစားမရွေး - ဒို.တွေအားလုံး ၀ိုင်းကူပေး ဖြစ်ပြီး ထိုနေ.က သင်တန်းများသို.သင်တန်းသား/သူ ၅၀ ခန်.တက်ရောက်ခဲ့ ပြီး အခမဲ့ ပညာဒါန သင်တန်း ဖြစ်ကြောင်းသိရှိရပါသည် ။ မြောင်းမြဇာတိဖွား ဖြစ်သော်ငြား မိမိတို.မြို.လေး၏ ဒေသတစ်ခုတွင် စတင်၍ ယခုကဲ့သို. လုပ်ငန်းမျိုးကို လာရောက်လုပ်ကိုင်ဖြစ်ခဲ့ခြင်း အတွက်ကိုထက်အောင် ( ခ ) ကိုရှင်းသန်. ( လူထုရှင်းသန်.ပညာရေး နှင်. လူငယ်များ စိတ်ဓါတ်မြှင်.တင်ရေး ကူညီမှုအသင်း တည်ထောင်သူ ) အား ကျေးဇူးတင်ရှိ ရပါသည် ။

 

ယခု Educational Supporting Program 2015 ၏ နှစ်ဦးအစီအစဉ်အရ ( အလှုရှင်များ ၊ Collector များ ၊ ပူးပေါင်းဆောင်ရွက်သူများ၏စုပေါင်းအားဖြင်. ) လှုဒါန်းနိုင်ခဲ့မှုများမှာ ကျောင်း ၅ကျောင်းမှ ကျောင်းသား/သူပေါင်း ၅၂၂ ဦးတို.အတွက်  ကျောင်းဝတ်စုံ - ၁၃၃စုံ ၊ ထီး - ၄၂ လက်  ၊ မိုးကာ - အစုံ ၇၀ ၊ ဖိနပ် - ၅၂ ရံ  ၊ ကျောပိုးအိတ် - ၁၉ လုံး  ၊ ဦးထုပ် - ၈၂ လုံး ၊ ဘောပင်ထည်.အိတ် - ၂၆အိတ် ၊ ပေတံ - ၂၄ချောင်း၊ ခဲဖျက် - ၂၄ ခု ၊ ခဲတံ - ၃၈၄ ချောင်း ( ၃၂ ဒါဇင် ) ၊ ခဲဆန်ဘောပင် -  ၇၅၆ ချောင်း ( ၆၃ဒါဇင် ) ၊ ခဲဆန်ဘူး - ၆၀၆ ဘူး ( ၅၀.၅ ဒါဇင် ) ၊ ဘောပင် - ၁၄၀၈ ချောင်း ( ၁၁၇ ဒါဇင် ) ၊ ဗလာစာအုပ် - ၁၄၀၄ အုပ် ( ၁၁၇ ဒါဇင် ) ၊  ကျောင်းသား/သူ ငယ်များအား မုန်.အခုရေ ၂၀၀ ကျော်ခန်. ၊ ပရဟိတကလေးငယ်များအတွက် နေ.လည်စာ တစ်နပ် ၊ လူငယ်.ရေးရာ ညကျောင်းအတွက် အလှုငွေ တစ်သိန်း တို. လှုဒါန်းနိုင်ခဲ့ပြီး ပရဟိတကျောင်းဝင်းအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ သူငယ်တန်းမှ စတုတ္ထတန်းအထိ ဆုချီးမြှင်.ရေးဆိုင်ရာ ကိစ္စရပ်ကို အနည်းဆုံး ၃ နှစ်တာဝန်ယူရန် သဘောတူညီနိုင်ခဲ့ပါသည် ။

Secluded Serene Avenue of WKA – SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ. ) အနေဖြင်. ၂၀၁၂ ခုနှစ်တွင် လှုဒါန်းမှုများစတင်ပြုလုပ်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် ပညာရေးကိုသာ အားစိုက်လျှက် Educational Supporting Program များဖြင်. နှစ်စဉ်လှုဒါန်းနိုင်ခဲ့ခြင်းများမှာ စေတနာထက်သန်စွာ လှုဒါန်းပေးနေကြသူများ ၊ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးနေကြသူများ ကြောင်.သာ အောင်မြင်နေခဲ့ခြင်း ဖြစ်ပါသည် ။ ထိုသို. ပူးပေါင်းဆောင်ရွက်လှုဒါန်းမှုများအတွက်လည်း အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ. အနေဖြင်.အထူးကျေးဇူးတင်ရှိရပါသည် ။


ဓါတ်ပုံများကို အောက်ပါ Link များတွင်ကြည်.ရှု နိုင်ပါသည် ။









ဆက်စပ် Post များ














No comments:

Post a Comment