Friday, July 17, 2015

ကွန်လုံ မှသည် လောက်ကိုင်ဆီသို့ ( ဃ ) - Starshinester







ကွန်လုံနဲ့မတူတော့ပြီ


ကွန်လုံတိုက်ပွဲကာလ လွယ်မန်ခါးတောင်ရှိမိမိတပ်ဖွဲ့များကိုဖုန်ကြားရှင်တပ်တွေက၀ိုင်းတိုက်ချိန်မှာ ကွန်လုံကစစ်ကူ တက်လာတဲ့စစ်ကြောင်းဟာ လက်နက်ကြီးပစ်ကူလဲမပြည့်စုံ၊ T.33 တွေရဲ့လေကြောင်းပစ်ကူကလဲ တောင်စွယ်တွေကြားမှာ လှိုင်ခေါင်းတူးထားတဲ့ ဗကပတွေကိုထိရောက်အောင်မတိုက်နိုင်တာကြောင့် တပ်လန်ကျခဲ့ရပေမဲ့ လောက်ကိုင်စစ်ပွဲမှာတော့ ၁၀၅၊၁၂၀၊၁၅၅ အမြောက်ကြီး.၇၀၊ယဉ်တင်သံချပ်ကာအမြောက်ကြီးတွေရဲ့ပစ်အား၊K.8 နှင့် နျူးကလီးယားဗုံးအထိသယ်ယူနိုင်တဲ့ စက်၂လုံးတပ်နည်းဗျူဟာဗုံးကြဲလေယဉ်A.5 တွေကကြဲချတဲ့.ပေါင်၅၀၀၊ပေါင်၇၅၀ ဗုံးတွေ ရဲ့ဒဏ်ကိုတော့မခံနိုင်ပါဘူး၊

ပြောစရာရှိတာက.နယ်စပ်မျဉ်းနဲ့နီးကပ်လွန်းလို့ထိမ်းချုပ်တိုက်နေရခြင်းဘဲဖြစ်ပြီး တရုပ်ရဲ့ နယ်စပ်အနီးလာချထားတဲ့ ကြားဖြတိတိုက်လေယဉ်တွေကို ယှဉ်နိုင်တဲ့ မိမိတို့ရဲ့ေ၀၀င်စီးချင်းထိုးမှာ နာမည်ရပြီးဖြစ်တဲ့ MIG.29 တွေရှိနေခြင်းဘဲဖြစ်ပါတယ်။ ထို့အတူ ကွန်လုံမှာ မိမိတပ်များကို ရန်သူက သိန္နီ ကွန်လုံလမ်းကနေ အင်အား၁၂၀၀ မှ ၁၅၀၀ ဖြင့် ဖြတိတောက်ပိတိဆို့ထားလို့ စစ်ကူဝင်မရ၊တနိပြန်တိုက်စစ်ဆင်ဖို့ ရက်၄၀ လောက်ကြာမြင့်ခဲ့ပေမဲ့ လောက်ကိုင်တပ်ပွဲမှာတော့ တပါတ်အတွင်းရန်သုထိုးစစ်ကို ရိုက်ချိုးပြီး တနိပြန်ထိုးစစ်ဆင်နိုင်ခဲ့သည့်အပြင် အရှေ့မြောက်စစ်နယ်အ၀ှမ်းကို နာရီ ၅၀ မှ၈၀ အတွင်းပိတိဆို့ဖြတ်တောက်ထားနိုင်တာကိုကြည့်လျှင် ခင်ဗျားတို့အပုတ်ချနေတဲ့တပ်မတော်ကြီး တကယ်ဘဲအရည်အသွေးနိမ့်သွားပြီလားဆိုတာကို မှန်းဆလို့ရနိုင်ကောင်းပါ၏ ထို့ပြင် ရန်သူက လက်နက်လူကို တရုပ်ဖက်မှ ကားများဖြင့် လိုသလောက်စုပုံရရှိနေစဉ် မိမိတပ်ဖွဲ့များကလည်း အမြောက်နဘေး၊ထိကျည်ဆံစုပုံခြင်း လူ၊ရိက္ခာ ၊နှင့်ကျည်ဆံလိုအပ်သောထောက်ပံ့မှု့မှန်သမျှ MI.17 အလတိစားရဟတ်ယဉ်များဖြင့် သယ်ပို့ပေးနိုင်ခြင်း၊လှူပ်ရှားရလွယ်သော လူသယ်သံချပ်ကာများ အသုံးပြုနိုင်ခြင်းသည်လည်စစ်သည်များကို စိတိဓာတ်တက်ကြွမြင့်မားစေခဲ့သည်။

ဤ နေရာ၌ အလျှင်အမြန်ဝင်ရောက်ကယ်တင်ခဲ့သည့် စကခ.၁၆ အကြောင်းအနည်းငယ်တင်ပြမှ ပြည့်စုံပေလိမ့်မည်၊ ဖုန်ကြားရှင် ဗကပ ဘ၀ကတည်းက ကွန်လုံ၊ဒေသ ချူးရွှေ ပန်ကောက် မိုင်းယောင်း မိုင်းယန်းဒေသ များအပြင်အထက်ဖက် ကုန်းကြမ်းလောက်ကိုင်ဒေသများအထိ ဗကပတို့ ခြေခြင်းလိမ်အောင်တိုက်စစ်ဆင်ခဲ့ရာဒေသဖြစ်သည် ၊ဗကပပြိုကွဲသွားသော်လည်း အပြီးအပိုင်ငြိမ်းချမ်းသွားသည်မဟုတ် ၊ ထို့ကြောင့် တပ်မတော်ခေါင်းဆောင်များက အချက်အချာကျသော မူဆယ်ကွန်လုံလမ်းခွဲကိုခွထိုင်ထားသောစကခ.၁၆ တပ်မတခုကို ၁၉၉၀ ပြည့်လွန်နှစ်များကစတင်ဖွဲ့စည်းခဲ့သလို အချေချ တိုက်ခိုက်ရေးတပ်ရင်းကြီး ၁၀ရင်းနှင့် နှင့် လက်ရုံးတပ်များကို သန္နီလားရှိုး တ၀ိုက်မှာ ဖြန့်ခွဲအချေချ စေခဲ့သည်၊ စစ်ရေးအမြင်ဆိုသည်မှာ ဒါကိုခေါ်တာဘဲဖြစ်သည်၊ပြည်ပကျူးကျော်စစ်ဖြစ်ခဲ့လျှင်လဲ ထိုတပ်များသည်ရန်သူအတွင်းပိုင်းမ၀င်နိုင်အောင် အသေခံဟန့်စစ်ဆင်ကာ၊ ပြည်သု့စစ်မဟာဗျူဟာကိုခင်းကျင်းနိုင်ဖို့အချိန်ရရန်ရည်ရွယ်ထားခဲ့ပေသည်
၊လောက်ကိုင်ကို ဖုန်ကြားရှင်တပ်များဝင်တိုက်ပြီကိုကကကြည်းမှ သတင်းပို့ချက်ရသည်နှင့် စကခ.၁၆ အား မည်သည့် တပ်ရင်းဌာချုပ်ကိုမှ ရန်သူမသိမ်းပိုက်စေရ န်ကာကွယ်ရမည်ဟုသော၊အမိနိ့နှင့်အတူ လမိးကြောင်း၂ သွယ်မှ လောက်ကိုင်ကို ၈နာရီအတွင်း ချီတက်ပြီးစစ်ကူပေးနိုင်ခဲ့ခြင်းဖြစ်သည်။လျှင်မြနိစွာချီတက်နိုင်မှု့ကပင်လျှင် ဖုန်ကြားရှင်၏ ပထမစစ်ဆင်ရေး ရည်မှန်းချက်ကိုပျက်ပြားစေခဲ့ခြင်းဖြစ်ပါတော့သည်။




တိုးတက်လာသောဗကပလက်ဟောင်းကြီး


ဖုန်ကြား ရှင်သည် အသက်၁၈ နှစ်သားဘ၀ကတဲက ဂျင်မီယန်း၏ ကိုးကန့်ကာကွယ်ရေးအဖွဲ့သို့ဝင်ရောက်ခဲ့သူ၊ တောခိုရာတွင်လည်းအတူလိုက်ပါခဲ့သူ၊ဗကပတို့နှင့်ပူးပေါင်း၍ စစ်ရေးတာဝန်ခံ ၊ဗဟိုပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဖြစ်သည်အထိ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲကြီးပေါင်းများစွာနွှဲခဲ့သူ စစ်ရေ၀ နေသော ဗကပလက်ဟောင်းကြီးလဲဖြစ်သည်။ အများအားဖြင့်ဗကပ ဗျူဟာများသည် ပြောင်းလွယ်ပြင်လွယ်မရှိလှ ရည်.မှနိးချက်ပျက်လျှင် ၊စစ်မြေပြင်ကိုစွန်ခွာ၍ မိမိတို့၏ အမာခံစခန်းများဆီသို့ဆုတ်ခွာတတ်သည်ကို ကွန်လုံ မိုင်းယနိ၊ချူးရွှေ၊စီစီဝမ်တာပန်၊ တိုက်ပွဲကြီးများ၌ မြင်တွေ့ခဲ့ရပြီးဖြစ်ပေလိမ့်မည်။ယခုတကြိမ်တွင် နောက်ကဆရာကြီးများကစစ်ရေး Plan ကိုသေချာဆွဲပေးခဲ့ဟန်ရှိ၏ ထို့ကြောင့် plan.B ၊plan.C ကို ဆက်လက်အကောင်အထည်ဖေါ်သည်။ ထုနှင်ထယ်နှင့်မတိုက်တော့ဘဲ၊ မြို့တွင်းပျောက်ကျားအသွင်သို့ကူးပြောင်းကာ မြို့တွင်းပျောက်ကြားစစ်ဖြင့်တိုက်သည်။ ဂျင်းဘောင်းဘီအပြာဝတ်ဆင်ထားတတ်သော သူများက၊လောက်ကိုင်မြို့တွင်းရှိအိမ်များတွင် ခိုအောင်းပြီး ပျောက်ကြားနည်းဖြင့်တိုက်သကဲ့သို့ မြို့ပြင် ကြံတောများအတွင်းမှ တရုပ်လုပ် မီတာ၁၅၀၀ အကွာထိပစ်ခတ်နိုင်သောtype.99 အမျိုးအစားအဝေးပစ်သံချပ်ကာဖောက်စနိုက်ပါများဖြင့်တိုက်သည်။ ဆေးရုံ နှင့်အရပ်ဖက်ယဉ်တန်းများပါမချန် တိုက်ခိုက်ခြင်းခံရသလို တပ်မတော်အရာရှိတချို့ကျဆုံးခဲ့ရသည်။ (အီရပ်စစ်ပွဲနှင့် ဘလက်ဟော့ဒေါင်း ရုပ်ရှင်ကားများ၊ကျနော်တင်ပြခဲ့သော ၁၅၀၁ ယောက်မြောက်စစ်သည်တော်ဝေဖြိုးလွင် အကြောင်းများကြည့်ဖူးဖတ်ဖူးသူတို့ မြို့တွင်းတိုက်ပွဲအကြောင်းကောင်းစွာသိမြင်နိုင်ပါလိမ့်မည်)၊ အိမ်တချို့ကို မီးရှို့၍ မီးငြိမ်းသတ်မည့်တပ်မတော်သားများကို ပစ်ခတ်သတ်ဖြတ်ဖို့အထိကြံစည်သည်၊ ထို့ကြောင့်တပ်မတော်ကလည်းနည်းဗျူဟာစစ်ပွဲအသွင်သို့ကူးပြောင်းကာ မြို့တွင်းသုံးသပ်ချပ်ကာယဉ်များ၊ဖြင့်ကင်းလှည့်သည်၊တအိမ်တက်ဆင်းပိုက်စိတိတိုက်ရှင်းရသည်။ စနိုက်ပါကို စနိုက်ပါချင်းရင်ဆိုင်ရသည်။ မြို့ပြင်ကြံတောများကို ရန်သူမနေနိုင်အောင်မီးတို့၍ ထွက်လာသောကြွက်များကိုရှင်းသလိုရှင်းပစ်သည် ။ ကြာတော့လည်းကြွက်များမနေနိုင်တော့၊ ဒုတိယပျောက်ကျားဗျူဟာ ဖြင့်တိုက်နေစဉ် ဖုံကြားရှင်သည်အလွယ်တကူဆုတ်ခွာမသွားဘဲ Plan.C ကိုတဖြေးဖြေးကူးပြောင်းရန် အချိန် ယူခြင်းမျှသာဖြစ်ပြီး Plan.Cအရ တရုပ်နယ်စပ်စည်းနှင့်နီးသော ပေ၆၀၀၀ ကျော်၇၀၀၀ မြင့်သည့် တောင်ကုန်းများတွင် အခိုင်အမာခံစစ်ပြင် ၊ထောက်ပို့ကိုသေချာပြင်ဆင်ပြီး တပ်မတော်ကိုတိုက်ရန်ပြင်ဆင်တော့သည်။ဤကား ဗကပလက်ထက်တိုက်ပွဲကြီးများနှင့်မတူသော ဆရာကြီးများ၏ ဗျူဟာအပြောင်းအလဲများဖြစ်တော့သည်။




ဗကပလက်ဟောင်းကိုဗကပဗျူဟာဖြင့် တိုက်ခြင်း


ဗကပတို့တွင် ဗျူဟာတရပ်ရှိခဲ့သည်၊ယင်းဗျူဟာမှာ ရေရှိလျှင်ငါးရှိရမည်၊ပြည်သူရှိလျှင်ဗကပရှိရမည်ဟုဆိုလို
သည်။ထို့ကြောင့် ဗကပခေတ်ကတန်ပြန်ဗျူဟာတခုကိုချမှတ်ခဲ့သည်၊ ရေရှိလျင်ငါးရှိရမည် ဆိုလျှင် ငါးမရှိအောင်ရေကိုပက်ထုတ်ပစ်ရမည်၊ရေမရှိလျှင်ငါးတို့အသက်မရှင်နိုင် ထို့ကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင်ဗကပနှင့်ပြည်သုကိုခွဲခြားသောဖြတ်လေးဖြတ်စနစ်ကြောင့်
ဗကပတို့ချုပ်ငြိမ်း
သွားခဲ့သည်။ လောက်ကိုင်တွင်လဲ ရေနှင့်ငါးခွဲခြားရမည်၊ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်
သဖြင့်ရနိသူသည် ညတိုက်ပွဲမဆင်နိုင်၊ ကြံခင်းထဲပုံး၍ပစ်ခတ်နေသူများကို ၊ ရေနှင့်တူသောကြံခင်းများကိုမီးရှို့လိုက်သဖြင့်ငါးနှင့်တူသော စနိုက်ပါသမားများမနေနိုင်တော့
 ပေ ရံဖနိရံခါ တန်ပြန်နည်းဗျူဟာများသုံးရပုံကိုအရာရှိငယ်များအတွက်တင်ပြခြင်းမျှသာဖြစ်သည်။


တတိယမဟာဗျူကိုရှင်းလင်းခြင်း


ကိုးကန့်ဒေသတိုက်ပွဲများအတွင်း ဖုန်ကြားရှင်၏ တတိယမဟာဗျူဟာကို ရှင်းလင်းသုတ်သင်ရသည်မှာအခက်ခဲဆုံး ၊အကြမ်းတမ်းဆုံးဟု ပြောနိုင်ပါသည် ။ ရနိသူ၌ အသာစီးရနိုင်သောအချက်၃ချက်ရှိနေသည်။
၁။ နယ်စပ်မျဉ်းနှင့်ကပ်နေသဖြင့် တပ်မတော်မှ ပစ်အားထ်ီမ်းချုပ်နေရခြင်း
၂။ မြေအနေအထားအရ ကုနိးမြင့်နှင့် မြေပြန့်ဖြစ်နေခြင်း
၃။ တရုပ်နယ်စပ်မှ အုပ်ချုပ်ထောက်ပံ့မှု ကိုလိုသလောက်ရနေခြင်းပင်ဖြစ်သည်။




တပ်မတော်၏အားသာချက်


၁။ဖုန်ကြားရှင်တပ်အများစုမှာ ကိုးကန့်တရုပ်များဖြစ်ပြီး တရုပ်ပြည်မှ တဦးလျှင် ယွမ်တသောင်းဖြင့်စုဆောင်းထားသော ကြေးစားတပ်များ၊ အပျော်တန်းတပ်များသာဖြစ်ပြီး ခံယူချက်၊ယုံကြည်ချက်ရှိသူများမဟုတ်ခြင်း။
၂။ တိုက်ရည်ခိုက်ရည်ဇွဲသတ္တိနှင့် ယုံကြည်ချက်ခိုင်မာသောတပ်မတော်ဖြစ်ခြင်း
၃။ အခြားစစ်ပွဲများနှင့် မတူတိုက်ခိုက်ရေးတပ်များအတွက် လူလက်နက်ရိက္ခာ ကျည်ကို ရှေ့တန်းအရောက်အလျှင်အမြန်ထောက်ပံ့ပေးနိုင်ခြင်း
၎။ ပြည်သူတို့၏ အားပေးထောက်ခံမှူးများအပြည့်အ၀ ရနေခြင်းပင်ဖြစ်သည်။နေ၀န်းနီတံဆိပ်များသည်၊ ရှေ့တန်းရောက်တပ်မတော်သားများအ
တွက်အားဆေး
သဖွယ်ဖြစ်နေခြင်းနှင့် ပြည်သူတို့၏အားပေးကူညီမှု့များကြောင့်ရန်သူကိုတိုက်လိုခိုက်လို
စိတ်ပျင်းပြနေုခြင်းပင်ဖြစ်သည်။

တောင်ကုနိးများကိုရှင်းပြီ


တောင်ကုန်းများကိုရှင်းလင်းရာမှာတော့တပ်မတော်ဟာ ခေတ်သစ်စစ်ပွဲကြီးအသွင်ကိုပြောင်း
လိုက်ပါပြီ ရန်သူဟာတကြိမ်တခါမှမမြင်ဘူးသည့် အမြောက်ပစ်ကူကြောင့် မြေခွေးကျင်းထဲကမထွက်နိုင်ဆုတ်လျှင်လဲ သေဒဏ်ပေးခံရမည်၊ ထို့ကြောင့် ဆေးကြောင်၍ အသေခံတိုက်ရုံမှတပါး လွတိလမ်းမရှိ ယဉ်တင်အမြောက်များက ဒါရိုက်ပစ်ကူပေးနေသလို BTR.3U. သံချပ်ကာယဉ်များကတောင်ခြေအထိကပ်လာသည်၊ သံချပ်ကာကားနောက်မှ ခြေလျှင်စစ်သည်တို့ကပ်ပါလာသည်၊စကခ၁၆ .မှူးဦးစီး တမခ၆၆.နဗဟ.၂ ကွပ်ကဲမှုအောက်ရှိ ခမရ.၄၊ခမရ၊ ခမရ.၃၅ မှတပ်မတော်သားတို့သည်၁၅.၄.၁၅ မှစတင်၍ နှစ်သစ်ကူးလက်ဆောင်ပေးနိုင်ရေးအတွက် ပွိုင့် ၁၅၆၄၊ပွိုင့်.၁၅၈၆ တောင်ကုန်းများကိုစတင်တိုက်ခိုက်တော့သည်၊ထို့အတူ ဘိုင်ကျင်ရွှေအား ၁၂၅၀ နာရီတွင်၎င်း၊ ပိုင်ဝိုင်တောင်အား၁၃၀၀ နာရီတွင်၎င်း၊ပွိုင့် ၁၈၅၉ အား .၁၄၄၅နာရီတွင်၎င်း ပွိုင့် 
၁၇၅၃အား ၁၆၀၀ နာရီတွင် ကျားထိုးသိမ်းပိုက်ပြီး စခန်းကုန်းမှဆင်းပြေးသောရန်သူအား စကာပေါက်ဖြစ်အောင် သူရဲမင်းရဲစီးသလိုတိုက်ခိုက်သိမ်းပိုက်လိုက်သည်။




ချင်းရွှေဟော်အရှေ့ချမ်း ပါစင်ကျော်ရှိစခနိးကုနိးများအားလဲ စကခ.၁လက်အောက်ခံတပ်များက အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ခမရ.၅၂၂ နှင့်
 ကြက်ခြေနီ တပ်ဖွဲ့ဝင် ကိုမိုးကျော်သန်းအတွက်သွေးကြွေးဆပ်နိုင်ခဲ့ပါပြီ

၁၆.၃.၁၅ ပါစင်ကျော်ချင်းရွှေဟော်ကိုတက်ရှင်းစဉ် စစ်ကြောင်းရုံးအားရန်သူRPGထိမှန်သဖြင့်
 ဒုရင်းမှူး ဗမ ရာဇာမင်းထွန်းနှင့် ဒုဗိုလ်ခန့်ထူးလွင်တို့ နိုင်ငံအတွက်အသက်ပေးလှူခဲ့ရပါသည်။ ထို့အတူမတိလ၂၁ရက်နေ့ကလဲ ပွိုင့်.၁၅၆၄ ကို ရှေ့ဆုံးမှ ကျားထိုးသိမ်းပိုက်ခဲ့သည့် ဗိုလ်ကြီးနေလ၀င်းနှင့်ရဲဘော်အချို့ နိုင်ငံအတွက်အသက်ပေးလှူခဲ့ရပါသည်။ထို့အတူBP139 အနီးက ပွိုင့်၁၅၈၄ ကိုလည်းမိမိတပ်မတော်က ၃၂နာရီတိုက်ပြီးလုံးထွေးပြီးသိမ်းပိုက်ခဲ့သလို၊ စကခ၁၆ ဦးစီးတပ်မ.၈၈ တပ်ရင်းတွေက မာလုရွှေအနီးက ပွိုင့် ၁၇၄၂ကို ၈၀ဒီဂရီမတ်စောက်တဲ့တောင်ကြီးကိုတလက်မချင်းလှန်တက်ပြီး မီးကုန်ယမ်းကုနိပစ်ကာ ကျားထိုးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ခုချိနိမှာတော့ ဖုန်ကြားရှင်တပ်တွေဟာ တပ်မတော်ကလက်နက်ကြီးနှင့်လေကြောင်းပစ်ကူကိုကြောက်လနိ့လို့ နယ်စပ်မျဉ်းဆီမှာဘဲ ၀င်ချီ ထွက်ချီလုပ်နေရပါတယ် နောက်ဆုံး ရန်သူအခိုင်အမာချေကုတ်ယူထားသောပွိုင့်.၂၂၀၂ တစ်ကုနိးဘဲကျန်ပါတော့တယ် 

Writtened by Starshinester


ဆက်စပ်ဖတ်ရှုရန်




  ကွန်လုံ မှသည် လောက်ကိုင်ဆီသို့ ( က ) - Starshinester

 ကွန်လုံ မှသည် လောက်ကိုင်ဆီသို့ ( ခ ) - Starshinester

 ကွန်လုံ မှသည် လောက်ကိုင်ဆီသို့ ( ဂ ) - Starshinester






No comments:

Post a Comment