Friday, July 17, 2015

ကွန်လုံ မှသည် လောက်ကိုင်ဆီသို့ ( က ) - Starshinester





 ( ယခုဆောင်းပါးသည် Facebook တွင်  Thaung Myint ဟူသော Account ဖြင်. ကွန်လုံ မှသည် လောက်ကိုင်ဆီသို့ ဟူသော ခေါင်းစဉ်ဖြင်. အခန်းဆက်ရေးသားနေသော ဆောင်းပါးကို အမှတ်တရ ကူးယူမှတ်တမ်းတင် ဖော်ပြခြင်းသာဖြစ်ပါသည် .။ ထိုသို.ကူးယူဖော်ပြရာတွင် အခန်းတစ်ခု နှင်.တစ်ခု ချိတ်ဆက်ရာတွင် အဆင်ပြေစေရန်သာ အနည်းငယ်ပြုပြင်ထားပြီး မူရင်းဆောင်းပါးအတိုင်း ဖော်ပြထားပါသည် )

ကွန်လုံ မှသည် လောက်ကိုင်ဆီသို့


 အဓိက တင်ပြလိုသည်မှာ ကွန်လုံတိုက် ပွဲကြီးသည် ဗကပအင်အား၄၀၀၀ ကျော်စုဖွဲ့၍ တရုပ်လက်နက် ၊တရုပ်စစ်တပ်၊ တရုပ်ဗျူဟာတို့ဖြင့် မြန်မာ့တက်မတော်ကို တိုက်ခိုက်ခဲ့သော နယ်မြေသိမ်းတိုက်ပွဲကြီးဖြစ်ပြီးယင်းအထဲမှ အဓိက တိုက်ခိုက်ရေး ဗကပ လက်ဟောင်းကြီး ဖုန်ကြားရှင်သည် နှစ်ပေါင်း ၄၀ ကျော်ကြာမှ အင်အား ၄၀၀၀ ကျော်ဖြင့် ကွန်လုံနှင့် မဝေးလှသော လောက်က်ကိုင်ဒေသကို ၀င်ရောက်တိုက်ခိုက်၍နယ်မြေသိမ်းရနိကြိုးပန်းခဲ့ပြန်သည်၊ ပထမအကြိမ်ကကဲ့သို့ပင် တရုပ်ကြေးစားစစ်သား၊တရုပ်အပျော်တန်းတပ်များသာမက ဖုန်ကြားရှင်၏ တချိန်က ဗကပမဟာမိတ်ကြီးများပါဝင်သော တပ်ပေါင်းစုကြီးနှင့် လက်ရေစမ်းတိုက်ပွဲကြီးတပွဲ ဖြစ်ပွားခဲ့ရာ ၊ တိုးတက်လာသောရန်သူ၏ စစ်မဟာဗျူဟာနှင့်လက်နက်များ ။တိုးတက်လာသော မြနိမာတပ်မတော်၏ စစ်စွမ်းပကား သည် ၁၉၇၁.ခုနှစ် ကွန်လုံ တိုက်ပွဲကြီးနှင့် မည်မျှ ကွဲပြားခြားနားသည်ကိုနှိုင်းယှဉ် ဖေါ်ပြလိုပေသည်၊

၂၀၁၅ခုနှစ်ဖေဖေါ်ဝါရီ ၉ရက် မှစတင်ဖြစ်ပွား ခဲ့သော ကိုးကနိ့ဒေသစစ်ပွဲကြီးသည် ၊တိုင်းရင်းသားလက်နက်ကိုင်များက မြနိမာ့တပ်မတော်ကို အားစမ်းသည့်တိုက်ပွဲကြီး တပွဲလဲ ဖြစ်ခဲ့သည် တရုပ်လက်နက်များဖြင့် ဇောင်းကြွလာသော KIA .TNLA . AA နှင့်UWSA တို့သည် မြန်မာ့တပ်မတော်၏ သမရိုးကြတိုက်နည်းတိုက်ဟန်ကို အထင်ကြီးခြင်းမရှိခဲ့ ၊ တပ်မတော်သည်ငြိမ်းချမ်းရေးဆွေးနွေးသည့်ကာလတွင် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် အလွန့်အကျွံစစ်အင်အား သုံးစွဲမှု မပြုဘဲ အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ်အဟန့်အတားမဖြစ်စေခြင်းငှါ ထိမ်းသိမ်းဆောင်ရွက်ခဲ့သည်ချည်းဖြစ်သည်၊ ထို့ကြောင့်လည်း တပ်မတော်သား၊သားကောင်ဇာနည်အများအပြား တဖက်သတ်အတိုက်အခို.က်ခံရပြီး အသက်စွန့်ခဲ့ရသည်များ KIAနယ်မြေတွင် အများအပြားရှိခဲ့သည်။ ထို့ကြောင့်လဲ မြွေပွေးကို ရေမြွေထင်ပြီး အမြီးကဆွဲရန်ကြိုးပန်းလာသည် ဗကပလက်ဟောင်းကြီးဖုံကြားရှင်နှင့် ပြည်တွင်းမဟာမိတိအဖွဲ့များ ပြည်ပဆရာကြီး၏ ကျားကွက်ကို ပြတ်ပြတ်သားသား တိုက်ပြလိုက်မှ ဇောင်းကြွ နေမှုများ ရပ်တနိ့သွားသည်ဟုပြော နိုင်သည်။ ထို့ကြောင့် ကွန်လုံတိုက်ပွဲကြီးနှင့် လောက်ကိုင်တိုက်ပွဲကြီး တွင်တပ်မတော်၏ တိုက်စစ်ကွာခြားချက်များကိုနှိုင်းယှဉ်တင်ပြလိုခြင်းဖြစ်ပါတော့သည်။


ကွန်လုံစစ်ပွဲကြီးပြီးသည့်နောက်ဗကပအခြေအနေ


၁၉၇၁ ခုနှစ် ကွနိလုံစစ်ပွဲကြီးပြီးသောအခါ ဗကပတို့ အတော်ငြိမ်သက်သွားကြသည်၊ အထိနာနေသောဒေသခံတပ်များကို ပြန်လည်စည်းရုံးသိမ်းသွင်းခြင်း၊ တိုက်ခိုက် သိမ်းသွင်းခြင်းကြောင့်ယာယီငြိမ်သက်သွားခြင်းမျှသာ ၊ အင်အားစုဖွဲ့ မိလာသော ဗသိန်းတင်သည် ၁၉၇၅ ခုနှစ်တွင် မိုင်းပါလျှိုနှင့် ကျိုင်းလတ်ကိုဝင်တိုက်ပြနိသည်။၁၉၇၇.ခုနှစ်တွင်ချူးရွှေပန်ကောက်၊၁၉၇၈ တွင် နောင်လိုင် ပါဖနိ၊ ၁၉၇၉ တွင် သံလွင်အရှေ့ချမ်း တန့်ယနိးဗျူ ဟာအထိထိုးဖောက်လာသဖြင့်။ ဗိုလ်ချုပ်ထွနိးရီ(နပိုလီယံ )ကပင် ကစထ မှူးအဖြစ် ဗသိန်းတင်၏ ပန်ဆနိးဌာနချုပ်၏ ရှေ့ကာ မော်ဖကို ထိုးစစ်ဆင်ထိမ်းချုပ်လိုက်ရသည်။

မင်းရန်အောင်စစ်ဆင်ရေးကြီး ကိုလက်စားချေလိုသောဗသိနိးတင်သည် ၁၉၈၀ တွင် မိုင်းယောင်းမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲကာ တပ်မတော်သား မိသားစု အိမ်ထောင်သည်မိနိးမနှင့်ကလေး ၂၀ ကျော်ကို ဖုနိကြားရှင်တပ်များက မုဒိနိးကျင့် သတ်ဖြတိခဲ့ကြလေသည်။ ၁၉၈၆ တွင်ဗကပတို့သည် အင်အားအလုံးအရင်းဖြင့် မူဆယ်ကိုသိမ်းပိုက်ရန် စီစီဝမ်တာပန် တောင်ကြောရှိ မိမိတပ်များကိုဝင်တိုက် သောနယ်မြေသိမိး တိုက်ပွဲကြီးဆင်နွှဲခဲ့သော်လည်း အင်အား၁၀၀၀ ကျော်ကျဆုံးကာ ခွေးပြေးပြေးခဲ့ရပြီ ၊တိုင်းရင်းသားတပ်ဖွဲ့များအသေအပျောက်များခြင်း၊၀တပ်ဖွဲ့များကိုရှေ့တန်းတင်အသေခံတိုက်ခိုင်းသဖြင့်၊၀ တပ်ဖွဲ့ဝင်များမကျေမနပ်ဖြစ်လာခြင်း၊ ဗကပ ခေါင်းဆောင်များကတိုင်းရင်းသားလက်နက်ကိုင်တပ်များအပေါ် အနိုင်ကျင့်ခြင်းစသည်တို့ကြောင့် မကျေမနပ်ဖြစ်လာကြတော့သည်။
ဗသိန်းတင်သည် ၁၉၈၈ ခုနှစ် အရေးအခင်းကာလနှင့်အချိန်ကိုက် မြေပေါ်မြေအောက် ညှပ်တိုက်ကြ ကျွေးကျော်သံဖြင့် ဒုတိယအကြိမ် မိုင်းယန်းကိုဝင်တိုက်ပြန်ပါသည်။ မိုင်းယန်းကိုလုံခြုံရေးယူထားသော အမှတ်(၁၁) ခြေလျှင်တပ်ရင်း ဒုရင်းမှူး ဗိုလ်မှူး တင်အောင်မြင့်ဦး( နောင်ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး) ဦးစီးတပ်မတော်သားများကရွံ့ရွံ ချွန်ချွ. န်ပြနိလည်ခုခံမှူကြောင့် မြို့ကိုမသိမ်းနိုင်ဘဲဆုတ်ခွာရတော့ သည်၊တပ်မတော်လေတပ် လေယဉ်များက ပြန်ဆုတိသည့်ဗကပများအား လိုက်လံချေမှူန်းရာ ၂၀၀ ကျော် သေဆုံးပြီး ကစဉ်ကလျှား ဖြင့် အဖွဲ့ငယ်များခွဲကာ ပြေးခဲ့ရသည်။ ဤတိုက်ပွဲကြီးကားဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်ကြီးဗသိနိးတင်၏နိဂုန်း ဖြစ်သကဲ့ သို့. ကိုးကန့်ခေါင်းဆောင်ကြီးဖုန်ကြားရှင် ၊၀ ခေါင်ဆောင်ကြီးကျောက်ညီလိုင်း နှင့်ပေါက်ယူချန်းတို့အား အထွဋ်အထိပ်ရောက်စေခဲ့သော နောက်ဆုံးတိုက်ပွဲကြီးလဲဖြစ်ခဲ့လေသည်။





ဗသိန်းတင်အား အာဏာသိမ်းခြင်း


အချိန်ကား ၃၁. ၃.၈၉ ရက်နေ့......
ဗကပ တို့၏ ဗဟိုစစ်ကော်မရှင် ဖြစ်သူ ဖုန်ကြားရှင် သည် ကြိုတင် ညှိုနှိုင်းထားသည့်အတိုင်း ဗကပ ဗဟိုမှ ခွဲထွက်ကြောင်းကြေငြာ ပြီးနောက် မြနိမာနိုင်ငံ လူမျိုးစုများမဟာမိတိတပ်ပေါင်းစု(MINDDA)ကိုဖွဲ့စည်းကာ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်မည်ဖြစ်ကြောင်းပထမဦးစွာ ကြေငြာခဲ့သည်။

ဗသိန်းတင်နှင့် ဗကပဗဟို အဖွဲ့ဝင်များသည် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်၊ ဖုန်ကြားရှင်၊ ဖုန်ကြာဖူး၊ လီနင်မင် တို့ခွဲထွက်မှုသည် ကျနိတပ်ဖွဲ့များအပေါ်ကူစက်သွားခဲ့လျှင် ဟုသောအတွေးသည် ဗကပဗဟိုကော်မီတီဝင်များ အိပ်မပျော်နိုင်ဖြစ်စေခဲ့လေသည်။ ၀တိုင်းရင်းသားများနှင့်ဗမာပြည်ကွန်မြူနစ်ပါတီ ချစ်ကြည်ရေးမိနိ့ခွန်းကို ဗကပအသံလွှင့်ဌာနမှ ၀. ဘာသာဖြင့်ထုတ်လွှင့်စေခြင်း၊ ၀.မြောက်ပိုင်းခရိုင်အသံလွှင့်ဌာန ခွင်းမာမြို့နယ်အသံလွှင့်ဌာနမှ လွှင့်ထုတ်ချက်များကို တပ်မတော် ကြားဖြတ်အသံဖမ်းစက်များက ဖမ်းယူရရှိနေခဲ့သည်။
အမှန်ကား ဖုန်ကြားရှင်၊ကျောက်ညီလှိုင်း စသောတိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များကြိုတင်ညှိနှိုင်းပြီးဖြစ်ကြောင်း သူမသိရှာခဲ့ပေ
ထိုအချိနိကားပန်ဆန်းဌာနချုပ်တွင်လူစုံတက်စုံဖြစ်၏ ၈၈ .အရေးအခင်းပေါ်မူတည်ကာ ကြီးမားသော မြေပေါ်ါမြေအောက်လှူပ်ရှားမှု့ဖြင့်အလှည့်အပြောင်းလုပ်ရန် ဗဟိုကော်မတီအစည်းအဝေးကျင်းပရန်ပြင်ဆင်နေချိန် အလယ်ပိုင်းဗျူရိုမှ ရဲဘော်မြတ်မင်း၊စောဗမိုး၊ လီစစ်ရှူ တို့လူစုံလှသည်၊SSPPမှ ဆေးထင်၊ ရလသဖ မှ ဓာကလယ်၊ကလလတဥက္ကဌ.ဦးစီးဥာဏ်မောင်မဲနှင့်အင်အား.၁၀၀၊ကယန်းဥက္ကဌ ရွှေအေးဦးစီး.၁၀၀၊
 တောခိုကျောင်းသား ၄၂ ဦး၊ တို့လဲပန်ဆန်းတွင်စစ်သင်တန်းတက် အရက်သောက်ရင်း ပန်ဆန်းသင်္ကြန်ပွဲတွင် ဘရိတ်ဒန့်ဆွဲကောင်းနေဆဲ၊ ပန်ဆန်းလုံခြုံရေးကို အတွင်းရေးမှူးကျော်ထင်၊ဒုအတွင်းရေးမှူးအိုက်ဆေးဖြစ်ပြီး ၄င်းတို့၏ကင်းတပ်မဟာတခုလုံး(နိုင်ငံရေးမှူးကျင်းကော့အနိးမလွဲ၍) ပုန်ကန်အဖွဲ့များနှင့်ပူးပေါင်းခဲ့သည်။

၁၉၈၉၊ဧပြီ ၁၆ ရက်၊ဗကပအရံကော်မတီဝင်၊ကျောက်ညီလိုင်း၊ ပေါက်ယူချမ်းတို့၏၀တပ်ဖွဲ့အင်အား.၁၀၀၀ ကျော်သည်၊
ပန်ဆနိးအထက် ပနိဖိန်းသို့ ကားများဖြင့်ရောက်လာသည်။ သွေးထွက်သံယိုမရှိဘဲအာဏာသိမ်းရန် အမိနိ့ထုတ်ပြန်ထားသည်။ အရှေ့မြောက်စစ်ဒေသမှူး နိုင်ငံရေးမှူး စိုးသိမ်းကိုမူ ၀ မြောက်ခရိုင်သို့စည်းရုံးရေးလာစဉ် ဖမ်းဆီးထိမ်းသိမ်းပြီုးဖြစ်သည်။ဝမြောက်ခရိုင် ဗကပအရံကော်မတီဝင် ကော်စစ်မင်းနှင့်အသံလွှင့်ဌာနရှိဗမာရဲဘော်များအားလည်းထိမ်းသိမ်းပြီးဖြစ်သည်။

ပန်ဖိန်းတွင် ၀တပ်များရောက်နေကြောင်းကို၊စစ်ဒေသသတင်းတာဝန်ခံရဲဘော်သန့်ဇင်၊အရှေ့မြောက်စစ်ဒေသမှူးရဲဘော်
ထွန်းလွင်တို့က စတင်သိပြီး ပန်ဆန်းကာကွယ်ရေးယန္တရားကြီးစတင်တော့သည်၊ဗဟိုကင်းတပ်စစ်ဦးစီးမှူး ကျင်းကော့အန်းသည်၊ လုံခြုံရေးတပ်ဖွဲ့များအားအမိနိ့ပေးလိုက်သော်လည်း ပူးပေါင်းမှုမှာ စတင်နေပြီ။
ဝတပ်နှင့် ပူးပေါင်းအဖွဲ့က၀ိုင်းထားပြီးလက်နက်ချခိုင်းလိုက်တော့သည်။ ဗဟိုစစ်ဦးစီးမှူးရဲဘော်တင်ရီ သည်ဝေါ်ကီတော်ကီဖြင့်အမိနိ့ပေးသော်လည်းမည်သူမျှမလှူင်သဖြင့် ကျနိလူများအား ပြေးကြစို့ဟု အသိပေးကာ တရုပ်သို့ဝင်ပြေးလေသည်။

ရဲဘော်တင်ရီတရုပ်ဖက်သို့ဝင်ပြေးပြီ ပြီးနောက်အရှေ့မြောက်စစ်ဒေသမှူး ရဲဘောာ်ထွန်းလွင်လဲ ရှိသည့်ပစ္စည်းကားပေါ်တင်ပြီးကူးတို့ဆိပ်သို့လစ်ပြီ၊အရှေ့မြောက်စစ်ဌာနချုပ်ကိုပုံကန်အဖွဲ့ကသိမ်းပြီး အနောက်ဘက်တောင်ကုန်းပေါ်ရှိ ဒီပီအေကျောင်းသားအဖွဲ့ နှင့်မိသားစုများအားဝိုင်းထားပြီးလက်နက်ချခိုင်းသည်၊ နိုင်ငံရေးဌာနဒုဌာနကြီးမှူး ရဲဘော်လွင်အား မောင်းထုတ်လိုက်သည်။ ကျိုကွင်းရှိ အရှေ့မြောက်စစ်ဒေသမှူး ဇော်မိုင်တို့က ပုံကနိအဖွဲ့နှင့်ပေါင်းရန်သဘောတူသည်။ဗဟိုဦးစီးမှူး ရဲဘော်တင်ရီ၊ ရဲဘော်ကျော်မြ၊ရဲဘော်အောင်။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ကေဒါအားလုံးတဖက်နိုင်ငံသို့ လစ်ကုန်ကြသော်လည် ဗသိနိးတင်ကမပြေး ပက်လက်အိပ်ရင်းပစ္စတိုကို ရင်ဘတ်ပေါ်တင်ထားပြီး၊ပြေးရန်ငြင်းဆနိသည်၊ ဆက်သွယ်ရေး ဒုတာဝန်ခံ ရဲဘော်လင်းမောင်က ဗကပတို့၏အနှစ်နှစ်အလလစုဆောင်းထားသော ရွှေချောင်းနှင့်ကျောက်သံပတ္တမြားများကို လွတ်အောင်သယ်ထုတ်ရန်တာဝန်ပေးချက်အရ ဗဟိုရုံးအနောက်ဘက်ကျောက်ကမ်းပါးလမ်းမှ နမ်မခချောင်းကိုဖြတ်ကူးစဉ် ရေနစ်သဖြင့် အနှစ်နှစ်အလလစုဆောင်းခဲ့သော ဗကပတို့၏ ရတနာထုပ်ကြီးသည် ဂငယ်ကွေ့ဝဲဂယက်တွင် ရဲဘော်လင်းမောင်နှင့်အတူ နစ်မြုတ် ခဲ့လေသည်။ဒေသခံရှမ်းအမျိုးသားများက ဒါတွေက ပြည်သူရဲ့ချွေးနဲစာတွေမို့ ယူပြေးလို့မရတာဟု ပြေစမှတ်ပြုကြသည်။

ဗသိန်းတင်ထွက်မပြေးသဖြင့် ကျောက်ညီလိုင် ရောက်လာပြီး “ အဖိုးကြီး ကျနော်တို့ ဗကပ ကိုပုံကန်လိုက်ပြီ၊ကိုယ်လမ်းစဉ်အတိုင်းဆက်လျှောက်တော့မှာမို့. ကျနော်တို့နဲ့ပူးပေါင်းရင်လဲ နာယကကြီးအဖြစ်စောင့်ရှောက်ထားမယ်” ဟု ပြောရာ၊ဗသိန်းတင်က ဟိုလေးယောက်ရောဟု သူ့ဗဟိုကော်မီတီများကိုမေးရာ ဟိုဘက်ကမ်းကူးသွားပြီဟုပြောရာဒါဆိုလဲ ဟိုဘက်ကမ်းဘဲပို့ပါဆိုသဖြင့် ထမ်းစင်ဖြင့်တဖက်ကမ်းသို့ပို့ပေးလိုက်ခြင်းဖြင့် ပန်ဆနိးအာဏာသိမ်းပွဲကြီးပြီးသွားသည်၊

နောက်ပိုင်းတွင်ဝအဖွဲ့၊SSA စသည့်အဖွဲ့များသည် ငြိမ်းချမ်းရေးယူခဲ့ကြသဖြင့်
ဗကပကြီး အပြီးအပိုင်ချုပ်ငြိမ်းသွားပါတော့သည်။





ဖုန်ကြားရှင်ဘုရင်ဖြစ်လာခြင်း


တပ်မတော်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအာဏာရလာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လက်နက်နှင့်ငြိမ်းချမ်းရေးဖိတိခေါ်ခဲ့ရာ ၁၇ ဖွဲ့ငြိမ်းချမ်းရေးယူခဲ့ပြီးဖုန်ကြားရှင်သည် ပထမဆုံးလက်နက်နှင့်ငြိမ်းချမ်းရေးလဲခဲ့ပြီး ကိုးကန့်ဒေသ၊ခေါင်းဆောင်ဖြစ်လာသည်၊၁၉၉၆ မှာ ဖုန်ကြားရှင်နှင့် ရန်မျိုးလျံ ပြသနာဖြစ်ပြီး စားကြက်လူကြပြန်တော့ တပ်မတော်က ၀င်ပြီးကြားခံရှင်းလင်းပေးရသည်၊ ဖုန်ကြားရှင်သည်၊တဖက်နိုင်ငံတွင် လုပ်ငနိးအများအပြားနှင့်ဘဏ်များပိုင်ပိုင်ဆိုင်ထားပြီး ၂၀၀၉ ခုနှစ်မှာ မူးယစ်ကိစ္စ၊လက်နက်စက်ရုံကိစ္စများနှင့်ပါတ်သက်၍ ရဲတပ်ဖွဲ့ဝင် ၁၁.ဦးကိုသတ်ဖြတ်ခဲ့သောကြောင့်တပ်မတော်ကတိုက်ခိုက်သဖြင့် တဖက်နိုင်ငံသို့ဝင်ပြေးခဲ့ရသည်၊ လက်နက်နှင့်ငြိမ်းချမ်းရေးယူပြီး ၁၉၉၉ လောက်ကစတင်၍ ဒေသဆိုင်ရာကွပ်ကဲမှု့စစ်ဌာနချုပ်(လောက်ကိုင်.)ကိုဖွင့်လှစ်ခဲ့ပြီး ဒကစ လောက်ကိုင်အောက်တွင်၊ဒေသဆိုင်ရာအခြေချတပ်များကိုဖွဲ့သည်းခဲ့ရာခလရ.၁၂၅ ကိုကုန်းကြမ်းတွင်၎င်း၊ခလရ.၁၂၈ ကို၊ပါစင်ကျော်၊နှင့်ခြေမြန်တပ်ရင်း၅ရင်းလက်ရုံးတပ်၅ရင်း ပါဝင်သည်၊အမြောက်တပ်၊ဆေးတပ်၊ဆက်သွယ်ရေးတပ်များပါဝင်ခဲ့တယ်၊ ခလရ.၁၂၉၊ ၂၃၉၊ ၃၂၂ တို့ကိုထားရှိပြီး လောက်ကိုင် ချင်းရွှေဟော် ကွန်လုံ သိန္နီလမ်းနှင့် မူဆယ် ကွတ်ခိုင် သိန္နီကိုကာကွယ်ဖို့ သိန္နီမှာတပ်မတခုအသစ်ဖွင့်ခဲ့သလို၊ ပြည်ပစစ်ဖြစ်လျှင် လားရှူိးကိုရှောင်ပြီး ကျောက်မဲ မန္တလေးဆင်းလမ်းကိုတွက်ဆပြီး ကျောက်မဲမှာတပ်မတခုဖွင့်လှစ်ခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဖုန်ကြားရှင်ကို တိုက်ခိုက်ခဲ့ရာမှာ တရုပ်ဖက်သို့ဝင်ပြေးသောဖုန်ကြားရှင်တပ်ဖွဲ့များအား တရုပ်က လက်နက်သိမ်းခြင်း ။ ဖုန်ကြားရှင်ဘဏ်စာရင်းများပိတ်ဆို့ထားခြင်းဖြင့် မြနိမာကိုကူညီပေးခဲ့သည်။


ငါမွေးတဲ့မျောက်လား


တချို့သောပုဂ္ဂိုလ် အကောင်းစားကြီးများက ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်တာလို့အာပနာပ ပြောသလို နယ်ချားစောင့်တပ်မဖွဲ့လို့ ဟုသောအတင်အဖျင်းများ ကိုအနည်းငယ်ရှင်းပြလိုတယ်။ ဗကပ အင်အားစုကြီးပြိုကွဲသွားခြင်းဟာအနာဂတ်မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိသောဖြစ်ရပ်ဖြစ်တယ်၊ ဒါကြောင့်ခွဲထွက်အဖွဲ့တွေကိုစည်းရုံးထားနိုင်ဖို့လိုတယ်၊ ကမ္ဘာ နိုင်ငံရေးဖြစ်စဉ်တွေကိုကြည့်ရင် ဆိုဗီယက်ကိုဘယ်တပ်မှဝင်မတိုက်ခဲ့ဘူး အချင်းချင်းတိုက်ပြီးအစိတ်စိတ်အမွှာံမွှာဖြစ်ခဲ့တယ်၊အီဂျစ်၊လစ်ဗျား၊ဆီးရီးယားကိုကြည့်ရင် ပြည်တွင်းပုံကန်မှု့ကို လက်နက်တပ်ဆင်ပေးလိုက်ရုံသာဖြစ်တာကိုတွေ့မြင်နေရတယ်။ မြန်မာမှာလဲနိုင်ငံရေးမုန်တိုင်းတိုက်နေချိန်၊
 မြန်မာကိုစစ်ရေးအရ အရေးယူဖို့ UNမှာ ဆွေးနွေးတဲ့လုပ်ရပ်တွေဟာ ပြည်တွင်း သောင်းကျန်းမှု ကြီးမားတဲ့ ဆန့်ကျင်ဘက်တိုင်းရင်းသားတပ်တွေကို အနောက်က လက်နက်တပ်ဆင်ပေးလိုက်ရင်ဘာတွေဆက်ဖြစ်မလဲ လစ်ဗျား ဆီးယီးယားလိုဘဲ ကြီးမားသောအကျိုးဆက်တွေဖြစ်လာနိုင်တယ်။ ဒါကြောင့်ငြိမ်းချမ်းရေး ယူတာကိုမှားတယ်ဆိုတဲ့အယူအဆကို လက်မခံနိုင်တာဘဲဖြစ်တယ်။ထို့ပြင်နယ်ချားစောင့်တပ်မဖွဲ့တာတွေအများကြီးရှိတာကိုသတိပြုကြည့်ရင်
သိနိုင်ပါတယ်။

 

Writtened by Starshinester



No comments:

Post a Comment