Tuesday, July 28, 2015

JF - 17 တိုက်လေယာဉ် အကြောင်းတစ်စေ.တစ်စောင်း



 
JF-17 Thunder Block II

 မြန်မာ လေတပ်သည် ပါကစ္စတန် ထံ မှ JF – 17 Thunder လေယာဉ်များ ၀ယ်ယူမည်ဆိုသော သတင်း ထွက်ပေါ်လာပြီးနောက် လေယာဉ်နှင်. ပတ်သက်သော အချက်အလက်များ ၊ လေယာဉ်ဝယ်ယူခြင်းဆိုင်ရာ အယူအဆအချို. ကို စုစည်းဖော်ပြခြင်း ဖြစ်ပါသည် ။




 JF-17 လေယာဉ် ၀ယ်ယူမည်ဆိုသောသတင်း

မြန်မာနိုင်ငံသည်
ပါကစ္စတန်နှင့် တရုတ်တို့ ပူးတွဲ ထုတ်လုပ်သော JF – 17 Thunder (Joint Fighter 17)
(တရုတ်အခေါ် FC-1 Xiaolong, “Fighter China-1 Fierce Dragon".)
တိုက်လေယာဉ်များအား ပါကစ္စတန်မှ ပထမဆုံးအကြိမ် ဝယ်ယူသွားမည် ဖြစ်ကြောင်း
 Dunya News ကဖော်ပြခဲ့ပါသည် ။
ပါကစ္စတန် အနေဖြင့် အဆိုပါတိုက်လေယာဉ် (၂၄)စီးအား ရောင်းချလိုသော်လည်း
မြန်မာအနေဖြင့် ပထမအဆင့်တွင် (၁၆)စီးသာ ဝယ်ယူသွားမည် ဖြစ်သည်။သဘောတူညီချက်များအရ
ပါကစ္စတန်က တိုက်လေယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ဝန်ဆောင်မှုများပါ ပေးမည် ဖြစ်ကြောင်း သိရသည် ။
မတ်လအတွင်းက JF – 17 Thunder များ ဝယ်ယူမှုအား နှစ်နိုင်ငံ စတင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီးသတင်းရင်းမြစ်များ၏ အဆိုအရ အခြားသော နိုင်ငံများအားလည်း အဆိုပါတိုက်လေယာဉ်များကို ရောင်းချရန် ဆွေးနွေး ညှိုနှိုင်းနေပြီး ဖြစ်ကြောင်း သိရှိရသည်။

 
လေယာဉ်ဆိုင်ရာ အခြေခံအချက်အလက်များ

JF – 17 တိုက်လေယာဉ်များအား Pakistan Aeronautical Complex နှင့်
Chengdu Aircraft Industry Group တို့ ပူးတွဲ ထုတ်လုပ်ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် ဇွန်လမှ စတင်သုံးစွဲခဲ့ခြင်းဖြစ်သည်။ ယခုအချိန်ထိ Prototypes ၂ စီးအပါအဝင်
၅၆ စီး ထုတ်လုပ်ခဲ့ပြီး ဖြစ်ရာ ပါကစ္စတန် လေတပ်မတော်တွင် စတင်သုံးစွဲနေပြီ ဖြစ်ကြောင်းသိရသည်။
JF – 17 Thunderသည် ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ စ၍ တရုပ်နိုင်ငံ Changdu Co နှင်. ပါကစ္စတန် နိင်ငံ PAC တို. ၅၀% စီ ပူးပေါင်းဆောင်ရွက်ခဲ့သော ထိုစီမံကိန်းအား ရုရှား Milkoyan Design Bureau မှလည်း နည်းပညာကူညီထောက်ပံ.ခဲ့ကြောင်း သိရသည် ။ JF – 17 ဆိုသည်မှာ Joint Fighter – 17 ဖြစ်ပြီး တရုပ်နိုင်ငံ၏ မူရင်း ပုံစံ Xiaolong – Fierce Dragon ( Fighter China – 1 / FC-1 ) ကို အခြေခံထားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင်မူ ပါကစ္စတန် အနေဖြင်. အဆင်.မြှင်.ထားသော JF – 17 Thunder ( Block II ) ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည် ။
ထိုလေယာဉ်သည် လေသူရဲ တစ်ဦးသာ လိုက်ပါနိုင်ပြီး လေယာဉ်အလျား ၄၉ ပေ ၊ တောင်ပံအလျှား ၃၁ ပေ ၊ အမြင်. ၁၅ ပေ ၆ လက်မ ၊ အတောင်ပံ ဧရိယာ ၂၆၃ စတုရန်းပေ ၊ လေယာဉ်အလေးချိန် ၁၄၅၂၀ ပေါင် ၊ ၀န်ပြည်.အလေးချိန် ၂၀၀၆၂ ပေါင် ၊ အများဆုံးပျံတက်နိုင်သော အလေးချိန် ၂၈၀၀၀ ပေါင် တို.ဖြစ်သည် ။


လက်နက်စနစ်

 
JF-17 တိုက်လေယာဉ်သည် အမြင်.ပေ ၅၅၅၀၀ ( ၁၆၉၂၀ မီတာ ) အထိ ပျံတက်နိုင်ပြီး အမြန်နှုံး 1.6 Mach ( တစ်နာရီ ၁၂၁၇.၉ မိုင် ) ၊  ခရီးရှည် 3482 Km ( ၁၈၈၀ နော်တီကယ် မိုင် )  နှင်. စစ်ဆင်နိုင်သော အကွာအဝေး 1352 Km ( ၈၄၀ မိုင် ) ပျံသန်းနိုင်စွမ်းရှိကြောင်း သိရသည် ။
လက်နက် တပ်ဆင်နိုင်မှု နှင်. ပတ်သက်၍ Hard Point လက်နက်ချိတ်ပေါင်း ၈ခု ( တောင်ပံအောက် ၂ဘက် ၄ခု ၊ တောင်ပံထိပ် ၂ခု ၊ ကိုယ်ထည်အောက် ၂ခု ) ၊ ပဲ့ထိန်းဒုံး အနေဖြင်. Air to Air Missile 1 Piranha ( တာတိုပစ် ) ၊ AIM-9L/M ( တာတိုပစ် ) ၊ Pl-5 E11 ( တာတိုပစ် ) ၊ PL-12/SD-10 ( BVR - မြင်ကွင်းလွန် ) ။ ဝေဟင် မှ မြေပြင်ပစ် ဒုံး MAR -1 ( Anti – Radiation Missile ) အနေဖြင်. • Ra'ad ALCM (Nuclear capable Stealth Cruise missile)
• CM-400AKG supersonic anti-shipping missile, export version of YJ-12
စက်အမြှောက် - 1×23 mm / 30 mm
ဗုံး - ဘက်စုံသုံး လေဆာလမ်းညွှန်ဗုံးများ အသုံးပြု နိုင်ပြီး တန်ဘိုးအားဖြင်. Us ဒေါ်လာ ၁၅ သန်း မှ ၂၅ သန်းကြား ရှိကြောင်း သိရသည် ။


လေယာဉ် ၀ယ်ယူမှုအပေါ် အမြင် နှင်.အယူအဆများ

 
ဘာရယ်မဟုတ်ဘူး စဉ်းစားရင်း တွက်ကြည့်တာ ဂျေအက်ဖ် ၁၇ ဘလော့ခ်တူး တစ်စီးကို
ဒေါ်လာ ၂၈ သန်းလောက်ရှိတယ် ...မြန်မာကို ၁၆ စီးလောက် ရောက်လာနိုင်တယ်လို့ သတင်းထွက်နေတယ် ၊ ဒေါ်လာ ၄၄၈ သန်းဖိုး .. အပိုပစ္စည်းဖိုးထည့်တွက်လိုက်ရင်
စုစုပေါင်း ဒေါ်လာ ၅၃၈ သန်းလောက် ကုန်ကျမယ် ..မစ်ဂ် ၃၅ တစ်စီးကို ဒေါ်လာ ၆၅ သန်း
ဂျေအက်ဖ် နှစ်စီးစာကို ဒေါ်လာ ၉ သန်းထပ်ဆောင်းလိုက်မစ်ဂ် တစ်စီးစာရမယ် ... ၈ စီးဝယ်မယ် ဆိုကြပါစို့ ...........ဒေါ်လာ ၅၂၀ သန်းဖိုး .. အပိုပစ္စည်းဖိုး ထပ်ပေါင်းလိုက်ဦး
စုစုပေါင်း ဒေါ်လာ ၆၂၄ သန်း ဖြစ်သွားမယ် ...မစ်ဂ် ၃၅ နဲ့ ဂျေအက်ဖ် ၁၇ ကို
သူတို့မှာ တပ်ဆင်နိုင်တဲ့ အမြင့်ဆုံးလက်နက်စနစ်တွေပေါ်မူတည်ပြီးယှဉ်တွဲသုံးသပ်ကြည့်မယ်ဆိုရင် 
မစ်ဂ် ၃၅ တစ်စီးဟာ ဂျေအက်ဖ် ၁၇ ... ၆ စီးလောက်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်စွမ်းရှိနေတာကို သွားတွေ့ရတယ် .............အဲသည်တော့ ၆း ၁ အချိုးအရ မစ်ဂ် ၃၅ ... ၈ စီးသည်ဂျေအက်ဖ် ၁၇ ... ၄၈ စီးကို ရင်ဆိုင်ဖို့ အသာလေးပဲ ..................ကျန်တာတော့ ကိုယ့်ဟာကိုယ်သာ ဆက်စဉ်းစားကြပါ ...နောက်တစ်ခုက မစ်ဂ် ၃၅ သည် ဂရစ်ဖင်ကိုလည်း အေးဆေးပါပဲတဲ့ ...
Linn Thu Paing

တပ်မတော်လေ မှ F-7 တိုက်လေယာဉ် တစ်စင်း

JF - 17 ဝယ်ရင် ပြင်ဆင်မှူအတွက် ဝန်ဆောင်မှူပေးမယ် အဲကျရင်လေယာဉ်ပြင်ရုံပါလာမယ်JF – 17 က F-7 ကနေ အဆင့်မြင့်လာတာ ၊  အဲ့အတွက် မြန်မာပြည်မှာရှိတဲ့ ပြတိုက်ပို့ရမယ့် F-7 တွေကိုပြုပြင်နိုင်မယ် အဆင့်မြှင့်နိုင်မယ် ၊ လေယာဉ်လိုခြင်တာထက် နည်းပညာလိုခြင်လို့ဝယ်တာလို. ယူဆပါတယ် ။ ဝေဟင်စီးချင်းထိုးဘို့MIG- 29တွေရှိပါတယ် ။ မြေပြင် / ရေပြင်စစ်ဆင်ရေးအတွက်တန်ဘိုးသင့်အသုံးတဲ့လို့ဝယ်တာဖြစ်မှာပါ ။ တပ်ချုပ်ကိုယ်တိုင်တရားဝင်သွားဝယ်တာဖြစ်တဲ့အတွက်ကော်မရှင် ကိစ္စလိုမျိုး ဖြစ်လာစရာ မရှိပါ ။
Mg Bo

aero dynamic design ကတော့ F - 16 ကို copy လုပ်ထားတာပဲ ။ လေရှူပေါက် အောက်ရောက်တာနဲ့ body ဘေးနှစ်ဘက် ကပ်ထားတဲ့ ပုံစံပဲကွာတာ copy ပါဘဲ ပါကစ္စတန်ကF- 16 တွေသုံးတာလေ



Data by English Language
Specifications of JF -17 Thunder Block 1
========================
General characteristics
• Crew: 1
• Length: 14.93 m (49 ft)
• Wingspan: 9.45 m (31 ft, including 2 wingtip missiles)
• Height: 4.72 m (15 ft 6 in)
• Wing area: 24.4 m² (263 ft²])
• Empty weight: 6,586 kg (14,520 lb)
• Loaded weight: 9,100 kg (20,062 lb)
• Useful load: 3100 kg (6700 lb)
• Max. takeoff weight: 12,500 kg (28,000 lb)
• Powerplant: 1 × Klimov RD-93
• Dry thrust: 49.7 kN / 51.2 kN (11,106 lbf / 11,510 lbf)
• Thrust with afterburner: 84.6 kN (19,000 lbf)
• G-limit: +8 g / -3 g
• Internal Fuel Capacity: 2,350 kg (5,130 lb)
Performance
• Maximum speed: Mach 1.6 (1,217.9 mph; 1,960.1 km/h)
• Combat radius: 1,352 km (840 mi)[
• Ferry range: 3,482 km (1,880 NM)
• Service ceiling: 16,920 m (55,500 ft)
• Thrust/weight: 1.09
Armament
• Guns: 1× 23 mm GSh-23-2 twin-barrel cannon or 1x 30 mm GSh-30-2
• Hardpoints: 8 in total (4 × under-wing, 2 × wing-tip, 2 × under-fuselage (Joint Hardpoint); pylon stations number 3, 4 and 5 are wet-plumb capable) with a capacity of 3,400 kg (7,500 lb) for external fuel and ordnance
• Missiles:
• Air-to-air missiles:
• MAA-1 Piranha (Short-range)
• AIM-9L/M (Short-range)
• PL-5EII (Short-range)
• PL-9C (Short-range)
• PL-12 / SD-10 (Beyond visual range) 

• Air-to-surface missiles:
• MAR-1 (Anti-radiation missile)
• Ra'ad ALCM (Nuclear capable Stealth Cruise missile)
• CM-400AKG supersonic anti-shipping missile, export version of YJ-12
• C-802A Anti-ship missile
• CM 102 supersonic Anti radiation missile
• GB-6 Air-Launched Standoff Submunition Dispenser Precision Guided Weapon
• Bombs:
• Unguided bombs:
• Mk-82 (general purpose bomb)
• Mk-84 (general purpose bomb)
• Matra Durandal (anti-runway bomb)
• CBU-100/Mk-20 Rockeye (anti-armour cluster bomb)
• Precision guided munitions (PGM):
• GBU-10 (Laser-guided)
• GBU-12 (Laser-guided)
• LT-2 (Laser-guided)
• H-2 (electro-optically guided)
• H-4 (electro-optically guided)
• LS-6 (satellite-guided glide bombs)]
• Satellite-guided bombs
•Others:
• Rocket Pods
• Countermeasures (Flares, Chaff)
• Up to 3 external drop tanks (2 × under-wing 1,100 litres (240 imp gal; 290 US gal), 1
× under-fuselage 800 litres (180 imp gal; 210 US gal)) for extended range/loitering time
Avionics
• DEEC electronic warfare suite
• NRIET KLJ-7 multi-mode fire-control radar
• Night vision goggles (NVG) compatible glass cockpit
• Externally mounted avionics pods:
• KG-300G self-protection radar jamming pod
• WMD-7 day/night targeting pod

Source ; Dr Naing Swe Oo , Ye Moe &  Dunya News - Parkistan

No comments:

Post a Comment