Wednesday, July 8, 2015

နီလာလမ်း - မျိုးနိုင်

( မိမိတို. အနေဖြင်.မြို.လေးနှင်. ပတ်သက်ဖွဲ.သီ မှုများကို ရှာဖွေ စုဆောင်းဖော်ပြ ပေးနေခြင်းဖြစ်ပါသည် ။ ယခု ကဗျာ လေးသည်လည်း မြို.လေး၏ လမ်းတစ်ခုအကြောင်း ဖွဲ.သီထားခြင်း ဖြစ်သောကြောင်. အမှ်တရ ဖြစ်စေရန် စုဆောင်း ဖော်ပြ အပ်ပါသည် ။ မူရင်း ရေးဖွဲ.သူများ အမည် ကို လည်း ပူးတွဲဖော်ပြ ထားပါသည်  )



# နီလာလမ်း ##


ဝါးခယ်မမြို့ နံမည်ကြီးရပ်ကွက်
ပတ္တမြား ထက်က
သကျ မဟာသီရိ ဘုရားလမ်းကို
ဦးတိုက်နေသောလမ်း ။

ဘဝမှာ အသက်နှစ်ဆက် နဲ့
နတ်ရေကန်ထဲကပြန်ထ
ပုံကျ ပန်းကျ ဖြစ်လာသောလမ်း ။

ငယ်အမည် ရှမ်းလမ်း
ရင့် ကျ က်လာလေတော့ နီလာ ပေါ့ ။

ကိုးပေအခန်းတွေကို ဇာစ်ဆက်တွဲ ဟိုဖက်ဒီဖက်နန်ဆွဲထားလေသောလမ်း ။

ဓနိ ဝါး မြေ ဆိုတာ
သူပြန်မဖြေနိုင်သော
ပဟေဠိစစ်စစ်ဖြစ်လာသောလမ်း ။

အဲဒီလမ်းမှာ
ကြယ်အဆင့် မှတ်ပုံတင် မကျ သေးတဲ့
ညအိပ်တည်းခိုစရာ ဟော်တယ်လဲရှိတယ်။

အဲဒီလမ်းမှာ
မြို့ကလေးပေါ် နံမည်ကြီးပြီး
export ခရီးဆက်ဖို့ပြင်နေတဲ့
အာပူရှာပူ ဆိုင်လေးလဲ ရှိနေတယ်။

အဲဒီလမ်းမှာ
မြန်မာဆေးစွမ်း ကမ
ာလွှမ်းမယ်ဆိုတဲ့
fame ဆေးဆိုင်ခွဲလဲရှိသေးတယ် ။

အဲဒီလမ်းမှာ
handmade လက်ရာစစ်စစ်
ပန်းတိမ်ဖို လေးရှိနေသေးတယ် ။

အဲဒီလမ်းမှာ
ကမ္ဘ
ာကျော် ဂဏန်းမျှားသူတွေလဲ
ရှိကြလေတယ် ။

အဲဒီလမ်းမှာ
လိုင်စင်ရစားဖိုမှူးး တစ်ဦးရှိတယ် ။

အဲဒီလမ်းကို
ရော်နယ်ဒို မက်ဆီ ကျော်ဇင်ဖြိုး
အကုန် ဝင်ဝင်လာလေ့ရှိတယ် ။

အဲဒီလမ်းမှာ
ကမ္ဘ
ာမှာ မြန်မာတွေသာစားလေ့ရှိတဲ့
ကွမ်းရွက်ရောင်းတဲ့ ဒိုင်လဲရှိတယ်။

အဲဒီလမ်းမှာ
ရင်ခုန်တိမ်းမူးဖွယ် ဆံနွယ်စတွေကို
ငွေအသပြာစနဲ့ ဖလှယ်လို့ရတယ်။

အဲဒီလမ်းမှာ
မသန်သူတောင် စွမ်း တဲ့
ရုံးခန်းကလေးလဲ ရှိရှာတယ် ။

အဲဒီလမ်းပေါ့
အခန်း ကဏ္ဍစုံနေလိုက် ပုံများ
မြို့နယ်ခွဲ တစ်ခုပမာ ဟန်ကျ ပန်ကျ ။

အဲဒီလမ်းအကျ ယ်ဟာ
ဆယ်ပေ သာသာပဲရှိရှာတယ် ။

သူဟာ
အနာဂတ် မြန်မာပြည် အတွက်
ပညာရေး စင်တာ လိုဖြစ်လာတယ်။

အဲဒီလမ်းမှာ
ဆိုင်ကယ် စက်ဘီး ခြေလျ င်
အဝင်အထွက်ပျားပန်းခတ်နေတယ်။

အဖြူ အစိမ်း ဆိုဒ်စုံ
ညနေဆိုပုံထပ်လို့
အသက်ဝင်နေလိုက်တာ
ညနေစဉ်ဆက် ညညဉ့်နက်ဆီအထိ ။

အဲဒီလမ်းဟာ
မြို့တစ်ခုလုံးက
ကျောင်သားနဲ့မိဘ တွေကို
ကွန်ယက်ဖွဲ့ ထားတယ် ။

သူငယ်တန်းကလေးကျူ ရှင်ကနေ
တက္ကသိုလ်ဝင်တန်း အထိ
အေ ဝးသင်ဝိုင်းကနေ
နေ့စားမူပြ ဝင်ခွင့်သင်တန်းတွေ အထိ
အချိ န်ပိုင်းသင်သော ဝိုင်း
စာရေးခိုင်း စာကျ က်ခိုင်းသောဂိုက်
အတန်းလိုက် ပုံသဏ္ဍန်စုံ
အကုန်ရှိလေတယ် ။

အဲဒီလမ်း ပြန်တမ်းတ
ပထမ ဘဝ ပုံရိပ်စစ်မှာ
တောအရက် အရက်ပုံး လောင်းကစား
မကောင်းမှု များအတန်းစားလိုက်ရှိတယ်။

မနက်ဖန်ဆိုတာ
မိုးလင်းတာကိုခေါ်တာလို့
သိထားသူတွေ နေခဲ့ကြဖူးတယ် ။

အနာဂတ်မရှိ
အဘိဓ္ဓန်မသိတွေ
ရေမျောကမ်းတင်
တောင်စဉ်ရေမရ
ဒုစရိုက် ရနံ့ တွေပျံ့ခဲ့ဖူးသောလမ်း။

ယခု နီလာလမ်း
မှန်းကြည့်စမ်း
ကြက်သီးထစ ကောင်းလိုက်ပုံများ ။

နှစ်စဉ်
ဘာသာရပ်အလိုက်ထူးချွှန်သူတွေ
နံပါတ်စဉ် တပ်၍ ရလာသောလမ်း ။

အနာဂတ်အတွက်
ထက်မြက်အောင်မြေ
ဖြစ်လာလေသောလမ်း ။

ကံကောင်းခြင်းစာမျ က်နှာ
ဖူးရာက ပွင့်လာလေသောလမ်း ။

စာအံသံတွေ
ဆူဆူညံ
ပလူပျံ လာလေပြီဖြစ်သောလမ်း ။

ဟော ပြောရင်း
အတန်းတစ်တန်းဆင်းလာနေပြီ
ခေါ်သူတွေ အော်သူတွေ ပလုံစီလို့။

အနာဂတ်မှာ
မြို့နယ်အတွက်
တိုင်းပြည်အတွက်
ကမ
ာအတွက်
လင်းလက်ကြယ်တွေ
ဘယ်လောက်ထွက်ပေါ်လေမလဲ
ဘယ်သူမှန်းနိုင်မှာလဲကွယ်။


( ps
စာမျ က်နှာအခက်အခဲကြောင့်
သင်ခန်းစာ (၂ ) ငွေရေးကြေးရေးအခန်းအား
ကျော်လိုက်ရခြင်းကိုနားလည်ခွင့်လွှတ်ပါရန်)



No comments:

Post a Comment