Wednesday, July 8, 2015

ဝါးခယ်မ - မောင်သက်ငြိမ်



ဝါးခယ်မ
********


 
မှတ်မိသေးတယ်
သူလူဝတ်လဲလိုက်တဲ့နေ့ကို။
ကျိန်စာ ဆုတောင်းစာတွေနဲ့
ကျောက်စာတစ်ချပ်
သူ့ဘဝ သူ့ခန္ဓာ သူ့စိတ်
အားလုံးပြည့်ကျပ်လို့။
ခပ်ဝေးဝေးဆီက
အရူးအမူးသားစပ်ထားတဲ့
ရေကြည်ရာမြက်နုရာတွေ
သူ့ရင်ကိုတဘုံးဘုံးထုရိုက်
ကုသိုလ်နဲ့အကုသိုလ်
မျိုးမစပ်ခင်မှာ
ဘာမှမတတ်နိုင်တော့ပြီ
အနမ်းနဲ့ခွဲခွာကြစို့
ရုပ်ဖျက်ထားတဲ့မြစ်ဟာ
ဗန်တိုတတ်သတဲ့လေ။
သူ့မှာ (ယခင်က)
တစ်စုံတစ်ရာရှိခဲ့တယ်
သူ့မှာ
ပလာစတာကပ်ထားတဲ့အိပ်မက်
ရှိခဲ့တယ်
တစ်ချိန်လုံးထုရိုက်ခံထားရတဲ့
လယ်ထွန်မင်္ဂလာသီချင်း
ရှိခဲ့တယ်
မြူခိုးတွေမှုတ်ထုတ်တတ်တဲ့
မွေးဇာတာရှိခဲ့တယ်
အပြုံးနဲ့ဝှတ်ထားတဲ့ဆေးဆိုးပန်းရိုက်
ခြသေ့င်္တစ်ကောင်ရှိခဲ့တယ်
လက်ဖက်ရည်ကျကျသောက်ထားတဲ့
အလှဆုးံမြစ်ရှိခဲ့တယ်
မြစ်ကိုခိုးခိုးမြည်းတတ်တဲ့ဆံပင်ဖုတ်သိုက်ဗေဒါတွေရှိခဲ့တယ်
သော်ကဘုရားကိုဖူးမျော်ဖို့လာတဲ့
ကုဣိုပင်မိသားစုရှိခဲ့တယ်
သူ့ကိုဖဲလိမ်ရိုက်တဲ့သူချစ်သော
ကိုစစ်ခင်ရှိခဲ့တယ်
ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့
စပါးပင်ကြားမှာမွှေးရှိခဲ့တယ်
လမုသီးတွေမျောမျောလာတဲ့
သိက္ခာတရားချောင်းလေးရှိခဲ့တယ်
သူ့ဆီရောက်အောင်ပြေးလာတဲ့
ဓမ္မဝါဒီပန်းချီဆရာလေးရှိခဲ့တယ်
ဟောဒီမြို့သစ်ပေါ်မှာ
မြို့ဟောင်း ၈ပုဒ်ရှိခဲ့တယ်
ဟောဒီမဝါးဖြစ်ခဲ့သောပီကေများပေါ်
အနံ့များရှိခဲ့တယ်
ဟောဒီလူသားစစ်စစ်တွေပေါ်မှာ
မောတဲ့ရောဂါရှိခဲ့တယ်
သူ့မှာ့
မင်းထားပြစ်ခဲ့လို့ဟောဒီညချမ်းတွေ
မှာလတစ်ခြမ်းကွေးခဲ့ရပြီ။
မြို့ကလေးရေ
ချစ်ကြပြန်တော့လည်း
ဝိုင်မျမျငုံထားရသလိုချိုမြိန်စေတယ်
ရင်ဘတ်နားကပ်ကပ်ပြီး
နောင်တတရားအကြောင်း
မကောင်းပြောတော့လည်း
အဆုံးသတ်မရတဲ့ဆုးံရှုးံမှုတွေအတွက်
မင်္ဂလာယူကြည့်ရပြန်တယ်
မြို့ကလေးရေ
သဘောင်္ဥသြသံကြားတယ်
အခုတော့
မျက်နှာမှာကြိုးကြာတစ်ကောင်
နားခဲ့ပြီ။ ။ 

မောင်သက်ငြိမ်
(2003 ဖေဖေါ်ဝါရီ  ကလျာ မဂဇင်း)

No comments:

Post a Comment