Friday, July 17, 2015

ကွန်လုံ မှသည် လောက်ကိုင်ဆီသို့ ( ခ ) - Starshinester




 ဖုန်ကြားရှင်ဘာလို့ပြန်လာသလဲ


၂၀၀၉ ခုနှစ်က ထွက်ပြေးရတဲ့ ဖုန်ကြားရှင်က ၂၀၁၅ ကျမှ ဘာလို့ပြန်ပေါ်လာခဲ့သလဲ၊ဒီမေးခွန်းက မေးသင့်သောမေးခွန်းဖြစ်တယ်။
တချိန်ကလက်နက်သိမ်းပြီး ဘဏ်စာရင်းတွေပိတ်ထားခဲ့တဲ့တရုပ် ကြီးက မကြာခင်အချိန်ကဘဏ်စာရင်းတွေပြန်ဖွင့်ပေးခဲ့သလို တရုပ်ဂလိုဘယ်လ်တိုင်းသတင်းစာကြီးက ၃၀.၁၂.၁၄ မှာ ဖုန်ကြားရှင်က မြန်မာကိုပြန်တိုက်မှာဖြစ်ကြောင်း ကြေငြာပေးခဲ့ပါတယ်။ဒီအချိန်မှာ မြန်မာ့ပြည်
တွင်းရေးမှာ မြစ်ဆုံ၊ကျောက်ဖြူ၊ လက်ပတောင်း၊ တရုပ်သံရုံးဆန္ဒပြမှု့တွေနဲ့ ဘာလို့များတိုက်ဆိုင်နေခဲ့ပါသလဲ...မေးရန်ရှိပါတယ်။ ဒါကတော့နိုင်ငံရေးအရ တွေးခေါ်မျှော်မြင်မှုဖြစ်ပါတယ်။ ဖုံးကြားရှင် ၀င်ရောက်တိုက်ခိုက်မှူ့နှင့် မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးဟာ ကွန်လုံနဲ့ မည်မျှ ကွားခြားသွားကြောင်းကိုဆက်လက်တင်ပြသွားပါမည်။


ဗကပ ပြိုကွဲသွားပုံ  


ဗကပဘ၀ရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့သောဖုန်ကြားရှင်တယောက် ကိုးကန့်ဒေသ တပ်မတော်အစိုးရလက်ထက် ကိုးကနိ့ဒေသ၏ အရှင်သခင်ဖြစ်လာပုံ တိုက်မတော်တိုက်စစ်ကြောင့် တရုပ်သို့ ထွက်ပြေးရပြီး တကျော့ပြန် နယ်မြေသိမ်းရန်ုပြန်လာမည်ဟုကြေ ငြာခဲ့ပုံကို အကျဉ်းမျှ ရေးသားတင်ပြခဲ့ပြီးပါပြီ အဓိက ရေးသားတင်ပြလိုသည်မှာ ၁၉၇၁ တွင်တိုက်ခဲ့သောကွန်လုံတိုက်ပွဲုကြီးနှင့် ၂၀၁၅ ခုနှစ်အတွင်းတိုက်ခဲ့သော လောက်ကိုင်ဒေသတိုက်ပွဲကြီး တွင် တပ်မတော်အနေဖြင့် ဘာတွေ ပြောင်း လွဲသွားသလဲ ၊ဘာတွေ ထပ်မံ ဖြည်းဆည်းသင့်သလဲ ဆိုသည့် စစ်ရေးသုံးသပ်တင်ပြလိုခြင်းဖြစ်သည်။ အချို့သောဘူမသိကိုးမသိများပြောသလိုမျိုးဆက်သစ်တပ်မတော် ၏အရည်အသွေးညံ့သွားသလား ဆိုသည်ကို လေ့လာသုံးကြည့်ကြပါကုန်။


No Imformation No operation


ရှေးတပ်မတော်သားကြီးများက no imformation no operation ဟုပြောစမှတိပြုခဲ့သည်၊ ရန်သူသတင်း မရလျင်စစ်တိုက်၍မရနိုင် ဟု ဆိုလိုရင်းဘဲဖြစ်တယ်၊ ရှေးအဆက်ဆက် တိုင်းရင်းသားများကိုမိသားစုသဖွယ် ကူညီခြင်း၊စည်းရုံးခြင်းဖြင့် ရန်သူ သတင်းပုလင်းစုဆောင်းရသည်၊ တပ်မတော်ထောက်လှန်းရေးအဖွဲ့များ ၊ကြားဖြတ်စက်များကို အားကိုး၍စစ်တိုက်ခဲ့ကြရသည် ။ ဗကပခေတ်တွင် ကြားဖြတ်စက်ဖမ်းယူသောတရုပ်အမျိုးသားများကအထူး အခွင့်အရေးမရသောကြောင့် ကောင်းစွာအလုပ်မလုပ်သဖြင့် မော်ဖထိုးစစ်ကြီးကို မသိခဲ့ရသဖြင့် ဗကပ ခေါင်းဆောင်ကြီးဗသိနိးတင်ကိုယ်တိုင်ကြားဖြတ်စက်ကိုင် တရုပ်များကိုတောင်းပနိခဲ့ရဘူးသည်ဟုမှတ်သားဖူးသည်။ ကွန်လုံတိုက်ပွဲကြီးမစတင်မှီ မိမိတို့ဖက်၌ သစ္စာရှိ လော်စစ်ဟန်၏ သကဆဖ အဖွဲ့များ ဒေသခံသစ္စာရှိ ပြည်သူများရှိသော် လည်း၊ တရုပ်မှ လွယ်မနိခါးအထိ စစ်ဆင်ရေးလမ်းများဖောက် ခြင်း တယ်လီဖုန်း ကြိုးများတပ်ဆင်ခြင်း လူလက်နက်ရိက္ခာများစုပုံခြင်းကိုသတင်းမရခဲ့ ဒေသခံပြည်သူ့စစ်များမှာ စီးပွားရေးကိုသာ လုံးပနိးနေခြင်းကြောင့်စစ်ရေးသတင်းများကြိုတင်မရခဲ့ ထို့ကြောင့်လဲ တာမြင်ရှန်းတောင်ကုနိး သကဆဖ ပြည့်သူစစ်စခနိးအားစတိုက်ပြီးနာရီပိုင်းအတွင်းသိမ်းပိုက်ခံလိုက်ရသည်။ထို့အတူ လာရှိုးအခြေစိုက် မဟာဗျူဟာဌာနချုပ်နှင့် ကကကြည်းသည်၊ သာမာန်သွေးတိုးစမ်းတိုက်ပွဲဟုသာထင်ခဲ့ပြီး ၊စစ်ကူလဲမပို့နိုင်ခဲ့ခြေ ဗကပ တို့က ကွန်လုံသိန္နီကားလမ်းအား အင်အား ၁၂၀၀ ကျော်ဖြင့်ပီတ်ဆို့၊တံတား၅ စင်းအားမိုင်းခွဲပြီး စစ်ကူလာသောတပ်များကိုကြာဖြတိတိုက်ခိုက်ခြင်း၊ကားလမ်းကိုစိုးမိုးသောမိမိတပ်စခန်းများကိုပါထိုးစစ်ဆင်
သိမ်းပိုက်လိုက်သဖြင့် ဟိုက်ကမ်းပါးတိုက်ပွဲပြီးမှစစ်ကူပို့နိုင်သောအနေအထားဖြစ်သဖြင့် ၊ လွယ်မနိခါးစသည်အချက်အချာစခနိးရှိ လူအနည်းငယ်သာရှိသောမိမိတပ်များချေမှူန်းခံခဲ့ရသည်။

လောက်ကိုင်ဒေသ တိုက်ပွဲကြီးမဖြစ်မှီ မိမိတပ်ဖွဲ့များသည် ရန်သူလှူပ်ရှားမှု့သတင်းများကို ကြိုရနေခဲ့သည်။ ၂၀၁၄ ဧပြီ မေလတွေကတဲက. ဖုန်ကြားရှင်တပ်ကဖမ်းမိ၂ဦး အလင်းဝင် ၄ဦးကို စစ်ကြောချက်များအရ ဖနိကြားရှင်နဲ့ပူးပေါင်းအဖွဲ့တွေဟာ ကိုးကနိ့ဒေသကိုပြန်သိမ်းပြီး မုန်းကိုးဖောင်းဆိုင်ကနေ မြစ်ကြီးနားအထိ သိမ်းမည့်အစီအစဉ်ရှိကြောင်းသိရတယ်၊ ၂၀၁၄ ခုနှစ်ထဲမှာဘဲ ဖုန်ကြားရှင်ရဲ့တပ်ဖွဲ့အင်အား ၁၀၀၀ ကျော်က မိုင်းလား ၀ဒေသရှိ တီးတိနိ နားစီးမှာယာယီအခြေပြုနေကြောင်းသိရတယ်၊ KIAတပ်ဖွဲ့ဝင်.၁၀၀၊ SSA၀မ်ဟိုင်းတပ်ဖွဲ့ဝင် ၁၀၀ ခန့်။ TNLAတပ်ဖွဲ့ဝင်၁၀၀ခနိ့၊ပူးပေါင်းအဖွဲ့ဟာ မုနိးစီး နန်ကျွမ်း ဝေါချုံ မုနိးကိုး မုနိးယားဖက်ကိုဝင်ရောက်လာကြောင်းသတင်းများရနေခဲ့သည့်။ဧပြီလထဲမှာဘဲ ဖုန်တာရွှင်ခေါင်းဆောင်ပြီးအင်အား.၃၀၀ကျော်၊ဟာမနိကန်ရွာဘက်ကိုဝင်လာခဲ့သလို၊ KIAနှင့်TNLA ပူးပေါင်းအင်အား၂၀၀ ကျော်ခန့်ကလဲ တောက်ဟုန်ခေါင်းဆောင်ပြီးမနိဂျယ်ကျေးရွာနှင့်၊ ဖုန်ဝမ်အမ်း SSA, ၀မ်ဟိုင်း နဲ့ စိုင်းလောင်ခေါင်ဆောင်တဲ့အင်အား၂၀၀ ကျော်ဟာ မုနိးပေါ်လေးတံတားမှ တာပါးကိုချီတက်ပြီး လောက်ကိုင် မုန်းကိုးကိုတိုက်ဖို့ လမ်းကြောင်း၃မျိုးကနေ၀င်လာတဲ့သတင်းတွေရလို့တပ်မတော်က နယ်မြေရှင်းရာ လောက်ကိုင်သိမ်းရေးစီမံချက်ပျက်သွားခဲ့ပြီးတာမုနိဝါးဘက်ကိုဆုတ်ပြီးအခြေအနေကို တပ်ဖျောက်စောင့်ကြည်နေတဲ့သတင်းတွေ တပ်မတော်ကကြိုတင်ရထားပြီးဖြစ်တယ် ဖုန်ကြားရှင်ဟာ၁၀၁၅ ထဲမှာ တရုပ်သတင်းစာ ဂလိုဘယ်တိုင်မ်းကနေမြနိမာအစိုးရကိုပြန်တိုက်ဖို့ကြေငြာလိုက်တော့ သတင်းကပိုခိုင်မာသွားတယ်။ဒါကြောင့် ဒကစ.လောက်ကိုင်ရှိ နယ်မြေခံတပ်များကိုစတင်တပ်လှန့် ထားပြီးစစ်ကူပေနိုင်ဖို့နဲ့ အရေးရှိရင် စစ်ကူပေးနိုင်မည့်အစီအမံတွေ ။ထိမ်းချုပ်ရမည့် နယ်မြေတွေကို ဘယ်လို့ထိမ်းချုပ်မယ် ဆိုတာတွေကိုကြိုတင်ပြင်ဆင်ထားနိုင်ခဲ့သည်။
ဒါကတော့ကနဦးသတင်းတွေအပေါ်တပ်မတော်ရဲ့ကြိုတင်ပြင်ဆင်မှု့ကိုဖေါ်ပြခြင်းဖြစ်သည်။




ထူးခြားစွာပြောင်းလဲမှု့မရှိ


မြန်မာ့တပ်မတော်ရဲ့ ရန်သူ ၏ သတင်းထောက်လှမ်းမှုသည်၊ ထူးခြားစွာတိုးတက်လဲမှု့မရှိသေးတာကိုတွေ့ရမည်ဖြစ်ပါသည်။ ယနေ့ကမ္ဘာ့နိုင်ငံများသည် ဂြိုလ်တု ထောက်လှန်းရေးစနစ်များ။သူလျှိုများ၊ထောက်လှန်းရေးလေယဉ်များ၊ မောင်းသူမဲ့ထောက်
လှမ်းရေးလေယဉ်များကိုသုံးစွဲနေကြပြီဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် အသေးစားမောင်းသူမဲ့ ထောက်လှန်းရေးလေယဉ်ငယ်များကို စစ်ပွဲနောက်ပိုင်းတွင်မှသုံးစွဲလာနိုင်တာကိုတွေ့ရပေသည်။


လျှင်မြန်သောစစ်ကူပေးနိုင်ခြင်းနှင့်စစ်ဗျူဟာ။


ကွန်လုံစစ်ပွဲကာလစစ်ကူပေးနိုင်မှုမှာအလွန်နှေးကွေးသည့်အတွက် မိမိစခန်းများချေမှူန်းခံရပြီးမှ ခက်ခက်ခဲခဲပြန်တိုက်ယူရသည် ။ ဗကပ စစ်ဗျူဟာများမှာ ဥက္ကဌကြီးမော်၏သေနင်္ဂဗျူ ဟာ များကိုပုံတူကူးချသောစစ်ဗျူဟာများသာဖြစ်သည်(မော်စီတုန်းဗျုဟာများအကြောင်းရေးသားခဲ့ပြီးပြီ) ၊ထင်ရှားသောတိုက်နည်းမှာ အမာရှောင်အမွတိုက်၊နိုင်ဖို့သေချာမှတိုက်၊ရန်သူတဆကိုမိမိ၁၀ ဆဖြင့်တိုက့်၊ ၀ိုင်းပတ်ပိတ်ဆို့၍တိုက်၊စသည်တို့အပြင် ၃လုံးစနစ်၊တ၀က်နှစ်မျက်နှာ ၊ ရန်လှုပ် ငါနား ၊ ရန်နားငါလှူပ် ၊စသည်တို့ဖြစ်ပြီး စခန်းတခုကို အသေအချာ ဖြတိတောက်ပိတိ ဆို့ပြီးမှ သာလွန်အင်အားဖြင့် အပိုင်တိုက်တတ်သလို၊ လှည့်ဖျားခြင်း Deception. များလဲသူံးတတ်သည်။ မိုင်းယောင်းကိုတိုက်စဉ်က. ထင်းရူးတောင်တွင်ယောင်ပြလှူပ်ရှား၍ ဗျူဟာမှူးကြီးနှင့် လက်နက်ကြီးအဖွဲ့များထင်းရူးတောင်သို့ တိုက်ရန်မိုင်းယောင်းမှထွက်ခွာသွားစဉ် မိုင်းယောင်းကိုဝင်သိမ်းခြင်းဖြစ်သည်၊မိမိတပ်များကို ဆွဲထုတ်တတ်ပြီး အင်အားလျှော့ချိနိ နောက်တန်းစခနိးကိုဝင်တိုက်တတ်သည်။

ဖုန်ကြားရှင်သည် ဗကပ စစ်ရေးတာဝနိခံဘ၀ဖြင့်အပွဲပွဲနွှဲခဲ့ဘူးသဖြင့် မော်စီတုန်းဗျူဟာတွေ ကအလွတ်ရနေခဲ့ပြီ၊မြန်မာ့တပ်မတော် အရာရှိကြီးအတော်များများ ဘကပနှင့်ရင်ဆိုင်ခဲ့ဘူးသဖြင့် ဗကပအထာတွေ နောကြေနေသော့်လည်း နောက်ပိုင်းအရာရှိတော်တော်များများသည့်၊ တပ်မတော်အစိုးရ သက်တမ်းနီးပါး ဗကပတို့ပြိုကွဲသွားသဖြင့် ဗကပတို့နှင့်လက်ရည်မစမ်းခဲ့ရ ထို့ကြောင့်ဗကပ ဗျူဟာများကို မေ့လျှော့နေခဲ့ကြပြီ၊ အမှန်အတိုင်းဆိုလျှင် ကရင်အဖွဲ့များမှလွဲ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးသည့် မော်စီတုံးဗျူ ဟာများအတိုင်းသာစစ်တိုက်တတ်ကြသည် ။


လှည့်ဖျားခြင်း Decption


ဖေဖေါ်ဝါရီလ.၉.ရက်နေ့ နံနက် ၀၅၃၀ နာရီအချိန်.....
လောက်ကိုင် နှင့် တရက်ခရီးခနိ့ဝေးကွာသည့် တောက်ရွှေ ကျေးရွာသို့ ယူနီဖောင်းအသစ်များဝတ်ဆင်ထားသည့် ဖုနိကြားရှင်၏MNDAA. တပ်ဖွဲ့ဝင်များသည်။ 4.wheel, ကားအစီး၂၀ ခနိ့ဖြင့်ရောက်ရှိလာပြီး ၊တောက်ရွှေကျေးရွာ ပြည့်သူစစ်များထံမှလက်နက်များကိုရုပ်တရက်သိမ်းပိုက်လိုက်ပြီး ကားများဖြင့် တရုပ်နယ်စပ် BP... ဖက်သို့ ပြန်လည်ထွက်ခွာသွားကြသည်၊ထိုသတင်းသည် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်
 လောက်ကိုင်သို့.၀၇၃၀ နာရီတွင်ရောက်ရှိလာ သည်။
ထို့ကြောင့် ဒကစ လောက်ကိုင် မှ အနီးဆုံး ကုန်းကြမ်း ရှိ ခလရာ၁၂၅ မှစစ်ကြောင်း အားနယ်မြေရှင်းလင်းရနိ တာဝန်ပေးသည်။ ထို့အတူ ခလရ ၁၂၉ ကိုလည်းတောင်ဘက်မှ စတင်ရှင်းလင်းစေသည်။
ရန်သူသည် မိမိတပ်ဖွဲ့များအား ဆွဲထုတ်လိုက်ခြင်းပင်
ရန်သူသည် မိမိတပ်ဖွဲ့များထွက်လာသည်နှင့်၁၀၀၀နာရီတွင် ပစ်ကျင်းများတူး၍ အသင့်စောင့်နေရာမှ စက်လတိများ RPG များလက်နက်ကြီးများဖြင့် ၀ိုင်းပတိထိမ်းချုပ်တိုက်ခိုက်ခြင်းခံရတော့သည်။ရန်သူ၏အငိုက်ဖမ်းတိုက်ခိုက်ခံရမှု့ကြောင့် ခလ၇.၁၂၅ မှ ၁၁ ဦးကျ ၁၃ ဒဏ်ရာရရှိသွားပြီး ပိတ်ဆို့ခံထားရသကဲ့သို ခလ၇.၁၂၉ တွင် ၅ ဥိးကျ၊ ၂ဦးဒဏ်ရာရရှိလျှက်ရှိသည်။
ထိုစဉ် အရပ်ဝတ်ဖြင့် မြို့တွင်း သို့ကြိုတင်ရောက်နေသော ဖုန်ကြားရှင်တပ်ဖွဲ့များက
ဒကစလောက်ကိုင်ဌာနချုပ်နှင့် ခလရ.၁၂၅ ၊၁၂၉ ဌာနချုပ်အား ၀ိုင်းဝန်းတိုက်ခိုက်ပါတော့သည်။



 တ၀က်နှစ်မျက်နှာနှင့်တလစာ နှစ်ယောက်စနစ်


မိမိတို့နောက်တန်းတပ်ရင်းဌာနချုပ်တွင်စခန်းစောင့်ဆရာကြီးများ၊ နာမကျန်းဆေးအဆင့်နှိမ့်စစ်သည်များ၊ ရဲမေများနှင့် ခလေးများသာကျန်သည်။ ဖုန်ကြားရှင်တပ်များက လက်နက်ကြီးများသုံး၍ အပြင်းအထံဝင်တိုက်ကြခြင်းဖြစ်ပြီး ထိုစစ်ဆင်ရေးမျိုးကို ဗကပဘ၀ က မိုင်းယောင်း ရှိနည်းဗျူဟာ.၈၈၂ ၊စခန်းကုန်းနှင့် ချင်း.၃ တပ်ရင်းဌာနချုပ်ကို ၀င်တိုက်ခဲ့ဘူးသည်၊ ပုံးကျင်းများအတွင်းပုံးခိုနေသော အိမ်ထောင်သည်မိန်းခလေးများ၊ ကလေးများ ကို လက်ပြစ်ဗုံးများပစ်သွင်းသည်၊ဒဏ်ရာရစစ်သည်များကိုရက်ရက်စက်စက်ပစ်သတ်သည်၊အိမ်ထောင်
သည်မိန်းခလေးများကို မုဒိနိးကျင့်သည်၊ အပြစ်မဲ့ ကလေးနှင့်မှီခိုသူ၂၈ယောက်အသတ်ခံရပြီး၂၅ယောက်ဒဏ်ရာရခဲ့သည်။ဖုန်ကြားရှင်၏ ရက်စက်ယုတ်မာမှုများကားပြော၍ကုန်နိုင်ဖွယ်မရှိ ။တပ်မတော်ကသင်္ခန်းစာ ကောင်းစွာရခဲ့ပြီ ၊ ကွန်းလုံအခြေချတပ်များသည်တပ်ရင်းဌာနချုပ်ကာကွယ်ရေးအတွက် စနစ်တကျပြင်ဆင်ထားသောတပ်များဖြစ်ပြီး ဆက်သွယ်ရေးမြောင်းများ၊ပစ်ကျင်းများ ကို တပ်ရင်းပါတ်လည်တွင်ကြိုတင်ပြင်ဆင်ထားပြီး မိုင်းအကာအကွယ်များ ညှောင့်ကျင်းများ၊ ခြံစည်းရိုးများနှင့်ကာကွယ်ရေးစီမံချက်များစနစ်တကျပြင်
ဆင်ပြီးဖြစ်သည်၊ တပ်ရင်းအတိုက်ခံရပါက ခလေးသူငယ်များ၊သက်ကြီးရွယ်အိုများကို လုခြုံရာသို့ရွှေပြောင်းထိမ်းသိမ်းထားပြီး တပ်ရင်းမှူးဇနီးအပါအ၀င် တိုက်ပွဲဝင်နိုင်သော ရဲမေများက ဗဟိုကင်းမှလက်နက်ထုတ်၍ သတ်မှတ်နေရာများတွင်စနစ်တကျ နေရာယူရသည်၊ နောက်တန်းတွင်ကျန်သော တပ်မတော်သားများက ကြီးကြပ်ကွပ်ကဲသည်၊ ရဲမေတိုင်းသည် ထို့သို့ တိုက်ပွဲဝင်နိုင်သော အရည်အချင်းရှိရန် အခြေခံစစ်ပညာသာမက၊ လက်နက်ငယ်နှင့်လက်နက်ကြီးပစ်ခတ်နိုင်သောအဆင့် အထိ သင်တန်းများမပြတ်တက်ခဲ့သူများဖြစ်သဖြင့်။ တုံလှူပ်ခြောက်ခြားမှု့မရှိ ၊ ရန်သူတိုက်ခိုက်လာနိုင်သည့်သတင်းရသည်နှင့် စီမံချက်အတိုင်းအသင့်နေရာယူပြီး ဖုန်ကြားရှင်တပ်ဖွဲ့များကိုစောင့်ဆိုင်းနေကြသည်၊ လက်နက်ကြီးကျည်များ ပေါက်ကွဲနေသည့်ကြားမှ၊ ကျားထိုးရန်ကပ်လာသည့် ဖုန်ကြားရှင်တပ်များကို မတ်တပ်ရပ် ပစ်နေသည့် ရဲမေများကို ကြီးကြပ်သည့်ဆရာများက သတိပေးနေရသည်



ရဲမေများ ၏.တိုက်ပွဲဝင်ရဲရင့်မှုမှတ်တမ်းတခုတင်ပြလိုသေးသည်၊ ဗနိးမော်ဖက်မ တပ်ရင်းတရင်းအား စစ်သည်များရှေ့တန်းထွက်နေစဉ် KIAသောင်းကျနိးသူအဖွဲ့များက ညအမှောင်ကိုအကာအကွယ်ယူကာဝင်တိုက်စဉ်ကဖြစ်သည်၊ ဆက်သွယ်ရေးတံတားကိုမိုင်းခွဲကာ ဖြတ်တောက်ပြီးအပိုင်တိုက်သည်၊ တပ်ခြံစည်းရိုးနှင့် ဂိတ်တံခါးအား RPGများဖြင့် ပစ်ခတ်ဖျက်ဆီးကာ တပ်ရင်းကိုစီးဖို့ကြိုးပန်းသောKIAများ ကို ရဲမေများချည်း ခံချသည်။နံနက်လင်းတော့ တပ်ရင်းကိုမစီးနိုင်ဘဲ KIAစစ်ဗိုလ်နှင့် ၃ ဦးအလောင်းထားခဲ့ရပြီး ဆုတ်ခွာသွားရသည့်။ ယခူအခါထိုတပ်ရင်းရှိ ရဲမေများသည်၊ ရဲဘော်များ ရှေ့တန်းထွက်သည့်အခါ ခလေးနှင့်သက်ကြီးရွယ်အိုများအားဘေးလွတိရာပို့ပြီး ၊ညမှောင်သည်နှင့် မီးများအမှောင်ချ၊ တပ်ဝန်းတံခါးပိတ်ကာ ၊ သတ်မှတ်နေရာများတွင် သေနတ်ကိုင်၍ညစဉ်တပ် အသင့်အနေအထားနေရာယူထားကြသည်ကို မြို့ပေါ်တွင် မွေ့ယာထက်တွင် အကျအနဇိမ်ဖြင့်အိပ်စက်ကာ ဘာအခွင့်အရေး ညာအခွင့်အရေး အတွက်ဆန္ဒပြရန် ပြင်ဆင်နေသူများသိမှသိပါလေစ......

ဥက္ကကြီးမော် က ၄င်း၏ သေနင်္ဂဗျူဟာကျမ်း တွင် တ၀က်နှစ်မျက်နှာဖြင့် တိုက်ဟု ရေးခဲ့သည်။ ရန်သူကို တ၀က်ကရင်ဆိုင်ထိမ်းချုပ်ထားပြီးကျနိတ၀က်ကသတ်မှတ်နေရာအားအပိုင်တိုက်စေသည်၊ ပထမမိုင်းယန်းတိုက်ပွဲကြီးတွင် စစ်ကြောင်းရုံးအားရင်ဆိုင်ထားပြီးရဲကုန်းကိုအပိုင်တိုက်ရာ နာရီဝက်နီးပါး သိမ်းနိုင်ခဲ့သော်လည်း၊ချက်ချင်းတပ်မတော်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခြင်းခံရသည်။ တပ်မတော်၏ ဗျူဟာကတော့ တလစာ၂ယောက်ဗျူဟာ ဟု အမည်တပ်လိုသည်။ တပ်မတော်သားတဦးအတွက်လစာရိက္ခာ ရနေသော်လည်းမှီခိုသူမိသားစုအားလုံးတပ်အတွက်အလုပ်လုပ်ကြရသည် ကိုတပ်မိသားစုအားလုံသိရှိကြသည်။ တပ်မိသားစုဝင်အားလုံး စစ်ပညာနှင့်လက်နက်ငယ်သင်တန်းကို တက်နိုင်သူအားလုံးမဖြစ်မနေတက်ရသည်၊ စစ်ဆင်ရေးဒေသအခြေချတပ်များသာမက အတွင်းစည်းရှိတပ်အားလုံးထိုနည်းအတိုင်းပင်၊လေတပ် ၊ရေတပ်၊လက်ရုံးတပ်များလဲထိုနည်းအတိုင်းပင်၊ ကျနိအချိနိများတွင် လည်းစည်းဝေးပွဲများ၊လိုင်းစစ်တာဝန်၊ဓမ္မစင်္ကြာ မှစ၍ အားရသည်မရှိ ။




တလစာနှင့်နှစ်ယောက်အလုပ်လုပ်ကြရသည်၊ဟိုပါတီကြီးကပြောသလို ၊အတော်ပင်အခွင့်အရေးယူသော တပ်မတော်သားများပါတကား......။ လွှတ်တော်ထဲ ၂၅%၀င်ထိုင်ပြီး၊ ခြေပြတ်လက်ပြတ်များ အရပ်ဖက်ဌာနများရောက်လာတော့ အမြင်သိပ်မကြည်ချင်ကြ ၊သို့ရာတွင် အပြင်လောကတွင် တောင်းရမ်းစားသောက်နေရသောတပ်မတော်သားများ၊ စာအုပ်ရောင်းနေရသော အတိုတစ် အရှည် တစ် တို့ကား ထို့ထက်များပြားကြသည်ကို မမြင်ကြတော့။

တပ်မတော်သားများကား အခွင့်အရေးသမားများအဖြစ်ရှူမြင်သူများသေချာလေ့လာကြပါကုန်...
ဒကစ နှင့် တပ်ရင်းရုံများ အား ၀င်ရောက်တိုက်ခိုက်သော ဖုန်ကြားရှင်တပ်များသည်။ တိုက်ပွဲစတင်သည်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြင်းအထံတိုက်ခဲ့သည် မှာ (၅ )နာရီခန့်ကြာသည်အထိဖုန်ကြားရှင်တပ်များ စခန်းကုန်းတခုမျှမသိမ်းပိုက်နိုင်သေးပေ။ ကွန်လုံဒေသ တာမြင်ရှန်း သကဆဖ စခန်းကို ပင်ခဏဖြင့်တိုက်ခိုက်သိမ်းပိုက်နိုင်သော ဖုန်ကြားရှင်တယောက် မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်နေသည့်အချိန်......



Writtened by Starshinester


ဆက်စပ်ဖတ်ရှုရန်



 



No comments:

Post a Comment